Romanian: Cornilescu

Myanmar

Micah

6

1Ascultaţi dar ce zice Domnul; ,,Scoală-te, judecă-te înaintea munţilor, şi dealurile să-ţi audă glasul!...
1ထာဝရဘုရား၏အမိန့်တော်ကို နားထောင်ကြ လော့။ ထ၍ တောင်ကြီးတို့ရှေ့မှာ တရားတွေ့သဖြင့်၊ တောင်ငယ်တို့သည် သင့်စကားကို ကြားကြစေ။
2Ascultaţi, munţi, pricina Domnului, şi luaţi aminte, temelii tari ale pămîntului! Căci Domnul are o judecată cu poporul Său, şi vrea să Se judece cu Israel. -
2အိုတောင်တို့၊ ခိုင်ခံ့သောမြေအမြစ်တို့၊ ထာဝရ ဘုရား၏တရားတွေ့မှုကို နားထောင်ကြလော့။ ထာဝရ ဘုရားသည် မိမိလူမျိုးနှင့် တရားတွေ့စရာရှိ၏။ ဣသရေ လအမျိုးနှင့် ဆွေးနွေးငြင်းခုံတော်မူမည်။
3,,Poporul Meu, ce ţi-am făcut şi cu ce te-am ostenit? Răspunde-Mi!
3အို ငါ၏လူမျိုး၊ သင့်ကို အဘယ်သို့ ငါပြုဘူး သနည်း။ အဘယ်သို့ ညှဉ်းဆဲဘူးသနည်း။ ငါ့တဘက်၌ သက်သေခံလော့။
4Căci te-am scos din ţara Egiptului, te-am izbăvit din casa robiei, şi am trimes înaintea ta pe Moise, Aaron şi Maria!
4သင့်ကို အဲဂုတ္တုပြည်မှ ငါဆောင်ခဲ့ပြီ။ ကျွန်ခံ နေရာအရပ်မှ ရွေးနှုတ်ပြီ။ သင့်ရှေ့မှာ မောရှေ၊ အာရုန်၊ မိရိအံတို့ကို ငါစေလွှတ်လေပြီ။
5Poporul Meu, adu-ţi aminte ce plănuia Balac împăratul Moabului, şi ce i -a răspuns Balaam, fiul lui Beor, şi ce s'a întîmplat din Sitim pînă la Ghilgal, ca să cunoşti binefacerile Domnului!``
5အို ငါ၏လူမျိုး၊ ရှိတ္တိမ်မြို့နှင့် ဂိလဂါလမြို့ စပ်ကြားမှာ မောဘမင်းကြီး ဗာလက်ကြံစည်သော အကြံ ကို၎င်း၊ ဗောရသား ဗာလမ်ပြန်ပြောသောစကားကို၎င်း အောက်မေ့လော့။ ထိုသို့ အောက်မေ့မိလျှင်၊ ထာဝရ ဘုရား၏ ဖြောင့်မတ်တော်မူခြင်းကို နားလည်လိမ့်မည်။
6,,Cu ce voi întîmpina pe Domnul, şi cu ce mă voi pleca înaintea Dumnezeului Celui Prea Înalt? Îl voi întîmpina oare cu arderi de tot, cu viţei de un an?
6ငါသည် ထာဝရဘုရားရှေ့တော်သို့ အဘယ် ပူဇော်သက္ကာပါလျက် ချဉ်းကပ်၍၊ အမြင့်ဆုံးသော ဘုရား သခင့်ရှေ့တော်၌ ကိုးကွယ်ရမည်နည်း။ မီးရှို့ရာယဇ်နှင့် အခါလည်သော နွားသငယ်တို့ကို ဆောင်လျက် ချဉ်းကပ် ရမည်လော။
7Dar primeşte Domnul oare mii de berbeci, sau zeci de mii de rîuri de untdelemn? Să dau eu pentru fărădelegile mele pe întîiul meu născut, rodul trupului meu pentru păcatul sufletului meu?`` -
7ထာဝရဘုရားသည် သိုးထီးတထောင်၊ ဆီမြစ် တသောင်းကို အားရနှစ်သက်တော်မူမည်လော။ ငါ့လွန် ကျူးခြင်းအတွက် ငါ၏သားဦးကို၎င်း၊ ငါ့စိတ်ဝိညာဉ်၏ အပြစ်အတွက် ငါ၏ရင်သွေးကို၎င်း ပူဇော်ရမည်လော၊
8,,Ţi s'a arătat, omule, ce este bine, şi ce alta cere Domnul dela tine, decît să faci deptate, să iubeşti mila, şi să umbli smerit cu Dumezeul tău?``
