Romanian: Cornilescu

Myanmar

Matthew

22

1Isus a luat cuvîntul, şi le -a vorbit iarăş în pilde. Şi a zis:
1တဖန် ယေရှုသည် ဥပမာကိုဆောင်၍ ပရိသတ်တို့အား မိန့်မြွက်တော်မူသည်ကား၊
2,,Împărăţia cerurilor se aseamănă cu un împărat, care a făcut nuntă fiului său.
2ကောင်းကင်နိုင်ငံတော်သည် မိမိသားအဘို့ ထိမ်းမြားမင်္ဂလာဆောင်ပွဲကို စီရင်သောမင်းကြီးနှင့် တူ၏။
3A trimes pe robii săi să cheme pe cei poftiţi la nuntă; dar ei n'au vrut să vină.
3ထိုမင်းကြီးသည် ဘိတ်ပြီးသောသူတို့ကို ခေါ်စေခြင်းငှါ လုလင်တီု့ကိုစေလွှတ်သောအခါ ထိုသူတို့သည် မလာဘဲနေကြ၏။
4A trimes iarăş alţi robi, şi le -a zis: ,Spuneţi celor poftiţi: ,,Iată că am gătit ospăţul meu; juncii şi vitele mele cele îngrăşate au fost tăiate; toate sînt gata, veniţi la nuntă.`
4တဖန် အခြားသောလုလင်တို့ကို စေလွှတ်၍ ငါ့ပွဲကို ငါပြင်ဆင်ပြီ။ နွားမှစသော ဆူဖြိုးသော တိရစ္ဆာန် များကို သတ်၍ပြီးပြီ။ အလုံးစုံတို့သည် အသင့်ရှိပြီ။ မင်္ဂလာဆောင်ပွဲသို့ လာကြပါဟု ဘိတ်ပြီးသောသူတို့အား ပြောကြဟု မှာလိုက်ပြန်၏။
5Dar ei, fără să le pese de poftirea lui, au plecat: unul la holda lui, şi altul la negustoria lui.
5သို့သော်လည်း ထိုသူတို့သည် နားမထောင်ဘဲ အချို့တို့သည် မိမိလယ်သို့သွားကြ၏။ အချို့တို့သည် ကုန်သွယ်ရာသို့ သွားကြ၏။
6Ceilalţi au pus mîna pe robi, şi-au bătut joc de ei, şi i-au omorît.
6ကြွင်းသောသူတို့သည်လည်း လုလင်တို့ကိုဘမ်းဆီး၍ ညှဉ်းဆဲခြင်း၊ အသေသတ်ခြင်းကို ပြုကြ၏။
7Cînd a auzit împăratul s'a mîniat; a trimes oştile sale, a nimicit pe ucigaşii aceia, şi le -a ars cetatea.
7ထိုမင်းကြီးသည်ကြားလျှင် အမျက်ထွက်၍ စစ်ချီစေသဖြင့်၊ လူအသက်ကိုသတ်သော ထိုသူတို့ကို အပြီးလုပ်ကြံ၍ သူတို့၏မြို့ကို မီးရှို့လေ၏။
8Atunci a zis robilor săi: ,Nunta este gata; dar cei poftiţi n'au fost vrednici de ea.
8ထိုနောက်မှ မင်းကြီးသည်လုလင်တို့ကိုခေါ်၍ ငါ၏မင်္ဂလာဆောင်ပွဲသည် အသင့်ရှိ၏။ ခေါ်ဘိတ် သောသူတို့သည် မထိုက်မတန်သောကြောင့်၊
9Duceţi-vă dar la răspîntiile drumurilor, şi chemaţi la nuntă pe toţi aceia pe cari -i veţi găsi.`
9လမ်းမလမ်းကြားသို့သွား၍ တွေ့သမျှသောသူတို့ကို ပွဲသို့ခေါ်ဘိတ်ကြဟု အမိန့်တော်ရှိသည်အတိုင်း၊
10Robii au ieşit la răspîntii, au strîns pe toţi pe cari i-au găsit, şi buni şi răi, şi odaia ospăţului de nuntă s'a umplut de oaspeţi.
