Romanian: Cornilescu

Myanmar

Job

34

1Elihu a luat din nou cuvîntul, şi a zis:
1တဖန်ဧလိဟုဆက်၍ မြွက်ဆိုသည်ကား၊
2,Ascultaţi, înţelepţilor, cuvintele mele! Luaţi aminte la mine, pricepuţilor!
2အကြားအမြင်များသော ပညာရှိတို့၊ ငါ့စကားကို နားထောင်နာယူကြလော့။
3Căci urechea deosebeşte cuvintele, cum gustă cerul gurii bucatele.`
3ခံတွင်းသည် အစာကို မြည်းစမ်းသကဲ့သို့၊ နားသည် စကားကို စုံစမ်းတတ်၏။
4Să alegem ce este drept, să vedem între noi ce este bun.
4ငါတို့သည် ကိုယ်အဘို့အလိုငှါ စစ်၍တရား သဖြင့် စီရင်ကြကုန်အံ့။ ကောင်းသောအရာကို ကိုယ်တိုင် အားဖြင့် သိမှတ်ကြကုန်အံ့။
5Iov a zis: ,Sînt nevinovat Şi Dumnezeu nu vrea să-mi dea dreptate;
5ယောဘက၊ ငါဖြောင့်မတ်၏။ ဘုရားသခင် သည် ငါ့ကို အမှုရှုံးစေတော်မူ၏။
6am dreptate şi trec drept mincinos; rana mea este jalnică, şi sînt fără păcat.`
6ငါသည် ကိုယ်အကျိုးကို ပျက်စီးစေခြင်းငှါ မုသာပြောရမည်လော။ ငါမပြစ်မှားသော်လည်း၊ မပျောက်နိုင်သောအနာရောဂါစွဲပါသည်တကားဟု ဆိုမိပြီ။
7Este vreun om ca Iov, care să bea batjocura ca apa,
7ယောဘနှင့်တူသော သူတစုံတယောက်ရှိလိမ့်မည်လော။ ရေကို သောက်သကဲ့သို့ ကဲ့ရဲ့ခြင်းကို မျိုတတ်၏။
8care să umble în tovărăşia celor ce fac rău, care să meargă mînă în mînă cu cei nelegiuiţi?
8မတရားသဖြင့်ကျင့်သော သူတို့နှင့်ပေါင်းဘော် ၍၊ လူဆိုးတို့နှင့် သွားလာတတ်၏။
9Căci el a zis: ,Nu -i foloseşte nimic omului să-şi pună plăcerea în Dumnezeu.`
9လူသည်ဘုရားသခင်၌ မွေ့လျော်၍၊ အကျိုး မရှိဟု ယောဘသည် ဆိုမိပြီ။
10Ascultaţi-mă dar, oameni pricepuţi! Departe de Dumnezeu nedreptatea, departe de Cel Atotputernic fărădelegea!
10သို့ဖြစ်၍ ဥာဏ်ကောင်းသောသူတို့၊ ငါ့စကားကိုနားထောင်ကြလော့။ ဒုစရိုက်သည် ဘုရားသခင်နှင့်၎င်း၊ အပြစ်သည် အနန္တတန်ခိုးရှင်နှင့်၎င်း ဝေးပါစေ။
11El dă omului după faptele lui, răsplăteşte fiecăruia după căile lui.
11လူပြုသော အမှု၏အကျိုးအပြစ်ကို ပေးတော်မူ မည်။ လူတိုင်း ကိုယ်ကျင့်သောအကျင့်နှင့်အထိုက် အလျောက် ခံစေတော်မူမည်။
12Nu, negreşit, Dumnezeu nu săvîrşeşte fărădelegea; Cel Atotputernic nu calcă dreptatea.
12အကယ်စင်စစ် ဘုရားသခင်သည် ဒုစရိုက်ကို ပြုတော်မမူ။ အနန္တတန်ခိုးရှင်သည် မတရားသဖြင့် စီရင် တော်မမူ။
13Cine L -a însărcinat să cîrmuiască pămîntul? Cine I -a dat lumea în grija Lui?
13မြေကြီးကို ဘုရားသခင်၌ အဘယ်သူအပ်သနည်း။ လောကဓာတ်လုံးကို အဘယ်သူ စီရင်ပြုပြင် သနည်း။
14Dacă nu s'ar gîndi decît la El, dacă Şi-ar lua înapoi duhul şi suflarea,
14ဘုရားသခင်သည် လူကိုအလိုတော်မရှိ၍၊ လူ၏အသက်ဝိညာဉ်ကို ရုပ်သိမ်းတော်မူလျှင်၊
15tot ce este carne ar pieri deodată, şi omul s'ar întoarce în ţărînă.
