1Proorocie împotriva Babilonului, descoperită lui Isaia, fiul lui Amoţ.
1ဗာဗုလုန်မြို့ကို ရည်ဆောင်၍ အာမုတ်၏သား ဟေရှာယခံရသော ဗျာဒိတ်တော်အချက်ဟူမူကား၊
2Ridicaţi un steag pe un munte gol, înălţaţi glasul spre ei, faceţi semne cu mîna, ca să vină la porţile asupritorilor!
2ရှင်းလင်းသော တောင်ပေါ်မှာအလံကို ထူကြ။ ကျယ်သောအသံနှင့် အော်ဟစ်ကြ။ လက်ကိုလှုပ်ကြ။သူတို့သည် မင်းတို့နေရာတံခါးများကို ဝင်ကြစေ။
3,,Am dat poruncă sfintei Mele oştiri-zice Domnul-am chemat pe vitejii Mei la judecata mîniei Mele, pe cei ce se bucură de mărimea Mea.``
3ငါသန့်ရှင်းစေသော သူတို့ကို ငါမှာထားပြီ။ ငါပေးသောဘုန်းအာနုဘော်ကြောင့် ဝမ်းမြောက်သောသူ၊ ငါ၏သူရဲတို့ကို ငါ့အမျက်ပြေစေခြင်းငှါ ငါခေါ်ပြီ။
4Un vuiet se aude pe munţi, ca vuietul de popor mult; se aude o zarvă de împărăţii, de neamuri adunate. Domnul oştirilor Îşi cercetează oastea care va da lupta.
4ကြီးစွာသော အလုံးအရင်း၏ အသံကဲ့သို့ တောင်တို့အပေါ်မှာ လူများ၏ အသံဗလံ၊ စုဝေးသော တိုင်းသူပြည်သားများတို့၏ အုတ်အုတ်ကျက်ကျက်သော အသံဗလံရှိသည်နှင့်၊ ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရ ဘုရားသည် စစ်တိုက်ခြင်းငှါ၊ အလုံးအရင်းကိုစီရင် ခင်းကျင်းတော်မူ၏။
5Ei vin dintr'o ţară depărtată, de la marginea cerurilor: Domnul şi uneltele mîniei Lui vor nimici tot pămîntul.
5ထာဝရဘုရားနှင့်အတူတကွ အမျက်တော် လက်နက်တို့သည် တပြည်လုံးကို ဖျက်ဆီးခြင်းငှါ၊ ဝေး သောပြည်၊ ကောင်းကင်စွန်းမှ လာကြ၏။
6Gemeţi! căci ziua Domnului este aproape: ea vine ca o pustiire a Celui Atotputernic!
6ထာဝရဘုရား၏ နေ့ရက်သည်နီးသောကြောင့်၊ ငိုကြွေးမြည်တမ်းကြလော့။ အနန္တတန်ခိုးရှင်စီရင် တော်မူ သော ဘေးအန္တရာယ်ကဲ့သို့လာလိမ့်မည်။
7De aceea toate mînile slăbesc, şi orice inimă omenească se topeşte.
7ထိုကြောင့်၊ရှိသမျှသော လက်တို့သည် ကျကြ လိမ့်မည်။ လူအပေါင်းတို့သည် စိတ်ပျက်၍ ကြောက်လန့် ခြင်းသို့ ရောက်ကြလိမ့်မည်။
8Ei sînt năpădiţi de spaimă; îi apucă chinurile şi durerile; se zvîrcolesc ca o femeie în durerile naşterii, se uită unii la alţii încremeniţi; feţele lor sînt roşi ca focul.
8နာခြင်းဝေဒနာအမျိုးမျိုးကို ခံရကြလိမ့်မည်။ သားဘွားသော မိန်းမကဲ့သို့ဝေဒနာကို ခံရလျက်၊ တ ယောက်ကိုတယောက် ကြည့်ရှု၍မှိုင်တွေသဖြင့်၊သူတို့ မျက်နှာသည် မီးလျှံအဆင်းရှိလိမ့်မည်။
9Iată, vine ziua Domnului, zi fără milă, zi de mînie şi urgie aprinsă, care va preface tot pămîntul în pustiu, şi va nimici pe toţi păcătoşii de pe el.
9ထိုပြည်ကိုဖျက်ဆီး၍၊ အပြစ်ကြီးသော ပြည်သူ ပြည်သားတို့ကို သုတ်သင်ဖယ်ရှင်းခြင်းငှါ၊ ထာဝရ ဘုရား ၏ ကြမ်းကြုတ်သောနေ့ရက်သည် ပြင်းထန်သော ဒေါသ အမျက်ထွက်လျက်လာလိမ့်မည်။
10Căci stelele cerurilor şi Orionul nu vor mai străluci; soarele se va întuneca la răsăritul lui, şi luna nu va mai lumina.
10မိုဃ်းကောင်းကင်ကြယ်နက္ခတ်တို့သည် အလင်း ကိုမပေး။ နေသည်လည်း ထွက်သောအခါမိုက် လျက်၊ လ သည်လည်း မထွန်းမလင်းဘဲလျက်ရှိလိမ့်မည်။
11Voi pedepsi-zice Domnul-lumea pentru răutatea ei, şi pe cei răi pentru nelegiuirile lor; voi face să înceteze mîndria celor trufaşi, şi voi doborî semeţia celor asupritori.
11ထိုလောကီနိုင်ငံ၏ အပြစ်ကို၎င်း၊ မတရားသော သူတို့၏ ဒုစရိုက်များကို၎င်းငါစစ်ကြောမည်။ မာနကြီး သောသူတို့၏ ထောင်လွှားခြင်းကို ငါနှိပ်စက် ၍၊ကြမ်း ကြုတ်သောသူတို့၏ စော်ကားခြင်းကို ငါနှိမ့်ချမည်။
12Voi face pe oameni mai rari decît aurul curat, şi mai scumpi decît aurul din Ofir.