10လုလင်တို့သည် လမ်းများသို့ထွက်သွား၍ ကောင်းမကောင်းတွေ့သမျှသော လူအပေါင်းတို့ကို စုဝေး စေ၍ ပွဲတော်၌အပြည့်ရှိလေ၏။
11Împăratul a intrat să-şi vadă oaspeţii; şi a zărit acolo pe un om, care nu era îmbrăcat în haina de nuntă.
11မင်းကြီးသည် ပွဲ၌ လျောင်းသောသူတို့ကို ကြည့်ရှုခြင်းငှါ ဝင်တော်မူသောအခါ၊ မင်္ဂလာဆောင်ပွဲ၏ အဝတ်ကိုမဝတ်သောသူတယောက်ကိုမြင်လျှင်၊
12,Prietene,` i -a zis el, ,cum ai intrat aici fără să ai haină de nuntă?` Omul acela a amuţit.
12အဆွေ၊ မင်္ဂလာဆောင်ပွဲ၏ အဝတ်မရှိဘဲ အဘယ်ကြောင့်ဝင်သနည်းဟု မေးတော်မူသည်ကို ထိုသူ သည် မပြောနိုင်ဘဲနေ၏။
13Atunci împăratul a zis slujitorilor săi: ,Legaţi -i mînile şi picioarele, şi luaţi -l şi aruncaţi -l în întunerecul de afară; acolo va fi plînsul şi scrîşnirea dinţilor.
13ထိုအခါ မင်းကြီးသည် အခြံအရံတို့အား ထိုသူ၏လက်ခြေကိုတုပ်နှောင်လော့။ ငိုကြွေးခြင်း အံသွားခဲ ကြိတ်ခြင်းရှိရာ၊ ပြင်အရပ် မှောင်မိုက်ထဲသို့ ယူသွားချလိုက်ကြဟု အမိန့်တော်ရှိ၏။
14Căci mulţi sînt chemaţi, dar puţini sînt aleşi.``
14ထိုသို့ ခေါ်တော်မူသောသူ အများရှိသော်လည်း၊ ရွေးကောက်တော်မူသော သူနည်းသည်ဟု မိန့်တော် မူ၏။
15Atunci Fariseii s'au dus şi s'au sfătuit cum să prindă pe Isus cu vorba.
15ထိုအခါ ဖာရိရှဲတို့သည် ထွက်သွားပြီးလျှင်၊ ငါတို့သည်သူ၏စကားကို ချောင်းမြောင်း၍ အပြစ်ပြုခွင့်ကို အဘယ်သို့ရနိုင်သနည်းဟု မေးမြန်းတိုင်ပင်ပြီးမှ၊
16Au trimes la El pe ucenicii lor împreună cu Irodianii, cari I-au zis: ,,Învăţătorule, ştim că eşti adevărat, şi că înveţi pe oameni calea lui Dumnezeu în adevăr, fără să-Ţi pese de nimeni, pentrucă nu cauţi la faţa oamenilor.
16မိမိတပည့်တို့နှင့် ဟေရုဒ်တပည့်တို့ကို အထံတော်သို့စေလွှတ်၍ အရှင်ဘုရား၊ ကိုယ်တော်သည် သစ္စာ ရှိပါ၏။ အဘယ်သူကိုမျှမကြောက်၊ လူမျက်နှာကိုမထောက်ဘဲ ဘုရားသခင်၏တရားလမ်းကို ဟုတ်မှန်စွာ ပြတော်မူသည်ကို အကျွန်ုပ်တို့ သိကြပါ၏။
17Spune-ne dar, ce crezi? Se cade să plătim bir Cezarului sau nu?``
17သို့ဖြစ်၍ ကိုယ်တော်သည် အဘယ်သို့ထင်တော်မူသနည်း။ ကဲသာဘုရင်အားအခွန်ကို ဆက်အပ်သ လော။ မဆက်အပ်သလော အကျွန်ုပ်တို့အား မိန့်တော်မူပါဟု မေးလျှောက်ကြ၏။
18Isus, care le cunoştea vicleşugul, a răspuns: ,,Pentruce Mă ispitiţi, făţarnicilor?
