1ယေရှုခရစ်၏ ကျွန်ဖြစ်သောပေါလုနှင့် တိမောသေသည်၊ ဖိလိပ္ပိမြို့၌ရှိသော သင်းအုပ်တို့နှင့် သင်း ထောက်တို့မှစ၍ ယေရှုခရစ်၏ သန့်ရှင်းသူအပေါင်းတို့ကို ကြားလိုက်ပါ၏။
1ПАВЛӮС ва Тимотиюс, ғуломони Исои Масеҳ, ба ҳамаи муқаддасон дар Исои Масеҳ, ки дар Филиппӣ мебошанд, бо усқуфон ва ходимон:
2သခင်ယေရှုခရစ်နှင့် ငါတို့အဘတည်းဟူသော ဘုရားသခင့်အထံတော်က ကျေးဇူးတော်နှင့် ငြိမ်သက် ခြင်းသည် သင်တို့၌ ရှိပါစေသော။
2Файз ва осоиштагӣ аз ҷониби Падари мо Худо ва Исои Масеҳи Худованд бар шумо бод.
3ငါသည်ဆုတောင်းပဌနာပြုသောအခါခါ၊
3Дар ҳар боре ки шуморо ёд мекунам, Худои худро шукр мегӯям,
4ဝမ်းမြောက်သောစိတ်နှင့် သင်တို့ရှိသမျှအဘို့ကို အစဉ်ဆုတောင်းပဌနာပြုလျက်၊ သင်တို့ကို အောက်မေ့သောအခါခါ၊
4Ҳамеша дар ҳар дуои худ барои ҳамаи шумо бо шодӣ дуо мегӯям,
5သင်တို့သည် ရှေ့ဦးစွာ သောနေ့ရက်မှစ၍ ယခုတိုင်အောင် ဧဝံဂလိတရားကို ဆက်ဆံ၍ ခံစားကြောင်းကို ငါထောက်သဖြင့်၊ ဘုရားသခင်၏ ကျေးဇူးတော်ကို ချီးမွမ်းပါ၏။
5Барои иштироки шумо дар башорат аз рӯзи аввал то алҳол,
6သင်တို့တွင် ကောင်းသောအမှုကို ပြုစပြုတော်မူသောသူသည်၊ ယေရှုခရစ်၏နေ့ရက်တိုင်အောင် ပြီးစီး လျက်ပြုတော်မူမည်ဟု ငါသဘောကျ၏။
6Ва яқин дорам, ки Ӯ, ки дар шумо ба кори хайр шурӯъ намудааст, онро то рӯзи Исои Масеҳ ба анҷом хоҳад расонд,
7ရှိသမျှသောသင်တို့၏ အမှုအရာ၌ ဤသို့ငါယူအပ်၏။ အကြောင်းမူကား၊ ငါခံရသော ကျေးဇူးတော်ကို သင်တို့အပေါင်းသည် ဆက်ဆံကြသည်ဖြစ်၍၊ ငါသည် အကျဉ်းခံရသော်၎င်း၊ ဧဝံဂလိတရားဘက်၌ သက်သေခံ ၍ ထိုတရားကို တည်စေသော်၎င်း၊ သင်တို့ကို အောက်မေ့၏။
7Чунон ки маро лозим аст дар бораи ҳамаи щумо ҳамин тавр фикр кунам, чунки шумо дар дили ман ҷойгир шудаед, ки ҳам дар занҷирҳоям ва ҳам дар муҳофизат ва барқарор кардани башорат ҳамаатон шарики ман дар файз ҳастед.
