1M'a dus la poartă, la poarta dinspre răsărit.
1ထိုနောက်မှ အရှေ့ဘက်သို့ မျက်နှာပြုသော တံခါးဝသို့ တဖန်ခေါ်သွား၏။
2Şi iată că slava Domnezeului lui Israel venea dela răsărit. Glasul Său era ca urletul unor ape mari, şi pămîntul strălucea de slava Sa.
2ဣသရေလအမျိုး၏ ဘုရားသခင်ဘုန်းတော် သည် အရှေ့မျက်နှာမှလာ၍၊ အသံသည် သမုဒ္ဒရာ သကဲ့သို့ဖြစ်၏။ ရောင်ခြည်တော်အားဖြင့် မြေတပြင်လုံး လင်း၏။
3Vedenia aceasta semăna cu aceea pe care o avusesem cînd venisem să nimicesc cetatea; şi vedeniile acestea semănau cu aceea pe care o avusesem, lîngă rîul Chebar. Şi am căzut cu faţa la pămînt.
3ငါမြင်သော ရူပါရုံသည် မြို့တော်ကိုဖျက်ဆီးခြင်း ငှါ လာသောအခါ၊ ငါမြင်သော ရူပါရုံနှင့်တူ၏။ ထင်ရှား သောအရာတို့သည် ခေဗာမြစ်နားမှာ ငါမြင်ဘူးသော အရာများကဲ့သို့ဖြစ်၍၊ ငါသည် ပြပ်ဝပ်လျက်နေ၏။
4Slava Domnului a intrat în Casă pe poarta dinspre răsărit.
4ထာဝရဘုရား၏ ဘုန်းတော်သည် အရှေ့ဘက် သို့ မျက်နှာပြုသော တံခါးလမ်းဖြင့် အိမ်တော်ထဲသို့ ဝင်တော်မူ၏။
5Atunci, Duhul m'a răpit şi m'a dus în curtea dinlăuntru. Şi Casa era plină de slava Domnului!
5ထိုအခါ ဝိညာဉ်တော်သည် ငါ့ကိုချီလျက် အတွင်း တန်တိုင်းထဲသို့ ဆောင်သွား၍၊ ထာဝရဘုရား၏ ဘုန်းတော်သည် တအိမ်လုံးကို ဖြည့်တော်မူ၏။
6Am auzit pe cineva vorbindu-mi din Casă, şi un om stătea lîngă mine.
6အရင်လူသည် ငါ့အနားမှာရပ်နေလျက်၊ အိမ်တော်ထဲက ငါ့အား မိန့်တော်မူသောအသံကို ငါကြား သည်ကား၊
7El mi -a zis: ,,Fiul omului, acesta este locul scaunului Meu de domnie, locul unde voi pune talpa picioarelor Mele; aici voi locui vecinic în mijlocul copiilor lui Israel! Casa lui Israel şi împăraţii lor nu-Mi vor mai pîngări Numele Meu cel sfînt, prin curviile lor şi prin trupurile moarte ale împăraţilor lor la moartea lor,
7အချင်းလူသား၊ ဤအရပ်သည် ငါ့ပလ္လင်တည်ရာ အရပ်၊ ငါ့ခြေဘဝါးနင်းမြဲအရပ်၊ ဣသရေလအမျိုးသား တို့တွင် အစဉ်အမြဲငါ့နေရာအရပ် ဖြစ်၏။ ဣသရေလ ရှင်ဘုရင်များနှင့် အမျိုးသားတို့သည် မှားယွင်းခြင်းအား ဖြင့်၎င်း၊ ရှင်ဘုရင်၏အသေကောင်အားဖြင့်၎င်း၊ မြင့်ရာ အရပ်တို့၌ငါ၏နာမတော်မြတ်ကို နောက်တဖန် မရှုတ်ချရကြ။
8ca atunci cînd îşi puneau pragul lor lîngă pragul Meu, stîlpii lor lîngă stîlpii Mei, şi nu era de cît un zid între Mine şi ei. Aşa au pîngărit ei Numele Meu cel sfînt cu urîciunile pe cari le-au săvîrşit; de aceea i-am mistuit în mînia Mea.
