1Aşa vorbeşte Domnul Dumnezeu: ,,Poarta curţii dinlăuntru: dinspre răsărit, va rămînea închisă în cele şase zile de lucru; dar se va deschide în ziua Sabatului, şi va fi deschisă şi în ziua lunii noi.
1အရှင်ထာဝရဘုရားမိန့်တော် မူသည်ကား၊ အရှေ့သို့ မျက်နှာပြုသော အတွင်းတန်တိုင်း တံခါးကို အလုပ်လုပ်သောနေ့ ခြောက်ရက်ပတ်လုံး ပိတ်ထား ရမည်။ ဥပုသ်နေ့နှင့် လဆန်းနေ့၌ ဖွင့်ထားရမည်။
2Domnitorul va intra pe drumul care dă în tinda porţii de afară, şi va sta lîngă uşiorii porţii. Apoi preoţii vor aduce arderea lui de tot şi jertfele lui de mulţămire. El se va închina pe pragul porţii, apoi va ieşi iarăş afară, şi poarta nu se va închide pînă seara.
2မင်းသားသည် ထိုတံခါးမုတ်ဖြင့် ဝင်၍ တံခါး တိုင်အနားမှာ ရပ်နေရမည်။ ယဇ်ပုရောဟိတ်တို့သည် မင်းသားမီးရှို့ရာ ယဇ်၊ မိဿဟာယယဇ်တို့ကို ပူဇော်၍၊ သူသည်တံခါးခုံ၌ ဦးညွတ်ချပြီးမှ ပြင်သို့ထွက်သွား ရမည်။ သို့ရာတွင်၊ ညဦးယံမရောက်မှီ ထိုတံခါးကို မပိတ်ရ။
3Poporul ţării se va închina şi el înaintea Domnului la intrarea acestei porţi, în zilele de Sabat şi la lunile noi.
3ထိုနည်းတူ၊ ဥပုသ်နေ့နှင့် လဆန်းနေ့၌ ပြည်သူ ပြည်သားတို့သည် ထိုတံခါးဝနားမှာ ထာဝရဘုရား ရှေ့တော်တွင် ဦးညွတ်ချရကြမည်။
4Arderea de tot pe care o va aduce Domnului domnitorul, în ziua Sabatului, va fi de şase miei fără cusur şi un berbece fără cusur;
4ဥပုသ်နေ့၌ မင်းသားသည် မီးရှို့ရာယဇ်ဘို့ အပြစ်မပါသော သိုးသငယ် ခြောက်ကောင်၊ အပြစ်မပါသော သိုးထီးတကောင်ကို ထာဝရဘုရား ထံတော်သို့ ဆောင်ခဲ့ရမည်။
5iar darul lui de mîncare va fi o efă de berbece, şi un dar de bună voie pentru miei, cu un hin de untdelemn de fiecare efă.
5ဘောဇဉ်ပူဇော်သက္ကာဘို့ သိုးထီးတကောင်နှင့် မုန့်ညက်တဧဖေါ၊ ဆီတဟိန်ကို၎င်း၊ သိုးသငယ်နှင့် အလိုရှိသမျှကို၎င်း ပူဇော်ရမည်။
6În ziua lunii noi, va da un viţel fără cusur, şase miei şi un berbece, toţi fără cusur.
6လဆန်းနေ့၌ အပြစ်မပါသော နွားထီး တကောင်၊ သိုးသငယ်ခြောက်ကောင်၊ သိုးထီးတကောင်ကို ပူဇော်ရမည်။
7Şi darul lui de mîncare va fi de o efă pentru viţel, o efă pentru berbece, şi cît va voi pentru miei, cu un hin de untdelemn de fiecare efă.
7ဘောဇဉ်ပူဇော်သက္ကာဘို့ နွားတကောင်နှင့် မုန့်ညက်တဧဖါ၊ သိုးတကောင်နှင့် တဧဖါ၊ သိုးသငယ်နှင့် အလိုရှိသမျှကို၎င်း၊ မုန့်ညက်တဧဖါနှင့် ဆီတဟိန်ကို ၎င်းပူဇော်ရမည်။
8Cînd va intra domnitorul, va intra pe drumul din tinda porţii, şi va ieşi pe acelaş drum.
8မင်းသားဝင်သောအခါ အရှေ့တံခါးမုတ်ဖြင့် ဝင်ရမည်။ ထိုတံခါးမုတ်ဖြင့်လည်း ထွက်ရမည်။
9Dar cînd va veni poporul ţării înaintea Domnului, la sărbători, celce va intra pe poarta de miazănoapte, ca să se închine, va ieşi pe poarta de miazăzi; iar celce va intra pe poarta de miazăzi, va ieşi pe poarta de miazănoapte; nu trebuie să se întoarcă pe aceeaş poartă pe care vor intra, ci vor ieşi drept înainte pe cealaltă.
