1Dariu a găsit cu cale să pună peste împărăţie o sută două zeci de dregători, cari trebuiau să fie răspîndiţi în toată împărăţia;
1ဒါရိမင်းကြီးသည် နိုင်ငံတော် အမှုအရေး အလုံးစုံတို့ကို စီရင်ရသော မြို့ဝန်တရာနှစ်ဆယ်တို့ကို၎င်း၊
2a pus în fruntea lor trei căpetenii, în numărul cărora era şi Daniel. Dregătorii aceştia aveau să le dea socoteală, ca împăratul să nu sufere nici o pagubă.
2အကျိုးတော်ကို မယုတ်မလျော့စေခြင်းငှါ၊ ထိုမြို့ဝန်အပေါင်းတို့ကို အုပ်ချုပ်စစ်ကြောရသော ဝန်ကြီး သုံးပါးကို၎င်း အလိုတော်ရှိသည်အတိုင်း ခန့်ထား တော်မူ၏။ ထိုဝန်ကြီး သုံးပါးတွင်ဒံယေလသည် ဝန်ကြီး အရာကို ရသည်သာမက၊
3Daniel însă întrecea pe toate aceste căpetenii şi pe dregători, pentru că în el era un duh înalt; şi împăratul se gîndea să -l pună peste toată împărăţia.
3ထူးဆန်းသော ဥာဏ်နှင့်ပြည့်စုံ၍ မြို့ဝန်တကာ၊ ဝန်ကြီးတကာတို့ထက် လွန်ကဲသောကြောင့်၊ နိုင်ငံတော် တနိုင်ငံလုံးကို သူ၌ အပ်နှင်းမည် ဟုရှင်ဘုရင်သည် အကြံရှိတော်မူ၏။
4Atunci căpeteniile şi dregătorii au căutat să afle ceva asupra lui Daniel, ca să -l pîrască în ce privea treburile împărăţiei. Dar n'au putut să găsească nimic, niciun lucru vrednic de mustrare, pentrucă el era credincios, şi nu se găsea nici o greşală la el şi niciun lucru rău.
4ထိုအခါ ဝန်ကြီးနှင့်မြို့ဝန်တို့သည် ဒံယေလ၌ အပြစ်တင်ခွင့်ကို ရှာ၍၊ နိုင်ငံတော်အမှုအရေးများကို စစ်ကြောကြ၏။ ဒံယေလသည် သစ္စာနှင့် ပြည့်စုံ၍ အပြစ်တစုံတခုမျှမရှိသောကြောင့်၊ အပြစ်တင်ခွင့်ကို ရှာ၍မတွေ့ကြသည်ရှိသော်၊
5Atunci oamenii aceştia au zis: ,,Nu vom găsi niciun cuvînt de plîngere împotriva acestui Daniel, afară numai dacă am găsi vreunul în Legea Dumnezeului lui!``
5ဘုရားသခင်၏ ဘာသာမှုမှတပါးအခြားသော အမှုတွင် ဒံယေလ၌ အပြစ်တင်ခွင့်ကိုငါတို့ မတွေ့နိုင် ကြဟု တိုင်ပင်ပြောဆိုပြီးမှ၊
6Apoi aceste căpetenii şi dregătorii aceştia s'au dus cu mare zarvă la împărat, şi i-au vorbit aşa: ,,Să trăieşti vecinic, împărate Dariu!``
6အထံတော်သို့ လာရောက်စည်းဝေးကြ၍၊ အရှင် မင်းကြီးဒါရိ၊ အသက်တော် အစဉ်အမြဲရှင်ပါစေ။
7Toate căpeteniile împărăţiei, îngrijitorii, dregătorii, sfetnicii, şi cîrmuitorii sînt de părere să se dea o poruncă împărătească, însoţită de o aspră oprire, care să spună că oricine va înălţa, în timp de trei zeci de zile, rugăciuni către vreun dumnezeu sau către vreun om, afară de tine, împărate, va fi aruncat în groapa cu lei.
