1ဒါဝိဒ်မင်းကြီးသည် အသက်ကြီးရင့်၍ အိုသောအခါ အဝတ်ခြုံ၍ မနွေးနိုင်။
1Now king David was old and stricken in years; and they covered him with clothes, but he couldn’t keep warm.
2သို့ဖြစ်၍ ကျွန်တို့က၊ အသက်ပျိုသော ကညာကို အရှင်မင်းကြီးအဘို့ ရှာပါရစေ။ သူသည်မင်းကြီးကို ခစား၍ ပြုစုပါစေ။ အရှင်မင်းကြီးကို နွေးစေခြင်းငှါ ရင်ခွင်တော်၌ အိပ်ပါစေဟုလျှောက်ကြ၏။
2Therefore his servants said to him, “Let there be sought for my lord the king a young virgin. Let her stand before the king, and cherish him; and let her lie in your bosom, that my lord the king may keep warm.”
3ထိုသို့နှင့်အညီအဆင်းလှသောအပျိုမကို ဣသ ရေလပြည် တရှောက်လုံးတွင်ရှာ၍၊ ရှုနင်မြို့သူ အဘိရှက် ကို တွေ့သဖြင့် အထံတော်သို့ ဆောင်ခဲ့ကြ၏။
3So they sought for a beautiful young lady throughout all the borders of Israel, and found Abishag the Shunammite, and brought her to the king.
4ထိုမိန်းမသည် အလွန်အဆင်းလှ၏။ ရှင်ဘုရင် ကိုလည်း လုပ်ကျွေးပြုစုလေ၏။ သို့ရာတွင် ရှင်ဘုရင် သိမ်းတော်မမူ။
4The young lady was very beautiful; and she cherished the king, and ministered to him; but the king didn’t know her intimately.
5ထိုနောက် ဟဂ္ဂိတ်သားအဒေါနိယသည် ရှင် ဘုရင်လုပ်မည်ဟု အကြံရှိလျက်၊ ကိုယ်ကိုချီးမြှောက်၍ ရထားများနှင့် မြင်းများကို၎င်း၊ မိမိရှေ့၌ပြေးရသော လူငါးဆယ်ကို၎င်း၊ ပြင်ဆင်လေ၏။
5Then Adonijah the son of Haggith exalted himself, saying, “I will be king.” Then he prepared him chariots and horsemen, and fifty men to run before him.
6ခမည်းတော်က၊ သင်သည် အဘယ်ကြောင့် ဤသို့ပြုသနည်းဟု သူ့စိတ်နာအောင် တခါမျှမပြောစဖူး။ ထိုသူသည် အဆင်းလည်း အလွန်လှ၏။
6His father had not displeased him at any time in saying, “Why have you done so?” and he was also a very handsome man; and he was born after Absalom.
7အဗရှလုံညီ လည်း ဖြစ်၏။ သူသည်ဇေရုယာသား ယွာဘ၊ ယဇ်ပုရောဟိတ် အဗျာသာနှင့် တိုင်ပင်၍ သူတို့သည် အဒေါနိယဘက်မှာ နေကြ၏။
7He conferred with Joab the son of Zeruiah, and with Abiathar the priest: and they following Adonijah helped him.
8ယဇ်ပုရောဟိတ်ဇာဒုတ်၊ ယောယဒသားဗေနာ ယ၊ ပရောဖက်နာသန်၊ ရှိမိ၊ ရေဣအစရှိသော ဒါဝိဒ်၏ မှူးကြီးမတ်ကြီးများမူကား၊ အဒေါနိယဘက်သို့ မဝင်ကြ။
8But Zadok the priest, and Benaiah the son of Jehoiada, and Nathan the prophet, and Shimei, and Rei, and the mighty men who belonged to David, were not with Adonijah.