8သူတို့တံခါးခုံကိုလည်း ငါ့တံခါးခုံအနားမှာ၎င်း၊ သူတို့တိုင်ကို လည်း ငါ့တိုင်အနားမှာ၎င်း တည်စိုက်လျက်၊ ငါနှင့်သူတို့စပ်ကြားမှာ နံရံတခတည်းသာရှိလျက်၊ သူတို့ ပြုမိသော စက်ဆုပ်ရွံရှာဘွယ်အမှုတို့ဖြင့်၊ ငါ၏နာမတော် မြတ်ကို ရှုတ်ချသောကြောင့်၊ ငါသည်အမျက်ထွက်၍ သူတို့ကို ဖျက်ဆီးပြီ။
9Acum vor depărta de la Mine curviile lor şi trupurile moarte ale împăraţilor lor, şi voi locui vecinic în mijlocul lor.
9ယခုမူကား၊ သူတို့မှားယွင်းခြင်းအမှုများနှင့် ရှင်ဘုရင်၏အသေကောင်များကို ငါမှဝေးစွာ ပယ်ရှား ကြစေ။ ငါသည်လည်း သူတို့တွင် အစဉ်အမြဲနေမည်။
10Tu, însă, fiul omului, arată Templul acesta casei lui Israel; ei să -i măsoare planul, şi să roşească de nelegiuirile lor.
10အချင်းလူသား၊ ဣသရေလအမျိုးသားတို့သည် ကိုယ်ဒုစရိုက်အပြစ်ကြောင့် ရှက်ကြောက်စေခြင်းငှါ အိမ်တော်ကိုပြလော့။ အိမ်တော်ပုံကို သူတို့ တိုင်းကြ စေလော့။
11Dacă vor roşi de toată purtarea lor, arată-le chipul casei acesteia, întocmirea ei, ieşirile şi intrările ei, toate planurile şi toate legile ei; zugrăveşte-le -o supt ochi, ca să păzească toate planurile ei, toate poruncile ei şi toate orînduirile ei, şi să facă întocmai după ele.
11သူတို့သည် ကိုယ်ပြုမိသောအမှုများကြောင့် အမှန်ရှက်ကြောက်လျှင်၊ အိမ်ပုံသဏ္ဌာန်နှင့် ထွက်ရာ ဝင်ရာတံခါးဝများ၊ ကျင့်ရသမျှသော ထုံးစံများ၊ စီရင် ထုံးဖွဲ့ချက်တရား အလုံးစုံတို့ကိုပြလော့။ သူတို့သည် ထုံးစံ များနှင့် စီရင်ထုံးဖွဲ့ချက်အလုံးစုံတို့ကို ကျင့်စောင့်စေခြင်း ငှါ သူတို့ရှေ့မှာ ရေးထားလော့။
12Aceasta este legea privitoare la Casă. Pe vîrful muntelui, tot locul pe care -l va cuprinde ea, este prea sfînt. Iată, aceasta este legea asupra Casei.
12တောင်ထိပ်ပေါ်မှာတည်သော အိမ်တော်၏ ကရားဟူမူကား၊ အိမ်တော်နယ်နိမိတ်ရှိသမျှတို့သည် အလွန်သန့်ရှင်းရကြမည်။ ဤရွေ့ကား၊ အိမ်တော်၏ တရားပေတည်း။
13Iată măsurile altarului, în coţi; fiecare cot era cu o palmă mai lung decît cotul obicinuit. Temelia era înaltă de un cot, şi lată de un cot; şi pervazul dimprejur avea o lăţime de un lat de mînă; aceasta era propteaua altarului.
