Romanian: Cornilescu

Myanmar

Psalms

88

1(O cîntare. Un psalm al fiilor lui Core. Către mai marele cîntăreţilor. De cîntat cu flautul. O cîntare a lui Heman, Ezrahitul.) Doamne, Dumnezeul mîntuirii mele! Zi şi noapte strig înaintea Ta!
1အကျွန်ုပ်ကို ကယ်တင်တော်မူသော ဘုရား သခင် ထာဝရဘုရား၊ အကျွန်ုပ်သည် ရှေ့တော်၌ နေ့ညဉ့် မပြတ် အော်ဟစ်ပါ၏။
2S'ajungă rugăciunea mea înaintea Ta! Ia aminte la cererile mele;
2အကျွန်ုပ်ပြုသောပဌနာသည် အထံတော်သို့ ဝင်ပါစေသော။ အော်ဟစ်သံကို နားထောင်တော်မူပါ။
3căci mi s'a săturat sufletul de rele, şi mi se apropie viaţa de locuinţa morţilor.
3အကျွန်ုပ်၏ ဝိညာဉ်သည် ဒုက္ခနှင့်ပြည့်၍၊ အသက်သည်လည်း မရဏနိုင်ငံအနီးသို့ ရောက်ပါပြီ။
4Sînt pus în rîndul celor ce se pogoară în groapă, sînt ca un om, care nu mai are putere.
4အကျွန်ုပ်သည် သင်္ချိုင်းတွင်းထဲသို့ ဆင်းသော သူတို့နှင့်အတူ ရေတွက်ဝင်ခြင်းသို့ ရောက်ပါ၏။ အား ကုန်သော သူကဲ့သို့ ဖြစ်ပါ၏။
5Stau întins printre cei morţi, ca cei ucişi şi culcaţi în mormînt, de cari nu-Ţi mai aduci aminte, şi cari sînt despărţiţi de mîna Ta.
5အသေကောင်တို့တွင် ပစ်ထားသောသူ၊ ကွပ် မျက်၍ သင်္ချိုင်းတွင်း၌ အိပ်နေသောသူတည်းဟူသော အောက်မေ့တော်မမူ၊ လက်တော်၏ မစခြင်းနှင့်ကွာဝေး သော သူကဲ့သို့ ဖြစ်ပါ၏။
6M'ai aruncat în groapa cea mai de jos, în întunerec, în adîncuri.
6အကျွန်ုပ်ကို အနက်ဆုံးသောတွင်း၊ မှောင်မိုက် ဖုံးလွှမ်း၍ အလွန်နက်နဲသော အရပ်၌ ချထားတော်မူပြီ။
7Mînia Ta mă apasă, şi mă năpădeşti cu toate valurile Tale. -
7အမျက်တော်သည် အကျွန်ုပ်အပေါ်၌ ဖိလျက် ရှိပါ၏။ လှိုင်းတံပိုးတော်အပေါင်းတို့နှင့် နှိပ်စက်တော် မူ၏။
8Ai îndepărtat dela mine pe toţi prietenii mei, m'ai făcut o pricină de scîrbă pentru ei; sînt închis şi nu pot să ies.
8အကျွန်ုပ်၏ အသိအကျွမ်းများကို အဝေးသို့ ရွေ့တော်မူပြီ။ သူတို့အား အကျွန်ုပ်ကို ရွံ့ရှာဖွယ် ဖြစ်စေတော်မူပြီ။ အကျွန်ုပ်သည် အချုပ်ခံရ၍၊ ပြင်သို့ မထွက်ရပါ။
9Mi se topesc ochii de suferinţă; în toate zilele Te chem, Doamne, şi-mi întind mînile spre Tine!
9အကျွန်ုပ်ခံရေသော ဒုက္ခကြောင့် အကျွန်ုပ် မျက်စိသည် ပျက်ပါ၏။ အို ထာဝရဘုရား၊ ကိုယ်တော်ကို အစဉ်အော်ဟစ်ပါ၏။ အထံတော်သို့ လက်ကိုဆန့်ပါ၏။
10Oare pentru morţi faci Tu minuni? Sau se scoală morţii să Te laude? -
10သေလျက်နေသောသူတို့အား အံ့ဘွယ်သော အမှုတို့ကို ပြတော်မူမည်လော။ သင်္ချိုင်းသားတို့သည်ထ၍ ကိုယ်တော်ကို ချီးမွမ်းကြပါမည်လော။
11Se vorbeşte de bunătatea Ta în mormînt, şi de credincioşia Ta în Adînc?
11ကရုဏာတော်ကို သင်္ချိုင်းတွင်း၌၎င်း၊ သစ္စာ တော်ကို ပျက်စီးရာအရပ်၌၎င်း ကြားပြောရကြပါ မည်လော။
12Sînt cunoscute minunile Tale în întunerec, şi dreptatea Ta în ţara uitării?
12အံ့ဘွယ်သော အမှုတော်တို့ကို မှောင်မိုက်သော အရပ်၌၎င်း၊ ဖြောင့်မတ်တော်မူခြင်းတရားကို မေ့လျော့ ရာပြည်၌၎င်း သိရကြပါမည်လော။
13Doamne, eu îşi cer ajutorul, şi dimineaţa rugăciunea mea se înalţă la Tine.
13အိုထာဝရဘုရား၊ ကိုယ်တော်ကို အကျွန်ုပ် အော်ဟစ်ပါ၏။ နံနက်အချိန်၌ အကျွန်ုပ်၏ ပဌနာသည် ရှေ့တော်သို့ရောက်ပါ၏။
14Pentruce, Doamne, lepezi sufletul meu? Pentruce îmi ascunzi Faţa Ta?
14အိုထာဝရဘုရား၊ အကျွန်ုပ်၏ ဝိညာဉ်ကို အဘယ်ကြောင့် ပယ်တော်မူသနည်း။ မျက်နှာတော်ကို အကျွန်ုပ်မှ အဘယ်ကြောင့်လွှဲတော်မူသနည်း။
15Din tinereţă, sînt nenorocit şi trag să mor, sînt cuprins de spaimele Tale, şi nu ştiu ce să mai fac.
15အကျွန်ုပ်သည် ဒုက္ခဝေဒနာကိုခံရ၍ သေဆဲ ရှိပါ၏။ စီရင်တော်မူသောဘေးများကို ငယ်သောအရွယ် ကပင် ခံရ၍ ပင်ပန်းပါ၏။
16Mînia Ta trece peste mine, spaimele Tale mă nimicesc de tot.
16အမျက်တော်သည် အကျွန်ုပ်ကို လွှမ်းမိုးပါ၏။ စီရင်တော်မူသော ဘေးတို့သည် အကျွန်ုပ်၏ အသက်ကို ညှဉ်းဆဲသည်တိုင်အောင်၊
17Ele mă înconjoară toată ziua, ca nişte ape, mă înfăşoară toate deodată.
17ရေကဲ့သို့ အစဉ်မပြတ်ဝိုင်း၍ တညီတညွတ် တည်း ဝန်းရံကြပါ၏။
18Ai depărtat dela mine pe prieteni şi tovarăşi; şi cei de aproape ai mei s'au făcut nevăzuţi.
18ချစ်သောသူနှင့်အဆွေခင်ပွန်းကို အကျွန်ုပ်နှင့် ဝေးဝေးရွှေ့တော်မူပြီ။ အသိအကျွမ်းတို့သည် မှောင်မိုက် ထဲမှာရှိကြပါ၏။