Myanmar

World English Bible

Galatians

4

1တဖန်တုံ၊ အမွေခံမည်သည်ကား၊ ဥစ္စာရှိသမျှကို ပိုင်ထိုက်သော သူဖြစ်သော်လည်း၊ အရွယ်မရောက်မှီ ကာလပတ်လုံး အစေအပါးကျွန်နှင့် တူ၏။
1But I say that so long as the heir is a child, he is no different from a bondservant, though he is lord of all;
2အဘစီရင်နှင့်သော အချိန်ကာလ မရောက်မှီ တိုင်အောင် အစောင့်အထိန်းအအုပ်အချုပ်တို့ လက်၌ ရှိ၏။
2but is under guardians and stewards until the day appointed by the father.
3ထိုနည်းတူငါတို့သည် အရွယ်မရောက်မှီ လောကီတရားနုလက်၌ ကျွန်ခံရကြ၏။
3So we also, when we were children, were held in bondage under the elemental principles of the world.
4အချိန်ကာလစေ့သောအခါ၊ ငါတို့သည်သား၏အခွင့်အရာကို ခံရမည်အကြောင်း၊
4But when the fullness of the time came, God sent out his Son, born to a woman, born under the law,
5ပညတ်တရားလက်၌ရှိသောငါတို့ကို ရွေးနှုတ်စေခြင်းငှါ၊ မိန်းမဝမ်း၌ ပဋိသန္ဓေယူ၍ ပညတ်တရား အောက်၌ဘွားမြင်ရသော သားတော်ကို ဘုရားသခင်သည်စေလွှတ်တော်မူ၏။
5that he might redeem those who were under the law, that we might receive the adoption of children.
6ထိုသို့သင်တို့သည်သားဖြစ်သောကြောင့် အဗ္ဗအဘဟု ခေါ်တတ်သော သားတော်၏ဝိညာဉ်တော်ကို သင်တို့စိတ်နှလုံးထဲသို့ ဘုရားသခင် စေလွှတ်တော်မူ၏။
6And because you are children, God sent out the Spirit of his Son into your hearts, crying, “Abba, Father!”
7သို့ဖြစ်၍ သင်တို့သည် နောက်တဖန် အစေအပါးကျွန်မဖြစ်၊ သားပင် ဖြစ်ကြ၏။ သားဖြစ်လျှင် ခရစ်တော်အားဖြင့် ဘုရားသခင်၏ အမွေခံလည်း ဖြစ်ကြ၏။
7So you are no longer a bondservant, but a son; and if a son, then an heir of God through Christ.
8သို့သော်လည်း အထက်က သင်တို့သည် ဘုရားသခင်ကို မသိသောအခါ၊ ဇာတိအားဖြင့် ဘုရားမဟုတ် သော သူတို့၏အမှုကိုဆောင်ရွက်ကြ၏။
8However at that time, not knowing God, you were in bondage to those who by nature are not gods.
9ယခုမူကားသင်တို့သည် ဘုရားသခင်ကို သိပြီးမှဟု၍မဆို၊ ဘုရားသင်သည် သင်တို့ကို သိတော်မူပြီးမှ၊ အားမရှိ၊ ချမ်းသာမပေးနိုင်သော တရာနုဘက်သို့ အဘယ်ကြောင့် တဖန်ပြောင်းလဲကြသနည်း။ ထိုလောကီ တရား၌ တဖန်ကျွံခံခြင်းငှါ အလိုရှိကြပြီတကား။
9But now that you have come to know God, or rather to be known by God, why do you turn back again to the weak and miserable elemental principles, to which you desire to be in bondage all over again?
10နှစ်၊ လ၊ နေ့ရက်၊ အချိန်ကာလများကို စောင့်ကြပြီတကား။
10You observe days, months, seasons, and years.
11ငါသည်သင်တို့ဆီမှ အချည်းနှီး ကြိုးစားအားထုတ်သည်ဟု သင်တို့၏အကြောင်းကြောင့် စိုးရိမ် လျက်ရှိ၏။
11I am afraid for you, that I might have wasted my labor for you.
