1,,Aşa vorbeşte Domnul către unsul Său, către Cir, pe care -l ţine de mînă, ca să doboare neamurile înaintea lui, şi să deslege brîul împăraţilor, să -i deschidă porţile, ca să nu se mai închidă:
1အကြင်သူ၏ရှေ့မှာ အပြည်ပြည်တို့ကို နှိမ့်ချ၍၊ ရှင်ဘုရင်တို့ကို တန်ဆာချွတ်လျက်၊ အတွင်းတံခါးတို့ကို မပိတ်ရဘဲ၊ နှစ်ရွက်ရှိသော တံခါးတို့ကို ဖွင့်ခြင်းငှါ၊ အကြင်သူ၏ လက်ျာလက်ကို ငါထောက်မ၏။ ထိုသူ တည်းဟူသော ကုရုမင်း၊ ထာဝရဘုရား ပေးတော်မူ၍ ဘိသိက်ခံသောမင်းအား မိန့်တော်မူသည်ကား၊
2,Eu voi merge înaintea ta, voi netezi drumurile muntoase, voi sfărîma uşile de aramă, şi voi rupe zăvoarele de fer.
2သင့်ရှေ့မှာ ငါသွား၍ မြင့်သောအရပ်ကို ညီစေ မည်။ ကြေးဝါတံခါးတို့ကို ချိုး၍၊ သံကန့်လန့်တို့ကို အပိုင်းပိုင်းဖြတ်မည်။
3Îţi voi da vistierii ascunse, bogăţii îngropate, ca să ştii că Eu sînt Domnul care te chem pe nume, Dumnezeul lui Israel.
3မှောင်မိုက်၌ရှိသော ဘဏ္ဍာ၊ လုံခြုံစွာ ဝှက်ထား သော ဥစ္စာတို့ကို သင့်အား ငါပေးမည်။ သို့ဖြစ်၍၊ ငါသည် သင့်ကို နာမည်ဖြင့် ခေါ်သော ဣသရေလအမျိုး၏ ဘုရားသခင်၊ ထာဝရဘုရား ဖြစ်တော်မူကြောင်းကို သင်သိရလိမ့်မည်။
4Din dragoste pentru robul Meu Iacov, şi pentru Israel, alesul Meu, te-am chemat pe nume, ţi-am vorbit cu bună voinţă, înainte ca tu să Mă cunoşti.
4ငါ့ကျွန်ယာကုပ်၊ ငါရွေးကောက်သောသူ ဣသ ရေလအတွက် ၊ ငါသည် သင့်ကို နာမည်ဖြင့် ခေါ်၏။သင်သည် ငါ့ကို မသိသော်လည်း၊ သင်၌ နာမည်သစ်ကို ထပ်၍ပေး၏။
5Eu sînt Domnul, şi nu mai este altul, afară de Mine nu este Dumnezeu. Eu te-am încins, înainte ca tu să Mă cunoşti.
5ငါတပါးတည်းသာ ထာဝရဘုရားဖြစ်၏။ ငါမှတပါး အခြားသော ဘုရားသခင်မရှိ။ သင်သည် ငါ့ကို မသိသော်လည်း၊ သင်၏ခါးကို ငါစည်း၏။
6Ca să se ştie, dela răsăritul soarelui pînă la apusul soarelui, că afară de Mine nu este Dumnezeu: Eu sînt Domnul, şi nu este altul.
6သို့ဖြစ်၍ ငါမှတပါး အခြားသော ဘုရားမရှိ၊ ငါတပါးတည်းသာ ထာဝရဘုရား ဖြစ်ကြောင်းကို၊ နေထွက်ရာအရပ်သားနှင့် အနောက်မျက်နှာသားတို့ သည် သိရကြလိမ့်မည်။
7Eu întocmesc lumina, şi fac întunerecul, Eu dau propăşirea, şi aduc restriştea, Eu, Domnul, fac toate aceste lucruri.