9အဒေါနိယသည် အင်္ရောဂေလမြို့နယ်အတွင်း၊ ဇောဟေလက်ကျောက်နားမှာ သိုး၊ နွားမှစ၍ ဆူဖြိုးသော အကောင်တို့ကို သတ်ပြီးလျှင်၊ ရှင်ဘုရင်သား မိမိညီ များနှင့်ရှင်ဘုရင်၏ ကျွန်ယုဒလူများအပေါင်းတို့ကို ခေါ်ဘိတ်လေ၏။
9Adonijah killed sheep and cattle and fatlings by the stone of Zoheleth, which is beside En Rogel; and he called all his brothers, the king’s sons, and all the men of Judah, the king’s servants:
10ပရောဖက်နာသန်၊ ဗေနာယ၊ မှူးကြီးမတ်ကြီးမှ စသော ညီရှောလမုန်ကိုကား မခေါ်မဘိတ်။
10but Nathan the prophet, and Benaiah, and the mighty men, and Solomon his brother, he didn’t call.
11ထိုအခါနာသန်သည် ရှောလမုန် အမိဗာသရှေဘထံသို့သွား၍၊ ဟဂ္ဂိတ်၏သား အဒေါနိယသည် ရှင်ဘုရင်လုပ်ကြောင်းကို ကြားပြီလော။ တို့အရှင်ဒါဝိဒ် သည် မသိပါတကား။
11Then Nathan spoke to Bathsheba the mother of Solomon, saying, “Haven’t you heard that Adonijah the son of Haggith reigns, and David our lord doesn’t know it?
12ယခုမှာသင်၏ အသက်နှင့် ရှောလမုန်၏ အသက်ကို ချမ်းသာစေခြင်းငှါ ကျွန်ုပ်သည် အကြံပေးပါ ရစေ။
12Now therefore come, please let me give you counsel, that you may save your own life, and the life of your son Solomon.
13ဒါဝိဒ်မင်းကြီးထံတော်သို့ဝင်၍၊ အိုအရှင် မင်းကြီး၊ ကိုယ်တော်က သင်၏သားရှောလမုန်သည် ငါ့အရာ၌ စိုးစံ၍ နန်းထိုင်ရမည်ဟု ကိုယ်တော် ကျွန်မ အား ကျိန်ဆိုတော်မူပြီမဟုတ်လော။ သို့ဖြစ်လျှင် အဒေါ နိယသည် အဘယ်ကြောင့် စိုးစံရပါသနည်းဟု လျှောက် လော့။
13Go in to king David, and tell him, ‘Didn’t you, my lord, king, swear to your handmaid, saying, Assuredly Solomon your son shall reign after me, and he shall sit on my throne? Why then does Adonijah reign?’
14ထိုသို့အထံတော်၌ လျှောက်စဉ်တွင်၊ ကျွန်ုပ် ဝင်၍ သင်၏စကားကို ထောက်မမည်ဟု အကြံပေးသည် အတိုင်း၊
14Behold, while you yet talk there with the king, I also will come in after you, and confirm your words.”
15ဗာသရှေဘသည်ရှင်ဘုရင်ရှိရာ အခန်းထဲသို့ ဝင်လေ၏။ ရှင်ဘုရင်သည်အလွန်အို၍ ရှုနင်မြို့သူ အဘိရှက်သည် လုပ်ကျွေးလျက်နေ၏။
15Bathsheba went in to the king into the room. The king was very old; and Abishag the Shunammite was ministering to the king.
16ဗာသရှေဘသည်ဦးချ၍ ရှင်ဘုရင်အား ရှိခိုးလျှင်။ ရှင်ဘုရင်က အဘယ်အလိုရှိသနည်းဟု မေးတော် မူ၏။
16Bathsheba bowed, and showed respect to the king. The king said, “What would you like?”