8အချင်းလူ၊ ကောင်းသောလမ်းကို ပြတော်မူပြီ။ တရားသဖြင့် ပြုခြင်း၊ ကရုဏာကို နှစ်သက်ခြင်း၊ သင်၏ ဘုရားသခင့်ရှေ့တော်၌ နှိမ့်ချသော စိတ်နှင့် ကျင့်နေခြင်း မှတပါး အဘယ်ပူဇော်သက္ကာကို ထာဝရဘုရားတောင်း တော်မူသနည်း။
9Glasul Domnului strigă cetăţii, şi omul înţelept se teme de Numele Tău. Ascultaţi pedeapsa şi pe Celce o trimete!
9ထာဝရဘုရား၏နှုတ်ကပတ်တော်သည် မြို့ကို ဟစ်ခေါ်တော်မူ၏။ ပညာရှိသော သူသည် နာမတော်ကို ကြောက်ရွံ့ရ၏။ ဆုံးမခြင်းကို၎င်း၊ စီရင်သောသူသည် အဘယ်သူဖြစ်သည်ကို၎င်း နားထောင်ကြလော့။
10Mai sînt în casa celui rău comori nelegiuite, şi blestemata efă mică?
10မတရားသော သူတို့၏အိမ်၌ မတရားသဖြင့် ဆည်းဖူးသော ဥစ္စာနှင့်၊ ရွံရှာဘွယ်သော တင်းတောင်း ငယ်ရှိသေးသလော။
11Pot socoti Eu curat pe celce are o cumpănă nedreaptă şi greutăţi strîmbe în sac?
11မတရားသော ချိန်ခွင်နှင့် စဉ်းလဲသော အလေး အိတ်ရှိသော မြို့ကိုသန့်ရှင်းသော မြို့ဟူ၍ ငါမှတ်ရမည် လော။
12Pentrucă bogaţii lui sînt plini de sîlnicie, locuitorii lui spun minciuni, şi limba lor este numai înşelătorie în gura lor,
12မြို့သားသူဌေးတို့သည် အနိုင်အထက်ပြု၍ ရတတ်ကြ၏။ ဆင်းရဲသားတို့သည်လည်း မုသာကို သုံး တတ်ကြ၏။ သူတို့နှုတ်၌ ရှိသောလျှာသည် မုသာဖြစ်၏။
13de aceea, şi Eu te voi lovi cu suferinţa, te voi pustii pentru păcatele tale.
13သို့ဖြစ်၍၊ သင်၏အပြစ်ကြောင့် သင့်ကိုငါ သုတ် သင်ပယ်ရှင်းခြင်းအလိုငှါ နာကျင်စွာ ဒဏ်ခတ်မည်။
14Vei mînca şi tot nu te vei sătura, ci foamea va rămînea în tine; ce vei lua dinaintea vrăjmaşului nu vei scăpa, căci ce vei scăpa, voi da pradă săbiei.
14သင်သည် စားသော်လည်းမဝရ။ မွတ်သိပ်ခြင်း ကို ခံရမည်။ သင်သည် ချီသော်လည်းယူ၍ မသွားရ။ ယူသွားသော အရာကိုလည်း ထားဘေးသို့ ငါအပ်မည်။
15Veţi sămăna, dar nu vei secera, vei stoarce măsline dar nu te vei unge cu untdelemnul lor, vei face must, dar nu vei bea vin!
15မျိုးစေ့ကို ကြဲသော်လည်း၊ စပါးကို မရိတ်ရ။ သံလွင်သီးကို နယ်သော်လည်း၊ ဆီနှင့်ကိုယ်ကိုမလိမ်းရ။ စပျစ်သီးကို နယ်သော်လည်း၊ စပျစ်ရည်ကို မသောက်ရ။
16Căci ei păzesc toate orînduirile lui Omri, şi lucrează tocmai cum a lucrat casa lui Ahab, şi umblă după sfaturile lor, de aceea te voi face de pomină, îţi voi face locuitorii de batjocură, şi veţi purta ocara poporului Meu.
16အကြောင်းမူကား၊ သင်သည် ဩမရိမင်း၏ စီရင်ထုံးဖွဲ့ချက်တို့ကို၎င်း၊ အာဟပ်မင်းမျိုး ကျင့်သော အကျင့်ရှိသမျှကို၎င်း ကျင့်စောင့်၍၊ သူတို့၏ တိုက်တွန်း ရာသို့ လိုက်တတ်၏။ သို့ဖြစ်၍၊ သင့်ကို ငါ သုတ်သင် ပယ်ရှင်း၍ မြို့သားတို့ကို ဆဲရေးရာဖြစ်စေသဖြင့်၊ သင် သည် ငါ၏လူတို့ကဲ့ရဲ့ခြင်းကို ခံရမည်။