Myanmar

Tajik

Romans

16

1ကင်ခြေမြို့အသင်းတော်၌ သင်းထောက်မိန်းမဖြစ်သော ငါတို့ နှမဖိဗေကို သင်တို့ထံသို့ ငါသွင်းပေး၏။
1ХОҲАРИ мо Фубиро, ки ходимаи калисои Канхария аст, ба шумо маъруфй менамоям,
2သန့်ရှင်းသူတို့သည် ပြုသင့်သည်အတိုင်း၊ သခင်ဘုရားကို ထောက်၍ ထိုသူကိုလက်ခံကြလော့။ သူသည် အကူအမလိုသမျှသော အမှုတို့၌ သူ့ကိုကူမကြလော့။ အကြောင်းမူကား၊ သူသည်များစွာသော သူတို့ကို၎င်း၊ ငါ့ကို၎င်း၊ မစသောသူဖြစ်၏။
2То ки вайро ба хотири Худованд, ба тавре ки шоистаи муқаддасон бошад, қабул кунед ва дар ҳар бобат, ки ба шумо эҳтиёҷ дошта бошад, ба вай мадад расонед; зеро ки вай ҳам ба бисьёр касон ва ба худи ман низ мададгор буд.
3ငါနှင့်အတူယေရှုခရစ်၏ အမှုတော်ကို ဆောင်ရွက်သောသူ၊ ပြစ်ကိလနှင့်အာကုလကို နှုတ်ဆက်ကြ လော့။
3Ба Прискила ва Акило, ки ҳамкорони ман дар Исои Масеҳ буданд, салом гӯед;
4ထိုသူတို့သည် ငါ့အသက်အဘို့မိမိတို့လည်ပင်းကို ချထားသော သူဖြစ်ကြ၏။ သူတို့ကျေးဇူးရှိသည်ဟု ငါ တယောက်တည်းသာ ဝန်ခံသည်မဟုတ်။ တပါးအမျိုးသားအသင်းတော်အပေါင်းတို့သည် ဝန်ခံကြ၏။
4Онҳо ҷони худро барои ман ба хатар андохтаанд, ва аз онҳо на фақат ман, балки ҳамаи калисоҳои халқҳо низ мамнун ҳастанд; ҳамчунин ба аҳли калисое ки дар хонаи онҳо ҷамъ мешаванд, салом гӯед.
5သူတို့အိမ်၌ ရှိသောအသင်းတော်ကိုလည်း နှုတ်ဆက်ကြလော့။ အာရှိပြည်တွင် ခရစ်အဘို့ အဦးသီးသော အသီးဖြစ်သော ငါ့ချစ်သားဧပဲနက်ကို နှုတ်ဆက်ကြလော့။
5Ба маҳбуби ман Апинтус, ки барои Масеҳ навбари Охоия аст, салом гӯед.
6ငါတို့အမှုကိုကြိုးစား၍ ဆောင်ရွက်သော မာရိကိုနှုတ်ဆက်ကြလော့။
6Ба Марьям, ки барои мо бисьёр меҳнат кардааст, салом гӯед.
7ငါနှင့်အတူအကျဉ်းခံရသောသူ၊ ငါအမျိုးသားချင်းအန္ဒြောနိတ်နှင့် ယုနိကို နှုတ်ဆက်ကြလော့။ ထိုသူတို့သည် တမန်တော်များတွင် အသရေထင်ရှားသောသူ ဖြစ်ကြ၏။ ငါ့အရင်တပည့်တော်အဖြစ်သို့ ရောက်သော သူလည်း ဖြစ်ကြ၏။
7Ба хешони ман Андроникӯс ва Юниес, ки бо ман бандӣ буданд, салом гӯед; онҳо дар миёни ҳаввориён машҳур ҳастанд ва аз ман пештар ба Масеҳ имон овардаанд.
8သခင်ဘုရား၌ ငါ့ချစ်သားအမ္ပလိကို နှုတ်ဆက်ကြလော့။
8Ба Амплиёс, ки дар Худованд маҳбуби ман аст, салом гӯед.
9ငါတို့နှင့်အတူ ခရစ်တော်၏အမှုကို ဆောင်ရွက်သော ဥရဗန်နှင့် ငါ့ချစ်သားသတာခုကို နှုတ်ဆက်ကြ လော့။
9Ба Ӯрбонус, ки дар Масеҳ ҳамкори мост, ва ба Истохис, ки маҳбуби ман аст, салом гӯед.
