1ငါတို့သည် ထာဝရဘုရား၏ အိမ်တော်သို့ သွားကြကုန်အံ့ဟု သူတပါးတို့သည် ပြောကြသောအခါ၊ ငါသည် ဝမ်းမြောက်ခြင်းရှိ၏။
1I was glad when they said to me, “Let’s go to Yahweh’s house!”
2အို ယေရုရှလင်မြို့၊ သင်၏တံခါးတို့အတွင်း၌ ငါတို့သည်ရပ်၍ နေကြလိမ့်မည်။
2Our feet are standing within your gates, Jerusalem;
3ယေရုရှလင်မြို့သည် စေ့စပ်သော မြို့ကဲ့သို့ တည်၏။
3Jerusalem, that is built as a city that is compact together;
4အမျိုးအနွှယ်တို့သည် ထိုမြို့သို့တက်ကြ၏။ ဣသရေလအမျိုး ထုံးစံရှိသည်အတိုင်း၊ ထာဝရဘုရား၏ အမျိုးအနွယ်တို့သည် ထာဝရဘုရား၏ နာမတော်ကို ချီးမွမ်းခြင်းငှါ တက်သွားကြ၏။
4where the tribes go up, even Yah’s tribes, according to an ordinance for Israel, to give thanks to the name of Yahweh.
5ထိုမြို့၌ တရားစီရင်ရာပလ္လင်၊ ဒါဝိဒ်မင်းမျိုး၏ ရာဇပလ္လင်တို့ သည်တည်ကြ၏။
5For there are set thrones for judgment, the thrones of David’s house.
6ယေရုရှလင်မြို့ ငြိမ်ဝပ်မည်အကြောင်း ဆု တောင်းကြလော့။ ထိုမြို့ကို မြတ်နိုးစုံမက်သော သူတို့သည် ချမ်းသာရကြပါစေသော။
6Pray for the peace of Jerusalem. Those who love you will prosper.
7သင်၏မြို့ရိုးအတွင်း၌ ငြိမ်ဝပ်ခြင်း၊ သင်၏ဘုံ ဗိမာန်တို့၌ ချမ်းသာခြင်းရှိပါစေသော။
7Peace be within your walls, and prosperity within your palaces.
8သင်၌ငြိမ်ဝပ်ခြင်းရှိပါစေသောဟု ငါသည် ညီအစ်ကိုအတွက်၊ အဆွေခင်ပွန်းတို့အတွက် ပြောဆို ပါမည်။
8For my brothers’ and companions’ sakes, I will now say, “Peace be within you.”
9ငါတို့ဘုရားသခင် ထာဝရဘုရား၏ အိမ်တော် ကို ထောက်၍၊ သင်၏အကျိုးကို ရှာပါမည်။
9For the sake of the house of Yahweh our God, I will seek your good.