13ယဇ်ပလ္လင်အတိုင်းအရှည်ကား၊ သံတောင်ဖြင့် တိုင်းလျှင်၊ ဘိနပ်အမြင့်တတောင်၊ အကျယ်တတောင်၊ ပတ်လည်အနားပတ် အကျယ်တထွာရှိ၍၊ ယဇ်ပလ္လင် ပြင်ဘက်၌ တည်ရ၏။
14Dela temelia de pe pămînt pînă la pervazul de jos erau doi coţi, şi o lăţime de un cot; şi dela pervazul cel mic pînă la cel mare erau patru coţi, şi un cot lăţime.
14အောက်အထစ်သည် မြေနှင့်နှစ်တောင်ကွာ၍ အကျယ်တတောင်ရှိရမည်။ ငယ်သောအထစ်နှင့် ကြီး သောအထစ်သည် လေးတောင်ကွာ၍ အကျယ်တတောင် ရှိရမည်။
15Altarul avea o vatră de patru coţi; şi din vatra altarului se înălţau patru coarne.
15ယဇ်ပလ္လင်အမြင့်သည်လည်း လေးတောင်ရှိရ မည်။ ဦးချိုလေးချောင်းလည်း တက်ရမည်။
16Vatra altarului avea o lungime de doisprezece coţi, o lăţime de doisprezece coţi, şi cu cele patru laturi ale lui făcea un patrat.
16ယဇ်ပလ္လင်သည် စတုရန်းဖြစ်၍၊ အလျား တဆယ်နှစ်တောင်၊ အနံလည်း တဆယ်နှစ်တောင် ရှိရမည်။
17Pervazul avea patrusprezece coţi lungime pe patrusprezece coţi lăţime, în cele patru laturi ale lui; marginea de sus era de o jumătate de cot; temelia era lată de un cot de jur împrejur, şi treptele erau îndreptate spre răsărit.
17အောက်အထစ်သည်လည်း စတုရန်းဖြစ်၍ အလျား တဆယ်လေးတောင်၊ အနံလည်းတဆယ် လေးတောင်ရှိရမည်။ အနားပတ်သည်လည်း အကျယ် တထွာရှိရမည်။ ဘိနပ်သည်ယဇ်ပလ္လင်ပတ်လည်၌ တတောင်ထွက်၍၊ တက်ရာလမ်းသည် အရှေ့သို့ မျက်နှာ ပြုရမည်။
18El mi -a zis: ,,Fiul omului, aşa vorbeşte Domnul Dumnezeu: ,Iată legile cu privire la altar, pentru ziua cînd îl vor face, ca să aducă pe el arderi de tot şi să stropească sîngele.
18တဖန်အချင်းလူသား၊ အရှင်ထာဝရဘုရား မိန့်တော်မူ သည်အတိုင်း၊ မီးရှို့ရာယဇ်ကိုပူဇော်၍ အသွေးကိုဖျန် ဘို့ရာ၊ ယဇ်ပလ္လင်ကိုတည်သောနေ့၌ ကျင့်ရသောတရား ဟူမူကား၊
19Să dai preoţilor, Leviţilor, cari sînt din sămînţa lui Ţadoc şi cari se apropie de Mine ca să-Mi slujească, zice Domnul Dumnezeu, un viţel pentru jertfa de ispăşire.
19အမှုတော်ကိုဆောင်၍ ငါ့ထံသို့ ချဉ်းကပ်သော လေဝိအမျိုး၊ ဇာဒုတ်သားယဇ်ပုရောဟိတ်တို့အား အပြစ် ဖြေရာယဇ်ဘို့၊ ပျိုသောနွားထီးတကောင်ကို အပ်ရမည်။
20Să iei din sîngele lui, şi să ungi cele patru coarne ale altarului, cele patru colţuri ale pervazului, şi marginea care -l înconjoară; să curăţeşti astfel altarul şi să faci ispăşire pentru el.