18ယေရှုသည် ထိုသူတို့၏ဆိုးညစ်သောသဘောကို သိတော်မူလျှင်၊ လျှို့ဝှက်သောသူတို့၊ အဘယ်ကြောင့် ငါ့ကို စုံစမ်းနှောင့်ရှက်ကြသနည်း။
19Arătaţi-Mi banul birului.`` Şi ei I-au adus un ban (Greceşte: dinar.).
19အခွန်ငွေတပြားကိုပြပါဟု မိန့်တော်မူ၍၊ ဒေနာရိတပြားကို ယူခဲ့ကြ၏။
20El i -a întrebat: ,,Chipul acesta şi slovele scrise pe el, ale cui sînt?``
20ဤပုံ ဤလိပ်စာကား၊ အဘယ်သူ၏ပုံ အဘယ်သူ၏လိပ်စာဖြစ်သနည်းဟု မေးတော်မူလျှင်၊
21,,Ale Cezarului,`` I-au răspuns ei. Atunci El le -a zis: ,,Daţi dar Cezarului ce este al Cezarului, şi lui Dumnezeu ce este al lui Dumnezeu!``
21ကဲသာဘုရင်၏ပုံ၊ လိပ်စာဖြစ်ပါသည်ဟု လျှောက်ကြသော်၊ ယေရှုကလည်း၊ ကဲသာဘုရင်၏ဥစ္စာကို ကဲသာဘုရင်အား ဆက်ပေးကြလော့။ ဘုရားသခင်၏ ဥစ္စာကိုကား ဘုရားသခင်အားဆက်ပေးကြလော့ဟု မိန့် တော်မူ၏။
22Miraţi de cuvintele acestea, ei L-au lăsat, şi au plecat.``
22ထိုသူတို့သည် ကြားရလျှင်အံ့ဩ၍ အထံတော်မှ ထွက်သွားကြ၏။
23În aceeaş zi, au venit la Isus Saducheii, cari zic că nu este înviere. Ei I-au pus următoarea întrebare:
23ထမြောက်ရှင်ပြန်ခြင်းမရှိဟူ၍ အယူရှိသော ဇဒ္ဒုကဲတို့သည် ထိုနေ့၌ အထံတော်သို့ချဉ်းကပ်၍၊
24,,Învăţătorule, Moise a zis: ,Dacă moare cineva fără să aibă copii, fratele lui să ia pe nevasta fratelui său, şi să -i ridice urmaş.`
24အရှင်ဘုရား၊ လူမည်သည်ကား သားမရှိဘဲသေလျှင်၊ သူ၏မယားကို သူ့ညီသိမ်းယူ၍ အစ်ကိုအမျိုး မပြတ်ဆက်နွယ်စေဟု မောရှေစီရင်ပါပြီ။
25Erau dar la noi şapte fraţi. Cel dintîi s'a însurat, şi a murit; şi, fiindcă n'avea copii, a lăsat fratelui său pe nevasta lui.
25အကျွန်ုပ်တို့တွင် ညီအစ်ကိုခုနစ်ယောက်ရှိပါ၏။ အစ်ကိုအကြီးသည် မိန်းမနှင့်စုံဘက်၍ သားမရှိဘဲ သေသဖြင့် မိမိမယားကို မိမိညီနှင့် ကျန်ရစ်စေ၏။
26Tot aşa şi al doilea, şi al treilea, pînă la al şaptelea.
26ထိုအတူ တယောက်နောက်တယောက် ခုနစ်ယောက်သောညီအစ်ကိုတို့သည် ထိုမိန်းမနှင့် စုံဘက်ပြီးမှ သေကြ၏။
27La urmă, după ei toţi, a murit şi femeia.