15ခပ်သိမ်းသော လူသတ္တဝါတို့သည် ချက်ခြင်း သေပျောက်၍ မြေမှုန့်သို့ တဖန်ရောက်ရကြလိမ့်မည်။
16Dacă ai pricepere, ascultă lucrul acesta, ia aminte la glasul cuvintelor mele!
16ယခုမှာသင်သည် ဥာဏ်ရှိသည်ဖြစ်၍ ဆင်ခြင် ဦးလော့။ ငါ့စကားသံကို နားထောင်ဦးလော့။
17Oare ar putea să domnească un vrăjmaş al dreptăţii? Şi vei osîndi tu pe Cel drept, pe Cel puternic,
17တရားကို မုန်းသောသူသည် အစိုးရရမည်လော။ တရားသဖြင့် စီရင်၍ တန်ခိုးကြီးသောသူကို အပြစ်တင်သင့်သလော။
18care strigă către împăraţi: ,Netrebnicilor!` Şi către domnitori: ,Nelegiuiţilor!`
18သင်သည်လူဆိုးဖြစ်၏ဟု ရှင်ဘုရင်ကို၎င်း၊ သင်တို့သည် အဓမ္မလူဖြစ်ကြ၏ဟုမင်းတို့ကို၎င်း ဆိုသင့် သလော။
19Care nu caută la faţa celor mari, şi nu face deosebire între bogat şi sărac, pentrucă toţi sînt lucrarea mînilor Lui?
19ထိုမျှမက၊ မင်းတို့၏မျက်နှာကို ထောက်တော်မမူ။ ဆင်းရဲသောသူကို အားနာသည်ထက်၊ ရတတ် သောသူကိုသာ၍ အားနာတော်မမူသောဘုရားသခင်ကို မဆိုသင့်သည်မဟုတ်လော။ ဘုရားသခင်သည် ခပ်သိမ်း သောသတ္တဝါတို့ကို ဖန်ဆင်းတော်မူပြီ။
20Într'o clipă, ei îşi pierd viaţa. La miezul nopţii, un popor se clatină şi piere. Cel puternic piere, fără amestecul mînii vreunui om.
20တခဏခြင်းတွင် သတ္တဝါတို့သည် သေတတ်ကြ၏။ သန်းခေါင်အချိန်၌ လူမျိုးတစုံတမျိုး တုန်လှုပ် ကွယ်ပျောက်၍၊ အားကြီးသောသူသော်လည်း အဘယ်သူ မျှမပြုဘဲ သုတ်သင်ပယ်ရှင်းခြင်းသို့ ရောက်တတ်၏။
21Căci Dumnezeu vede purtatea tuturor, priveşte paşii fiecăruia.
21အကြောင်းမူကား၊ လူသွားရာလမ်းတို့ကို ဘုရား သခင်ကြည့်ရှု၍၊ လူခြေရာရှိသမျှတို့ကို မြင်တော်မူ၏။
22Nu este nici întunerec, nici umbră a morţii, unde să se poată ascunde cei ce fac fărădelegea.
22မတရားသဖြင့် ကျင့်သောသူ၏ ပုန်းရှောင်ရာ မှောင်မိုက်၊ သေမင်းအရိပ်တစုံတခုမျှမရှိ။
23Dumnezeu n'are nevoie să privească multă vreme, ca să tragă pe un om la judecată înaintea Lui.
23ဘုရားသခင့်ရှေ့တော်၌ လူသည် တရားတွေ့ သောအခါ၊ အထပ်ထပ်စစ်ကြောတော်မူစရာ အကြောင်း မရှိ။
24El zdrobeşte pe cei mari fără cercetare, şi pune pe alţii în locul lor.
24အားကြီးသောသူတို့ကိုပင် မစစ်ကြောဘဲ ချိုးဖျက်၍၊ သူတို့အရာ၌ အခြားသောသူကို ခန့်ထားတော်မူ ၏။
25Căci El cunoaşte faptele lor: noaptea îi răstoarnă, sînt zdrobiţi.
25သို့ဖြစ်၍ သူတို့ပြုသမျှကို သိတော်မူသဖြင့်၊ ညဉ့်မှောင်မိုက်ကို ရောက်စေ၍ ဖျက်ဆီးတော်မူ၏။
26Îi loveşte ca pe nişte nelegiuiţi, în faţa tuturor.
