Romanian: Cornilescu

Myanmar

Psalms

22

1(Către mai marele cîntăreţilor. Se cîntă ca ,,cerboaica zorilor``. Un psalm al lui David.) Dumnezeule! Dumnezeule! Pentruce m'ai părăsit, şi pentruce Te depărtezi fără să-mi ajuţi şi fără s'asculţi plîngerile mele?
1အကျွန်ုပ်ဘုရား၊ အကျွန်ုပ်ဘုရား၊ အဘယ် ကြောင့် အကျွန်ုပ်ကို စွန့်ပစ်တော်မူသနည်း။ အကျွန်ုပ်ကို မကယ်တင်ဘဲ အကျွန်ုပ်အော်ဟစ်သော စကားကို နား မထောင်ဘဲ အဘယ်ကြောင့် အဝေးမှာနေတော်မူ သနည်း။
2Strig ziua, Dumnezeule, şi nu-mi răspunzi: strig şi noaptea, şi tot n'am odihnă.
2အကျွန်ုပ်ဘုရား၊ နေ့အခါအကျွန်ုပ်အော်ဟစ် သော်လည်း၊ ကိုယ်တော်သည် နားမထောင်ပါ။ ညဉ့်အခါ အော်ဟစ်သော်လည်း သက်သာခြင်းသို့ မရောက်ပါ။
3Totuş Tu eşti Cel Sfînt, şi Tu locuieşti în mijlocul laudelor lui Israel.
3ကိုယ်တော်မူကား၊ ဣသရေလအမျိုးသားတို့ ချီးမွမ်းရာ၌ ကျိန်းဝပ်လျက် သန့်ရှင်းခြင်းရှိတော်မူ၏။
4În Tine se încredeau părinţii noştri: se încredeau, şi -i izbăveai.
4အကျွန်ုပ်တို့ဘိုးဘေးတို့သည် ကိုယ်တော်ကို ကိုးစား ကြပါ၏။ ကိုးစားကြသည်တွင်၊ ကိုယ်တော်သည် ကယ် တင်တော်မူ၏။
5Strigau către Tine, şi erau scăpaţi; se încredeau în Tine, şi nu rămîneau de ruşine.
5သူတို့သည် ကိုယ်တော်ကို အော်ဟစ်၍ ကယ် တင်ခြင်းသို့ ရောက်ပါ၏။ ကိုယ်တော်ကို ကိုးစား၍ ရှက် ကြောက်ခြင်းနှင့် ကင်းလွတ်ကြပါ၏။
6Dar eu sînt vierme, nu om, am ajuns de ocara oamenilor şi dispreţuit de popor.
6အကျွန်ုပ်မူကား၊ လူမဟုတ်၊ ပိုးကောင်မျှသာ ဖြစ်ပါ၏။ လူများ ကဲ့ရဲ့စရာ၊ လူစုအရှက်ခွဲစရာဘို့ ဖြစ်ပါ၏။
7Toţi ceice mă văd îşi bat joc de mine, îşi deschid gura, dau din cap şi zic:
7အကျွန်ုပ်ကိုမြင်သမျှသောသူတို့သည် ပြက်ယယ် ပြုခြင်း၊ နှုတ်ခမ်းဖြဲခြင်း၊ ခေါင်းညိတ်ခြင်းကို ပြုကြပါ၏။
8,,S'a încrezut în Domnul! Să -l mîntuiască Domnul, să -l izbăvească, fiindcă -l iubeşte!`` -
8သူသည် ထာဝရဘုရားကို ကိုးစားပြီ၊ သူ့ကို နှုတ်တော်မူပါလေစေ။ သူ၌အလိုရှိလျှင် ယခုပင် ကယ်တင်တော်မူပါလေစေဟု ဆိုကြပါ၏။
9Da, Tu m'ai scos din pîntecele mamei, m'ai pus la adăpost de orice grijă la ţîţele mamei mele;
9သို့သော်လည်းကိုယ်တော်သည် အကျွန်ုပ်ကို အမိဝမ်းထဲက ဆွဲယူ၍၊ နို့စို့သည်ကာလ၌ စိုးရိမ်ခြင်း အကြောင်းကို ပယ်ရှင်းတော်မူ၏။
10de cînd eram la sînul mamei, am fost supt paza Ta, din pîntecele mamei ai fost Dumnezeul meu.
10အကျွန်ုပ်သည် ဘွားကတည်းကပင် လက်တော် သို့ရောက်ပါ၏။ အမိဝမ်းထဲမှစ၍ ကိုယ်တော်သည် အကျွန်ုပ်ဘုရားသခင်ဖြစ်တော်မူပါပြီ။
11Nu Te depărta de mine, căci s'apropie necazul, şi nimeni nu-mi vine în ajutor.