10တပည့်တော်စစ်ဖြစ်သော အပေလေနှင့် အာရိတ္တောဗုလု၏ အိမ်သူအိမ်သားတို့ကို နှုတ်ဆက် ကြလော့။
10Ба Апалис, ки дар Масеҳ озмуда шудааст, салом гӯед. Ба аҳли байти Аристоблус салом гӯед.
11ငါ၏အဆွေအမျိုးဟေရောဒျုန်နှင့် တပည့်တော် ဖြစ်သောနာကိသု၏အိမ်သူအိမ်သားတို့ကို နှုတ်ဆက် ကြလော့။
11Ба хеши ман Ҳиродиюн салом гӯед. Ба онҳое ки аз аҳли байти Наркисус ба Худованд имон доранд, салом гӯед.
12သခင်ဘုရား၏အမှုတော်ကို ကြိုးစားသော မိန်းမ၊ တရုဖဲနနှင့် တရုဖေါသကို၎င်း၊ သခင်ဘုရား၏ အမှုတော်ကို အလွန်ကြိုးစား၍ ချစ်အပ်သော မိန်းမ ပေရသိကို၎င်း နှုတ်ဆက်ကြလော့။
12Ба Труфино ва Трифосо, ки дар кори Худованд фаъол ҳастанд, салом гӯед. Ба Парсиси маҳбуба, ки дар кори Худованд бисьёр фаъол аст, салом гӯед.
13မြတ်သောတပည့်တော်ရုဖုနှင့် သူ၏အမိတည်းဟူသော တပည့်တော်ရုဖုနှင့်သူ၏အမိတည်းဟူသော ငါ၏ အမိကို နှုတ်ဆက်ကြလော့။
13Ба Руфус, ки баргузидаи Худованд аст, ва ба модари ӯ, ки барои ман мисли модар аст, салом гӯед.
14အသုံကြိတ်၊ ဖလေကုန်၊ ဟေရမ၊ ပတ်ရောဘ၊ ဟေရမေမှစ၍ သူတို့နှင့်အတူနေသော ညီအစ်ကိုတို့ကို နှုတ်ဆက်ကြလော့။
14Ба Асункритус, Флигӯн, Ҳермос, Патрубос, Ермис ва бародароне ки бо онҳоянд, салом гӯед.
15ဖိလောလုပ်၊ ယုလိ၊ နေရု၊ နေရုနှမနှင့် ဩလုမ္ပမှ စ၍ သူတို့နှင့် အတူနေသော သန့်ရှင်းသူအပေါင်း တို့ကို နှုတ်ဆက်ကြလော့။
15Ба Филӯлӯгус ва Юлиё, Нирвас ва хоҳараш, ва Ӯлумпос, ва ҳамаи муқаддасоне ки бо онҳоянд, салом гӯед.
16အချင်းချင်းတယောက်ကို တယောက်သန့်ရှင်းသော နမ်းခြင်းနှင့် နှုတ်ဆက်ကြလော့။ ခရစ်တော်၏ အသင်းတော်အပေါင်းတို့သည် သင်တို့နှင့် နှုတ်ဆက်ကြ၏။
16Ба якдигар бо бӯсаи муқаддасона салом гӯед. Ҳамаи калисоҳои Масеҳ ба шумо салом мегӯянд.
17ညီအစ်ကိုတို့၊ သင်တို့ခံရပြီးသော ဆုံးမဩဝါဒ နှင့်ဆန့်ကျင်ဘက်ဖြစ်သောသင်းခွဲခြင်း၊ မှားယွင်းခြင်း အကြောင်းကို ပြုတတ်သော သူတို့ကို မှတ်၍ရှောင်ကြလော့ဟု ငါသတိပေး၏။
17Шуморо, эй бародарон, даъват менамоям, ки аз касоне ки бар хилофи таълиме ки шумо ёфтаед, дар миён чудоӣ ва васваса меандозанд, эҳтиёт бошед ва аз онҳо канорагирӣ кунед;
18အကြောင်းမူကား ထိုသို့သောသူတို့သည် ငါတို့သခင်ခရစ်တော်၏ အမှုကိုမဆောင်ရွက်ဘဲလျက်၊ မိမိတို့ဝမ်း၏အမှုကိုသာ ဆောင်ရွက်၍၊ လောကဝတ်စကားနှင့်ချော့မော့သော စကားအားဖြင့် စိတ်ကောင်း သောသူတို့ကို လှည့်ဖြားတတ်ကြ၏။
18Зеро ки онҳо на ба Худованди мо Исои Масеҳ, балки ба шиками худ хизмат мекунанд ва бо тамаллуқкорӣ ва суханороӣ дилҳои соддалавҳонро фиреб медиҳанд.