7ကိုယ်တော်မြတ်မှတပါး အခြားသော လူကို ဖြစ်စေ၊ ဘုရားကို ဖြစ်စေ၊ အရက်သုံးဆယ်အတွင်းတွင် ဆုတောင်းသောသူမည်သည်ကို ခြင်္သေ့လှောင်သော တွင်း ထဲသို့ ချပစ်ရမည်ဟုမဖေါက်ပြန်နိုင်သော အမိန့်တော် မြတ်ကို ထုတ်စေခြင်းငှါ နိုင်ငံတော်ဝန်ကြီး၊ မြို့ဝန်၊ စော်ဘွား၊ တိုင်ပင်မှူးမတ်၊ စစ်ကဲအပေါင်းတို့သည် အညီအညွတ် တိုင်ပင်ကြပါပြီ။
8Acum, împărate, întăreşte oprirea, şi iscăleşte porunca aceasta, pentru ca să nu se poată schimba, după legea Mezilor şi Perşilor, care, odată dată, rămîne neschimbată.``
8သို့ဖြစ်၍၊ အရှင်မင်းကြီး၊ အမိန့်ရှိတော်မူပါ။ မပြောင်းလဲတတ်သော မေဒိ၊ ပေရသိဓမ္မသတ်အတိုင်း အမိန့်တော်တည်စေခြင်းငှါ၊ တံဆိပ်ခတ်တော်မူပါဟု လျှောက်ထားကြလျှင်၊
9În urma celor de mai sus, împăratul Dariu a scris porunca şi oprirea.
9ဒါရိမင်းကြီးသည် အမိန့်တော်ကိုပေး၍ တံဆိပ် ခတ်တော်မူ၏။
10Cînd a aflat Daniel că s'a iscălit porunca, a intrat în casa lui, unde ferestrele odăii de sus erau deschise înspre Ierusalim, şi de trei ori pe zi îngenunchea, se ruga şi lăuda pe Dumnezeul lui, cum făcea şi mai înainte.
10အမိန့်တော်ထုတ်၍ တံဆိပ်ခတ်ကြောင်းကို ဒံယေလသည် ကြားသိသော်လည်း၊ မိမိအိမ်သို့သွား၍ ယေရုရှလင်မြို့သို့ မျက်နှာပြုရာ အထက်ခန်းပြတင်း ပေါက်ပွင့်လျက်ပင်၊ အထက်ပြုလေ့ရှိသည်အတိုင်း၊ တနေ့ သုံးကြိမ်ဒူးထောက်လျက် ဘုရားသခင်ကို ဆုတောင်း၍ ဂုဏ်ကျေးဇူးတော်ကို ချီးမွမ်းလေ၏။
11Atunci oamenii aceştia au dat năvală în casă, şi au găsit pe Daniel rugîndu-se şi chemînd pe Dumnezeul lui.