26သူတို့အပြစ်ကြောင့် ပရိသတ်ရှေ့မှာ ဒဏ်ခတ် တော်မူ၏။
27Abătîndu-se dela El, şi părăsindtoate căile Lui,
27အကြောင်းမူကား၊ သူတို့သည် ဘုရားသခင်ကိုငြင်းပယ်ကြ၏။ ပြုတော်မူသော အမှုတို့ကို အလျှင်းမဆင် ခြင်ကြ။
28ei au făcut să se înalţe la Dumnezeu strigătul săracului. I-au îndreptat luarea aminte la strigătul celui nenorocit.
28ထိုသို့ပြုသောကြောင့် ဆင်းရဲသားငိုကြွေးသံသည် ရှေ့တော်သို့ တက်၍၊ ညှဉ်းဆဲခံရသောသူ၏ ငိုကြွေး သံကိုကြားတော်မူရ၏။
29Dacă dă El pace, cine poate s'o turbure? Dacă Îşi ascunde El Faţa, cine poate să -L vadă? La fel se poartă fie cu un popor, fie cu un om,
29ဘုရားသခင်သည်ချမ်းသာပေးတော်မူလျှင် အဘယ်သူနှောင့်ရှက်နိုင်သနည်း။ မျက်နှာလွှဲတော်မူလျှင် လူတမျိုးလုံးဖြစ်စေ၊ တယောက် တည်းဖြစ်စေ၊ အဘယ်သူသည် မျက်နှာတော်ကို ဖူးမြင် နိုင်သနည်း။
30pentru ca nelegiuitul să nu mai stăpînească şi să nu mai fie o cursă pentru popor.
30ထိုသို့ဆင်းရဲသားတို့ကို မမှားယွင်းစေမည်အကြောင်း အဓမ္မမင်းတို့ကို နှိမ့်ချတော်မူ၏။
31Căci a zis el vreodată lui Dumnezeu: ,Am fost pedepsit, nu voi mai păcătui;
31အကျွန်ုပ်သည် ဆုံးမတော်မူခြင်းကို ခံရပါပြီ။ နောက်တဖန် မပြစ်မှားပါ။
32arată-mi ce nu văd; dacă am făcut nedreptăţi, nu voi mai face?`
32အကျွန်ုပ်နားမလည်သောအရာကိုသွန်သင် တော်မူပါ။ ဒုစရိုက်ကို ပြုမိသည်ဖြစ်၍၊ နောက်တဖန် မပြုဘဲ နေပါမည်ဟု ဘုရားသခင်အား လျှောက်သင့် သည် မဟုတ်လော။
33Oare după părerea ta va face Dumnezeu dreptate? Tu lepezi, tu alegi, şi nu eu; Spune dar ce ştii!
33သင်သည် ငြင်းပယ်သည်ဖြစ်စေ၊ ရွေးယူသည် ဖြစ်စေ၊ သင်၏အလိုသို့သာ ဘုရားသခင်လိုက်၍၊ အလို တော်သို့မလိုက်ဘဲ အကျိုးအပြစ်ကို ပေးတော်မူရမည် လော။ သို့ဖြစ်လျှင် နားလည်သည်အတိုင်း ပြောပါ။
34Oamenii cu pricepere vor fi de părerea mea, înţeleptul care m'ascultă va gîndi ca mine:
34ဥာဏ်ကောင်းသော သူတို့သည် စကားပြောပါ စေ။ ပညာရှိသော သူတို့သည် ငါ့စကားကို နားထောင် ပါစေ။
35,Iov vorbeşte fără pricepere, şi cuvîntările lui sînt lipsite de judecată.
35ယောဘသည် နားမလည်ဘဲပြောမိပြီ။ သူပြော သောစကားသည် ပညာစကားမဟုတ်။
36Să fie încercat dar mai departe, fiindcă răspunde ca cei răi!
36ယောဘသည် မတရားသော သူကဲ့သို့ ပြန်ပြော တတ်သောကြောင့်၊ အဆုံးတိုင်အောင် စုံစမ်းစေခြင်းငှါ ငါအလိုရှိ၏။
37Căci adaugă la greşelile lui păcate noi; bate din palme în mijlocul nostru, îşi înmulţeşte cuvintele împotriva lui Dumnezeu.``
37ဒုစရိုက်ကိုပြုသည်သာမက၊ ပုန်ကန်သော အပြစ်ရှိသေး၏။ ငါတို့တွင် အောင်ပွဲကိုခံ၍၊ ဘုရားသခင် ကို ပြစ်မှားသောစကားနှင့် များစွာပြော တတ်သည်ဟု မြွက်ဆို၏။