Myanmar

World English Bible

Leviticus

9

1အဋ္ဌမနေ့၌ မောရှေသည် အာရုန်နှင့်သူ၏သားများ၊ ဣသရေလ အမျိုးအသက်ကြီးသူများတို့ကို ခေါ်၍၊
1It happened on the eighth day, that Moses called Aaron and his sons, and the elders of Israel;
2အာရုန်အား၊ သင်သည် အပြစ်ဖြေရာယဇ်ဘို့ အပြစ်မပါသော နွားသငယ်တကောင်၊ မီးရှို့ရာ ယဇ်ဘို့ အပြစ်မပါသော သိုးထီးတကောင်ကိုယူ၍ ထာဝရဘုရားရှေ့တော်၌ ပူဇော်လော့။
2and he said to Aaron, “Take a calf from the herd for a sin offering, and a ram for a burnt offering, without blemish, and offer them before Yahweh.
3ဣသရေလ အမျိုးသားတို့အားလည်း သင်တို့သည် အပြစ်ဖြေရာယဇ်ဘို့ ဆိတ်သငယ်တကောင်၊ မီးရှို့ရာယဇ်ဘို့ အပြစ်မပါ အခါမလည်သော နွားသငယ်တကောင်၊ သိုးသငယ်တကောင်၊ -
3You shall speak to the children of Israel, saying, ‘Take a male goat for a sin offering; and a calf and a lamb, both a year old, without blemish, for a burnt offering;
4ထာဝရဘုရားရှေ့တော်၌ ပူဇော်သော မိဿဟာယယဇ်ဘို့ နွားထီးတကောင်၊ သိုးထီးတကောင်၊ ဆီနှင့်ရောသော ဘောဇဉ်ပူဇော်သက္ကာကို ယူကြလော့။ ယနေ့ထာဝရဘုရားသည် သင်တို့အား ထင်ရှားတော်မူမည်ကို ပြောလော့ဟု ဆိုလေ၏။
4and a bull and a ram for peace offerings, to sacrifice before Yahweh; and a meal offering mixed with oil: for today Yahweh appears to you.’”
5မောရှေမှာထားသောအရာတို့ကို ပရိသတ်စည်းဝေးရာ တဲတော်ရှေ့သို့ ဆောင်ခဲ့ပြီးမှ၊ ပရိသတ် အပေါင်းတို့သည် ချဉ်းကပ်၍ ထာဝရဘုရားရှေ့တော်၌ ရပ်နေကြ၏။
5They brought what Moses commanded before the Tent of Meeting: and all the congregation drew near and stood before Yahweh.
6မောရှေကလည်း၊ သင်တို့သည် ထာဝရဘုရား မိန့်တော်မူသည်အတိုင်း ဤသို့ပြုကြ၍၊ ထာဝရဘုရား၏ ဘုန်းတော်သည် သင်တို့အား ထင်ရှားမည်ဟူ၍၎င်း၊
6Moses said, “This is the thing which Yahweh commanded that you should do: and the glory of Yahweh shall appear to you.”
7အာရုန်အားလည်း၊ သင်သည် ယဇ်ပလ္လင်သို့သွား၍ ထာဝရဘုရား မှာထားတော်မူသည်အတိုင်း၊ သင်၏ အပြစ်ဖြေရာယဇ်၊ မီးရှို့ရာယဇ်ကို ပူဇော်သဖြင့်၊ သင်နှင့်လူများအတွက် အပြစ်ဖြေခြင်းကို ပြုလော့။ လူများ ဆောင်ယူခဲ့သော ပူဇော်သက္ကာကိုလည်း ပူဇော်၍၊ သူတို့အတွက် အပြစ်ဖြေခြင်းကို ပြုလော့ဟူ၍ ၎င်းဆိုလေ၏။
7Moses said to Aaron, “Draw near to the altar, and offer your sin offering, and your burnt offering, and make atonement for yourself, and for the people; and offer the offering of the people, and make atonement for them; as Yahweh commanded.”
8အာရုန်သည်လည်း၊ ယဇ်ပလ္လင်သို့သွား၍ မိမိနှင့် ဆိုင်သော အပြစ်ဖြေရာယဇ် နွားသငယ်ကို သတ်လေ၏။
8So Aaron drew near to the altar, and killed the calf of the sin offering, which was for himself.
9သူ၏ သားတို့လည်း အသွေးကို ယူဆောင်ခဲ့သဖြင့်၊ အာရုန်သည် မိမိလက်ညှိုးကို အသွေး၌နှစ်၍ ယဇ်ပလ္လင်ဦးချိုတို့၌ ထည့်ပြီးမှ၊ ကြွင်းသောအသွေးကို ယဇ်ပလ္လင်ခြေရင်းနား၌ သွန်လေ၏။
9The sons of Aaron presented the blood to him; and he dipped his finger in the blood, and put it on the horns of the altar, and poured out the blood at the base of the altar:
10အပြစ်ဖြေရာ ယဇ်ကောင်ဆီဥ၊ ကျောက်ကပ်၊ အသည်းပေါ်၌ရှိသော အမြှေးကို ယဇ်ပလ္လင်ပေါ်မှာ မီးရှို့လေ၏။ ထိုသို့ ထာဝရဘုရားသည် မောရှေအားမှာ ထားတော်မူ၏။
10but the fat, and the kidneys, and the cover from the liver of the sin offering, he burned upon the altar; as Yahweh commanded Moses.
11အသားနှင့်အရေကို တပ်ပြင်မှာ မီးရှို့လေ၏။
11The flesh and the skin he burned with fire outside the camp.