12လူသည် ရွှေစင်ထက် အဘိုးထိုက်မည် အကြောင်း၊ ဆင်းရဲသားသည် ဩဖိရရွှေကျောက်ထက် အဘိုးထိုက်မည်အကြောင်း ငါပြုမည်။
13Pentru aceasta voi clătina cerurile, şi pămîntul se va zgudui din temelia lui, de mînia Domnului oştirilor, în ziua mîniei Lui aprinse.
13သို့ဖြစ်၍၊ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရ ဘုရား၏ ဒေါသအမျက်တော်ပြင်းစွာ ထွက်သော နေ့ ရက်၌၊ မိုဃ်းကောင်းကင်ကို ငါလှုပ်ရှားမည်။ မြေကြီး လည်း မိမိနေရာမှ ရွေ့ရလိမ့်မည်။
14Atunci, ca o căprioară speriată, ca o turmă fără păstor, fiecare se va întoarce la poporul său, fiecare va fugi în ţara lui.
14ပြည်သားတို့သည် ကြောက်၍ပြေးသောဒရယ်မ၊ ထိန်းသိမ်းသူမရှိသော သိုးများကဲ့သို့ ဖြစ်၍၊ အသီးအသီး မိမိအမျိုးသားချင်းတို့ကို မျက်နှာပြု၍၊ အသီးအသီး မိမိပြည်သို့ ပြေးကြလိမ့်မည်။
15Toţi ceice vor fi prinşi, vor fi străpunşi, şi toţi cei ce vor fi apucaţi, vor cădea ucişi de sabie.
15တွေ့မိသမျှသော သူတို့ကို လှံနှင့်ထိုးရ၏။ စုဝေး လျက်ရှိသော သူအပေါင်းတို့လည်း ထားဖြင့် ဆုံးကြလိမ့် မည်။
16Copiii lor vor fi zdrobiţi supt ochii lor, casele le vor fi jăfuite, şi nevestele lor vor fi necinstite.
16သူတို့သားသမီးများကို သူတို့မျက်မှောက်၌ မြေ ပေါ်မှာ ဆောင့်ဖွပ်လိမ့်မည်။ သူတို့ အိမ်များကို လုယက် ၍၊သူတို့ မယားများကို အဓမ္မပြုကြလိမ့်မည်။
17Iată, aţîţ împotriva lor pe Mezi, cari nu se uită la argint, şi nu poftesc aurul.
17ကြည့်ရှုလော့။ ငွေကိုပမာဏမပြု၊ ရွှေကိုအ လိုမရှိသော မေဒိလူများကို သူတို့တဘက်၌ ငါနှိုးဆော် မည်။
18Cu arcurile lor vor doborî pe tineri, şi vor fi fără milă pentru rodul pîntecelor: ochiul lor nu va cruţa pe copii.
18သူတို့သည် လူပျိုတို့ကို လေးနှင့်ရိုက်ခတ်ကြလိမ့် မည်။ အကလေးတို့ကို မသနားကြ။ သူတို့မျက်စိသည် သူငယ်တို့ကို မနှမြောရ။
19Şi astfel Babilonul, podoaba împăraţilor, falnica mîndrie a Haldeilor, va fi ca Sodoma şi Gomora, pe cari le -a nimicit Dumnezeu.
19တိုင်းနိုင်ငံတို့၏ အထွဋ်၊ ခါလဒဲ အမျိုးသားတို့၏ ဘုန်းအသရေဖြစ်သော ဗာဗုလုန်မြို့သည် ဘုရားသခင် ဖျက်ဆီးတော်မူသော သောဒုံမြို့နှင့် ဂေါမောရမြို့ကဲ့သို့ ဖြစ်လိမ့်မည်။
20El nu va mai fi locuit, nu va mai fi niciodată popor în el. Arabul nu-şi va mai întinde cortul acolo, şi păstorii nu-şi vor mai ţărcui turmele acolo,
20ထိုမြို့၌ ကာလအစဉ်၊ လူမျိုးအဆက်ဆက် အဘယ်သူမျှ မနေရ။ ထိုမြို့၌ အာရပ်လူသည် တဲကိုမျှ မဆောက်ရ။ သိုးထိန်းတို့သည် သိုးခြံကိုမျှ မလုပ်ရကြ။
21ci fiarele pustiei îşi vor face culcuşul acolo, bufniţele îi vor umplea casele, struţii vor locui acolo, şi stafiile se vor juca acolo.
21တောသားရဲတို့သည် ထိုမြို့၌ အိပ်ကြလိမ့်မည်။ အိမ်တို့သည် မြည်တတ်သော တိရစ္ဆာန်များနှင့် အပြည့် ရှိကြလိမ့်မည်။ ကုလားအုပ်ငှက်တို့လည်း နေရာကျ၍၊ မျောက်တို့လည်း ကခုန်ကြလိမ့်မည်။
22Şacalii vor urla în casele lui împărăteşti pustii, şi cînii sălbatici în casele lui de petrecere. Vremea lui este aproape să vină, şi zilele nu i se vor lungi.``
22တောခွေးတို့သည်လည်း၊ ဘုံဗိမာန်များ၌၎င်း၊ မြေခွေးတို့သည်လည်း၊ ကြက်သရေတိုက်များ၌၎င်း၊အူကြ၊ မြည်ကြလိမ့်မည်။ ထိုသို့သော ကာလနီးလှပြီ။ ထိုမြို့၏ အသက် တာမရှည်ရ။