Romanian: Cornilescu

Myanmar

Job

22

1Elifaz din Teman a luat cuvîntul şi a zis:
1တဖန် တေမန်အမျိုးသား ဧလိဖတ်မြွက်ဆိုသည် ကား၊
2,,Poate un om să aducă vreun folos lui Dumnezeu? Nu; ci înţeleptul nu-şi foloseşte de cît lui.
2လူသည် မိမိပညာအားဖြင့် မိမိအကျိုးကို ပြုစုသကဲ့သို့ ဘုရားသခင်၌ ကျေးဇူးပြုနိုင်သလော။
3Dacă eşti fără prihană, are Cel Atotputernic vre un folos? Şi dacă trăieşti fără vină, ce va cîştiga El?
3သင်၏ဖြောင့်မတ်ခြင်းအားဖြင့်၊ အနန္တတန်ခိုး ရှင်သည် ကျေးဇူးရှိတော်မူသလော။ သင်၏အကျင့်၌ အပြစ်မပါကြောင်းကို ထင်ရှားစေသောအားဖြင့် အကျိုး စီးပွါးရှိတော်မူသလော။
4Pentru evlavia ta te pedepseşte El oare, şi intră la judecată cu tine?
4သင့်ကိုကြောက်ရွံ့သောကြောင့် ဆုံးမပေးတော် မူမည်လော။ သင်နှင့်တရားတွေ့တော်မူမည်လော။
5Nu -i mare răutatea ta? Şi fărădelegile tale fără număr?
5သင်ပြုသော ဒုစရိုက်သည် အလွန်ကြီးသည် မဟုတ်လော။ သင့်အပြစ်တို့သည် မရေတွက်နိုင်အောင် များပြားသည်မဟုတ်လော။
6Luai fără pricină zăloage dela fraţii tăi, lăsai fără haine pe cei goi.
6သင်သည်ညီအစ်ကိုပေါင်ထားသော ဥစ္စာကို မတရားသဖြင့် ခံယူပြီ။ ဆင်းရဲသောသူတို့၏ အဝတ်ကို လည်း ချွတ်ယူပြီ။
7Nu dădeai apă omului însetat, nu voiai să dai pîne omului flămînd.
7မောသောသူသောက်ဘို့ ရေကိုမပေး။ ငတ်မွတ်သောသူကိုမကျွေး။
8Ţara era a ta, fiindcă erai mai tare, te aşezai în ea, fiindcă erai cu vază.
8အားကြီးသောသူမူကားမြေကို ပိုင်ရ၏။ ဂုဏ်အသရေရှိသော သူသည် နေရသောအခွင့်ကိုရ၏။
9Dădeai afară pe văduve cu mînile goale, şi braţele orfanilor le frîngeai.
9သင်သည် မုတ်ဆိုးမတို့ကို လက်ချည်းလွှတ်လိုက်၍၊ မိဘမရှိသော သူငယ်တို့၏လက်ကိုချိုးပြီ။
10Pentru aceea eşti înconjurat de curse, şi te -a apucat groaza dintr'o dată.
10ထိုကြောင့် ကျော့ကွင်းနှင့် ကျော့မိပြီ၊ ထိတ်လန့်သောစိတ်နှင့် ပင်ပန်းရ၏။
11Nu vezi dar acest întunerec, aceste ape multe cari te năpădesc?
11မမြင်နိုင်သောမှောင်မိုက်သည် ညှဉ်းဆဲ၍၊ ပြင်းစွာစီးသောရေသည် လွှမ်းမိုးရ၏။
12Nu este Dumnezeu sus în ceruri? Priveşte vîrful stelelor, ce înalt este!
12ဘုရားသခင်သည် ကောင်းကင်ဘဝဂ်ပေါ်မှာ ရှိတော်မူသည်မဟုတ်လော။ ကြယ်တို့သည် အဘယ်မျှ လောက်မြင့်ကြသည်တကား။
13Şi tu zici: ,Ce ştie Dumnezeu? Poate să judece El prin întunerecul de nori?
13သို့ဖြစ်၍သင်က၊ ဘုရားသခင်သည် အဘယ်သို့ သိတော်မူမည်နည်း။ ထူသောတိမ်တိုက်ကွယ်လျက်နှင့် စီရင်တော်မူနိုင်မည်လော။
14Îl înfăşoară norii, nu vede nimic, bolta cerească abea dacă o străbate!`
14မမြင်နိုင်အောင် ထူထပ်သောတိမ်တို့သည် ကိုယ်တော်ကို လွှမ်းမိုးကြ၏။ ကောင်းကင်စကြဝဠာ ထိပ်ပေါ်မှာ လှည့်လည်တော်မူသည်ဟု ဆိုတတ်၏။
15Ce! vrei s'apuci pe calea străveche, pe care au urmat -o cei nelegiuiţi,
15ကာလအချိန်မစေ့မှီ ဖျက်ဆီးခြင်း၊ ရေလွှမ်းမိုး၍၊
16cari au fost luaţi înainte de vreme, şi au ţinut cît ţine un pîrîu care se scurge?