19သင်တို့ ယုံကြည်နားထောင်ခြင်း အကြောင်းအရာသည် လူအပေါင်းတို့တွင် ကျော်စောသည်ဖြစ်၍၊ ငါဝမ်းမြောက်ခြင်းရှိ၏။ သို့သော်လည်း၊ သင်တို့သည် ကောင်းသောအမှု၌ကား၊ ပညာရှိစေခြင်းငှါ၎င်း၊ ဆိုးသော အမှု၌ကား၊ အပြစ်ကင်းစေခြင်းငှါ၎င်း၊ ငါအလိုရှိ၏။
19Итоати шумо ба ҳама маълум аст; ва ман аз шумо хурсандам, лекин орзумандам, ки шумо дар некӣ ҳирадманд ва дар бадӣ соддадил бошсд.
20ငြိမ်သက်ခြင်း၏ အရှင်ဘုရားသခင်သည် မကြာမမြင့်မှီ စာတန်ကို သင်တို့ခြေအောက်၌ နှိပ်စက် တော်မူမည်။ ငါတို့သခင်ယေရှုခရစ်၏ ကျေးဇူးတော်သည်သင်တို့၌ ရှိပါစေသော။
20Ва Худои сулҳу осоиштагӣ ба зудӣ шайтонро зери пойҳои шумо сарнагун хоҳад кард. Файзи Худованди мо Исои Масеҳ бо шумо бод!
21ငါနှင့်အတူ အမှုတော်ကို ဆောင်ရွက်သော တိမောသမှစ၍ ငါ၏အဆွေအမျိုးလုကိ၊ ယာသုန်သော သိပတရုတို့သည် သင်တို့ကို နှုတ်ဆက်ကြ၏။
21Ҳамкорам Тимотиюс ва хешонам Лукюс, Ёсӯн ва Сӯсипатрус ба шумо салом мегӯянд.
22ဤစာကိုရေးသော ကျွန်ုပ်တေရတိသည် သခင် ဘုရားကို ထောက်၍ သင်တို့ကို နှုတ်ဆက်ပါ၏။
22Ман - Тартиюс низ, ки ин номаро навиштаам, ба шумо дар Худованд салом мегӯям.
23ငါ့ကို၎င်း၊ သင်းဝင်သူအပေါင်းတို့ကို၎င်း၊ လက်ခံ၍ဧည့်သည် ဝတ်ပြုတတ်သော ဂါယု၊ မြို့စာရေး ဧရတ္တု၊ သင်တို့ညီကွာတုတို့သည် သင်တို့ကို နှုတ်ဆက်ကြ၏။
23Ғоюс, ки мизбони ман ва тамоми аҳли калисо мебошад, ба шумо салом мегӯяд. Хазинадори шаҳр Арастус ва бародари мо Квартус ба шумо салом мегӯянд.
24ငါတို့သခင်ယေရှုခရစ်၏ ကျေးဇူးတော်သည် သင်တို့အပေါင်း၌ ရှိစေသတည်း။ အာမင်။
24Файзи Худованди мо Исои Масеҳ бо ҳамаи шумо бод. Омин.
25ရှေးကပ်ကာလပတ်လုံး ဝှက်ထားပြီးလျှင် ယခုမှာ ထင်ရှားသည်ဖြစ်၍၊
26လူမျိုးအပေါင်းတို့သည် ယုံကြည်နားထောင်ကြမည်အကြောင်း ပရောဖက်တို့၏ကျမ်းစာများလာသည် နှင့်အညီ၊ ထာဝရဘုရားသခင်၏ ပညတ်တော်အတိုင်း ထိုသူတို့အားဘော်ပြရသော နက်နဲရာကို ဖွင့်ထားခြင်း ကျေးဇူးတော်နှင့်လျော်စွာ၊ ငါဟောသောဧဝံဂေလိတရားတည်းဟူသော ယေရှုခရစ်၏ အကြောင်းကို ဟောပြောခြင်းအားဖြင့်၊ သင်တို့ကို မြဲမြံခိုင်ခံ့စေခြင်းငှါ တတ်နိုင်တော်မူသောအရှင်၊
27တဆူတည်းသာလျှင် ပညာနှင့် ပြည့်စုံတော်မူသော ဘုရားသခင်သည်၊ ယေရှုခရစ်အားဖြင့် ကမ္ဘာအဆက်ဆက် ဘုန်းကြီးတော်မူစေသတည်း။ အာမင်။