1အပြစ်ကို ပေးပိုင်တော်မူသော ဘုရားသခင် ထာဝရဘုရား၊ အပြစ်ကို ပေးပိုင်တော်မူသော ဘုရား သခင်၊ ရောင်ခြည်တော်ကို လွှတ်တော်မူပါ။
1Yahweh, you God to whom vengeance belongs, you God to whom vengeance belongs, shine forth.
2မြေကြီးသားတို့ကို တရားဆုံးဖြတ်တော်မူသော အရှင်၊ ထတော်မူပါ။ မာနကြီးသော သူတို့အား အကျိုး အပြစ်ကို ဆပ်ပေးတော်မူပါ။
2Rise up, you judge of the earth. Pay back the proud what they deserve.
3အိုထာဝရဘုရား၊ မတရားသော သူတို့သည် အဘယ်မျှကာလပတ်လုံး ဝမ်းမြောက်ကြပါလိမ့်မည်နည်း။
3Yahweh, how long will the wicked, how long will the wicked triumph?
4အဓမ္မအမှုကို ပြုသမျှသောသူတို့သည် စော်ကား ၍၊ ကြမ်းတမ်းသော စကားကိုပြောလျက်၊ အဘယ်မျှ ကာလပတ်လုံး ဝါကြွားကြပါလိမ့်မည်နည်း။
4They pour out arrogant words. All the evildoers boast.
5အိုထာဝရဘုရား၊ သူတို့သည် ကိုယ်တော်၏ လူတို့ကို နှိပ်စက်၍၊ အမွေတော်ကို ညှဉ်းဆဲကြပါ၏။
5They break your people in pieces, Yahweh, and afflict your heritage.
6မုတ်ဆိုးမနှင့် ဧည့်သည်ကို၎င်း၊ မိဘမရှိသော သူငယ်ကို၎င်း သတ်ကြပါ၏။
6They kill the widow and the alien, and murder the fatherless.
7သို့ရာတွင်၊ ထာဝရဘုရားသခင်သည် မမှတ် တတ်ဟု ဆိုကြပါ၏။
7They say, “Yah will not see, neither will Jacob’s God consider.”
8တိရစ္ဆာန်သဘောရှိသောသူတို့၊ နားလည် ကြလော့။ လူမိုက်တို့၊ အဘယ်ကာလမှ ပညာသတိကို ရကြလိမ့်မည်နည်း။
8Consider, you senseless among the people; you fools, when will you be wise?
9နားကို စိုက်ထားတော်မူသောသူသည် မကြားရ သလော။ မျက်စိကို ဖန်ဆင်းတော်မူသော သူသည် မမြင်ရသလော။
9He who implanted the ear, won’t he hear? He who formed the eye, won’t he see?
10လူအမျိုးမျိုးတို့ကို ဆုံးမတော်မူသောသူသည် အပြစ်မပေးရသလော။ လူတို့အား ပညာအတတ်ကို သွန်သင်တော်မူသော သူသည် ကိုယ်တိုင်ပညာအတတ် မရှိသလော။
10He who disciplines the nations, won’t he punish? He who teaches man knows.
11လူတို့၏အကြံအစည်သည် အချည်းနှီးဖြစ် ကြောင်းကို ထာဝရဘုရား သိတော်မူ၏။
11Yahweh knows the thoughts of man, that they are futile.
12အို ထာဝရဘုရား၊ မတရားသော သူတို့အဘို့ တွင်းတူးစဉ်အခါ၊
12Blessed is the man whom you discipline, Yah, and teach out of your law;
13ဒုက္ခနေ့ရက်ကာလနှင့် လွတ်ခြင်းချမ်းသာကို ပေးအံ့သောငှါ၊ ကိုယ်တော်ဆုံးမ၍၊ တရားတော်ကို သွန်သင်တော်မူသောသူသည် မင်္ဂလာရှိပါ၏။
13that you may give him rest from the days of adversity, until the pit is dug for the wicked.
14ထာဝရဘုရားသည် မိမိလူတို့ကိုမပယ်၊ အမွေ တော်ကို စွန့်ပစ်တော်မမူ။
14For Yahweh won’t reject his people, neither will he forsake his inheritance.
15တဖန်ဖြောင့်မတ်ခြင်းတရားဘက်၌ စီရင် ဆုံးဖြတ်တော်မူ၍၊ သေဘာဖြောင့်သောသူအပေါင်းတို့ သည် နောက်တော်သို့လိုက်ကြပါလိမ့်မည်။
15For judgment will return to righteousness. All the upright in heart shall follow it.
16လူဆိုးတို့ကို ဆီးတား၍ ငါ့ဘက်မှာ အဘယ်သူ ထမည်နည်း။ မတရားသော သူတို့ကို ဆီးတား၍၊ ငါ့ဘက် မှာ အဘယ်သူနေမည်နည်း။
16Who will rise up for me against the wicked? Who will stand up for me against the evildoers?
17ထာဝရဘုရားသည် ငါ့ကိုမစတော်မမူလျှင်၊ ငါ့ဝိညာဉ်သည် ဆိတ်ညံရာအရပ်၌ မကြာမမြင့်မှီ နေရာ ကျရလိမ့်မည်။
17Unless Yahweh had been my help, my soul would have soon lived in silence.
18ငါ့ခြေချော်လျက်ရှိသည်ဟု အကျွန်ုပ်ဆိုသော အခါ၊ အိုထာဝရဘုရား၊ ကိုယ်တော်၏ကရုဏာသည် အကျွန်ုပ်ကို ထောက်မပါ၏။
18When I said, “My foot is slipping!” Your loving kindness, Yahweh, held me up.
19အကျွန်ုပ်၏ နှလုံးထဲမှာ စိတ်များပြားသောအခါ၊ ကိုယ်တော်သည် သက်သာစေတော်မူသဖြင့်၊ အကျွန်ုပ်၏ ဝိညာဉ်သည် ရွှင်လန်းပါ၏။
19In the multitude of my thoughts within me, your comforts delight my soul.
20မတရားသောအကြံကို မင်း၏အခွင့်နှင့် ပြုစု တတ်သော အဓမ္မရာဇပလ္လင်သည် ကိုယ်တော်နှင့် မိဿဟာယဖွဲ့ရပါမည်လော။
20Shall the throne of wickedness have fellowship with you, which brings about mischief by statute?
21ဖြောင့်မတ်သောသူ၏အသက်ကို သတ်ခြင်းငှါ စုဝေးကြပါ၏။ အပြစ်မရှိသောသူကို သေစေခြင်းငှါ စီရင်ကြပါ၏။
21They gather themselves together against the soul of the righteous, and condemn the innocent blood.
22သို့သော်လည်း၊ ထာဝရဘုရားသည် ငါ၏ရဲတိုက် ဖြစ်တော်မူ၏။ ငါ၏ဘုရားသခင်သည် ငါခိုလှုံရာ ကျောက်ဖြစ်တော်မူ၏။
22But Yahweh has been my high tower, my God, the rock of my refuge.
23သူတို့၏အပြစ်ကို သူတို့အပေါ်သို့ရောက်စေ တော်မူမည်။ အဓမ္မအမှုကို ပြုစဉ်တွင်ပင် ပယ်ဖြတ်တော် မူမည်။ ငါတို့၏ဘုရားသခင် ထာဝရဘုရားသည် သူတို့ကို ပယ်ဖြတ်တော်မူမည်။
23He has brought on them their own iniquity, and will cut them off in their own wickedness. Yahweh, our God, will cut them off.