1အိုထာဝရဘုရား၊ ကိုယ်တော်ကို အကျွန်ုပ် ချီးမွမ်းပါမည်။ အကျွန်ုပ်ကိုနှုတ်ဆက်တော်မူ၏။ ရန်သူ တို့သည် အကျွန်ုပ်အကြောင်းကြောင့်၊ ဝမ်းမြောက်ရသော အခွင့်ကို ပေးတော်မမူ။
1I will extol you, Yahweh, for you have raised me up, and have not made my foes to rejoice over me.
2အိုအကျွန်ုပ်၏ ဘုရားသခင် ထာဝရဘုရား၊ အကျွန်ုပ်သည် ကိုယ်တော်ကိုအောဟစ်၍၊ ကိုယ်တော် သည် ချမ်းသာပေးတော်မူ၏။
2Yahweh my God, I cried to you, and you have healed me.
3အိုထာဝရဘုရား၊ ကိုယ်တော်သည် အကျွန်ုပ်၏ ဝိညာဉ်ကို မရဏာနိုင်ငံထဲက နှုတ်ယူတော်မူပြီ။ သင်္ချိုင်း တွင်းထဲသို့ မဆင်းစေဘဲ၊ အကျွန်ုပ်ကို အသက်ချမ်းသာ ပေးတော်မူပြီ။
3Yahweh, you have brought up my soul from Sheol Sheol is the place of the dead. . You have kept me alive, that I should not go down to the pit.
4ထာဝရဘုရား၏ သန့်ရှင်းသူတို့၊ ထာဝရဘုရား ကို ထောမနာသီချင်းဆိုကြလော့။ သန့်ရှင်းသောနာမ တော်ကို ချီးမွမ်းကြလော့။
4Sing praise to Yahweh, you saints of his. Give thanks to his holy name.
5အမျက်တော်သည် ခဏထွက်၏။ ကျေးဇူးတော် မူကား၊ တသက်လုံးတည်၏။ ညဦးယံ၌ ငိုကြွေးခြင်းသည် လာ၍တည်းခို၏။ နံနက်ယံ၌ကား၊ သီချင်းဆိုသော အခွင့် ရှိ၏။
5For his anger is but for a moment. His favor is for a lifetime. Weeping may stay for the night, but joy comes in the morning.
6ငါသည် လှုပ်ရှားခြင်းနှင့် အစဉ်ကင်းလွတ်လိမ့် မည်ဟု ကောင်းစားစဉ်အခါ အကျွန်ုပ်အောက်မေ့ပါ၏။
6As for me, I said in my prosperity, “I shall never be moved.”
7အိုထာဝရဘုရား၊ ကျေးဇူးတော်အားဖြင့်သာ အကျွန်ုပ်၏တောင်သည် ခိုင်ခံမြဲမြံပါ၏။ မျက်နှာလွှဲတော် မူသောအခါ ဆင်းခြင်းသို့ ရောက်ပါ၏။
7You, Yahweh, when you favored me, made my mountain stand strong; but when you hid your face, I was troubled.
8အိုထာဝရဘုရား၊ အကျွန်ုပ်သည် အသက်ဆုံး၍၊
8I cried to you, Yahweh. To Yahweh I made supplication:
9သင်္ချိုင်းတွင်းထဲသို့ဆင်းလျှင် အဘယ်အကျိုးရှိပါ အံ့နည်း။
9“What profit is there in my destruction, if I go down to the pit? Shall the dust praise you? Shall it declare your truth?
10မြေမှုန့်သည် ကိုယ်တော်ကို ချီးမွမ်းပါမည် လော။ သစ္စာတော်ကို ဘော်ပြပါမည်လော။ အိုထာဝရ ဘုရား၊ နားထောင်၍ ကယ်မသနားတော်မူပါ။ အိုထာဝရ ဘုရား၊ အကျွန်ုပ်ကိုစောင့်မတော်မူပါဟု ကိုယ်တော်ကို အကျွန်ုပ်အော်ဟစ်၍၊ ထာဝရဘုရားကို တောင်း လျှောက်ပါ၏။
10Hear, Yahweh, and have mercy on me. Yahweh, be my helper.”
11ထိုအခါ အကျွန်ုပ် ညည်းတွားမြည်တမ်းခြင်းကို ကခုန်ခြင်းဖြစ်စေတော်မူ၏။ အကျွန်ုပ်ဝတ်သော လျှော် တေအဝတ်ကိုချွတ်၍၊ ဝမ်းမြောက်ခြင်း ခါးပန်းနှင့်စည်း တော်မူ၏။
11You have turned my mourning into dancing for me. You have removed my sackcloth, and clothed me with gladness,
12သို့ဖြစ်၍ အကျွန်ုပ်၏ဝိညာဉ်တော်သည် တိတ်ဆိတ်စွာမနေ။ ကိုယ်တော်ကို သီချင်းဆိုပါမည်။ အိုအကျွန်ုပ်၏ ဘုရားသခင်ထာဝရဘုရား၊ ကျေးဇူးတော် ကို အစဉ်အမြဲချီးမွမ်းပါမည်။ ဒါဝိဒ်သည် အိမ်တော်ကိုသန့်ရှင်းစေသောအခါ၊ အသံညှိ၍ ဆိုသောဆာလံ။
12To the end that my heart may sing praise to you, and not be silent. Yahweh my God, I will give thanks to you forever!