Myanmar

World English Bible

Psalms

60

1အိုဘုရားသခင်၊ ကိုယ်တော်သည် အမျက်ထွက်သဖြင့်၊ အကျွန်ုပ်တို့ကို စွန့်ပစ်၍ အရပ်ရပ်သို့ ကွဲပြားစေတော်မူပြီ။ တဖန် အကျွန်ုပ်တို့ကို အသက်ရှင်စေတော်မူပါ။
1God, you have rejected us. You have broken us down. You have been angry. Restore us, again.
2မြေကြီးကို လှုပ်၍ ခွဲတော်မူပြီ။ ကွဲအက်ရာတို့ကို တဖန် စေ့စပ်စေတော်မူပါ။ တုန်လှုပ်လျက် ရှိပါသေး၏။
2You have made the land tremble. You have torn it. Mend its fractures, for it quakes.
3ကိုယ်တော်၏လူတို့ကို ခက်ထန်စွာ စီရင်၍၊ မှိုင်တွေခြင်း စပျစ်ရည်ကို တိုက်တော်မူပြီ။
3You have shown your people hard things. You have made us drink the wine that makes us stagger.
4ကိုယ်တော်ကို ကြောက်ရွံ့သောသူတို့သည် သစ္စာတရားကြောင့် ထူရသော အလံကို ပေးသနားတော် မူပြီ။
4You have given a banner to those who fear you, that it may be displayed because of the truth. Selah.
5ချစ်တော်မူသော သူတို့သည် ချမ်းသာရမည်အကြောင်း၊ အကျွန်ုပ်စကားကို နားထောင်၍၊ လက်ျာလက်ရုံးတော်အားဖြင့် ကယ်တင်တော်မူပါ။
5So that your beloved may be delivered, save with your right hand, and answer us.
6သန့်ရှင်းခြင်းပါရမီတော်ကို တိုင်တည်၍ ဘုရားသခင်သည် ဗျာဒိတ်ထားတော်မူသောကြောင့်၊ ငါသည် ဝမ်းမြောက်မည်။ ရှေခင်မြို့ကို ပိုင်းခြားမည်။ သုကုတ်လယ်ပြင်ကို တိုင်းထွာမည်။
6God has spoken from his sanctuary: “I will triumph. I will divide Shechem, and measure out the valley of Succoth.
7ဂိလဒ်ပြည်ကို ငါပိုင်ရ၏။ မနာရှေပြည်ကိုလည်း ငါပိုင်ရ၏။ ဧဖရိမ်ပြည်ကား၊ ငါ့ဦးခေါင်း၏အစွမ်း ဖြစ်ရ၏။ ယုဒပြည်ကား၊ ငါ၏ လွှတ်တော်ဖြစ်ရ၏။
7Gilead is mine, and Manasseh is mine. Ephraim also is the defense of my head. Judah is my scepter.
8မောဘပြည်ကား၊ ငါ့ရေချိုးအိုးဖြစ်ရ၏။ ဧဒုံပြည်ကား၊ ငါ့ခြေနင်းရာ ဖြစ်ရ၏။ ဖိလိတ္တိပြည်အပေါ်မှာ အောင်သံနှင့် ကြွေးကြော်မည်။
8Moab is my wash basin. I will throw my shoe on Edom. I shout in triumph over Philistia.”
9အားကြီးသော မြို့ထဲသို့ ငါ့ကို အဘယ်သူသွင်းပေးမည်နည်း။ ဧဒုံပြည်သို့ ငါကို အဘယ်သူ လမ်းပြမည်နည်း။
9Who will bring me into the strong city? Who has led me to Edom?
10အို ဘုရားသခင်၊ အကျွန်ုပ်တို့ကို စွန့်ပစ်တော်မူသော ကိုယ်တော်သည် ပြုတော်မူမည်မဟုတ်လော။ အိုဘုရားသခင်၊ အကျွန်ုပ်တို့ ဗိုလ်ခြေနှင့်အတူ ကြွတော်မမူသော ကိုယ်တော်သည် ပြုတော်မူမည် မဟုတ်လော။
10Haven’t you, God, rejected us? You don’t go out with our armies, God.
11ဒုက္ခနှင့် ကင်းလွတ်စေခြင်းငှါ မစတော်မူပါ။ လူတို့သည် ကယ်တင်ခြင်းငှါ မတတ်နိုင်ကြပါ။
11Give us help against the adversary, for the help of man is vain.
12ဘုရားသခင်အားဖြင့် ငါတို့သည် ရဲရင့်စွာ ပြုကြမည်။ ငါတို့၏ ရန်သူများကို ကိုယ်တော်တိုင် နင်းတော်မူမည်။ ဒါဝိဒ်သည် မေသောပေါတာမိရှုရိလူတို့နှင့် ဇေဘရှုရိရှင်လူတို့ကိုစစ်တိုက်ပြီးမှ၊ ယွာဘသည် ပြန်၍ဧဒုံလူတသောင်း နှစ်ထောင် တို့ကိုဆားချိုင့်၌လုပ်ကြံသောအခါ စပ်ဆိုသောဆာလံ။
12Through God we shall do valiantly, for it is he who will tread down our adversaries.