1ငါတို့ အစွမ်းသတ္တိတည်းဟူသော ဘုရားသခင် အား ရွှင်လန်းစွာ သီချင်းဆိုကြလော့။ ယာကုပ်အမျိုး၏ ဘုရားသခင်အား ကျူးဧသော အသံကို ပြုကြလော့။
1Sing aloud to God, our strength! Make a joyful shout to the God of Jacob!
2တုရိယာမျိုးကိုဆောင်ကြ။ ပတ်သာကို၎င်း၊ သာယာသော စောင်းနှင့်တယောကို၎င်း ယူခဲ့ကြ။
2Raise a song, and bring here the tambourine, the pleasant lyre with the harp.
3လဆန်းနေ့၊ လပြည့်နေ့၊ ပွဲသဘင်နေ့၌ တံပိုး မှုတ်ကြ။
3Blow the trumpet at the New Moon, at the full moon, on our feast day.
4ထိုသို့ ဣသရေလအမျိုး၌ထုံးဖွဲ့၍၊ ယာကုပ် အမျိုး၏ ဘုရားသခင်သည် ဆုံးဖြတ်တော်မူ၏။
4For it is a statute for Israel, an ordinance of the God of Jacob.
5နားမလည်သော စကားကိုကြားရာအရပ်၊ အဲဂုတ္တုပြည်တဘက်၌ ကြွသွားတော်မူသောအခါ၊ ယောသပ်အမျိုး၌ ထိုသို့သော သက်သေခံချက်ကို စီရင် တော်မူ၏။
5He appointed it in Joseph for a testimony, when he went out over the land of Egypt, I heard a language that I didn’t know.
6ငါသည်သူ၏ ပခုံးကိုဝန်နှင့် လွတ်စေ၏။ သူ၏ လက်ကိုလည်း တင်ခြင်းတို့ အထဲက နှုတ်ယူ၏။
6“I removed his shoulder from the burden. His hands were freed from the basket.
7သင်သည်ဒုက္ခကိုခံရသောအခါ၊ ငါ့ကိုခေါ်၍ ငါသည်ချမ်းသာပေး၏။ မထင်ရှားသော မိုဃ်းကြိုးနေရာ ၌ ငါပြန်ပြော၏။ မေရိဘရေနားမှာ သင့်ကို ငါစုံစမ်း၏။
7You called in trouble, and I delivered you. I answered you in the secret place of thunder. I tested you at the waters of Meribah.” Selah.
8ငါ၏လူစု၊ နားထောင်လော့။ ငါမှာထားမည်။ အိုဣသရေလအမျိုး၊ သင်သည် ငါ့စကားကို နားထောင် ပါစေသော။
8“Hear, my people, and I will testify to you, Israel, if you would listen to me!
9သင်၌ တပါးအမျိုး၏ ဘုရားမရှိရ။ တကျွန်း တနိုင်ငံဘုရားကို မကိုးကွယ်ရ။
9There shall be no strange god in you, neither shall you worship any foreign god.
10ငါသည်သင့်ကို အဲဂုတ္တုပြည်မှ ကယ်နှုတ်ဆောင် ယူခဲ့ပြီးသော သင်၏ဘုရားသခင်ထာဝရဘုရားဖြစ်၏။ သင်၏နှုတ်ကို ကျယ်ကျယ်ဖွင့်လော့။ ဝပြောစွာ ကျွေး မည်။
10I am Yahweh, your God, who brought you up out of the land of Egypt. Open your mouth wide, and I will fill it.
11ငါ၏လူများမူကား၊ ငါ့စကားကို နားမထောင် ကြ။ ဣသရေလအမျိုးသည် ငါ့ကိုအလိုမရှိကြပါတကား။
11But my people didn’t listen to my voice. Israel desired none of me.
12ငါသည်လည်း ထိုသူတို့ကို သူတို့နှလုံးခိုင်မာ ခြင်း၌ အပ်၍၊ သူတို့သည် မိမိတို့အလိုသို့ လိုက်ကြ၏။
12So I let them go after the stubbornness of their hearts, that they might walk in their own counsels.
13ငါ၏လူစုသည် ငါ့စကားကို နားထောင်၍၊ ဣသရေလအမျိုးသည် ငါ့လမ်း၌ လိုက်ပါစေသော။
13Oh that my people would listen to me, that Israel would walk in my ways!
14လိုက်လျှင် ငါသည်သူတို့ရန်သူများကို အလျင် အမြန် နှိပ်စက်၍၊ ရန်ဘက်ပြုသောသူတို့ကို ဒဏ်ခတ် မည်။
14I would soon subdue their enemies, and turn my hand against their adversaries.
15ထာဝရဘုရားကို မုန်းသောသူတို့သည် တောင်း ပန်ခြင်းကို ပြု၍၊ ငါ၏လူတို့သည်လည်း၊ အစဉ်အမြဲ တည်ရသော အခွင့်ရှိကြလိမ့်မည်။
15The haters of Yahweh would cringe before him, and their punishment would last forever.
16အကောင်းဆုံးသော ဆန်စပါးနှင့် ငါကျွေးမည်။ ကျောက်ထဲက ထွက်သောပျားရည်နှင့်လည်း ဝပြော စေမည်။
16But he would have also fed them with the finest of the wheat. I will satisfy you with honey out of the rock.”