1ထာဝရဘုရားသည် ကောင်းမြတ်တော်မူ၍၊ ကရုဏာတော် အစဉ်အမြဲတည်သောကြောင့်၊ ဂုဏ် ကျေးဇူးတော်ကို ချီးမွမ်းကြလော့။
1Give thanks to Yahweh, for he is good; for his loving kindness endures forever.
2ဘုရားတို့၏အရှင်၊ ဘုရားသခင်၏ ကရုဏာ တော် အစဉ်အမြဲတည်သောကြောင့်၊ ဂုဏ်ကျေးဇူး တော်ကို ချီးမွမ်းကြလော့။
2Give thanks to the God of gods; for his loving kindness endures forever.
3အရှင်တို့၏သခင်၊ ဘုရားရှင်၏ ကရုဏာတော် အစဉ်အမြဲ တည်သောကြောင့်၊ ဂုဏ်ကျေးဇူးတော်ကို ချီးမွမ်းကြလော့။
3Give thanks to the Lord of lords; for his loving kindness endures forever:
4ကရုဏာတော် အစဉ်အမြဲတည်သည်ဖြစ်၍၊ အံ့ဘွယ်သောအမှုတို့ကို တပါးတည်းသာပြုတော် မူထသော၊
4To him who alone does great wonders; for his loving kindness endures forever:
5ကရုဏာတော်အစဉ်အမြဲ တည်သည်ဖြစ်၍၊ ပညာတရားအတိုင်း ကောင်းကင်ကို ဖန်ဆင်းတော်မူ ထသော၊
5To him who by understanding made the heavens; for his loving kindness endures forever:
6ကရုဏာတော်အစဉ်အမြဲတည်သည်ဖြစ်၍၊ ရေပေါ်မှာ မြေကြီးကို ဖြန့်တော်မူထသော၊
6To him who spread out the earth above the waters; for his loving kindness endures forever:
7ကရုဏာတော်အစဉ်အမြဲတည်သည်ဖြစ်၍၊ အလင်းအိမ်ကြီးတို့ကို ဖန်ဆင်းတော်မူထသော၊
7To him who made the great lights; for his loving kindness endures forever:
8ကရုဏာတော်အစဉ်အမြဲတည်သည်ဖြစ်၍၊ နေ့ကိုအုပ်စိုးရသော နေကို၎င်း၊
8The sun to rule by day; for his loving kindness endures forever;
9ကရုဏာတော်အစဉ်အမြဲတည်သည်ဖြစ်၍၊ ညဉ့်ကို အုပ်စိုးရသော လနှင့်ကြယ်များကို၎င်း ဖန်ဆင်း တော်မူထသော၊
9The moon and stars to rule by night; for his loving kindness endures forever:
10ကရုဏာတော်အစဉ်အမြဲတည်သည်ဖြစ်၍၊ အဲဂုတ္တုပြည်မှာ သားဦးများကို ဒဏ်ခတ်တော်မူထသော၊
10To him who struck down the Egyptian firstborn; for his loving kindness endures forever;
11ကရုဏာတော်အစဉ်အမြဲတည်သည်ဖြစ်၍၊ အားကြီးသော လက်၊ ဆန့်သော လက်ရုံးတော်ကို လက်နက်ပြုတော်မူထသော၊
11And brought out Israel from among them; for his loving kindness endures forever;
12ကရုဏာတော်အစဉ်အမြဲတည်သည်ဖြစ်၍၊ ဣသရေလအမျိုးကို အဲဂုတ္တုပြည်သားတို့ အထဲက ထုတ်ဆောင်တော်မူထသော၊
12With a strong hand, and with an outstretched arm; for his loving kindness endures forever:
13ကရုဏာတော်အစဉ်အမြဲတည်သည်ဖြစ်၍၊ ဧဒုံပင်လယ်ကို အပိုင်းပိုင်းခွဲတော်မူထသော၊
13To him who divided the Red Sea or, Sea of Reeds apart; for his loving kindness endures forever;
