1အားကြီးသော အချင်းလူ၊ သင်သည်သူ့အကျိုး ကို ဖျက်ခြင်းအမှု၌ အဘယ်ကြောင့် ဝါကြွားသနည်း။ ဘုရားသခင်၏ ကရုဏာတော်သည် အစဉ်မပြတ် တည်၏။
1Why do you boast of mischief, mighty man? God’s loving kindness endures continually.
2သင်၏လျှာသည် ထက်သောသင်တုန်းကဲ့သို့ လှည့်စားသဖြင့်၊ သူ့အကျိုးကို ဖျက်ခြင်းအမှုကို ပြုစု တတ်၏။
2Your tongue plots destruction, like a sharp razor, working deceitfully.
3သင်သည် သုစရိုက်ထက်ဒုစရိုက်ကို၎င်း၊ ဖြောင့် မတ်သောစကား ထက်မုသာစကားကို၎င်း သာ၍ နှစ်သက်တတ်၏။
3You love evil more than good, lying rather than speaking the truth. Selah.
4အိုလှည့်စားတတ်သောလျှာ၊ သင်သည် ပျက်စီး သော စကားရှိသမျှတို့ကို နှစ်သက်တတ်၏။
4You love all devouring words, you deceitful tongue.
5အကယ်စင်စစ် ဘုရားသခင်သည် သင့်ကို အစဉ်အမြဲ ချိုးဖျက်ပယ်ရှင်းလျက်၊ သင်၏နေရာထဲက နှင်ထုတ်၍၊ အသက်ရှင်သောသူတို့၏ နေရာထဲက နှုတ်ပစ်တော်မူမည်။
5God will likewise destroy you forever. He will take you up, and pluck you out of your tent, and root you out of the land of the living. Selah.
6ဖြောင့်မတ်သော သူတို့သည်မြင်၍ ကြောက်ရွံ့ ကြလိမ့်မည်။
6The righteous also will see it, and fear, and laugh at him, saying,
7ဘုရားသခင်ကိုမခိုလှုံ၊ မိမိဥစ္စာကြွယ်ဝခြင်း၌ ကိုးစား၍၊ မိမိဒုစရိုက်၌ခိုင်ခံ့သော သူကို ကြည့်ပါဟူ၍ သူ၌ရယ်ကြလိမ့်မည်။
7“Behold, this is the man who didn’t make God his strength, but trusted in the abundance of his riches, and strengthened himself in his wickedness.”
8ငါမူကား၊ ဘုရားသခင်၏အိမ်တော်၌ စိမ်းလန်း သောသံလွင်ပင်ကဲ့သို့ဖြစ်၍၊ ဘုရားသခင်၏ ကရုဏာ တော်၌ ကာလအစဉ်အမြဲကိုးစားမည်။
8But as for me, I am like a green olive tree in God’s house. I trust in God’s loving kindness forever and ever.
9ကိုယ်တော်စီရင်တော်မူသောကြောင့်၊ အကျွန်ုပ် သည် ကိုယ်တော်ကို ကာလအစဉ်အမြဲ ချီးမွမ်းပါမည်။ ကောင်းမြတ်တော်မူသောကြောင့်၊ ကိုယ်တော်၏သန့်ရှင်း သူတို့ရှေ့မှာ နာမတော်ကို မြော်လင့်ပါမည်။ ဒါဝိဒ်သည် အဟိမလက်အိမ်သို့ရောက်ကြောင်းကို ဧဒုံအမျိုးသား ဒေါဂသည် ရှောလုထံသို့လာ၍ လျှောက်သောအခါ စပ်ဆိုသော ဆာလံ။
9I will give you thanks forever, because you have done it. I will hope in your name, for it is good, in the presence of your saints.