27နောက်ဆုံး၌ မိန်းမသည်လည်း သေလေ၏။
28La înviere, nevasta căruia din cei şapte va fi ea? Fiindcă toţi au avut -o de nevastă.
28သို့ဖြစ်၍ ထမြောက်ရာကာလ၌ ထိုမိန်းမသည် ခုနစ်ယောက်သောညီအစ်ကိုတို့တွင် အဘယ်သူ၏ မယားဖြစ်ရပါမည်နည်း။ ထိုသူအပေါင်းတို့သည် ထိုမိန်းမနှင့် စုံဘက်ခြင်းကို ပြုကြပြီဟု မေးလျှောက်ကြ၏။
29Drept răspuns, Isus le -a zis: ,,Vă rătăciţi! Pentru că nu cunoaşteţi nici Scripturile, nici puterea lui Dumnezeu.
29ယေရှုကလည်း၊ သင်တို့သည် ကျမ်းစာကိုနားမလည်၊ ဘုရားသခင်၏တန်ခိုးတော်ကို မသိသော ကြောင့် မှားသောအယူကိုယူကြ၏။
30Căci la înviere, nici nu se vor însura, nici nu se vor mărita, ci vor fi ca îngerii lui Dumnezeu în cer.
30ထမြောက်ရာကာလ၌ စုံဘက်ခြင်းကို မပြု၊ ထိမ်းမြားပေးစားခြင်းကို မပြု။
31Cît priveşte învierea morţilor, oare n'aţi citit ce vi s'a spus de Dumnezeu, cînd zice:
31ကောင်းကင်သားဘုရားသခင်၏ တမန်တော်ကဲ့သို့ ဖြစ်ကြ၏။
32,Eu sînt Dumnezeul lui Avraam, Dumnezeul lui Isaac, şi Dumnezeul lui Iacov?` Dumnezeu nu este un Dumnezeu al celor morţi ci al celor vii.``
32ထိုမှတပါး သေလွန်သောသူတို့သည် ထမြောက်ခြင်းအရာမှာ၊ ဘုရားသခင်က၊ ငါသည် အာဗြဟံ၏ ဘုရား၊ ဣဇာက်၏ဘုရား၊ ယာကုပ်၏ဘုရားဖြစ်သည်ဟု သင်တို့အား မိန့်မြွက်တော်မူကြောင်းကို သင်တို့သည် မဘတ်ဘူးသလော။ ဘုရားသခင်သည် သေနေသောသူတို့၏ ဘုရားမဟုတ်၊ အသက်ရှင်သောသူတို့၏ ဘုရားဖြစ်တော်မူသည်ဟု မိန့်တော်မူ၏။
33Noroadele, cari ascultau, au rămas uimite de învăţătura lui Isus.
33ပရိသတ်များတို့သည် ကြားရလျှင် ဆုံးမဩဝါဒ ပေးတော်မူသည်ကို အံ့ဩခြင်းရှိကြ၏။
34Cînd au auzit Fariseii că Isus a astupat gura Saducheilor, s'au strîns la un loc.
34ဇဒ္ဒုကဲတို့၏ စကားကို ချေတော်မူကြောင်းကို ဖာရိရှဲတို့သည်ကြားလျှင် စုဝေးကြ၍၊
35Şi unul din ei, un învăţător al Legii, ca să -L ispitească, I -a pus întrebarea următoare:
35သူတို့အဝင်အပါဖြစ်သော ကျမ်းတတ်တယောက်သည် ကိုယ်တော်ကို စုံစမ်းနှောင့်ရှက်ခြင်းငှါ၊
36,,Învăţătorule, care este cea mai mare poruncă din Lege?``
36အရှင်ဘုရား၊ ပညတ္တိကျမ်း၌ အဘယ်မည်သော ပညတ်သည်သာ၍ ကြီးသနည်းဟု မေးလျှောက်သော်၊
37Isus i -a răspuns: ,,Să iubeşti pe Domnul, Dumnezeul tău, cu toată inima ta, cu tot sufletul tău, şi cu tot cugetul tău.``
37ယေရှုက၊ သင်၏ဘုရားသခင် ထာဝရဘုရားကို စိတ်နှလုံးအကြွင်းမဲ့ဉာဏ်ရှိသမျှနှင့် ချစ်လော့၊
38,,Aceasta este cea dintîi, şi cea mai mare poruncă.