11ထိုသို့ဘုရားသခင်ကို ဆုတောင်းပဌနာပြုလျက် နေသည်ကို မှူးမတ်အရာရှိတို့သည် စည်းဝေး၍ တွေ့မြင်ကြလျှင်၊
12Apoi s'au înfăţişat înaintea împăratului, şi i-au zis cu privire la oprirea împărătească: ,,N'ai scris tu o oprire, care spune că oricine va înălţa, timp de trei zeci de zile, rugăciuni vreunui dumnezeu sau vreunui om, afară de tine, împărate, să fie aruncat în groapa cu lei? ,,Împăratul a răspuns: ,,Lucrul acesta este adevărat, după legea Mezilor şi Perşilor, care nu se poate schimba!``
12အထံတော်သို့ဝင်၍၊ အရှင်မင်းကြီး၊ ကိုယ်တော် မြတ်မှတပါး အခြားသောလူကိုဖြစ်စေ၊ ဘုရားကိုဖြစ်စေ၊ အရက်သုံးဆယ်အတွင်းတွင် ဆုတောင်းသော သူမည် သည်ကို ခြင်္သေ့လှောင်သောတွင်းထဲသို့ ချပစ်စေဟု အမိန့်တော်ကို တံဆိပ်ခတ်တော်မူလျပ် ရှိပါသည်မဟုတ် လောဟု အမိန့် တော်အကြောင်းကို မေးလျှောက်ကြ၏။ ရှင်ဘုရင်ကလည်း၊ မပြောင်းလဲတတ်သော မေဒိ၊ ပေရသိဓမ္မသတ်အတိုင်း မှန်ပေသည်ဟု မိန့်တော်မူ၏။
13Ei au luat din nou cuvîntul şi au zis împăratului: ,,Daniel, unul din prinşii de război ai lui Iuda, nu ţine deloc seama de tine, împărate, nici de oprirea pe care ai scris -o, şi îşi face rugăciunea de trei ori pe zi!``
13မှူးမတ်အရာရှိတို့ကလည်း၊ အရှင်မင်းကြီး၊ ယုဒပြည်ကသိမ်းယူ ခဲ့သော ယုဒလူမျိုးဒံယေလသည် အာဏာတော်ကို ပမာဏမပြု၊ တံဆိပ်ခတ်တော်မူသော အမိန့်တော်ကို ဆန့်ကျင်လျက်၊ တနေ့သုံးကြိမ်တိုင်အောင် ဆုတောင်း၍ နေပါသည်ဟု လျှောက်ထားကြ၏။
14Împăratul s'a mîhnit foarte mult cînd a auzit lucrul acesta; s'a gîndit cum ar putea să scape pe Daniel; şi pînă la asfinţitul soarelui s'a trudit să -l scape.
14ထိုစကားကို ကြားလျှင်၊ ရှင်ဘုရင်သည် အလွန် နောင်တရ၍ ဒံယေလကို လွှတ်ခြင်းငှါ စိတ်အားကြီး သဖြင့်၊ လွှတ်ရသောအခွင့်ကို နေဝင်သည်တိုင်အောင် ကြိုးစား၍ ရှာတော်မူ၏။
15Dar oamenii aceia au stăruit de împărat, şi i-au zis: ,,Să ştii, împărate, că, după legea Mezilor şi Perşilor, orice oprire sau orice poruncă, întărită de împărat, nu se poate schimba!``
15တဖန်မှူးမတ် အရာရှိတို့သည် အထံတော်သို့ စည်းဝေး၍၊ အရှင်မင်းကြီး၊ တခါထုတ်ပြီးသော အမိန့် တော်မပျက်နိုင်ရာဟု မေဒိ၊ ပေရသိဓမ္မသတ်၌ ပါကြောင်းကို သတိထားတော်မူပါဟု လျှောက်ကြပြန် လျှင်၊
16Atunci împăratul a poruncit să aducă pe Daniel, şi să -l arunce în groapa cu lei. Împăratul a luat cuvîntul şi a zis lui Daniel: ,,Dumnezeul tău, căruia necurmat Îi slujeşti, să te scape!``
16တဖန် ရှင်ဘုရင်မိန့်တော်မူသည်အတိုင်း၊ ဒံယေလကိုခေါ်၍ ခြင်္သေ့တွင်းထဲသို့ချပစ်ကြ၏။ ရှင်ဘုရင်ကလည်း၊ သင်မပြတ်ကိုးကွယ်သော ဘုရား သခင်သည် သင့်ကိုကယ်လွှတ်ပါစေဟု ဒံယေလကို မိန့်တော်မူ၏။
17Au adus o piatră, şi au pus -o la gura gropii. Împăratul a pecetluit -o cu inelul lui şi cu inelul mai marilor lui, ca să nu se schimbe nimic cu privire la Daniel.