7ငါသည် အလင်းကိုလုပ်၏။ အမိုက်ကိုလည်း ဖန်ဆင်း၏။ ငြိမ်သက်ခြင်းကို ဖြစ်စေ၏။ အမင်္ဂလာ ကိုလည်း ဖန်ဆင်း၏။ ခပ်သိမ်းသော အမူအရာတို့ကို ငါထာဝရဘုရား ပြုတော်မူ၏။
8Să picure cerurile de sus şi să ploaie norii neprihănirea! Să se deschidă pămîntul, să dea din el mîntuirea, şi să iasă totodată din el izbăvirea! Eu, Domnul, fac aceste lucruri.``
8မိုဃ်းကောင်းကင်တို့၊ အထက်မှယိုကြလော့။ မိုဃ်းတိမ်တို့သည် တရားမိုဃ်းရွာကြစေ။ မြေကြီးသည် ပွင့်၍ ကယ်တင်ခြင်းအသီးကို သီးစေ။ ဖြောင့်မတ်ခြင်း တရားသည် တပြိုင်နက်ပေါက်စေ။ ထိုသို့ ငါထာဝရ ဘုရား ဖန်ဆင်း၏။
9,,Vai de cine se ceartă cu Făcătorul său! -Un ciob dintre cioburile pămîntului! -Oare lutul zice el celui ce -l făţuieşte: ,Ce faci?` Şi lucrarea ta zice ea despre tine: ,El n'are mîni?`
9အကြင်သူသည် မိမိကို ဖန်ဆင်းသော သူနှင့် ဆန့်ကျင်ဘက်ပြု၏၊ ထိုသူသည် အမင်္ဂလာရှိ၏။ မြေအိုး ခြမ်းတို့တွင် အိုးခြမ်းပါတကား။ အိုးမြေက၊ သင်သည် အဘယ်သို့သော အရာကို လုပ်သနည်းဟု အိုးထိန်း သမားကို ဆိုရမည်လော။ ငါ့ကို လုပ်သောသူ၌ လက်မရှိ ဟု သင်လုပ်သော အရာကဆိုရမည်လော။
10Vai de cine zice tatălui său: ,Pentru ce m'ai născut?` Şi mamei sale: ,Pentru ce m'ai făcut?``
10မိမိအဘအား၊ သင်သည် အဘယ်သို့သော အရာကို ဖြစ်ဘွားစေသနည်းဟု၍၎င်း၊ မိမိအမိအား၊ သင်သည် အဘယ်သို့သော အရာကို မွေးဘွားသနည်းဟူ ၍၎င်း ဆိုသောသူသည် အမင်္ဂလာရှိ၏။
11Aşa vorbeşte Domnul, Sfîntul lui Israel, şi Făcătorul său: ,Vrea cineva să Mă întrebe asupra viitorului, să-Mi poruncească pentru copiii Mei şi pentru lucrarea mînilor Mele?
11ဣသရေလအမျိုး၏ သန့်ရှင်းသောဘုရား၊ ထိုအမျိုးကို ဖန်ဆင်းသော ထာဝရဘုရား မိန့်တော်မူ သည်ကား၊ သင်တို့သည်ဖြစ်လတံ့သော အမှုတို့ကို ငါ့ထံ၌ မေးမြန်းကြလော့။ ငါ့သားတို့အတွက်၊ ငါ့ကိုယ်တိုင် ပြုသော အမှုအတွက်ကြောင့်၊ ငါ့ကို စီရင်ကြလော့။
12Eu am făcut pămîntul, şi am făcut pe om pe el; Eu cu mînile Mele am întins cerurile, şi am aşezat toată oştirea lor.
12မြေကြီးကို ငါလုပ်လေပြီ။ မြေကြီးပေါ်မှာ လူကို လည်း ဖန်ဆင်းလေပြီ။ မိုဃ်းကောင်းကင်ကို ကိုယ်လက် နှင့် ငါကြက်လေပြီ။ မိုဃ်းကောင်းကင်တန်ဆာအပေါင်း တို့ကို ငါခန့်ထားလေပြီ။
13Eu am ridicat pe Cir, în dreptatea Mea, şi voi netezi toate cărările lui. El Îmi va zidi iarăş cetatea, şi va da drumul prinşilor Mei de război, fără preţ de răscumpărare şi fără daruri, zice Domnul oştirilor.``
13ထိုသူကိုလည်း တရားတော်အတိုင်း ငါ ပေါ်ထွန်းစေ၏။ သူသွားသော လမ်းကို ငါဖြောင့်စေမည်။ သူသည် ငါ၏မြို့ကို တည်ဆောက်လိမ့်မည်။ သိမ်းသွား ချုပ်ထားခြင်းကို ခံရသော ငါ၏ လူတို့ကို သူသည် အဘိုး မခံ၊ ဆုမယူဘဲ လွှတ်လိမ့်မည်ဟု ကောင်းကင်ဗိုလ်ခြေ အရှင် ထာဝရဘုရား မိန့်တော်မူ၏။