8ငါသည် သင်တို့အပေါင်းကို ယေရှုခရစ်၏ မေတ္တာကရုဏာနှင့် အဘယ်မျှလောက် လွမ်းသည်ဟု ဘုရားသခင်သည် ငါ့သက်သေဖြစ်တော်မူ၏။
8Зеро Худо маро шоҳид аст, ки ман бо муҳаббати Исои Масеҳ иштиёқманди ҳамаи шумо ҳастам;
9ငါသည်အဘယ်သို့ ဆုတောင်းသနည်းဟူမူကား၊ သင်တို့သည် ခြားနားသောအရာတို့ကို ပိုင်းခြား စေခြင်းငှါ ဥာဏ်ပညာအမျိုးမျိုးရှိလျက်၊
9Ва дар он хусус дуо мегӯям, ки муҳаббати шумо дар дониш ва мулоҳизакорӣ торафт афзунтар гардад,
10မေတ္တာပါရမီတိုးပွား၍ ပြည့်စုံမည်အကြောင်းကို၎င်း၊
10То шумо дарк намоед, ки чӣ беҳтар аст, барои он ки дар рӯзи Масеҳ пок ва беайб бошед,
11ယေရှုခရစ်အားဖြင့် ဘုရားသခင်၏ ဘုန်းအသရေတော်ကို ထင်ရှားစေတတ်သော ဖြောင့်မတ်ခြင်း အကျင့်နှင့် သင်တို့သည် ပြည့်စုံ၍ ခရစ်တော်၏ နေ့ရက်တိုင်အောင် စိတ်ကြည်ဖြူလျက်၊ တိမ်းလဲခြင်းအမှုနှင့် ကင်းလွတ်လျက်ရှိမည်အကြောင်းကို၎င်း၊ ငါဆုတောင်း ပဌနာပြု၏။
11Ва аз самари адолат пур шавед, ки он ба василаи Исои Масеҳ барои ҷалол ва ҳамду санои Худост.
12ညီအစ်ကိုတို့၊ ငါ၌ရောက်သော အမှုအရာတို့သည် ဧဝံဂေလိတရားကို မမြစ်တားသည်သာမက၊ ပြုစု ရာဖြစ်သည်ဟု သင်တို့ သိစေခြင်းငှါ ငါအလိုရှိ၏။
12Эй бародарон, мехоҳам шумо бидонед, ки саргузашти ман боиси пешрафти зиёдтари башорат гардидааст,
13ထိုသို့သောအားဖြင့် ခရစ်တော်ကြောင့် ငါခံရသော ချည်နှောင်ခြင်းအမှုအရာသည်၊ နန်းတော်၌ အနှံ့ အပြားထင်ရှားသည်သာမက၊ ခပ်သိမ်းသောအရပ်၌ ထင်ရှား၏။
13Ба тавре ки занҷирҳои ман дар Исо ба тамоми сарбозхона ва ба ҳамаи дигарон машҳур шудааст,
14သခင်ဘုရား၌ ညီအစ်ကိုအများတို့သည် ငါခံရသော ချည်နှောင်ခြင်းကြောင့် ယုံမှားသောစိတ်နှင့် ကင်းလွတ်၍ ကြောက်ရွံ့ခြင်း မရှိဘဲ၊ နှုတ်ကပတ်တရားတော် ကို သာ၍ ဟောပြောဝံ့ကြ၏။
14Ва аксарияти бародарон аз занҷирҳои ман дар Худованд устувор гардида, ба андозаи бештар ҷасорат мекунанд, ки каломи Худоро нотарс мавъиза намоянд.
15လူအချို့တို့သည် ငြူစူရန်တွေ့ချင်သောသဘောနှင့် ခရစ်တော်၏တရားကို ဟောပြောကြ၏။ အချို့တို့ သည် စေတနာစိတ်နှင့် ဟောပြောကြ၏။
15Дуруст аст, ки баъзе касон аз рӯи ҳасад ва рақобат, ва баъзеи дигарон аз рӯи хайрхоҳӣ Масеҳро мавъиза менамоянд:
16ငါသည် ဧဝံဂေလိတရားကို ထောက်မဘို့ရာ ခန့်ထားသောသူဖြစ်ကြောင်းကို ဤသူတို့သည်သိ၍ ခရစ်တော်၏တရားကို မေတ္တာစိတ်နှင့် ဟောပြောကြ၏။
16Баъзеҳо аз рӯи рақобат, на бо дили соф Масеҳро мавъиза менамоянд, ба гумони он ки гаронии занҷирҳои маро афзун мекунанд,
17ထိုသူတို့သည် ကြည်ဖြူသောစိတ်မရှိ၊ ချည်နှောင်ခြင်းကို ငါခံရသည်တွင် သာ၍ ဆင်းရဲစေမည်ဟု အကြံရှိ၍၊ ရန်တွေ့ချင်သောစိတ်နှင့် ဟောပြောကြ၏။
17Вале дигарон аз рӯи муҳаббат, чун медонанд, ки ман барои муҳофизат кардани башорат дар ин ҷо гузошта шудаам.
