Romanian: Cornilescu

Myanmar

Isaiah

47

1,,Pogoară-te şi şezi în ţărînă, fecioară, fiica Babilonului; şezi pe pămînt, fără scaun de domnie, fiica Haldeilor; căci nu te vor mai numi supţirică şi plăcută.
1အိုဗာဗုလုန်သတို့သမီးကညာ၊ ဆင်း၍ မြေမှုန့် ၌ထိုင်လော့။ အိုခါလဒဲသတို့သမီး၊ ရာဇပလ္လင်မရှိဘဲ မြေပေါ်မှာ ထိုင်လော့။ သင့်ကို နူးညံ့သိမ်မွေ့သောသူ ဟူ၍ နောက်တဖန်မခေါ်ရ။
2Ia pietrele de moară, şi macină făină; scoate-ţi măhrama, ridică-ţi poala rochiei, descopere-ţi picioarele, treci rîurile!
2ကြိတ်ဆုံကို ယူ၍ စပါးကို ကြိတ်လော့။ မျက်နှာဖုံးကို ဖွင့်လော့။ ရှည်သော အင်္ကျီကို ချွတ်လော့။ ပေါင်အဝတ်ကိုပင့်၍ မြစ်ကို ကူးလော့။
3Goliciunea ţi se va descoperi, şi ţi se va vedea ruşinea. Îmi voi răzbuna, şi nu voi cruţa pe nimeni.`` -
3သင်သည် အဝတ်အချည်းစည်းရှိ၍၊ အရှက် ကွဲခြင်းကို ခံရမည်။ ငါသည် အပြစ်ဒဏ်ကို ပေးမည်။ အဘယ်သူနှင့်မျှ မိဿဟာယမဖွဲ့။
4,,Răscumpărătorul nostru se cheamă Domnul oştirilor, Sfîntul lui Israel.`` -
4ငါတို့ကို ရွေးနှုတ်သောသူကား၊ ကောင်းကင်ဗိုလ် ခြေအရှင် ထာဝရဘုရား၊ ဣသရေလအမျိုး၏ သန့်ရှင်း သော ဘုရားတည်းဟူသော ဘွဲ့နာမရှိတော်မူ၏။
5,,Şezi într'un colţ, şi taci, fata Haldeilor! căci nu te vor mai numi împărăteasa împărăţiilor.
5အိုခါလဒဲသတို့သမီး၊ တိတ်ဆိတ်စွာ ထိုင်လော့။ မိုက်ရာသို့ သွားလော့။ သင့်ကို နိုင်ငံတို့၏ အရှင်မ ဟူ၍ နောက်တဖန် မခေါ်ရ။
6Mă mîniasem pe poporul Meu, Îmi pîngărisem moştenirea, şi -i dădusem în mînile tale: dar tu n'ai avut milă de ei, ci ţi-ai apăsat greu jugul asupra bătrînului.
6ငါသည် ငါ၏လူတို့ကို အမျက်ထွက်သော ကြောင့်၊ ငါ၏ အမွေကို ရှုတ်ချ၍ သင့်လက်သို့ အပ်လိုက် ၏။ သင်သည် သနားသော စိတ်မရှိ။ အသက်ကြီးသူတို့ အပေါ်မှာ လေးသော ထမ်းဘိုးကို တင်လေပြီ။
7Tu ziceai: ,În veci voi fi împărăteasă!` şi nu te-ai gîndit, nici n'ai visat că lucrul acesta are să se sfîrşească.
7သင်ကလည်း၊ ငါသည် အရှင်မ၏အရာ၌ အစဉ် အမြဲနေမည်ဟု ထင်သောကြောင့်၊ ဤအမှုအရာတို့ကို မဆင်ခြင်။ သင်၌ နောက်ဆုံးဖြစ်လတံ့သော အမှုကို မအောက်မေ့။
8Ascultă însă acum, tu cea dedată plăcerilor, care stai fără grijă şi zici în inima ta: ,Eu, şi numai eu, nu voi fi niciodată văduvă, şi nu voi fi niciodată lipsită de copii!`
8ထိုကြောင့်၊ ကာမဂုဏ်၌ ပျော်မွေ့၍၊ သောက ကင်းလွတ်လျက်နေသော သူ၊ ငါရှိ၏။ ငါမှတပါး အဘယ် သူမျှမရှိ။ ငါသည် မုတ်ဆိုးမကဲ့သို့ ထိုင်၍ မနေရ။ သား ဆုံးခြင်းကို ငါမခံရဟု အောက်မေ့သောသူ၊ နားထောင် လော့။
9Şi totuş aceste două lucruri ţi se vor întîmpla deodată, în aceeaş zi: şi perderea copiilor şi văduvia; vor cădea asupra ta cu putere mare, în ciuda tuturor vrăjitoriilor tale şi multelor tale descîntece.