17ဗာသရှေဘကလည်း၊ ကျွန်မသခင်၊ ကိုယ်တော် က သင်၏သား ရှောလမုန်သည်ငါ့အရာ၌ စိုးစံ၍နန်းထိုင် ရမည်ဟု ကိုယ်တော်၏ ဘုရားသခင် ထာဝရဘုရားကို တိုင်တည်၍ ကိုယ်တော်ကျွန်မအား ကျိန်ဆိုတော်မူပြီ။
17She said to him, “My lord, you swore by Yahweh “Yahweh” is God’s proper Name, sometimes rendered “LORD” (all caps) in other translations. your God The Hebrew word rendered “God” is “Elohim.” to your handmaid, ‘Assuredly Solomon your son shall reign after me, and he shall sit on my throne.’
18ယခုမှာ အဒေါနိယသည်စိုးစံပါ၏။ ကိုယ်တော် အရှင်မင်းကြီးလည်း သိတော်မမူ။
18Now, behold, Adonijah reigns; and you, my lord the king, don’t know it.
19အဒေါနိယသည် သိုးနွားမှစ၍ ဆူဖြိုးသော အကောင်များတို့ကို သတ်ပြီးလျှင်၊ မင်းကြီး၏ သားတော် အပေါင်းတို့နှင့်တကွ ယဇ်ပုရောဟိတ်အဗျာသာ၊ ဗိုလ်ချုပ် မင်းယွာဘတို့ကို ခေါ်ဘိတ်ပါ၏။ ကိုယ်တော် ကျွန် ရှောလမုန်ကိုကား မခေါ်မဘိတ်ပါ။
19He has slain cattle and fatlings and sheep in abundance, and has called all the sons of the king, and Abiathar the priest, and Joab the captain of the army; but he hasn’t called Solomon your servant.
20အိုအရှင်မင်းကြီး၊ ကျွန်မအရှင်မင်းကြီး၏ အရာ၌စိုးစံ၍ အဘယ်သူသည် နန်းထိုင်ရမည်ကို မိန့် တော်မူမည်ဟု ဣသရေလအမျိုးသားအပေါင်းတို့သည် ကိုယ်တော်ကို မြော်ကြည့်လျက်နေကြပါ၏။
20You, my lord the king, the eyes of all Israel are on you, that you should tell them who shall sit on the throne of my lord the king after him.
21သို့မဟုတ်ကျွန်မအရှင်မင်းကြီးသည် ဘိုးတော် ဘေးတော်တို့နှင့်အတူ ကျိန်းစက်တော်မူသောအခါ၊ ကျွန်တော်မနှင့် သားရှောလမုန်သည် ရာဇဝတ်ခံရသော သူဖြစ်ပါလိမ့်မည်ဟု လျှောက်လေ၏။
21Otherwise it will happen, when my lord the king shall sleep with his fathers, that I and my son Solomon shall be counted offenders.”
22ထိုသို့အထံတော်၌ လျှောက်စဉ်တွင်၊ ပရောဖက် နာသန်သည် ဝင်လျှင် ပရောဖက်နာသန်လာပါသည်ဟု လျှောက်ကြ၏။
22Behold, while she yet talked with the king, Nathan the prophet came in.
23နာသန်သည်လည်း ရှေ့တော်သို့ ရောက်သော အခါ ဦးချပြပ်ဝပ်လျက်၊
23They told the king, saying, “Behold, Nathan the prophet!” When he had come in before the king, he bowed himself before the king with his face to the ground.
24အိုအရှင်မင်းကြီး၊ ကိုယ်တော်က ငါ့အရာ၌ အဒေါနိယစိုးစံ၍ နန်းထိုင်ရမည်ဟု မိန့်တော်မူသလော။
24Nathan said, “My lord, king, have you said, ‘Adonijah shall reign after me, and he shall sit on my throne?’
