Myanmar

Tajik

James

3

1ငါ့ညီအစ်ကိုတို့၊ ငါတို့သည်သာ၍ ကျပ်တည်းသော စစ်ကြောစီရင်ခြင်းကိုခံရမည်ဟု သင်တို့သိ၍ အများသောဆရာမဖြစ်ကြနှင့်။
1ЭЙ бародарони ман I Бисьёре аз шумо муаллим нашавед, чун медонед, ки мо ба маҳкумияти бештаре дучор хоҳем лгуд,
2ငါတို့ရှိသမျှသည် အများသောအားဖြင့် မှားတတ်ကြ၏။ စကားအားဖြင့် မှားခြင်းမရှိသောသူ မည်သည်ကား၊ စုံလင်သောသူဖြစ်၏။ မိမိကိုယ်ကို တကိုယ်လုံးကို ချုပ်တည်းနိုင်သောသူဖြစ်၏။
2Зеро ки ҳамаи мо бисьёр пешпо мехӯрем. Касе ки дар сухан пешпо намехӯрад, вай одами комил аст, ки метавонад ҷилави тамоми ҷисмро бикашад.
3မြင်းကိုနိုင်ခြင်းငှါ ပစပ်ကိုဇက်ခွံ့တတ်၏။ သို့ပြု၍ မြင်းကိုယ်တကိုယ်လုံးကို လှည့်စေတတ်၏။
3Инак, мо ба даҳони аспҳо Лаҷом меандозем, то ки ба мо итоат кунанд, ва тамоми ҷисми онҳоро идора мекунем;
4ထိုမှတပါး၊ အလွန်ကြီးသောသင်္ဘောသည် ပြင်းစွာသော လေဟုန်နှင့်လွင့်သွားသော်လည်း၊ တက်မ ကိုင်အလိုရှိသည်အတိုင်း၊ ငယ်သောတက်မဖြင့် လှည့်တတ်၏။
4Инак, киштиҳо низ, ҳар чанд бузург бошанд ва ҳар чанд бо бодҳои пурзӯр ронда шаванд ҳам, ба воситаи суккони хурде, ба куҷое ки суккондор хоҳад, равона карда мешаванд;
5ထိုနည်းတူ၊ လျှာသည်ငယ်သော အင်္ဂါဖြစ်သော်လည်း အလွန်ဝါကြွားတတ်၏။ အဘယ်မျှလောက် များစွာသောထင်းကို အနည်းငယ်သာ မီးသည်ညှိနိုင်သည်ကို ကြည့်ပါလော့။
5Ҳамчунин забон низ узви хурд аст, вале бисьёр лоф мезанад. Бубин, оташи хурде чӣ гуна ҷангали бузургро месӯзонад.
6လျှာသည် မီးဖြစ်၏။ ဒုစရိုက်၏ လောကဓာတ်လည်းဖြစ်၏။ ထိုသို့နှင့်အညီ၊ လျှာသည်ငါတို့၏ အင်္ဂါတို့တွင်တည်၍ တကိုယ်လုံးကို ညစ်ညူးစေ၏။ ဇာတိစက်ကိုလည်းရှို့တတ်၏။ မိမိသည်လည်း ငရဲမီးရှို့ ခြင်းကိုခံလျက်ရှိ၏။
6Забон низ оташ аст, шарорате дар миёни узвҳои мо мебошад. Тамоми ҷисмро палид мекунад ва доираи ҳаётро оташ медиҳад, дар сурате ки худаш аз ҷаҳаннам отащ мегирад.
7သားရဲမျိုး၊ ငှက်မျိုး၊ တွားတတ်သောတိရစ္ဆာန်မျိုး၊ ငါးမျိုးတို့ကို လူမျိုးသည် အောင်တတ်သည်အတိုင်း အောင်ခဲ့ပြီ။
7Зеро ки ҳама гуна даррандагон ва паррандагон, хазандагон ва ҳайвоноти баҳрӣ ба воситаи одамизод ром мешавад ва ром шудааст,
8လျှာကိုကား၊ အဘယ်လူမဆိုမအောင်နိုင်၊ မဆုံးမနိုင်သော အဆိုးအညစ်ဖြစ်၏။ သေစေတတ်သော အဆိပ်အတောက်နှင့်ပြည့်စုံ၏။
8Валекин забонро ҳеҷ кас аз одамон ром карда наметавонад: он - шароратест боздоштанашаванда ва пур аз заҳри марговар.
9ငါတို့သည်လျှာဖြင့် ခမည်းတော်ဘုရားသခင်ကို ကောင်းကြီးပေးတတ်ကြ၏။ ဘုရားသခင်၏ ပုံသဏ္ဌာန်တော်နှင့်အညီဖန်ဆင်းသော လူတို့ကို လျှာဖြင့်ကျိန်ဆဲတတ်ကြ၏။