20နွားအသွေးအချို့ကိုယူ၍ ယဇ်ပလ္လင်ဦးချို လေးချောင်း၊ အထစ်လေးထောင့်၊ အနားပတ်ကိုလူးသော အားဖြင့် သန့်ရှင်းစင်ကြယ်စေရမည်။
21Să iei viţelul pentru ispăşite, şi să -l ardă într'un loc anume lîngă Casă, afară din sfîntul Locaş.
21အပြစ်ဖြေရာ ယဇ်ဘို့နွားကောင်ကို ယူ၍ သန့်ရှင်းရာဌာနပြင်၊ ဗိမာန်တော်အတွင်းတွင် ခန့်ထားသော အရပ်၌မီးရှို့ရမည်။
22În ziua a doua, să aduci ca jertfă de ispăţire un ţap fără cusur, ca să curăţe altarul, cum l-au curăţit cu viţelul.
22ဒုတိယနေ့၌လည်း အပြစ်မရှိသော ဆိတ်သငယ် ကို ယူ၍၊ အပြစ်ဖြေရာ ယဇ်ဘို့ပူဇော်ရမည်။ ယဇ်ပလ္လင် ကို နွားအသွေးနှင့်သန့်ရှင်းစေသကဲ့သို့ ဆိတ်အသွေး နှင့် သန့်ရှင်းစေရမည်။
23După ce vei isprăvi de făcut ispăşirea, să aduci un viţel fără cusur, şi un berbece din turmă fără cusur.
23ထိုသို့ယဇ်ပလ္လင်ကို သန့်ရှင်းစေပြီးသည်နောက်၊ အပြစ်မရှိ၊ ပျိုသောနွားထီးနှင့် အပြစ်မရှိသော ဆိတ်ထီးကိုထာဝရဘုရား ရှေ့တော်၌ပူဇော်ရမည်။
24Să -i aduci înaintea Domnului; preoţii să -i presare cu sare, şi să -i aducă Domnului ca ardere de tot.
24ယဇ်ပုရောဟိတ်တို့သည် ဆားကိုတင်လျက်၊ ထိုယဇ်ကောင်တို့ကို ထာဝရဘုရားအဘို့ မီးရှို့၍ ပူဇော် ရမည်။
25Timp de şapte zile, să jertfeşti în fiecare zi un ţap ca jerfă de ispăşire; să jertfească şi un viţel şi un berbece din turmă, amîndoi fără cusur.
25ခုနစ်ရက်ပတ်လုံး တနေ့တနေ့လျှင်၊ ဆိတ်တ ကောင်ကို အပြစ်ဖြေရာယဇ်ပြု၍ ပူဇော်ရမည်။ အပြစ် မရှိ၊ ပျိုသောနွားထီးတကောင်နှင့် သိုးထီးတကောင်ကို လည်း ပူဇော်ရမည်။
26Timp de şapte zile, vor face ispăşirea şi curăţirea altarului, şi -l vor sfinţi astfel.
26ခုနစ်ရက်ပတ်လုံး ယဇ်ပလ္လင်ကို သန့်ရှင်း စင်ကြယ်စေ၍၊ ကိုယ်ကိုလည်း ယဇ်ပုရာဟိတ်အရာ၌ ခန့်ထားရကြမည်။
27După ce se vor împlini aceste zile, dela ziua a opta înainte, preoţii să aducă pe altar arderile voastre de tot, şi jerfele voastre de mulţămire. Şi vă voi fi binevoitor, zice Domnul Dumnezeu.``
27ခုနစ်ရက်စေ့သောနောက် အဋ္ဌမနေ့၌၎င်း၊ ထိုနေ့မှစ၍၎င်း၊ ယဇ်ပုရောဟိတ်တို့သည် ယဇ်ပလ္လင် ပေါ်မှာ သင်တို့မီးရှို့ရာယဇ်များနှင့် မိဿဟာယယဇ်များ ကို ပူဇော်ရကြမည်။ ငါသည်လည်း၊ သင်တို့လက်ခံ မည်ဟု အရှင်ထာဝရဘုရား မိန့်တော်မူ၏။