16အခြေအမြစ်ပယ်ရှင်းခြင်းကို ခံရသောသူတည်းဟူသော ဘုရားသခင်အား ငါတို့ထံမှ ထွက်သွားလော့ဟူ ၍၎င်း၊ အနန္တတန်ခိုးရှင်သည် ငါ့တို့အဘို့အဘယ်သို့ ပြုနိုင်သနည်းဟူ၍၎င်း၊
17Ei ziceau lui Dumnezeu: ,Pleacă dela noi! Ce ne poate face Cel Atot puternic?`
17ဆိုတတ်သော အဓမ္မ လူတို့လိုက်ဘူး သောလမ်းဟောင်းကို သင်သည်လိုက်ဦးမည်လော။
18Şi totuş Dumnezeu le umpluse casele de bunătăţi. -Departe de mine sfatul celor răi! -
18သို့ရာတွင် ဘုရားသခင်သည် သူတို့အိမ်ကို ကောင်းသောအရာနှင့် ပြည့်စေတော်မူ၏။ မတရားသော သူတို့၏ အကြံအစည်ကို ငါသည် ဝန်မခံ။
19Cei fără prihană vor fi martori ai căderii lor şi se vor bucura, cel nevinovat va rîde de ei
19ဖြောင့်မတ်သောသူတို့သည် ကြည့်မြင်၍ ဝမ်းမြောက်ကြ၏။ အပြစ်ကင်းသောသူတို့သည် ထိုအဓမ္မလူ တို့ကို ကဲ့ရဲ့တတ်ကြ၏။
20şi va zice: ,Iată pe protivnicii noştri nimiciţi! Iată-le bogăţiile arse de foc!`
20အကယ်စင်စစ်ငါတို့ရန်သူသည် ပျက်စီးလေပြီ။ သူ၏စည်းစိမ်ကို မီးလောင်လေပြီဟု ဆိုရကြ၏။
21Împrieteneşte-te dar cu Dumnezeu, şi vei avea pace; te vei bucura astfel iarăş de fericire.
21ဘုရားသခင်နှင့် အကျွမ်းဝင်၍ မိဿဟာယဖွဲ့လော့။ ထိုသို့ပြုမှ ကောင်းစားခြင်းသို့ ရောက်ရလိမ့်မည်။
22Primeşte învăţătură din gura Lui, şi pune-ţi la inimă cuvintele Lui.
22နှုတ်တော်ထွက်တရားကို ခံယူ၍ စကားတော်ကို နှလုံး၌သွင်းပါလော့။
23Vei fi aşezat iarăş la locul tău, dacă te vei întoarce la Cel Atot puternic, dacă depărtezi fărădelegea din cortul tău.
23အနန္တတန်ခိုးရှင်ထံတော်သို့ ပြန်လာလျှင်၊ တည်ဆောက်ခြင်းရှိလိမ့်မည်။ သင့်အိမ်မှဒုစရိုက်ကို ပယ်ရှား လျှင်၊
24Aruncă dar aurul în ţărînă, aruncă aurul din Ofir în prundul pîraielor!
24ရွှေကိုမြေမှုန့်ကဲ့သို့၎င်း၊ ဩဖိရရွှေကို မြစ်၌ ရှိသောကျောက်စရစ် ကဲ့သို့၎င်းသိုထားရလိမ့်မည်။
25Şi atunci Cel Atot puternic va fi aurul tău, argintul tău, bogăţia ta.
25ထိုအခါအနန္တတန်ခိုးရှင်သည် သင်၌ရွှေရတနာ၊ သင်သုံးရသော ငွေဘဏ္ဍာဖြစ်တော်မူလိမ့်မည်။
26Atunci Cel Atot puternic va fi desfătarea ta, şi îţi vei ridica faţa spre Dumnezeu.
26သင်သည်အနန္တတန်ခိုးရှင်၌ မွေ့လျော်၍၊ ဘုရားသခင်ကို ဖူးမြော်ရသောအခွင့်ရှိလိမ့်မည်။
27Îl vei ruga, şi te va asculta, şi îţi vei putea împlini juruinţele.
27သင်ဆုတောင်းသောအခါ နားထောင်တော်မူ မည်။ သစ္စာဂတိထားသည်အတိုင်း၊ သစ္စာဝတ်ဖြေရသော အခွင့်ရှိလိမ့်မည်။
28Pe ce vei pune mîna îţi va izbuti, pe cărările tale va străluci lumina.
28သင်ကြံစည်သောအကြံအစည်သည် ထမြောက် ၍၊ သင်သွားသောလမ်း၌ ရောင်ခြည်ထွန်းလိမ့်မည်။
29Vină smerirea, tu te vei ruga pentru ridicarea ta: Dumnezeu ajută pe cel cu ochii plecaţi.
29သူတပါးတို့သည် နှိမ့်ချခြင်းကိုခံရသောအခါ၊ သင်ကချီးမြှောက်သောအခွင့်ရှိသည်ဟု ဆိုရလိမ့်မည်။ စိတ်နှိမ့်ချသောသူကို ကယ်တင်တော်မူလိမ့်မည်။
30El va izbăvi chiar şi pe cel vinovat, care îşi va datora scăparea curăţiei mînilor tale.``
30အပြစ်မကင်းသောသူကိုပင် ကယ်နှုတ်တော်မူလိမ့်မည်။ သင်ပြုသောအမှု သန့်ရှင်းသောအားဖြင့် သူသည်ကယ်တင်ခြင်းသို့ ရောက်လိမ့်မည်ဟုမြွက်ဆို၏။