Romanian: Cornilescu

Myanmar

Psalms

140

1(Către mai marele cîntăreţilor. Un psalm al lui David.) Scapă-mă, Doamne, de oamenii cei răi! Păzeşte-mă de oamenii asupritori,
1အိုထာဝရဘုရား၊ ဆိုးသောသူ၏လက်မှ အကျွန်ုပ်ကို ကယ်နှုတ်တော်မူပါ။ ကြမ်းတမ်းသော သူ၏လက်မှ အကျွန်ုပ်ကို ကွယ်ကာစောင့်မတော်မူပါ။
2cari cugetă lucruri rele în inima lor, şi sînt totdeauna gata să aţîţe războiul!
2ထိုသူတို့သည်နှလုံးထဲမှာမကောင်းသော အကြံ အစည်ရှိ၍၊ စစ်မှုကို အစဉ်နှိုးဆော်ကြပါ၏။
3Ei îşi ascut limba ca un şarpe, au pe buze o otravă de năpîrcă. -
3သူတို့သည်မြွေကဲ့သို့ မိမိတို့လျှာကို သွေးတတ် ကြပါ၏။ သူတို့နှုတ်ခမ်းအထဲမှာ မြွေဆိုးအဆိပ် အတောက်ရှိပါ၏။
4Păzeşte-mă, Doamne, de mîinile celui rău! Fereşte-mă de oamenii asupritori, cari se gîndesc să mă doboare!
4အိုထာဝရဘုရား၊ မတရားသောသူ၏ လက်မှ အကျွန်ုပ်ကိုကွယ်ကာစောင့်မတော်မူပါ။ ကြမ်းတမ်းသော သူ၏လက်မှကွယ်ကာစောင့်မတော်မူပါ။ သူတို့သည် အကျွန်ုပ်ကိုလှဲခြင်းငှါ ကြံစည်ကြပါ၏။
5Nişte îngîmfaţi îmi întind curse şi laţuri, pun reţele dealungul drumului, şi îmi întind capcane. -(Oprire).
5မာနကြီးသောသူတို့သည် အကျွန်ုပ်ဘို့ ကျော့ ကွင်းနှင့်ကြိုးသေးများကို ဝှက်ထားကြပါ၏။ အကျွန်ုပ် သွားရာလမ်း၌ ကွန်ရွက်ကိုဖြန့်၍ ညွှတ်များကို ထားကြ ပါ၏။
6Eu zic Domnului: ,,Tu eşti Dumnezeul meu! Ia aminte, Doamne, la glasul rugăciunilor mele!
6ကိုယ်တော်သည်အကျွန်ုပ်၏ ဘုရားသခင်ဖြစ် တော်မူ၏ဟု ထာဝရဘုရားအား လျှောက်ထားပါ၏။ အိုထာဝရဘုရား၊ အကျွန်ုပ်ဆုတောင်းသောစကားကို နားထောင်တော်မူပါ။
7Doamne, Dumnezeule, tăria mîntuirii mele, Tu-mi acoperi capul în ziua luptei.``
7အိုဘုရားရှင်ထာဝရဘုရား၊ ကိုယ်တော်သည် အကျွန်ုပ်၏ ကယ်တင်ခြင်းအစွမ်းသတ္တိဖြစ်တော်မူ၏။ စစ်တိုက်ရသောနေ့၌ အကျွန်ုပ် ၏ဦးခေါင်းကို ဖုံးအုပ် တော်မူ၏။
8Nu împlini, Doamne, dorinţele celui rău, nu lăsa să -i izbutească planurile, ca să nu se fălească! -(Oprire).
8အိုထာဝရဘုရား၊ မတရားသောသူ၏ အလို ပြည့်စုံရသောအခွင့်၊ သူ၏အကြံထမြောက်ရသောအခွင့် ရှိစေတော်မမူပါနှင့်။
9Asupra capului celor ce mă înconjoară să cadă nelegiuirea buzelor lor!
9ထိုသို့သောသူတို့သည် အကျွန်ုပ်ပတ်လည်၌၊ မိမိတို့ဦးခေါင်းကို မချီးမြှောက်ရဘဲ၊ မိမိတို့မြွက်ဆိုသော မကောင်းကျိုးသည် မိမိတို့ကို လွှမ်းမိုးပါစေသော။
10Cărbuni aprinşi să cadă peste ei! În foc să fie aruncaţi, în adîncuri, de unde să nu se mai scoale!
10မီးခဲတို့သည် ထိုသူတို့အပေါ်သို့ ကျရောက်ကြပါ စေသော။ မီးထဲသို့၎င်း၊ နက်သောတွင်းထဲသို့၎င်း ကျကြ ပါစေသော။ တဖန်မထကြပါစေနှင့်။
11Omul cu limba mincinoasă nu se întăreşte pe pămînt, şi pe omul asupritor, nenorocirea îl paşte şi -l duce la pierzanie.
11ကဲ့ရဲ့တတ်သောသူသည် မြေပေါ်မှာ နေရာမမြဲ ပါစေနှင့်။ ကြမ်းတမ်းသောသူကိုလည်း ဖျက်ဆီးသည် တိုင်အောင်ဘေးဥပဒ်သည် လိုက်ပါစေသော။
12Ştiu că Domnul face dreptate celui obijduit, dreptate celor lipsiţi.
12ထာဝရဘုရားသည်ဆင်းရဲသော သူ၏အမှုကို စောင့်၍၊ ငတ်မွတ်သောသူဘက်၌ တရားစီရင်တော်မူ မည်ဟု ငါသိ၏။
13Da, cei neprihăniţi vor lăuda Numele Tău, oamenii fără prihană vor locui înaintea Ta.
13အကယ်စင်စစ် တရားသောသူတို့သည် နာမ တော်ကို ချီးမွမ်းကြပါလိမ့်မည်။ သဘောဖြောင့်သော သူတို့သည် အထံတော်၌နေရကြပါလိမ့်မည်။