25သူသည် ယနေ့ဆင်းသွား၍၊ ဆူဖြိုးသော သိုးနွား များတို့ကို သတ်ပြီးလျှင် မင်းကြီး၏သားတော်အပေါင်း တို့ကို၎င်း၊ ဗိုလ်များနှင့် ယဇ်ပုရောဟိတ်အဗျာသာကို၎င်း ခေါ်ဘိတ်ပါပြီ။ သူတို့သည် အဒေါနိယရှေ့မှာ စား သောက်လျက်၊ အဒေါနိယမင်းကြီးသည် အသက်ရှင်စေ သတည်းဟု ကြွေးကြော်လျက်ယခုရှိကြပါ၏။
25For he is gone down this day, and has slain cattle and fatlings and sheep in abundance, and has called all the king’s sons, and the captains of the army, and Abiathar the priest. Behold, they are eating and drinking before him, and say, ‘Long live king Adonijah!’
26ကိုယ်တော်ကျွန်အကျွန်ုပ်၊ ယဇ်ပုရောဟိတ် ဇာဒုတ်၊ ယောယဒသား ဗေနာယ၊ ကိုယ်တော်ကျွန် ရှောလမုန်တို့ကိုကား မခေါ်မဘိတ်ပါ။
26But he hasn’t called me, even me your servant, and Zadok the priest, and Benaiah the son of Jehoiada, and your servant Solomon.
27အရှင်မင်းကြီး၏အရာ၌ အဘယ်သူနန်းထိုင် ရမည်ကို ကိုယ်တော် ကျွန်အားပြတော်မမူဘဲ ဤအမှုကို အရှင်မင်းကြီးစီရင်တော်မူပြီလောဟု လျှောက်၏။
27Is this thing done by my lord the king, and you haven’t shown to your servants who should sit on the throne of my lord the king after him?”
28ထိုအခါဒါဝိဒ်မင်းကြီးက၊ ဗာသရှေဘကို ခေါ်ခဲ့ ပါဟု မိန့်တော်မူသည်အတိုင်း၊ ဗာသရှေဘသည်လာ၍ ရှေ့တော်၌ ရပ်နေ၏။
28Then king David answered, “Call to me Bathsheba.” She came into the king’s presence, and stood before the king.
29ရှင်ဘုရင်ကလည်း၊ ငါ့အသက်ဝိညာဉ်ကို ခပ် သိမ်းသော ဒုက္ခထဲက ကယ်နှုတ်တော်မူသော ထာဝရ ဘုရား အသက်ရှင်တော်မူသည်အတိုင်း၊
29The king swore, and said, “As Yahweh lives, who has redeemed my soul out of all adversity,
30သင်၏သားရှောလမုန်သည် ငါ့အရာ၌စိုးစံ၍ ငါ့ကိုယ်စားနန်းထိုင်ရမည်ဟု ဣသရေလအမျိုး၏ ဘုရား သခင်ထာဝရဘုရားကို ငါတိုင်တည်၍ သင့်အား ကျိန်ဆို သည်နှင့်အညီ ယနေ့ငါပြုမည်ဟု တဖန်ကျိန်ဆိုတော်မူ၏။
30most certainly as I swore to you by Yahweh, the God of Israel, saying, ‘Assuredly Solomon your son shall reign after me, and he shall sit on my throne in my place;’ most certainly so will I do this day.”
31ဗာသရှေဘသည် ဦးချပြပ်ဝပ်လျက်၊ ရှင်ဘုရင် အား ရှိခိုးလျက်၊ အရှင်ဒါဝိဒ်မင်းကြီးသည် အသက်တော် အစဉ်အမြဲရှင်စေသတည်းဟု မြွက်ဆို၏။
31Then Bathsheba bowed with her face to the earth, and showed respect to the king, and said, “Let my lord king David live forever!”
32ဒါဝိဒ်မင်းကြီးကလည်း၊ ယဇ်ပုရောဟိတ် ဇာဒုတ်၊ ပရောဖက် နာသန်၊ ယောယဒသား ဗေနာယ တို့ကို ခေါ်ခဲ့ပါဟု မိန့်တော်မူသည်အတိုင်း၊ သူတို့သည် ရှေ့တော်သို့ ဝင်လာကြ၏။
32King David said, “Call to me Zadok the priest, Nathan the prophet, and Benaiah the son of Jehoiada.” They came before the king.