9သင်သည် ပြုစားသော အတတ်နှင့် နတ်ဝိဇ္ဇာ အတတ်များတို့ကို အလွန်ပြုစုသော်လည်း၊ တနေ့တခဏ ခြင်းတွင် သားဆုံးခြင်းနှင့် လင်ဆုံးခြင်းတည်းဟူသော ဘေးနှစ်ပါးတို့သည် သင်၌ ရောက်လိမ့်မည်။ သင်၏ အပေါ်၌ အကုန်အစင် သင့်ရောက်လိမ့်မည်။
10Căci te încredeai în răutatea ta şi ziceai: ,Nimeni nu mă vede!` Înţelepciunea şi ştiinţa ta te-au amăgit, de ziceai în inima ta: ,Eu şi numai eu.`
10သင်သည် ကိုယ်ပြုသော အဓမ္မအမှုကို ကိုးစား ပြီ။ ငါ့ကို အဘယ်သူမျှ မမြင်ဟု ဆိုပြီ။ သင့်ဥာဏ်နှင့် သင့်ပညာအတတ်သည်၊ သင်၏စိတ်ကို မှောက်လှန်သည် ဖြစ်၍၊ သင်က ငါရှိ၏၊ ငါမှတပါး အဘယ်သူမျှမရှိဟု အောက်မေ့ပြီ။
11De aceea nenorocirea va veni peste tine, fără să -i vezi zorile; urgia va cădea peste tine, fără s'o poţi împăca; şi deodată va veni peste tine prăpădul, pe neaşteptate.
11ထို့ကြောင့်၊ အဆုံးမထင်သော ဘေးဥပဒ်သည် သင်၏အပေါ်မှာ ရောက်လိမ့်မည်။ သင်သည် မဖြေနိုင် သော အပြစ်ဒဏ်နှင့်၎င်း၊ မမြော်လင့်နိုင်အောင် ချက် ခြင်း ဖျက်ဆီးခြင်းနှင့်၎င်း တွေ့ကြုံရလိမ့်မည်။
12Vino dar cu descîntecele tale şi cu mulţimea vrăjitoriilor tale, cărora ţi-ai închinat munca din tinereţă; poate că vei putea să tragi vreun folos din ele, poate că vei izbuti.
12သင်သည် ငယ်သော အရွယ်မှစ၍၊ ကြိုးစား အားထုတ်သော နတ်ဝိဇ္ဇာအတတ်နှင့်၊ ပြုစားသော အတတ်အမျိုးမျိုးတို့ကို အမှီပြု၍ တည်နေလော့။ အကျိုး ကို ရကောင်းလျှင် ရလိမ့်မည်။ နိုင်ကောင်းလျှင် နိုင်လိမ့် မည်။
13Te-ai obosit tot întrebînd: să se scoale dar şi să te scape cei ce împart cerul, cari pîndesc stelele, cari vestesc, după lunile noi, ce are să ţi se întîmple!
13သင်သည် များပြားသော တိုင်ပင်ခြင်းအားဖြင့် ပင်ပန်းလှပြီ။ မိုဃ်းကောင်းကင်ကို ကြည့်ရှုသော သူ၊ ကြယ်နက္ခတ်တို့ကို မှတ်သောသူ၊ သင်၌ဖြစ်လတံ့သော အမှုကို၊ လ၏အခြင်းအရာအားဖြင့် ဟောတတ်သော သူတို့သည် ထ၍ သင့်ကို ယခု ကယ်တင်ကြစေ။
14Iată -i, au ajuns ca miriştea, pe care o arde focul, şi nu-şi vor scăpa viaţa din flăcări: căci nu va fi ca un cărbune, la care se încălzeşte cineva, nici un foc, la care stă.
14သူတို့သည် အမှိုက်ကဲ့သို့ဖြစ်၍ မီးရှို့ခြင်းကို ခံရကြလိမ့်မည်။ မီးအရှိန်မှ မိမိတို့ကို မကယ်မနှုတ်ရကြ။ နွေးစရာဘို့ မီးတခဲမျှ၊ လှုံစရာဘို့ မီးအလျှင်းမျှ မကျန်ရစ် ရ။
15Aşa va fi soarta acelora pe care te oboseai să -i întrebi. Şi cei cu cari ai făcut negoţ din tinereţa ta se vor risipi fiecare într'o parte: şi nu va fi nimeni care să-ţi vină în ajutor.``
15သင်နှင့် ဝိုင်းညီ၍ အမှုဆောင်ရွက်သော သူ၊ သင်ငယ်သော အရွယ်မှစ၍ သင်နှင့် ဖောက်ကားရောင်း ဝယ်သောသူတို့သည် သင်၌ ထိုသို့ ဖြစ်ကြ၍၊ ကိုယ်စီ ကိုယ်စီ မိမိနေရာအရပ်သို့ လွှဲသွားသဖြင့်၊ သင့်ကို ကယ်တင်သောသူတစုံတယောက်မျှ မရှိရ။