14ကရုဏာတော်အစဉ်အမြဲတည်သည်ဖြစ်၍၊ ပင်လယ်အလယ်၌ ဣသရေလအမျိုးကို ရှောက်သွား စေတော်မူထသော၊
14And made Israel to pass through its midst; for his loving kindness endures forever;
15ကရုဏာတော်အစဉ်အမြဲတည်သည်ဖြစ်၍၊ ဖာရောမင်းနှင့်ဗိုလ်ခြေများကို ဧဒုံပင်လယ် ထဲ၌ လှဲချတော်မူထသော၊
15But overthrew Pharaoh and his army in the Red Sea or, Sea of Reeds ; for his loving kindness endures forever:
16ကရုဏာတော် အစဉ်အမြဲ တည်သည်ဖြစ်၍၊ မိမိလူစုကိုတော၌ ပို့ဆောင်တော်မူထသော၊
16To him who led his people through the wilderness; for his loving kindness endures forever:
17ကရုဏာတော် အစဉ်အမြဲ တည်သည်ဖြစ်၍၊ ကြီးသောဘုရင်တို့ကို ဒဏ်ခတ်တော်မူထသော၊
17To him who struck great kings; for his loving kindness endures forever;
18ကရုဏာတော်အစဉ်အမြဲတည်သည်ဖြစ်၍၊ အာမောရိပြည်ကို အစိုးရသော ရှိဟုန်မင်းကို၎င်း၊ ကရုဏာတော်အစဉ်အမြဲ တည်သည်ဖြစ်၍၊ ဗာရှန်ပြည် ကိုအစိုးရသော ဩဃမင်းကို၎င်း၊ ကရုဏာတော် အစဉ် အမြဲတည်သည်ဖြစ်၍၊ ဘုန်းကြီးသော ဘုရင်များကို၎င်း လုပ်ကြံတော်မူထသော၊
18And killed mighty kings; for his loving kindness endures forever:
21ကရုဏာတော် အစဉ်အမြဲတည်သည်ဖြစ်၍၊ သူတို့နေရာမြေကို လွှဲတော်မူထသော၊
19Sihon king of the Amorites; for his loving kindness endures forever;
22ကရုဏာတော်အစဉ်အမြဲတည်သည်ဖြစ်၍၊ မိမိကျွန်ဣသရေလအမျိုးအား အမွေကို ပေးချတော်မူ ထသော၊
20Og king of Bashan; for his loving kindness endures forever;
23ကရုဏာတော်အစဉ်အမြဲတည်သည်ဖြစ်၍၊ နှိမ့်ချလျက်နေသော ငါတို့ကိုအောက်မေ့တော်မူထသော၊
21And gave their land as an inheritance; for his loving kindness endures forever;
24ကရုဏာတော်အစဉ်အမြဲတည်သည်ဖြစ်၍၊ ငါတို့ကိုရန်သူတို့ အထဲက ရွေးနှုတ်တော်မူထသော၊
22Even a heritage to Israel his servant; for his loving kindness endures forever:
25ကရုဏာတော်အစဉ်အမြဲတည်သည်ဖြစ်၍၊ ခပ်သိမ်းသောသတ္တဝါတို့ကို ကျွေးမွေးတော်မူသော၊
23Who remembered us in our low estate; for his loving kindness endures forever;
26ကောင်းကင်ဘုံ၏ အရှင်ဘုရားသခင်၏ ကရုဏာတော်သည် အစဉ်အမြဲတည်သောကြောင့်၊ ဂုဏ် ကျေးဇူးတော်ကို ချီးမွမ်းကြလော့။
24And has delivered us from our adversaries; for his loving kindness endures forever:
25Who gives food to every creature; for his loving kindness endures forever.
26Oh give thanks to the God of heaven; for his loving kindness endures forever.