Myanmar

World English Bible

Psalms

66

1မြေကြီးသားအပေါင်းတို့၊ ဘုရားသခင့်ရှေ့တော်၌ ကျူးဧသော အသံကို ပြု၍၊
1Make a joyful shout to God, all the earth!
2နာမတော်၏ဂုဏ်ကို သီချင်းဆိုကြလော့။ ချီးမွမ်းခြင်း၏ ဂုဏ်အသရေကို ပြကြလော့။
2Sing to the glory of his name! Offer glory and praise!
3ကိုယ်တော်စီရင်သောအမှုတို့သည် အလွန်အံ့ဩဘွယ် ဖြစ်ကြပါ၏။ တန်ခိုးတော်ကြီးသောကြောင့်၊ ရန်သူတို့သည် ကိုယ်တော်ကို တောင်းပန်ကြပါလိမ့်မည်။
3Tell God, “How awesome are your deeds! Through the greatness of your power, your enemies submit themselves to you.
4မြေကြီးသားအပေါင်းတို့သည် ကိုယ်တော်ကို ကိုးကွယ်၍၊ သီချင်းဆိုကြပါစေသော။ နာမတော်အား သီချင်းဆိုကြပါစေသောဟု ဘုရားသခင်အား လျှောက်ထားကြလော့။
4All the earth will worship you, and will sing to you; they will sing to your name.” Selah.
5ဘုရားသခင် စီရင်တော်မူသော အမှုတော်ကို လာ၍ ကြည့်ကြလော့။ လူသားတို့တွင်စီရင်တော်မူသော အမှုတို့သည် အံ့ဩဘွယ် ဖြစ်ကြ၏။
5Come, and see God’s deeds— awesome work on behalf of the children of men.
6ပင်လယ်ကို ကုန်းဖြစ်စေတော်မူ၏။ သူတို့သည် ရေစီးရာအရပ်ကို ခြေဖြင့် ရှောက်သွားကြသည်ဖြစ်၍၊ ငါတို့သည် ဘုရားသခင်၌ ဝမ်းမြောက်ကြ၏။
6He turned the sea into dry land. They went through the river on foot. There, we rejoiced in him.
7တန်ခိုးတော်အားဖြင့် အစဉ်အမြဲ အုပ်စိုးတော်မူ၏။ မျက်စိတော်သည် လူအမျိုးမျိုးတို့ကို ကြည့်ရှုသည် ဖြစ်၍၊ ငြင်းဆန်သောသူတို့သည် မဝါကြွားကြစေနှင့်။
7He rules by his might forever. His eyes watch the nations. Don’t let the rebellious rise up against him. Selah.
8အချင်းလူစုတို့၊ ငါတို့ ဘုရားသခင်ကို ကောင်းကြီးပေးကြလော့။ ဂုဏ်ကျေးဇူးတော်ကို ချီးမွမ်းသော စကားသံနှင့် ကြွေးကြော်ကြလော့။
8Praise our God, you peoples! Make the sound of his praise heard,
9ငါတို့အသက်ကို မသေစေမည်အကြောင်းနှင့် ခြေကိုလည်း မချော်စေမည်အကြောင်းစောင့်မတော်မူ၏။
9who preserves our life among the living, and doesn’t allow our feet to be moved.
10အိုဘုရားသခင်၊ ကိုယ်တော်သည် အကျွန်ုပ်တို့ကို စုံစမ်းတော်မူပြီ။ ငွေကို စစ်ဆေးသကဲ့သို့ အကျွန်ုပ်တို့ကို စစ်ဆေးတော်မူပြီ။
10For you, God, have tested us. You have refined us, as silver is refined.
11ကျော့ကွင်းထဲမှာ ကျော့မိစေ၍၊ ကျောက်ကုန်းပေါ်မှာ လေးသော ဝန်ကို တင်တော်မူပြီ။
11You brought us into prison. You laid a burden on our backs.
12အကျွန်ုပ်တို့ ခေါင်းပေါ်မှာ သူတပါးကို စီးစေတော်မူပြီ။ မီး၌၎င်း၊ ရေ၌၎င်း သွားရသော်လည်း၊ ကျေးဇူးတော်ကြောင့် ကြွယ်ဝခြင်းသို့ ရောက်ကြပါ၏။
12You allowed men to ride over our heads. We went through fire and through water, but you brought us to the place of abundance.
13မီးရှို့ရသော ယဇ်ပါလျက် အိမ်တော်သို့ အကျွန်ုပ်သွားပါမည်။
13I will come into your temple with burnt offerings. I will pay my vows to you,
14ဆင်းရဲခံရစဉ်အခါ၊ အကျွန်ုပ်သည် နှုတ်ကို ဖွင့်၍ မြွက်ဆိုသည်အတိုင်း၊ သစ္စာဝတ်ကို ဖြေပါမည်။
14which my lips promised, and my mouth spoke, when I was in distress.
15ဆူဖြိုးသော သိုးတို့ကို နံ့သာပေါင်းနှင့်တကွ မီးရှို့ရာယဇ် ပြု၍ ပူဇော်ပါမည်။ နွားနှင့် ဆိတ်တို့ကိုလည်း စီရင်ပါမည်။
15I will offer to you burnt offerings of fat animals, with the offering of rams, I will offer bulls with goats. Selah.
16ဘုရားသခင်ကို ကြောက်ရွံ့သော သူအပေါင်းတို့၊ လာ၍ နားထောင်ကြလော့။ ငါ့ဝိညာဉ်အဘို့ အဘယ်သို့ ကျေးဇူးပြုတော်မူသည်ကို ငါကြားပြောမည်။
16Come, and hear, all you who fear God. I will declare what he has done for my soul.
17ငါသည် ဘုရားသခင်ကို နှုတ်နှင့် အော်ဟစ်၍၊ ဂုဏ်တော်ကိုလည်း လျှာနှင့် ချီးမွမ်းရပြီ။
17I cried to him with my mouth. He was extolled with my tongue.
18ငါသည် စိတ်နှလုံးထဲမှာ ဒုစရိုက်ကို ငဲ့ကွက်လျှင်၊ ဘုရားရှင်သည် နားထောင်တော်မမူ။
18If I cherished sin in my heart, the Lord wouldn’t have listened.
19ယခုမူကား၊ ဘုရားသခင်သည် နားထောင်၍၊ ငါမြွက်ဆိုသော ပဌနာစကားသံကို မှတ်တော်မူပြီ။
19But most certainly, God has listened. He has heard the voice of my prayer.
20ငါမြွက်ဆိုသော ပဌနာကို ပယ်တော်မမူ။ ကျေးဇူးတော်ကို ငါမှ ရုပ်သိမ်းတော်မမူသော ဘုရားသခင် သည် မင်္ဂလာရှိတော်မူစေသတည်း။
20Blessed be God, who has not turned away my prayer, nor his loving kindness from me.