17ကျောက်ပြားကိုလည်း ယူခဲ့၍ တွင်းဝကို ပိတ်ပြီးလျှင်၊ ဒံယေလအမှု၌ စီရင်ချက်ကို မတိုးမလျော့ စေခြင်းငှါ၊ ရှင်ဘုရင်တံဆိပ်နှင့် မှူးမတ်တို့တံဆိပ်ကို ခတ်တော်မူ၏။
18Împăratul s'a întors apoi în palatul său, a petrecut noaptea fără să mănînce, nu i s'a adus nicio ţiitoare, şi n'a putut să doarmă.
18ထိုနောက်၊ ရှင်ဘုရင်သည် နန်းတော်သို့ ပြန်၍ တညဉ့်လုံး စားတော်မခေါ်၊ အငြိမ့်တန်ဆာကို အထံတော် သို့ မသွင်းစေဘဲ စက်တော်ခေါ်၍ မပျော်နိုင်။
19În revărsatul zorilor, însă, împăratul s'a sculat şi s'a dus în grabă la groapa cu lei.
19နံနက်စောစောထ၍ ခြင်္သေ့တွင်းသို့ အလျင် အမြန် သွားတော်မူ၏။
20Şi apropiindu-se de groapă, a chemat pe Daniel cu un glas plîngător. Împăratul a luat cuvîntul, şi a zis lui Daniel: ,,Daniele, robul Dumnezeului celui viu, a putut Dumnezeul tău, căruia îi slujeşti necurmat, să te scape de lei?``
20ရောက်လျှင်၊ ငိုကြွေးသော အသံနှင့် ဒံယေလကို ခေါ်၍၊ အသက်ရှင်တော်မူသော ဘုရားသခင်၏ ကျွန်ဒံယေလ၊ သင်မပြတ် ကိုးကွယ်သော ဘုရားသခင် သည် သင့်ကိုခြင်္သေ့ဘေးမှ ကယ်လွှတ်နိုင်သလောဟု မေးတော်မူ၏။
21Şi Daniel a zis împăratului: ,,Vecinic să trăieşti, împărate!
21ဒံယေလက၊ အရှင်မင်းကြီး၊ အသက်တော် အစဉ်အမြဲရှင်ပါစေ။
22Dumnezeul meu a trimes pe îngerul Său şi a închis gura leilor, cari nu mi-au făcut niciun rău, pentrucă am fost găsit nevinovat înaintea Lui. Şi nici înaintea ta, împărate, n'am făcut nimic rău!``
22အကျွန်ုပ်၏ ဘုရားသခင်သည် ကောင်းကင် တမန်ကို စေလွှတ်၍ ခြင်္သေ့နှုတ်ကို ပိတ်ထားတော်မူ သဖြင့်၊ အကျွန်ုပ်သည် ခြင်္သေ့ဘေးနှင့် လွတ်ပါ၏။ အကြောင်းမူကား၊ ဘုရားသခင့်ရှေ့၌ အကျွန်ုပ်သည် အပြစ်ကင်းပါ၏။ ကိုယ်တော်မြတ်ကိုလည်း အလျှင်းမပြစ် မှားပါဟု ပြန်လျှောက်လေ၏။
23Atunci împăratul s'a bucurat foarte mult, şi a poruncit să scoată pe Daniel din groapă. Daniel a fost scos din groapă, şi nu s'a găsit nicio rană pe el, pentrucă avusese încredere în Dumnezeul său.
23ထိုအခါ ရှင်ဘုရင်သည် အလွန်ဝမ်းမြောက်၍၊ ဒံယေလကို တွင်းထဲက ထုတ်ယူစေဟု အမိန့်တော်ရှိသည် အတိုင်း ဒံယေလကို တွင်းထဲက ထုတ်ယူ၍၊ ဘုရားသခင် ကို ယုံကြည်သောကြောင့် သူ၌ထိခိုက် သောအနာတခုမျှ မရှိ။
24Împăratul a poruncit să aducă pe oamenii aceia cari pîrîseră pe Daniel. Şi au fost aruncaţi în groapa cu lei, ei, copiii lor şi nevestele lor; şi, pînă să ajungă în fundul gropii, leii i-au şi apucat şi le-au fărîmiţat oasele.