12ညီအစ်ကိုတို့၊ သင်တို့ကဲ့သို့ငါဖြစ်၏။ ငါကဲ့သို့ သင်တို့ဖြစ်ကြလောဟု ငါတောင်းပန်၏။ သင်တို့သည် ငါ့ကိုအလျှင်းမပြစ်မှားကြ။
12I beg you, brothers, become as I am, for I also have become as you are. You did me no wrong,
13ငါသည် ကိုယ်နာခြင်းရောဂါနှင့်တကွ၊ ဧဝံဂေလိတရားကို သင်တို့အား အထက်က ဟောပြော ကြောင်းကို သင်တို့သိကြ၏။
13but you know that because of weakness of the flesh I preached the Good News to you the first time.
14ကိုယ်ကာယ၌ငါခံရသော စုံစမ်းခြင်းကို သင်တို့ သည်မထီမဲ့မြင်မပြု၊ ငါကိုမပယ်၊ ဘုရားသခင်၏ ကောင်းကင်တမန်ကဲ့သို့၎င်း၊ ယေရှုခရစ်ကဲ့သို့၎င်း၊ လက်ခံကြ၏။
14That which was a temptation to you in my flesh, you didn’t despise nor reject; but you received me as an angel of God, even as Christ Jesus.
15သို့ဖြစ်လျှင် သင်တို့ခံရသောမင်္ဂလာကား အဘယ်မင်္ဂလာနည်း။ အထက်ကကိုယ်မျက်စိကိုထုတ်၍ ငါ့အား ပေးနိုင်လျှင်၊ ပေးခြင်းငှါသင်တို့အလိုရှိသည်ဟု ငါသက်သေခံ၏။
15What was the blessing you enjoyed? For I testify to you that, if possible, you would have plucked out your eyes and given them to me.
16ယခုမူကား၊ ငါသည်သမ္မာတရားကို သင်တို့အား ဟောပြောသောကြောင့် သင်တို့၏ရန်သူဖြစ်သလော။
16So then, have I become your enemy by telling you the truth?
17သူတထူးတို့သည် သင်တို့ကို အလွန်ချစ်ကြသည် မှန်စေတော့။ လျောက်ပတ်စွာ ချစ်ကြသည်မဟုတ်။ သင်တို့သည်သူတို့ကို အလွန်ချစ်မည်အကြောင်း၊ သူတို့သည် သင်တို့ကို ပယ်ခြင်းငှါ အလိုရှိကြ၏။
17They zealously seek you in no good way. No, they desire to alienate you, that you may seek them.
18သို့သော်လည်းသင်တို့နှင့်အတူ ငါရှိနေစဉ်တွင်သာ ကောင်းသောအရာကို အလွန်ချစ်အပ်သည် မဟုတ်။ အစဉ်မပြတ်အလွန်ချစ်အပ်၏။
18But it is always good to be zealous in a good cause, and not only when I am present with you.
19ခရစ်တော်သည်သင်တို့အထဲ၌ တည်လျက် ရှိတော်မူသည်တိုင်အောင် သင်တို့အဘို့ သားဘွားခြင်း ဝေဒနာကို ငါခံရသော ငါ့ချစ်သားတို့၊
19My little children, of whom I am again in travail until Christ is formed in you—
20သင်တို့ကို ငါယုံမှားခြင်းရှိသောကြောင့်၊ ယခု သင်တို့ကို ကိုယ်တိုင်တွေ့၍ ထူးခြားသော စကားကို ပြောခြင်းငှါ အလိုရှိ၏။
20but I could wish to be present with you now, and to change my tone, for I am perplexed about you.
21ပညတ်တရားအောက်၍နေချင်သောသူတို့၊ သင်တို့သည် ပညတ်တရားကိုနားမလည်ကြသလော။
21Tell me, you that desire to be under the law, don’t you listen to the law?
22ပညတ္တိကျမ်းစာ၌ လာသည်ကား၊ အာဗြဟံ၌ သားနှစ်ယောက်ရှိ၏။ သားတယောက်ကား၊ ကျွန်မ၏ သားဖြစ်၏။ တယောက်ကား ကျွန်မမဟုတ်သော မိန်းမ၏သားဖြစ်၏ဟု လာသတည်း။
22For it is written that Abraham had two sons, one by the handmaid, and one by the free woman.