9ပြည်သူပြည်သားတို့သည် ဓမ္မပွဲခံချိန်ကာလ၌၊ ထာဝရဘုရားရှေ့တော်သို့ ဝင်သောအခါ၊ ဦးညွတ်ချခြင်း ငှါ မြောက်တံခါးဖြင့် ဝင်သော သူသည်တောင်တံခါးဖြင့် ထွက်ရမည်။ တောင်တံခါးဖြင့် ဝင်သော သူသည် မြောက် တံခါးဖြင့် ထွက်ရမည်။ ဝင်သောတံခါးဖြင့် မထွက်ရ။ ဝင်သော တံခါးတဘက်တချက်၌ရှိသော တံခါးဖြင့် ထွက်ရမည်။
10Domnitorul va intra cu ei cînd vor intra, şi vor ieşi împreună cînd vor ieşi.
10ပြည်သားတို့တွင် မင်းသားဖြစ်သောသူသည် သူတို့ ဝင်သောအခါ ဝင်ရမည်။ သူတို့ထွက်သောအခါ ထွက်ရမည်။
11La sărbători şi la praznice, darul de mîncare va fi de o efă pentru viţel, o efă pentru berbece, şi cît va voi pentru miei, împreună cu un hin de untdelemn de fiecare efă.
11ပွဲခံ၍ ပရိသတ်စည်းဝေးရာ ကာလ၌ ဘောဇဉ် ပူဇော်သက္ကာဘို့၊ နွားတကောင်နှင့် မုန့်ညက်တဧဖါ၊ သိုး တကောင်နှင့် တဧဖါ၊ သိုးသငယ် နှင့် အလိုရှိသမျှကို၎င်း၊ မုန့်ညက် တဧဖါနှင့် ဆီတဟိန်ကို၎င်း ပူဇော်ရမည်။
12Dacă însă domnitorul aduce Domnului o ardere de tot de bunăvoie sau o jerfă de mulţămire de bună voie, îi vor deschide poarta dinspre răsărit, şi el îşi va aduce arderea de tot şi jertfa de mulţămire aşa cum o aduce în ziua Sabatului; apoi va ieşi afară, şi după ce va ieşi, vor închide iarăş poarta.
12မင်းသားသည် အလိုလိုပြုသော မီးရှို့ရာယဇ်၊ မိဿဟာယယဇ်ကို မိမိအလိုအလျောက် ထာဝရဘုရား အား ပူဇော်သက္ကာပြုသောအခါ၊ အရှေ့သို့မျက်နှာပြု သော တံခါးကိုဖွင့်ရမည်။ သူသည်ဥပုသ်နေ့၌မီးရှို့ရာ ယဇ်၊ မိဿဟာယယဇ်ကို ပူဇော်သကဲ့သို့ ပူဇော်ရမည်။ ပူဇော်ပြီးမှ ထွက်သွား၍ တံခါးကို ပိတ်ထားရမည်။
13În fiecare zi vei aduce Domnului ca ardere de tot un miel de un an, fără cusur; pe acesta îl vei aduce în fiecare dimineaţă.
13နေ့တိုင်းအစဉ်၊ ထာဝရဘုရားအား မီးရှို့ရာယဇ် ဘို့ အပြစ်မပါ၊ အခါမလည်သော သိုးသငယ်တကောင် ကို နံနက်အချိန်၌ ပူဇော်ရမည်။
14Vei mai adăuga la el ca dar de mîncare, în fiecare dimineaţă, a şasea parte dintr'o efă, şi a treia parte dintr'un hin de untdelemn, pentru stropirea floarei de făină. Acesta este darul de mîncare de adus Domnului; aceasta este o lege vecinică, pentru totdeauna!
14နံနက်တိုင်းအစဉ်၊ ထိုသိုးသငယ်နှင့်အတူ ဘောဇဉ်ပူဇော်သက္ကာဘို့ မုန့်ညက်တဧဖါတွင် ခြောက်စု တစုကို၎င်း၊ မုန့်ညက်နှင့်ရောရသော ဆီလေးလောဃ ကို၎င်း ပူဇော်ရမည်။ ဤရွှေ့ကား၊ထာဝရဘုရားအား အစဉ် အမြဲပြုရသော ဘောဇဉ်ပူဇော်သက္ကာတရားပေ တည်း။
15În fiecare dimineaţă, vor aduce astfel mielul şi darul de mîncare împreună cu untdelemnul, ca o ardere de tot vecinică.``
15ထိုသို့မီးရှို့ရာယဇ်ကို နံနက်တိုင်း အစဉ်မပြတ် ပူဇော်စရာဘို့ သိုးသငယ်ကို၎င်း၊ ဘောဇဉ်ပူဇော်သက္ကာ နှင့် ဆီကို၎င်း ပြင်ဆင်ရမည်။
16,,Aşa vorbeşte Domnul Dumnezeul: ,Dacă domnitorul dă unuia din fiii săi un dar luat din moştenirea sa, darul acesta va rămînea al fiilor săi, ca moşia lor prin drept de moştenire.