14Aşa vorbeşte Domnul: ,,Cîştigurile Egiptului şi negoţul Etiopiei şi ale Sabeenilor, oameni de statură înaltă, vor trece la tine şi vor fi ale tale. Popoarele acestea vor merge după tine, vor trece înlănţuite, se vor închina înaintea ta, şi-ţi vor zice rugîndu-te: ,Numai la tine se află Dumnezeu, şi nu este alt Dumnezeu afară de El.``
14တဖန် ထာဝရဘုရား မိန့်တော်မူသည်ကား၊ အဲဂုတ္တုပြည်၌ ဆည်းဖူးသောဥစ္စာ၊ ကုရှပြည်သား၊ အရပ် မြင့်သော သေဘအမျိုးသား ပြုစုသော ကုန်သွယ်ဥစ္စာ သည် သင့်ဘက်သို့ ရောက်၍၊ သင်၏ဥစ္စာဖြစ်ရလိမ့်မည်။ ထိုသူတို့သည် သင့်နောက်သို့ လိုက်၍ သံကြိုးနှင့် ချည် နှောင်လျက် လမ်း၌ ရှောက်သွားကြလိမ့်မည်။ သင့်ရှေ့မှာ ပြပ်ဝပ်၍၊ အကယ်စင်စစ် ကိုယ်တော်၌ ဘုရားသခင်ရှိ တော်မူ၏။ ထိုဘုရားမှတပါး အခြားသာ ဘုရားသခင် မည်မျှမရှိပါဟူ၍ တောင်းပန်ကြလိမ့်မည်။
15Dar Tu eşti un Dumnezeu care Te ascunzi, Tu, Dumnezeul lui Israel, Mîntuitorule!
15အိုဣသရေလ အမျိုး၏ဘုရားသခင်၊ ကယ်တင် တော်မူသောဘုရား၊ အကယ်စင်စစ် ကိုယ်တော်သည် ကိုယ်ကို ထင်ရှားစွာ ပြတော်မမူသော ဘုရားသခင် ဖြစ်တော်မူ၏။
16Toţi sînt ruşinaţi şi uluiţi, toţi pleacă plini de ocară, făuritorii idolilor.
16ရုပ်တုကိုလုပ်သော သူအပေါင်းတို့သည် ရှက် ကြောက်၍ မိန်းမောတွေဝေကြလိမ့်မည်။ အရှက်ကွဲ၍ တပြိုင်နက် ဆုတ်သွားကြလိမ့်မည်။
17Dar Israel va fi mîntuit de Domnul, cu o mîntuire vecinică. Voi nu veţi fi nici ruşinaţi, nici înfruntaţi, în veci.
17ဣသရေလအမျိုးမူကား၊ ထာဝရဘုရားအားဖြင့် ထာဝရကယ်တင်ခြင်းသို့ ရောက်၍၊ သင်တို့သည် ရှက် ကြောက်ခြင်း၊ မှိုင်တွေခြင်းနှင့် ကမ္ဘာအဆက်ဆက် ကင်း လွတ်ကြလိမ့်မည်။
18Căci aşa vorbeşte Domnul, Făcătorul cerurilor, singurul Dumnezeu, care a întocmit pămîntul, l -a făcut şi l -a întărit, l -a făcut nu ca să fie pustiu, ci l -a întocmit ca să fie locuit-:,,Eu sînt Domnul, şi nu este altul!
18မိုဃ်းကောင်းကင်ကို ဖန်ဆင်းတော်မူသော ထာဝရဘုရား၊ မြေကြီးကို ပြုပြင်ဖန်ဆင်း၍ အမြဲတည် စေတော်မူသော အရှင်၊ အချည်းနှီးဖန်ဆင်းသည်မဟုတ်၊ သတ္တဝါနေစရာဘို့ ဖန်ဆင်းတော်မူသော ဘုရားသခင် မိန့်တော်မူသည်ကား၊ ငါသည် ထာဝရဘုရား ဖြစ်၏။ ငါမှတပါး အခြားသော ဘုရားမရှိ။
19Eu n'am vorbit în ascuns, într'un colţ întunecos al pămîntului. Eu n'am zis seminţei lui Iacov: ,Căutaţi-Mă în zădar!` Eu, Domnul, spun ce este adevărat, vestesc ce este drept.``
19ငါသည် တိတ်ဆိတ်စွာ မဟော။ မြေကြီးထဲမှာ မှောင်မိုက်သော အရပ်၌မဟော။ သင်တို့သည် ကျေးဇူး မရှိဘဲ ငါ့ကို ရှာကြလော့ဟု ယာကုပ်အမျိုးအား ငါမပြော။ ငါသည် ဖြောင့်မတ်စွာ ပြော၍ အတည့်အလင်းဟော တတ်သော ထာဝရဘုရားဖြစ်၏။
20,,Strîngeţi-vă, veniţi şi apropiaţi-vă împreună, voi cei scăpaţi dintre neamuri! N'au nicio pricepere cei ce îşi duc idolul de lemn, şi cheamă pe un dumnezeu, care nu poate să -i mîntuiască.