23ကျွန်မ၏သားသည် ဇာတိပကတိအားဖြင့် ဘွားသောသားဖြစ်၏။ ကျွန်မဟုတ်သော မိန်းမ၏သား သည် ဂတိတော်အားဖြင့် ဘွားသောသားဖြစ်၏။
23However, the son by the handmaid was born according to the flesh, but the son by the free woman was born through promise.
24ထိုအကြောင်းအရာကို ပုံပမာအားဖြင့်ဆိုသော်၊ ထိုမိန်းမနှစ်ယောက်ကား၊ ပဋိညာဉ်တရားနှစ်ပါးကို ဆိုလိုသတည်း။ ဟာဂရအမည်ရှိသော မိန်းမတည်းဟူသော ပဋိညာဉ်တရားတပါးသည် သိနာတောင်ပေါ်မှာ စီရင်၍၊ ကျွန်များကိုဘွားတတ်သောတရားဖြစ်၏။
24These things contain an allegory, for these are two covenants. One is from Mount Sinai, bearing children to bondage, which is Hagar.
25အကြောင်းမူကား၊ ဟာဂရသည် အာရပ်ပြည်၌ရှိသော သိနာတောင်ဖြစ်၏။ ယခုရှိသော ယေရုရှလင်မြို့နှင့် တူ၏၊ မိမိသားများနှင့်တကွ ကျွန်ခံရ၏။
25For this Hagar is Mount Sinai in Arabia, and answers to the Jerusalem that exists now, for she is in bondage with her children.
26အပေါ်မှာရှိသော ယေရုရှလင်မြို့မူကား၊ ခပ်သိမ်းသော ငါတို့၏ အမိတည်းဟူသော ကျွန်မမဟုတ် သော မိန်းမဖြစ်သတည်း။
26But the Jerusalem that is above is free, which is the mother of us all.
27ကျမ်းစာလာသည်ကား၊ သားမဘွားသော အမြုံမ၊ ဝမ်းမြောက်လော့။ သားဘွားခြင်းဝေဒနာကို မခံသေးသောမိန်းမ၊ ကြွေးကြော်အော်ဟစ်လော့။ အကြောင်းမူကား၊ စွန့်ထားသောမိန်းမသည် လင်ရှိသော မိန်းမထက် သာ၍များသော သားတို့ကို ဘွားမြင်ပြီဟု လာသတည်း။
27For it is written, “Rejoice, you barren who don’t bear. Break forth and shout, you that don’t travail. For more are the children of the desolate than of her who has a husband.”
28ညီအစ်ကိုတို့၊ ငါတို့သည်ဣဇာက်ကဲ့သို့ ဂတိတော်နှင့်စပ်ဆိုင်သော သားဖြစ်ကြ၏။
28Now we, brothers, as Isaac was, are children of promise.
29ထိုအခါ ဇာတိပကတိအားဖြင့် ဘွားသောသားသည် ဝိညာဉ်တော်အားဖြင့် ဘွားသောသားကို ညှင်းဆဲ သကဲ့သို့၊ ထိုနည်းတူ ယခုပင်ဖြစ်၏။
29But as then, he who was born according to the flesh persecuted him who was born according to the Spirit, so also it is now.
30သို့သော်လည်းအဘယ်သို့ ကျမ်းစာလာသနည်းဟူမူကား၊ ကျွန်မနှင့်သူ၏သားကိုနှင်ထုတ်လော့။ ကျွန်မ ၏သားသည် ကျွန်မမဟုတ်သော မိန်းမ၏သားနှင့်အတူ အမွေမခံရဟုလာသတည်း။
30However what does the Scripture say? “Throw out the handmaid and her son, for the son of the handmaid will not inherit with the son of the free woman.”
31ယခုတွင်ညီအစ်ကိုတို့၊ ငါတို့သည် ကျွန်မ၏ သားမဟုတ်၊ ကျွန်မမဟုတ်သော မိန်းမ၏သားဖြစ်ကြ၏။
31So then, brothers, we are not children of a handmaid, but of the free woman.