33ရှင်ဘုရင်ကလည်း၊ သင်တို့အရှင်၏ ကျွန်များကို ခေါ်၍ ငါသားရှောလမုန်ကို ငါ၏မြင်းလားတော်ပေါ်မှာ စီးစေလျက်၊ ဂိဟုန်မြို့သို့ ဆောင်သွားကြလော့။
33The king said to them, “Take with you the servants of your lord, and cause Solomon my son to ride on my own mule, and bring him down to Gihon.
34ယဇ်ပုရောဟိတ် ဇာဒုတ်နှင့် ပရောဖက် နာသန် သည် ထိုမြို့မှာ ဘိသိက်ပေး၍ ဣသရေလရှင်ဘုရင် အရာ၌ ချီးမြှောက်ပြီးလျှင်၊ တံပိုးမှုတ်၍ ရှောလမုန် မင်းကြီးသည် အသက်တော်ရှင်စေသတည်းဟု ကြွေး ကြော်ကြလော့။
34Let Zadok the priest and Nathan the prophet anoint him there king over Israel. Blow the trumpet, and say, ‘Long live king Solomon!’
35ထိုနောက်သင်တို့လိုက်လျက် ငါ့သားသည်လာ၍ နန်းထိုင် ရမည်။ ငါ့ကိုယ်စားရှင်ဘုရင်ဖြစ်ရမည်။ ထိုသူကို ဣသရေလမင်း၊ ယုဒမင်းအရာ၌ ငါခန့်ထားသည်ဟု မိန့် တော်မူ၏။
35Then you shall come up after him, and he shall come and sit on my throne; for he shall be king in my place. I have appointed him to be prince over Israel and over Judah.”
36ယောယဒသား ဗေနာယက အာမင်။ အရှင် မင်းကြီးကိုးကွယ်သော ဘုရားသခင်ထာဝရဘုရားသည် လည်း ထိုသို့မိန့်တော်မူပါစေသော။
36Benaiah the son of Jehoiada answered the king, and said, “Amen. May Yahweh, the God of my lord the king, say so.
37ထာဝရဘုရားသည် အရှင်မင်းကြီးဘက်မှာ ရှိတော်မူသည်နည်းတူ ရှောလမုန်ဘက်မှာ ရှိတော်မူပါ စေသော။ အရှင်မင်းကြီးဒါဝိဒ်၏ ရာဇပလ္လင်ထက် သားတော်၏ ရာဇပလ္လင်သည်သာ၍ ဘုန်းကြီးမည် အကြောင်း စီရင်တော်မူပါစေသောဟု ရှင်ဘုရင်ကို ပြန်လျှောက်လေ၏။
37As Yahweh has been with my lord the king, even so may he be with Solomon, and make his throne greater than the throne of my lord king David.”
38ထိုအခါ ယဇ်ပုရောဟိတ်ဇာဒုတ်၊ ပရောဖက် နာသန်၊ ယောယံဒ သားဗေနာယ၊ ခေရသိလူ၊ ပေလသိ လူတို့သည် ထွက်၍ ရှောလမုန်ကို ဒါဝိဒ်မင်းကြီး၏ မြင်းလားပေါ်မှာ စီးစေလျက် ဂိဟုန်မြို့သို့ ဆောင်သွား ကြ၏။
38So Zadok the priest, and Nathan the prophet, and Benaiah the son of Jehoiada, and the Cherethites and the Pelethites, went down, and caused Solomon to ride on king David’s mule, and brought him to Gihon.