20သင်တို့သည် စည်းဝေး၍ လာကြလော့။ အတိုင်း တိုင်းအပြည်ပြည်တို့မှ ဘေးလွတ်သော သူတို့၊ စည်းဝေး ကြလော့။ မိမိထုလုပ်သော သစ်သားကို ဆောင်ရွက် သောသူ၊ မကယ်တင်နိုင်သော ဘုရားကို ပဌနာပြုသော သူတို့သည် ပညာမရှိကြ။
21Spuneţi-le, şi aduceţi -i încoace, ca să se sfătuiască unii cu alţii! Cine a proorocit aceste lucruri dela început, şi le -a vestit de mult? Oare nu Eu, Domnul? Nu este alt Dumnezeu decît Mine, Eu sunt singurul Dumnezeu drept şi mîntuitor, alt Dumnezeu afară de Mine nu este.
21သိတင်းကြားပြောကြလော့။ လူများကို အနီးသို့ ခေါ်ခဲ့၍ တိုင်ပင်ကြစေ။ ဤအမှုကို ရှေးကာလမှစ၍ အဘယ်သူ ဘော်ပြသနည်း။ အထက်က အဘယ်သူ ဟောပြောသနည်း။ ငါထာဝရဘုရား ဟောပြောသည် မဟုတ်လော။ ငါမှတပါး အခြားသော ဘုရားသခင်မရှိ။ ငါသည် ဖြောင့်မတ်သော ဘုရား၊ ကယ်တင်သောဘုရား ဖြစ်၏။ ငါမှတပါး အခြားသော ဘုရားမရှိ။
22Întoarceţi-vă la Mine, şi veţi fi mîntuiţi toţi ceice sînteţi la marginile pămîntului! Căci Eu sînt Dumnezeu, şi nu altul.
22မြေကြီးစွန်းသား အပေါင်းတို့၊ ငါ့ကို မျှော်ကြည့် ၍၊ ကယ်တင်ခြင်းကျေးဇူးကို ခံကြလော့။ ငါသည် ဘုရား သခင်ဖြစ်၏။ ငါမှတပါး အခြားသော ဘုရားမရှိ။
23Pe Mine Însumi Mă jur, adevărul iese din gura Mea şi cuvîntul Meu nu va fi luat înapoi: orice genunchi se va pleca înaintea Mea, şi orice limbă va jura pe Mine.
23ငါ့ရှေ့၌ လူတိုင်းဒူးထောက်ရမည်၊ လူတိုင်း မိမိ နှုတ်နှင့် သစ္စာခံရမည်ဟု ကိုယ်ကိုကိုယ်တိုင်တည်၍ ငါကျိန်ဆိုသော တရားစကားသည် ငါ့နှုတ်မှ ထွက်သည် ဖြစ်၍၊ မပြည့်စုံဘဲ မနေရ။
24,Numai în Domnul`, Mi se va zice, ,locuieşte dreptatea şi puterea; la El vor veni, şi vor fi înfruntaţi toţi ceice erau mîniaţi împotriva Lui.
24ထာဝရဘုရားအားဖြင့်သာ ဖြောင့်မတ်ခြင်းနှင့် အစွမ်းသတ္တိကို ရပါသည်ဟု လူတိုင်းလျှောက်ရမည်။ ကိုယ်တော်ကို မနာလိုသော သူအပေါင်းတို့သည် အထံ တော်သို့ လာ၍၊ ရှက်ကြောက်ခြင်းသို့ ရောက်ရကြလိမ့် မည်။
25În Domnul vor fi făcuţi neprihăniţi şi proslăviţi toţi urmaşii lui Israel.``
25ဣသရေလအမျိုးသားအပေါင်းတို့သည် ထာဝရ ဘုရားအားဖြင့် ဖြောင့်မတ်ရာသို့ ရောက်၍ ဝါကြွားကြ လိမ့်မည်။