Myanmar

World English Bible

Psalms

6

1အိုထာဝရဘုရား၊ အမျက်တော်ထွက်၍ အကျွန်ုပ်ကို အပြစ်တင်တော်မမူပါနှင့်။ ပြင်းစွာအမျက် ထွက်၍ ဆုံးမတော်မမူပါနှင့်။
1Yahweh, don’t rebuke me in your anger, neither discipline me in your wrath.
2အိုထာဝရဘုရား၊ အကျွန်ုပ်သည် ခွန်အားနည်း လှပါ၏။ ကယ်မသနားတော်မူပါ။ အိုထာဝရဘုရား၊ အကျွန်ုပ်အရိုးတို့သည် တုန်လှုပ်ကြပါ၏။ ကျန်းမာပကတိ ရှိစေတော်မူပါ။
2Have mercy on me, Yahweh, for I am faint. Yahweh, heal me, for my bones are troubled.
3အကျွန်ုပ်စိတ်ဝိညာဉ်သည် အလွန်တုန်လှုပ်ပါ ၏။ အိုထာဝရဘုရား၊ ကိုယ်တော်သည် အဘယ်မျှကာလ ပတ်လုံးနေတော်မူမည်နည်း။
3My soul is also in great anguish. But you, Yahweh—how long?
4အိုထာဝရဘုရား၊ တဖန်ကြွလာ၍ အကျွန်ုပ် စိတ်ဝိညာဉ်ကို ကယ်ယူတော်မူပါ။ ကရုဏာတော်နှင့် အညီ အကျွန်ုပ်ကို ကယ်တင်တော်မူပါ။
4Return, Yahweh. Deliver my soul, and save me for your loving kindness’ sake.
5အကြောင်းမူကား၊ သေလျက်နေစဉ်တွင် ကိုယ် တော်ကို အောက်မေ့ခြင်းမရှိပါ။ မရဏနိုင်ငံတွင် ကျေးဇူး တော်ကို အဘယ်သူချီးမွမ်းပါမည်နည်း။
5For in death there is no memory of you. In Sheol , who shall give you thanks?
6အကျွန်ုပ်သည် ညည်းတွား၍ ပင်ပန်းလှပါ၏။ အကျွန်ုပ်ခုတင်ကို ကိုယ်မျက်ရည်၌ တညဉ့်လုံးမျှော၍၊ အိပ်ရာကိုလည်း မွန်းစေပါ၏။
6I am weary with my groaning. Every night I flood my bed. I drench my couch with my tears.
7ဝမ်းနည်းခြင်းအားဖြင့် မျက်စိပျက်၍၊ ရန်သူ များကြောင့် ပြာမှုန်လျက် ရှိပါ၏။
7My eye wastes away because of grief. It grows old because of all my adversaries.
8မတရားသဖြင့်ပြုသောသူအပေါင်းတို့၊ ငါ့ထံမှ ဖယ်သွားကြ။ ငါငိုကြွေးသံကို ထာဝရဘုရား ကြားတော် မူ၏။
8Depart from me, all you workers of iniquity, for Yahweh has heard the voice of my weeping.
9ငါတောင်းပန်ခြင်းကို ထာဝရဘုရား ကြားတော် မူ၏။ ငါပြုသော ပဌနာစကားကို ထာဝရဘုရား နာယူတော်မူ၏။ ငါ့ရန်သူအပေါင်းတို့သည် ရှက်ကြောက် ၍ ဆုံးရှုံးခြင်း ရှိကြလိမ့်မည်။ ချက်ခြင်းပြန်သွား၍ ရှက် ကြောက်ခြင်သို့ရောက်ကြလိမ့်မည်။
9Yahweh has heard my supplication. Yahweh accepts my prayer.
10May all my enemies be ashamed and dismayed. They shall turn back, they shall be disgraced suddenly.