11အကျွန်ုပ်နှင့်ဝေးဝေးနေတော်မမူပါနှင့်။ဘေးအန္တရာယ် ရောက်လုနီးပါပြီ။ မစသောသူမရှိပါ။
12O mulţime de tauri sînt împrejurul meu, nişte tauri din Basan mă înconjoară.
12နွားလားဥသဘတို့သည် အကျွန်ုပ်ကိုဝိုင်း၍၊ အားကြီးသော ဗာရှန်ဥသဘတို့သည် ဝန်းရံလျက် နေကြ ပါ၏။
13Îşi deschid gura împotriva mea, ca un leu, care sfîşie şi răcneşte.
13ကိုက်ဖြတ်၍ ဟောက်တတ်သော ခြင်္သေ့ကဲ့သို့ အကျွန်ုပ်ကို ပစပ်ဟကြပါ၏။
14Am ajuns ca apa, care se scurge, şi toate oasele mi se despart; mi s'a făcut inima ca ceara, şi se topeşte înlăuntrul meu.
14အကျွန်ုပ်သည် ရေကဲ့သို့သွန်ခြင်းကို ခံရ၍၊ အရိုးအဆစ်ရှိသမျှတို့သည် ပြုတ်ကြပါ၏။ အကျွန်ုပ်နှလုံး သည် ဘယောင်းကဲ့သို့ဖြစ်၍၊ ရင်ထဲမှာ အရည်ကျိုလျက် ရှိပါ၏။
15Mi se usucă puterea ca lutul, şi mi se lipeşte limba de cerul gurii: m'ai adus în ţărîna morţii.
15အကျွန်ုပ်ခွန်အားသည် အိုးခြမ်းကဲ့သို့ ခန်း ခြောက်၍၊ လျှာလည်း ပါးရိုး၌ ကပ်လျက်ရှိပါ၏။အကျွန်ုပ် ကို သေမြေတိုင်အောင် ချတော်မူပါပြီ။
16Căci nişte cîni mă înconjoară, o ceată de nelegiuiţi dau tîrcoale împrejurul meu, mi-au străpuns mînile şi picioarele:
16ခွေးတို့သည် အကျွန်ုပ်ကိုဝိုင်းလျက်၊ စုဝေးသော လူဆိုးတို့သည် ဝန်းရံလျက်နေ၍၊ အကျွန်ုပ်၏ ခြေလက် တို့ကို ထိုးဖောက်ကြပါပြီ။
17toate oasele aş putea să mi le număr. Ei, însă, pîndesc şi mă privesc;
17ကိုယ်အရိုးရှိသမျှတို့ကို အကျွန်ုပ်ရေတွက်နိုင် ပါ၏။ သူတို့သည် အကျွန်ုပ်ကိုကြည့်မြင်၍ အားရလျက် နေကြပါ၏။
18îşi împart hainele mele între ei, şi trag la sorţ pentru cămaşa mea.
18အကျွန်ုပ်အဝတ်ကို အချင်းချင်းဝေဖန်၍၊ အကျွန်ုပ်အင်္ကျီကို စာရေးတံချကြပါ၏။
19Dar Tu, Doamne, nu Te depărta! Tu, Tăria mea, vino de grabă în ajutorul meu!
19အိုထာဝရဘုရား၊ အကျွန်ုပ်နှင့်ဝေးဝေးနေတော် မမူပါနှင့်။ အကျွန်ုပ်ခွန်အားဗလ၊ အကျွန်ုပ်ကို မစခြင်းငှါ အလျင်အမြန် ကြွလာတော်မူပါ။
20Scapă-mi sufletul de sabie, şi viaţa din ghiarele cînilor!
20အကျွန်ုပ်အသက်ကို ထားဘေးမှ၎င်း၊ အကျွန်ုပ် အချစ်ဆုံးကို ခွေးလက်မှ၎င်း ကယ်လွတ်တော်မူပါ။
21Scapă-mă din gura leului, şi scoate-mă din coarnele bivolului!
21ခြင်္သေ့ခံတွင်းမှ အကျွန်ုပ်ကိုကယ်တင်၍၊ ကြံ့ ဦးချိုထဲမှာ အကျွန်ုပ်ခေါ်သောအသံကို နားထောင်တော် မူပါ။
22Voi vesti Numele Tău fraţilor mei, şi Te voi lăuda în mijlocul adunării.