24ထိုနောက်၊ ဒံယေလ၌ အပြစ်တင်သော သူတို့ကို ရှင်ဘုရင်၏ အမိန့်တော်နှင့် ခေါ်၍၊ သားမယားနှင့်တကွ ခြင်္သေ့တွင်းထဲသို့ ချပစ်ကြလျှင်၊ မြေသို့မရောက်မှီ ခြင်္သေ့တို့သည် နိုင်၍သူတို့ အရိုးရှိသမျှတို့ကို ချိုးဖဲ့ကြ၏။
25După aceea, împăratul Dariu a scris o scrisoare către toate popoarele, către toate neamurile, către oamenii de toate limbile, cari locuiau în toată împărăţia: ,,Pacea să vă fie dată din belşug!
25ထိုအခါ မြေကြီးတပြင်လုံးတွင် အရပ်ရပ်တို့၌ နေ၍၊ အသီးသီးအခြားခြားသော ဘာသာစကားကို ပြောသော လူမျိုးတကာတို့ရှိရာသို့ အမိန့်တော်စာနှင့် စေလွှတ်တော်မူ၏။ စာချုပ်ဟူမူကား၊ သင်တို့၌ ငြိမ်ဝပ် ချမ်းသာခြင်း များပြားစေသော။
26Poruncesc ca, în toată întinderea împărăţiei mele, oamenii să se teamă şi să se înfricoşeze de Dumnezeul lui Daniel. Căci El este Dumnezeul cel viu, şi El dăinuieşte vecinic; împărăţia Lui nu se va nimici niciodată, şi stăpînirea Lui nu va avea sfîrşit.
26ငါအစိုးရသော တနိုင်ငံလုံးတွင် ရှိနေသော သင်တို့သည် ဒံယေလ၏ ဘုရားသခင်ကို ကြောက်ရွံရိုသေ ကြကုန်ဟု ငါအမိန့်တော်ရှိ၏။ အကြောင်းမူကား၊ ထို ဘုရားသခင်သည် အသက်ရှင်တော်မူသောဘုရား၊ နိစ္စထာဝရတည်တော်မူသော ဘုရားဖြစ်တော်မူ၏။ နိုင်ငံတော်သည် ပျက်စီးခြင်းသို့ မရောက်နီုင်။ အာဏာ စက်တော်လည်း အစဉ်အဆက်တည်လိမ့်မည်။
27El izbăveşte şi mîntuieşte, El face semne şi minuni în ceruri şi pe pămînt. El a izbăvit pe Daniel din ghirele leilor!``
27မစကယ်တင်ခြင်း ကျေးဇူးကို ပြုတော်မူ၏။ ကောင်းကင်မြေကြီး၌ နိမိတ်လက္ခဏာ၊ အံ့ဩဘွယ်တို့ကို ဖြစ်စေတော်မူ၏။ ဒံယေလကို ခြင်္သေ့လက်မှ ကယ်လွှတ် တော်မူသော ဘုရားသခင်သည် ထိုသို့သော ဘုရားဖြစ် တော်မူ၏ဟု အမိန့်တော်ရှိ၏။
28Daniel a dus -o bine supt domnia lui Dariu şi supt domnia lui Cir, Persanul.
28ထိုသို့ဒံယေလသည်ဒါရိမင်းကြီး လက်ထက်၌၎င်း၊ ပေရသိ အမျိုးကုရုမင်းကြီး လက်ထက်၌၎င်း ကောင်းစားလျက်နေ၏။