39ယဇ်ပုရောဟိတ်ဇာဒုတ်သည် တဲတော်ထဲက ဆီဘူးကိုယူ၍ ရှောလမုန်ကိုဘိသိက်ပေးပြီးမှ၊ သူတို့သည် တံပိုးမှုတ်၍၊ ရှောလမုန်မင်းကြီးသည် အသက်တော်ရှင် စေသတည်းဟု လူအပေါင်းတို့သည် ဟစ်ကြော်ကြ၏။
39Zadok the priest took the horn of oil out of the Tent, and anointed Solomon. They blew the trumpet; and all the people said, “Long live king Solomon!”
40လူအပေါင်းတို့သည် တီးမှုတ်လျက် နောက် တော်သို့လိုက်၍၊ မြေကြီးကွဲမတတ်ရှိသည်တိုင်အောင် အလွန်ဝမ်းမြောက်သောအသံကို ပြုကြ၏။
40All the people came up after him, and the people piped with pipes, and rejoiced with great joy, so that the earth shook with their sound.
41အဒေါနိယနှင့် သူ၏အပေါင်းအဘော်တို့သည် စားသောက်ပွဲ ပြီးသောအခါ ထိုအသံကို ကြားကြ၏။ တံပိုးမှုတ်သံကိုယွာဘကြားလျှင်၊ တမြို့လုံး အုတ်အုတ် ကျက်ကျက်ပြုသံကား၊ အဘယ်သို့နည်းဟု မေးစဉ်ပင်၊
41Adonijah and all the guests who were with him heard it as they had made an end of eating. When Joab heard the sound of the trumpet, he said, “Why is this noise of the city being in an uproar?”
42ယဇ်ပုရောဟိတ် အဗျာသာ၏သား ယောနသန် သည်လာလျှင်၊ အဒေါနိယကဝင်ပါ။ သင်သည် လူကောင်းဖြစ်၍၊ ကောင်းသောသိတင်းကို ကြားပြော လိမ့်မည်ဟု ဆိုလျှင်၊
42While he yet spoke, behold, Jonathan the son of Abiathar the priest came: and Adonijah said, “Come in; for you are a worthy man, and bring good news.”
43ယောနသန်က၊ အကယ်စင်စစ် ငါတို့အရှင် ဒါဝိဒ်မင်းကြီးသည် ရှောလမုန်ကို ရှင်ဘုရင်အရာ၌ ခန့်ထားတော်မူပြီ။
43Jonathan answered Adonijah, “Most certainly our lord king David has made Solomon king.
44ရှင်ဘုရင်သည်လည်း ယဇ်ပုရောဟိတ်ဇာဒုတ်၊ ပရောဖက်နာသန်၊ ယောယဒသားဗေနာယ၊ ခေရသိလူ၊ ပေလသိလူတို့ကို ရှောလမုန် နှင့်အတူ စေလွှတ်တော်မူ၍ မြင်းလားတော်ပေါ်မှာ စီးစေကြပါပြီ။
44The king has sent with him Zadok the priest, Nathan the prophet, Benaiah the son of Jehoiada, and the Cherethites and the Pelethites; and they have caused him to ride on the king’s mule.
45ယဇ်ပုရောဟိတ် ဇာဒုတ်နှင့် ပရောဖက်နာသန် တို့သည် ရှောလမုန်ကို ဂိဟုန်မြို့၌ ရာဇဘိသိက်ပေးပါပြီ။ ထိုမြို့မှ ဝမ်းမြောက်စွာ လာပြန်၍၊ တမြို့လုံးအုတ်အုတ် ကျက်ကျက်သောအသံကို ကိုယ်တော်ကြားရပါ၏။
45Zadok the priest and Nathan the prophet have anointed him king in Gihon. They have come up from there rejoicing, so that the city rang again. This is the noise that you have heard.
46ရှောလမုန်သည်လည်း ရာဇပလ္လင်တော်ပေါ်မှာ ထိုင်ပါ၏။
46Also, Solomon sits on the throne of the kingdom.