22အကျွန်ုပ်သည် သိတင်းတော်ကို ညီအစ်ကိုတို့ အား ကြားပြောပါမည်။ ပရိသတ်အလယ်မှာ ကိုယ်တော် ကို ချီးမွမ်းပါမည်။
23Cei ce vă temeţi de Domnul, lăudaţi -L! Voi toţi, sămînţa lui Iacov, slăviţi -L! Cutremuraţi-vă înaintea Lui, voi toţi, sămînţa lui Israel!
23ထာဝရဘုရားကို ကြောက်ရွံ့သော အချင်းတို့၊ ချီးမွမ်းခြင်းကို ပြုကြလော့။ ယာကုပ်အမျိုးအပေါင်းတို့၊ ဂုဏ်ကျေးဇူးတော်ကို ဘော်ပြကြပါလော့။ ဣသရေလ အမျိုးအပေါင်းတို့၊ ကိုယ်တော်ကို ကြောက်ရွံ့ကြလော့။
24Căci El nici nu dispreţuieşte, nici nu urăşte necazurile celui nenorocit, şi nu-Şi ascunde Faţa de el, ci îl ascultă cînd strigă către El.
24အကြောင်းမူကား၊ နှိမ့်ချလျက်ရှိသောသူ၏ နှိမ့်ချသောအဖြစ်ကို မထီမဲ့မြင်ပြုတော်မူသည်မဟုတ်။ မျက်နှာတော်ကိုမလွှဲ၊ အော်ဟစ်သောအခါ နားထောင် တော်မူပြီ။
25În adunarea cea mare, Tu vei fi pricina laudelor mele: şi-mi voi împlini juruinţele în faţa celor ce se tem de Tine.
25အကျွန်ုပ်သည် မဟာပရိသတ်အလယ်မှာ ကိုယ်တော်ကို ချီးမွမ်း၍၊ ကိုယ်တော်ကို ကြောက်ရွံ့သော သူတို့ရှေ့မှာ၊ သစ္စာဂတိထားသည်အတိုင်း သစ္စာဝတ်ကို ဖြေပါမည်။
26Cei săraci vor mînca şi se vor sătura, ceice caută pe Domnul, Îl vor lăuda: veselă să vă fie inima pe vecie!
26နှိမ့်ချလျက်ရှိသော သူတို့သည် ဝစွာစားရကြ လိမ့်မည်။ ထာဝရဘုရားကိုရှာသောသူတို့သည် ချီးမွမ်း ကြလိမ့်မည်။ သင်တို့စိတ်နှလုံးသည် အစဉ်အမြဲအား ဖြည့်ရလိမ့်မည်။
27Toate marginile pămîntului îşi vor aduce aminte şi se vor întoarce la Domnul: toate familiile neamurilor se vor închina înaintea Ta.
27မြေကြီးစွန်းရှိသမျှတို့သည် သတိရ၍၊ ထာဝရ ဘုရားထံတော်သို့ ပြောင်းလဲကြလိမ့်မည်။ လူအမျိုးအနွယ် ပေါင်းတို့သည် ရှေ့တော်၌ ကိုးကွယ်ကြလိမ့်မည်။
28Căci a Domnului este împărăţia: El stăpîneşte peste neamuri.
28အကြောင်းမူကား၊ ထာဝရဘုရားသည် စိုးစံ ပိုင်တော်မူ၏။ လူမျိုးတို့ကို မင်းပြုတော်မူ၏။
29Toţi cei puternici de pe pămînt vor mînca şi se vor închina şi ei; înaintea Lui se vor pleca toţi ceice se pogoară în ţărînă, ceice nu pot să-şi păstreze viaţa.
29မြေကြီးပေါ်မှာ ကြွယ်ဝသောသူအပေါင်းတို့ သည် စား၍ကိုးကွယ်ကြလိမ့်မည်။ ကိုယ်အသက်ကိုမစောင့် နိုင်။ မြေမှုန့်သို့ဆင်းရသော သူအပေါင်းတို့သည်လည်း၊ ရှေ့တော်၌ ညွတ်ပြတ်ဝပ်တွားကြလိမ့်မည်။
30O sămînţă de oameni li va sluji; şi se va vorbi despre Domnul către ceice vor veni după ei.
30သူတို့အမျိုးအနွယ်သည်လည်း ဝတ်တော်ကို ပြုသဖြင့်၊ လူအစဉ်အဆက်တို့သည် ထာဝရဘုရား၏ သိတင်းတော်ကို ကြားရကြလိမ့်မည်။
31Aceştia vor veni şi vor vesti dreptatea Lui, vor vesti lucrarea Lui poporului care se va naşte.
31ဤသို့စီရင်တော်မူပြီးမှ သူတို့သည်ပေါ်လာ၍၊ တရားသောအမှုတော်ကိုဘွားသောလူမျိုးအား ဘော်ပြ ရကြလိမ့်မည်။