12မီးရှို့ရာယဇ်ကောင်ကိုလည်း သတ်၍၊ သူ၏သားတို့သည် အသွေးကို ဆက်ပြီးလျှင်၊ သူသည် ယဇ်ပလ္လင် အပေါ် ပတ်လည်၌ ဖြန်းလေ၏။
12He killed the burnt offering; and Aaron’s sons delivered the blood to him, and he sprinkled it around on the altar.
13သူတို့သည် မီးရှို့ရာယဇ်ကောင်သားတစ်များနှင့် ခေါင်းကိုဆက်၍၊ သူသည် ယဇ်ပလ္လင်ပေါ်မှာ မီးရှို့ လေ၏။
13They delivered the burnt offering to him, piece by piece, and the head: and he burned them upon the altar.
14ဝမ်းထဲ၌ ရှိသောအရာများနှင့် ခြေတို့ကို ဆေးကြော၍ ယဇ်ပလ္လင်ပေါ်မှာ မီးရှို့ရာယဇ်နှင့် အတူ ရှို့လေ၏။
14He washed the innards and the legs, and burned them on the burnt offering on the altar.
15လူများ ပူဇော်သက္ကာကိုလည်း ဆောင်ခဲ့၍၊ လူများအပြစ်ဖြေရာယဇ်ဖြစ်သော ဆိတ်ကိုယူ သတ်ပြီးလျှင်၊ ရှေ့နည်းအတူ အပြစ်အတွက် ပူဇော်လေ၏။
15He presented the people’s offering, and took the goat of the sin offering which was for the people, and killed it, and offered it for sin, like the first.
16မီးရှို့ရာ ယဇ်ကောင်ကိုလည်း ဆောင်ခဲ့၍၊ ထိုနည်းတူ ပူဇော်လေ၏
16He presented the burnt offering, and offered it according to the ordinance.
17ဘောဇဉ်ပူဇော်သက္ကာကိုလည်း ဆောင်းခဲ့ပြီးလျှင်၊ တလက်ဆွန်းကိုယူ၍ ယဇ်ပလ္လင်၌ နံနက်မီးရှို့ ရာယဇ်နားမှာ မီးရှို့လေ၏။
17He presented the meal offering, and filled his hand from there, and burned it upon the altar, besides the burnt offering of the morning.
18လူများအတွက် မိဿဟာယယဇ် နွားထီး၊ သိုးထီးကိုလည်း သတ်၍၊ သူ၏ သားတို့သည် အသွေးကို ဆက်ပြီးလျှင်၊ သူသည် ယဇ်ပလ္လင်အပေါ် ပတ်လည်၌ ဖြန်းလေ၏။
18He also killed the bull and the ram, the sacrifice of peace offerings, which was for the people: and Aaron’s sons delivered to him the blood, which he sprinkled around on the altar,
19အမြီးနှင့်တကွ အအူကိုဖုံးသော ဆီဥ၊ ကျောက်ကပ်၊ အသည်းအမြှေးတည်းဟူသော သိုးနွားဆီဥကို၊-
19and the fat of the bull and of the ram, the fat tail, and that which covers the innards, and the kidneys, and the cover of the liver:
20ရင်ပတ်ပေါ်မှာ တင်၍ ယဇ်ပလ္လင်၌ မီးရှို့လေ၏။
20and they put the fat upon the breasts, and he burned the fat on the altar:
21ရင်ပတ်နှင့်လက်ျာပခုံးကို ထာဝရဘုရားရှေ့တော်၌ ချီလွှဲ၍၊ ချီလွှဲသော ပူဇော်သက္ကာကို ပြုလေ၏။ ထိုသို့ပြုရမည်ဟု မောရှေမှာထားသတည်း။
21and the breasts and the right thigh Aaron waved for a wave offering before Yahweh, as Moses commanded.
22အာရုန်သည် မိမိလက်ကို လူများရှေ့သို့ ချီလျက်၊ ကောင်းကြီးပေး၍၊ အပြစ်ဖြေရာယဇ်၊ မီးရှို့ရာယဇ်၊ မိဿဟာယယဇ်ကို ပူဇော်ရာမှ ဆင်းလေ၏။
22Aaron lifted up his hands toward the people, and blessed them; and he came down from offering the sin offering, and the burnt offering, and the peace offerings.
23တဖန် မောရှေနှင့် အာရုန်တို့သည် ပရိသတ်စည်းဝေးရာ တဲတော်ထဲသို့ ဝင်၍ ထွက်ပြီးမှ၊ လူများကို ကောင်းကြီးပေးသဖြင့်၊ ထာဝရဘုရား၏ ဘုန်းတော်သည် လူများတို့အား ထင်ရှားလေ၏။
23Moses and Aaron went into the Tent of Meeting, and came out, and blessed the people: and the glory of Yahweh appeared to all the people.
24ထာဝရဘုရားတော်ထံမှ မီးထွက်၍ ယဇ်ပလ္လင်ပေါ်မှာရှိသော မီးရှို့ရာယဇ်နှင့်ဆီဥကို လောင်လေ၏။ ထိုအကြောင်းအရာကို လူများတို့သည် မြင်သောအခါ ကြွေးကြော်၍ ပြပ်ဝပ်ကြ၏။
24There came forth fire from before Yahweh, and consumed the burnt offering and the fat upon the altar: and when all the people saw it, they shouted, and fell on their faces.