18သို့ဖြစ်၍ အဘယ်သို့နည်း၊ လျှို့ဝှက်၍ ဟောပြောသည်ဖြစ်စေ၊ သစ္စာရှိ၍ ဟောပြောသည်ဖြစ်စေ၊ အဘယ်သို့သောအားဖြင့် ဟောပြောသည်ဖြစ်စေ၊ ခရစ်တော်၏တရားကို ဟောပြောခြင်းရှိ၏။ ထိုအကြောင်း ကြောင့် ငါသည်ယခုဝမ်းမြောက်၏။ နောင်၌လည်း ဝမ်းမြောက်လိမ့်မည်။
18Хайр, чӣ мешавад? Масеҳро ба ҳар тарз, риёкорона ё самимона, мавъиза намоянд ҳам, ман аз ин шодам, ва шодй хоҳам кард,
19အဘယ်သို့နည်းဟူမူကား၊ ငါသည်အလျှင်းရှက်ကြောက်ခြင်းမရှိ၊ ရဲရင့်ခြင်းနှင့်ပြည့်စုံ၍ အသက်ရှင်သည်ဖြစ်စေ၊ သေသည်ဖြစ်စေ၊ ငါ့ကိုယ်ခန္ဓာ၌ ခရစ်တော်သည် အစဉ်မပြတ် ဂုဏ်အသရေထင်ရှား တော်မူသကဲ့သို့၊
19Зеро медонам, ки ин боиси наҷоги ман хоҳад шуд, мувофиқи дуои шумо ва бо мадади Рӯҳи Исои Масеҳ,
20ယခုပင်ထင်ရှားတော်မူမည်ဟု ငါမြော်လင့်အားကြီး၍ တောင့်တသည်နှင့်အညီ သင်တို့ဆုတောင်းသဖြင့်၎င်း၊ ယေရှုခရစ်၏ ဝိညာဉ်တော်မစသဖြင့်၎င်း၊ ဤအကြောင်းအရာသည် ငါ့ကိုကယ်တင်သော အကြောင်းအရာဖြစ် မည်ဟု ငါသိ၏။
20Ва ман яқин дорам ва умедворам, ки дар ҳеҷ хусус шарманда нахоҳам шуд, балки бо камоли ҷуръат ҳозир ҳам, чунон ки ҳамеша буд, Масеҳ дар ҷисми ман бузургӣ хоҳад ёфт, хоҳ дар ҳаёт бошад, хоҳ дар мамот.
21အသက်ရှင်သည်အရာမှာ ခရစ်တော်ဖြစ်၏။ သေလျှင်မူကား၊ သာ၍အကျိုးရှိ၏။
21Зеро ки барои ман ҳаёт - Масеҳ аст, ва мамот - фоида аст.
22ဤကိုယ်ခန္ဓာ၌ ငါသည်အသက်ရှင်လျှင်၊ ငါပြုသောအမှု၏ အကျိုးကား ထိုသို့သောအကျိုးဖြစ်၏။ သို့သော်လည်း အဘယ်အကျိုးကို ရွေးယူရမည်ဟု ငါမသိ။
22Аммо агар ба ҳасби ҷисм дар ҳаёт буданам ба кори ман самаре мебахщида бошад, пас намедонам, ки кадомашро интихоб намоям.
23ထိုအကျိုးနှစ်ပါး၏အကြား၌ ငါသည်ယခု ကျဉ်းမြောင်းစွာ နေရ၏။ စုတေ့၍ ခရစ်တော်နှင့်အတူ နေ ခြင်းငှါ တောင့်တလိုချင်သော စိတ်ရှိ၏။ သာ၍ အလွန် ထူးမြတ်သောအကျိုးဖြစ်၏။
23Ҳар дуяш ҳам маро ҷазб мекунад: орзу дорам, ки баромада равам ва ҳамроҳи Масеҳ бошам, чунки ин беандоза беҳтар аст;
24သို့သော်လည်း ကိုယ်ခန္ဓာ၌ နေရလျှင် သင်တို့၌ သာ၍ အကျိုးရှိလိမ့်မည်။
24Валекин дар ҷисм монданам барои шумо заруртар аст.