47ရှင်ဘုရင်၏ ကျွန်တို့သည်လည်း တို့အရှင် ဒါဝိဒ်မင်းကြီးကို ကောင်းကြီးပေးခြင်းငှါ သွား၍ဘုရား သခင်သည် ရှောလမုန်၏နာမကို ခမည်းတော်၏နာမ ထက်သာ၍ ချီးမြှောက်တော်မူပါစေသော။ သူ၏ရာဇ ပလ္လင်ကို ခမည်းတော်၏ ရာဇပလ္လင်ထက်သာ၍ ဘုန်းကြီးမည်အကြောင်း စီရင်တော်မူပါစေသောဟု လျှောက်လျှင်၊ ရှင်ဘုရင်သည် သာလွန်တော်ပေါ်မှာ ဦးချလျက်၊
47Moreover the king’s servants came to bless our lord king David, saying, ‘May your God make the name of Solomon better than your name, and make his throne greater than your throne;’ and the king bowed himself on the bed.
48ငါသည် ကိုယ်မျက်စိနှင့်မြင်စေခြင်းငှါ၊ ငါ့နန်း ပေါ်မှာ ထိုင်ရသော သူကို ယနေ့ပေးသနားတော်မူသော ဣသရေလအမျိုး၏ရှင်ဘုရင် ထာဝရဘုရားသည် မင်္ဂလာရှိတော်မူစေသတည်းဟု မိန့်တော်မူကြောင်းကို အဒေါနိယအား ပြန်လျှောက်လေ၏။
48Also thus said the king, ‘Blessed be Yahweh, the God of Israel, who has given one to sit on my throne this day, my eyes even seeing it.’”
49ထိုအခါ အဒေါနိယနှင့် ပေါင်းဘော်သော သူအပေါင်းတို့သည် ကြောက်ရွံ့သဖြင့် ထ၍ တယောက် တခြားစီ သွားကြ၏။
49All the guests of Adonijah were afraid, and rose up, and each man went his way.
50အဒေါနိယသည်လည်း ရှောလမုန်ကို ကြောက် သဖြင့် ထသွား၍ ယဇ်ပလ္လင်ဦးချိုတို့ကို ကိုင်လျက်နေ၏။
50Adonijah feared because of Solomon; and he arose, and went, and caught hold on the horns of the altar.
51အဒေါနိယသည် ရှောလမုန်မင်းကြီးကို ကြောက်၍ ယဇ်ပလ္လင်ဦးချိုတို့ကို ကိုင်လျက်၊ ရှောလမုန် မင်းကြီးသည် ကျွန်တော်ကို မကွပ်မျက်မည်အကြောင်း ယနေ့ကျိန်ဆိုတော်မူပါစေဟုဆိုကြောင်းကို ရှောလမုန် အားလျှောက်လေသော်၊
51It was told Solomon, saying, “Behold, Adonijah fears king Solomon; for, behold, he has laid hold on the horns of the altar, saying, ‘Let king Solomon swear to me first that he will not kill his servant with the sword.’”
52ရှောလမုန်က၊ သူသည်လူကောင်းဖြစ်လျှင်၊ ဆံခြည်တပင်မျှ မြေသို့မကျရ။ အပြစ်ရှိလျှင် အသေခံရ မည်ဟု အမိန့်တော်ရှိ၍၊
52Solomon said, “If he shows himself a worthy man, not a hair of him shall fall to the earth; but if wickedness be found in him, he shall die.”
53လူကိုစေလွှတ်သဖြင့်၊ အဒေါနိယကို ယဇ်ပလ္လင် မှ ခေါ်ခဲ့သည်အတိုင်း၊ သူသည်လာ၍ ရှောလမုန်မင်းကြီး ရှေ့မှာ ဦးချလေ၏။ ရှောလမုန်ကလည်း၊ သင့်အိမ်သို့ သွားလော့ဟု မိန့်တော်မူ၏။
53So king Solomon sent, and they brought him down from the altar. He came and bowed down to king Solomon; and Solomon said to him, “Go to your house.”