38ဟူသော ပညတ်သည် ပဌမပညတ်ဖြစ်၏။ ကြီးမြတ်သော ပညတ်လည်းဖြစ်၏။
39Iar a doua, asemenea ei, este: ,Să iubeşti pe aproapele tău ca pe tine însuţi.`
39ထိုမှတပါး ကိုယ်နှင့်စပ်ဆိုင်သောသူကို ကိုယ်နှင့်အမျှ ချစ်လော့ဟူသော ဒုတိယကပညတ်သည် ပဌမ ပညတ်နှင့် သဘောတူ၏။
40În aceste două porunci se cuprinde toată Legea şi Proorocii.``
40ဤပညတ်နှစ်ပါးတို့ကား ပညတ္တိကျမ်းနှင့် အနာဂတ္တိကျမ်း ရှိသမျှတို့၏ အချုပ်အခြာပင်ဖြစ်သတည်းဟု မိန့်တော်မူ၏။
41Pe cînd erau strînşi la un loc Fariseii, Isus i -a întrebat:
41ဖာရိရှဲတို့သည် စုဝေး၍နေကြစဉ်တွင် ယေရှုက၊ သင်တို့သည် ခရစ်တော်ကို အဘယ်သို့ထင်မှတ်ကြ သနည်း။
42Ce credeţi voi despre Hristos? Al cui fiu este?`` ,,Al lui David``, I-au răspuns ei.
42အဘယ်သူ၏ သားဖြစ်သနည်းဟု မေးတော်မူလျှင်၊ ဒါဝိဒ်၏သားဖြစ်သည်ဟု လျှောက်ကြသော်၊
43Şi Isus le -a zis: ,,Cum atunci David, fiind însuflat de Duhul, Îl numeşte Domn, cînd zice:
43သို့ဖြစ်လျှင် ဒါဝိဒ်သည် ခရစ်တော်ကို သခင်ဟူ၍ ဝိညာဉ်တော်အားဖြင့် အဘယ်ကြောင့်ခေါ် သနည်း။
44,Domnul a zis Domnului Meu: ,,Şezi la dreapta Mea, pînă voi pune pe vrăjmaşii Tăi supt picioarele Tale?
44ဒါဝိဒ်၏စကားမှာ ထာဝရဘုရားက၊ သင်၏ ရန်သူတို့ကို သင်၏ခြေတင်ရာ ငါမချမထားမှီတိုင်အောင် ငါ့လက်ျာဘက်၌ ထိုင်နေလော့ဟု ငါ၏သခင်အား မိန့်တော်မူသည်ဟု ဒါဝိဒ်ဆိုသတည်း။
45Deci, dacă David Îl numeşte Domn, cum este El fiul lui?``
45ထိုသို့ ဒါဝိဒ်သည် ခရစ်တော်ကိုသခင်ဟူ၍ ခေါ်လျှင်၊ အဘယ်သို့ သူ၏သားဖြစ်သနည်းဟု မေးတော် မူသည်ရှိသော်၊
46Nimeni nu I -a putut răspunde un cuvînt. Şi, din ziua aceea, n'a îndrăznit nimeni să -I mai pună întrebări.
46အဘယ်သူမျှ စကားတခွန်းကိုပြန်လျှောက်ခြင်းငှါ မတတ်နိုင်ကြ။ ထိုနေ့မှစ၍ နောက်တဖန် အဘယ် သူမျှ မမေးမလျှောက်ဝံ့ကြ။