25ထိုသို့ရှိလိမ့်မည်ဟု ယုံမှားခြင်းနှင့် ကင်းလွတ်သည်ဖြစ်၍၊ သင်တို့ရှိရာသို့ ငါတဖန်ရောက်လာသော အားဖြင့်၊ သင်တို့သည် ယေရှုခရစ်ကိုအမှီပြု၍ ငါ့အတွက်ကြောင့် သာ၍ ဝါကြွားဝမ်းမြောက်ခြင်း ရှိစေခြင်းငှါ၊
25Ва ман аниқ медонам, ки хоҳам монд ва барои пешрафт ва шодии имони шумо бо ҳамаи шумо хоҳам буд,
26သင်တို့သည် ယုံကြည်ခြင်း၌ တိုးပွားဝမ်းမြောက်မည်အကြောင်း၊ ငါသည်ကိုယ်ခန္ဓာ၌နေ၍ သင်တို့ရှိသမျှနှင့် ပေါင်းဘော်ရမည်ဟု ငါသိ၏။
26То ки ҳамду санои шумо дар Исои Масеҳ ба воситаи ман афзунтар шавад, чун бори дигар назди шумо бкёям.
27သင်တို့သည် ရန်သူများကြောင့် အလျှင်း မကြောက်ရွံ့မတုန်လှုပ်ဘဲ၊ တပါးတည်းသော စိတ်ဝိညာဉ်၌ တည်၍၊ ဧဝံဂေလိတရားနှင့်ဆိုင်သော ယုံကြည်ခြင်းအဘို့အလိုငှါ တညီတညွတ်တည်း ကြိုးစားအား ထုတ်ကြသည် အကြောင်းအရာကို၊ ငါရောက်လျှင် သင်တို့နှင့် မျက်မှောက်တွေ့သည်ဖြစ်စေ၊ ကွာလျက်နေသည် ဖြစ်စေ၊ ငါကြားသိရပါမည်အကြောင်း၊ ခရစ်တော်၏ ဧဝံဂေလိတရားနှင့် အထိုက်အလျောက် ဝတ်ကြီး ဝတ်ငယ်များကို ပြု၍သာနေကြလော့။
27Фақат ин ки муносиби башорати Масеҳ умр гузаронед, то ки ман - хоҳ омада шуморо бинам, хоҳ аз шумо дур бошам - дар бораи шумо бишнавам, ки шумо дар як рӯҳ қоим буда, якдилона барои имони Инҷил ҷидду ҷаҳд менамоед,
28ထိုသို့ရန်သူများကြောင့် အလျှင်းမကြောက်ရွံ့ မတုန်လှုပ်သော အကြောင်းအရာသည်၊ သူတို့၌ ပျက်စီး ခြင်း၏ နိမိတ်လက္ခဏာဖြစ်၏။
28Ва дар ҳеҷ хусус аз душманон наметарсед, ки ин барои онҳо аломати ҳалокат аст, вале барои шумо аломати наҷот аст, - ва ин аз ҷониби Худост,
29အကြောင်းမူကား၊ သင်တို့သည် အထက်ကမြင်သည်အတိုင်း၊ ယခုလည်း ကြားသည်အတိုင်း ငါခံရသော တိုက်လှန်ခြင်းကို ခံရသည်နည်းတူ၊ သင်တို့သည် ခံရကြသည်ဖြစ်၍၊ ခရစ်တော်ကို ယုံကြည်ခြင်းအခွင့်မှတပါး၊ ခရစ်တော်အတွက်ကြောင့် ဆင်းရဲခံရခြင်းအခွင့်ကို ကျေးဇူးတော်အားဖြင့် ရကြ၏။
29Зеро ба шумо ба хотири Масеҳ ато шудааст, ки ба Ӯ на танҳо имон оваред, балки барои Ӯ уқубат ҳам кашед,
30Бо ҳамон корнамоие ки шумо дар ман дидаед ва ҳоло дар бораи ман мешунавед.