Myanmar

World English Bible

Psalms

39

1ငါသည်စကားဖြင့်မျှ မပြစ်မှားမည်အကြောင်း၊ ကိုယ်ကျင့်ကို သတိပြုမည်။ မတရားသောသူသည် ငါ့ရှေ့ မှာရှိစဉ်၊ ငါသည်ကိုယ်နှုတ်ကို ချည်နှောင်မည်ဟု ငါပြော ထား၏။
1I said, “I will watch my ways, so that I don’t sin with my tongue. I will keep my mouth with a bridle while the wicked is before me.”
2စကားမပြောဘဲအလျက်နေ၏။ ကောင်းသော အရာကိုပင် မပြော။ ထိုသို့နေစဉ်၊ ငါသည် စိတ်ညစ်ညူး ခြင်းရှိ၏။
2I was mute with silence. I held my peace, even from good. My sorrow was stirred.
3ကိုယ်အထဲမှာ နှလုံးပူဆွေးခြင်းရှိ၏။ ငါညည်း တွားစဉ်၊ မီးလောင်လေ၏။ ထိုအခါငါသည် နှုတ်မြွက်၏။
3My heart was hot within me. While I meditated, the fire burned: I spoke with my tongue:
4အိုထာဝရဘုရား၊ အကျွန်ုပ်သည် ကိုယ်ပျက် တတ်သော သဘောကိုသိရပါမည်အကြောင်း၊ အကျွန်ုပ် ၏လမ်းဆုံးကို၎င်း၊ အကျွန်ုပ်၏ အသက်အပိုင်းအခြားကို၎င်း သိစေတော်မူပါ။
4“Yahweh, show me my end, what is the measure of my days. Let me know how frail I am.
5အကျွန်ုပ်အသက်တာကို တမိုက်မျှသာ ခန့်ထား တော်မူပြီ။ အကျွန်ုပ်အရွယ်သည် ရှေ့တော်၌ ဘာမျှ မဟုတ်သကဲ့သို့ဖြစ်ပါ၏။ အကယ်စင်စစ် လူမည်သည် ကား၊ လူ၏အထွဋ်သို့ ရောက်သော်လည်း၊ အနတ္တသက် သက်ဖြစ်ပါ၏။
5Behold, you have made my days handbreadths. My lifetime is as nothing before you. Surely every man stands as a breath.” Selah.
6အကယ်စင်စစ်လူသည် အရိပ်၌သာ ကျင်လည် ပါ၏။ အကယ်စင်စစ် လူသည် အရိပ်၌သာ ကျင်လည် ပါ၏။ အကယ်စင်စစ် လူတို့သည် အကျိုးမဲပင်ပန်းကြ ပါ၏။ ဥစ္စာကိုဆည်းဖူးသော်လည်း အဘယ်သူရအံ့သည် ကို မသိရပါ။
6“Surely every man walks like a shadow. Surely they busy themselves in vain. He heaps up, and doesn’t know who shall gather.
7ယခုမူကား၊ အကျွန်ုပ်သည် အဘယ်သို့ မြော်လင့်ရပါမည်နည်း။ အိုထာဝရဘုရား၊ ကိုယ်တော်၌ သာ မြော်လင့်စရာအကြောင်းရှိပါ၏။
7Now, Lord, what do I wait for? My hope is in you.
8ပြစ်မှားမိသမျှသောအပြစ်တို့မှ အကျွန်ုပ်ကို လွှတ်တော်မူပါ။ မိုက်သော သူတို့၏ ကဲ့ရဲ့ခြင်းကို ခံစေတော်မမူပါနှင့်။
8Deliver me from all my transgressions. Don’t make me the reproach of the foolish.
9ကိုယ်တော်စီရင်တော်မူရာ ဖြစ်သောကြောင့်၊ အကျွန်ုပ်ပြောစရာမရ။ နှုတ်ကို မဖွင့်ဘဲနေရပါ၏။
9I was mute. I didn’t open my mouth, because you did it.
10အကျွန်ုပ်ကို ဒဏ်ခတ်တော်မမူပါနှင့်ဦး။ လက်တော်အောက်၌ ဆုံမခြင်းကိုခံရ၍ အားကုန်ပါပြီ။
10Remove your scourge away from me. I am overcome by the blow of your hand.
11ကိုယ်တော်သည် လူတို့အပြစ်ကြောင့် ဆုံးမ၍ ဒဏ်ခတ်တော်မူလျှင်၊ ပိုးရွဖျက်တတ်သကဲ့သို့၊ လူတို့၏ တင့်တယ်ခြင်းအသရေကို ပြယ်ပျောက်စေတော်မူ၏။ အကယ်စင်စစ်လူခပ်သိမ်းတို့သည် အနတ္တသက်သက် ဖြစ်ကြပါ၏။
11When you rebuke and correct man for iniquity, You consume his wealth like a moth. Surely every man is but a breath.” Selah.
12အိုထာဝရဘုရား၊ အကျွန်ုပ်ဆုတောင်းခြင်း ပဌနာကို ကြားတော်မူပါ။ အကျွန်ုပ်အောဟစ်သော အသံကို နားထောင်တော်မူပါ။ အကျွန်ုပ်မျက်ရည်ကို ကြည့်၍ နေတော်မမူပါနှင့်။ ဘိုးဘေးအပေါင်းတို့သည် ဖြစ်ဘူးသကဲ့သို့၊ အကျွန်ုပ်သည် ရှေ့တော်၌ဧည့်သည် အာဂန္တုဖြစ်၏။
12“Hear my prayer, Yahweh, and give ear to my cry. Don’t be silent at my tears. For I am a stranger with you, a foreigner, as all my fathers were.
13အကျွန်ုပ်သည် ရွေ့သွား၍ မပျောက်မှီတွင် သက်သာရမည်အကြောင်း၊ မျက်နှာလွှဲတော်မူပါ။
13Oh spare me, that I may recover strength, before I go away, and exist no more.”