9Бо он мо Худо ва Падарро муборак мехонем, ва бо он мо ба одамон, ки ба сурати Худо офарида шудаанд, лаънат мегӯем:
10နှုတ်တပါးတည်းအထဲက၊ ထောမနာချီးမွမ်းခြင်းနှင့် ကျိန်ဆဲခြင်းထွက်တတ်ပါသည်တကား၊ ငါ့ညီအစ်ကိုတို့၊ ထိုသို့မဖြစ်ကောင်းရာ။
10Аз айни як даҳон баракат ва лаънат мебарояд. Эй бародарони ман, набояд ин тавр шавад.
11စမ်းရေပေါက်တပေါက်တည်း အထဲကချိုသောရေနှင့် ခါးသောရေထွက်တတ်သလော။
11Оё аз як сӯрохи чашма ҳам оби ширин ва ҳам оби талх ҷорй мешавад?
12ငါ့ညီအစ်ကိုတို့၊ သင်္ဘောသဖန်းပင်သည် သံလွင်သီးကို သီးနိုင်သလော။ စပျစ်ပင်သည် သင်္ဘော သဖန်းသီးကို သီးနိုင်သလော။ ထိုအတူ၊ ငန်သောရေသည် ချိုသောရေကိုမဖြစ်စေနိုင်။
12Эй бародарони ман, дарахти анҷир наметавонад зайтун оварад, ё токи ангур - анҷир: ҳамчунин як чашма наметавонад оби шӯр ва ширин ба вуҷуд оварад.
13သင်တို့တွင် အတတ်အလိမ္မာနှင့်ပြည့်စုံသော ပညာရှိတစုံတယောက်ရှိလျှင်၊ ထိုသူသည် ပညာ၏ နှုးညံ့သိမ်မွေ့ခြင်းနှင့်တကွ၊ ကောင်းမြတ်သော ကျင့်ကြံပြုမူခြင်းအားဖြင့် မိမိအမှုတို့ကို ပြပါစေ။
13Оё касе аз шумо ҳаким ва бохирад аст? Бигзор инро дар рафтори неки худ бо фурӯтании хирадмандона дар амал нишон диҳад.
14သို့မဟုတ်သင်တို့စိတ်ထဲမှာ ခါးစွာသော ဂုဏ်ပြိုင်ခြင်း၊ ရန်တွေ့ခြင်းမရှိလျှင်၊ သမ္မာတရားကို မုသာဖြင့် ဆန်၍ မဝါကြွားကြနှင့်။
14Аммо агар шумо дар дили худ ҳасади талх ва худсарӣ доред, фахр накунед ва дар ҳаққи ростй дурӯғ нагӯед:
15ထိုသို့သောပညာသည် အထက်မှသက်ရောက်သောပညာမဟုတ်။ မြေကြီးပညာ၊ ဇာတိပကတိပညာ၊ နတ်ဆိုးပညာဖြစ်၏။
15Ин ҳикмате нест, ки аз боло нозил шуда бощад, балки ҳикмати заминӣ, нафсонӣ ва шайтонӣ мебошад;
16အကြောင်းမူကား၊ ဂုဏ်ပြိုင်ခြင်း၊ ရန်တွေ့ခြင်းရှိလျှင်၊ မငြိမ်မဝပ်ရုန်းရင်းခတ်ခြင်း၊ ဆိုးညစ်စွာ ပြုမူခြင်း အမျိုးမျိုးရှိတတ်၏။
16Зеро ҳар ҷое ки ҳасад ва худсарй бошад, он ҷо носозӣ ва ҳар кори бад ҳувайдост.
17အထက်မှ သက်ရောက်သောပညာမူကား၊ ရှေ့ဦးစွာစင်ကြယ်၏။ ထိုမှတပါး၊ အသင့်အတင့်နေ တတ်ကြ၏။ ဖြည်းညှင်းသောသဘောရှိ၏။ သွေးဆောင်လွယ်၏။ ကရုဏာနှင့်၎င်း၊ ကောင်းကျိုးနှင့်၎င်း ပြည့်စုံ၏။ လျစ်လျူသောစိတ်ရှိ၏။ လျှို့ဝှက်ခြင်းနှင့်ကင်းစင်၏။
17Валекин ҳикмате ки аз болост, аввалан, пок аст, сонй осоишта, боилтифот, фармонбардор, пур аз марҳамат ва самараи нек, беғараз ва бериё мебошад.
18အသင့်အတင့်နေခြင်းငှါပြုစုတတ်သော သူတို့သည် ဖြောင့်မတ်ခြင်းတရား၏ မျိုးစေ့ကိုငြိမ်သက်စွာ ကြဲတတ်ကြ၏။
18Ва самараи адолат дар осоиштагй кошта мешавад барои онҳое ки осоиштагиро ба амал меоваранд.