16အရှင်ထာဝရဘုရားမိန့်တော်မူသည်ကား၊ မင်းသားသည် မိမိသား၌ လက်ဆောင်တစုံတခုကို ပေးလျှင်၊ ထိုလက်ဆောင်သည် အမွေဥစ္စာဖြစ်၍၊ သားတော်သည် အမွေခံလျက် သိမ်းယူရမည်။
17Dar dacă dă unuia din slujitorii lui un dar luat din moştenirea lui, darul acela va fi al lui pînă în anul slobozeniei, apoi se va întoarce înapoi domnitorului; numai fiii lui vor stăpîni ce le va da din moştenirea lui.
17မိမိကျွန်၌ အမွေဥစ္စာလက်ဆောင်တစုံတခုကို ပေးလျှင်မူကား၊ လွတ်ရာနှစ်သက္ကရာဇ်တိုင်ရုံမျှသာ ထိုကျွန်သည် ပိုင်ရမည်။ နောက်မှ မင်းသားလက်သို့ ပြန်ရောက်ရမည်။ သားမူကား၊ အစဉ်အမြဲ အမွေခံရ မည်။
18Domnitorul nu va lua nimic din moştenirea poporului, nu -l va despuia de moşiile lui. Ci, ce va da de moştenire fiilor săi, va lua din ce are el, pentru ca niciunul din poporul Meu să nu fie îndepărtat din moşia lui!``
18ထိုမှတပါး၊ မင်းသားသည်ပြည်သားအမွေမြေကို အနိုင်အထက် ယူ၍ မြေရှင်ကိုမနှင်ထုတ်ရ။ မိမိပိုင်သော မြေထဲကမိမိသားတို့အား အမွေပေးရမည်။ ငါ၏လူတို့ သည် မိမိတို့ပိုင်သော အမွေမြေ၌ မနေရဘဲ အရပ်ရပ်သို့ ကွဲပြားစေခြင်းငှါ မပြုရ။
19M'a dus, pe intrarea de lîngă poartă, în odăile sfinte, rînduite preoţilor, şi cari se află spre miază-noapte. Şi iată că în fund, era un loc, în spre apus.
19ထိုနောက်မှ တံခါးအနား၌ရှိသော ဝင်ဝဖြင့် ငါ့ကို ဆောင်သွား၍၊ မြောက်သို့မျက်နှာပြုသော ယဇ် ပုရောဟိတ် သန့်ရှင်းသော အခန်းများ ထဲသို့ သွင်းသဖြင့်၊ အနောက်ဘက်၌ရှိသော အရပ်တခုကို ငါမြင်၏။
20El mi -a zis: ,,Acesta este locul unde vor fierbe preoţii carnea dela jertfele pentru vină şi pentru ispăşire, şi unde vor coace darurile de mîncare, ca să se ferească să le ducă în curtea de afară şi să sfinţească astfel poporul prin ele.
20ဤအရပ်ကား၊ ယဇ်ပုရောဟိတ်တို့သည် ဒုစရိုက် ဖြေရာယဇ်၊ အပြစ်ဖြေရာယဇ်ကိုပြုတ်၍၊ ဘော်ဇဉ်ပူဇော် သက္ကာကို ဖုတ်ရသော အရပ်ဖြစ်၏။ လူများကို သန့်ရှင်း စေခြင်းငှါ၊ ထိုအရာတို့ကို ပြင်တန်တိုင်းထဲသို့  မထုတ် ရကြဟု ငါ့အားပြောဆို၏။
21M'a dus apoi în curtea de afară, şi m'a făcut să trec pe lîngă cele patru colţuri ale curţii. Şi iată că era o curte la fiecare colţ al curţii.
21တဖန်ပြင်တန်တိုင်းထဲသို့ ငါ့ကိုခေါ်သွင်း၍ တန်တိုင်းထောင့် လေးထောင့်တို့ကို ရှောက်သွားစေသဖြင့်၊ ထိုလေးထောင့်တို့၌ တန်တိုင်းငယ် တခုစီရှိသည်ကို ငါမြင်၏။
22Şi în cele patru colţuri ale curţii erau nişte curţi despărţite, lungi de patru zeci de coţi şi late de treizeci; cîteşi patru aveau aceeaş măsură, şi erau în colţuri.
22ထိုတန်တိုင်းငယ်တို့သည် အလျားအတောင် လေးဆယ်၊ အနံအတောင်သုံးဆယ်ရှိ၍၊ အတိုင်းအရှည် တညီတညွတ်တည်း ဖြစ်ကြ၏။
23Cîteşi patru erau înconjurate cu un zid, şi la picioarele zidului de jur împrejur erau nişte vetre pentru gătit.
23ထိုလေးထောင့်တို့အတွင်း ပတ်လည်၌ ချက် ပြုတ်စရာဘို့ အစဉ်အတိုင်း ခုံလောက်တန်းများ ရှိကြ၏။
24El mi -a zis: ,Acestea sînt bucătăriile, unde vor fierbe slujitorii casei carnea de la jertfele aduse de popor.
24ဤအရပ်တို့ကား အိမ်တော်အမှုစောင့်တို့သည် လူများပူဇော်သော ယဇ်ကောင်တို့ကို ပြုတ်ရသော အရပ် ဖြစ်ကြသည်ဟု ငါ့အား ပြောဆို၏။