Romanian: Cornilescu

Myanmar

Song of Solomon

6

1Unde s'a dus iubitul tău, cea mai frumoasă dintre femei? Încotro a apucat iubitul tău, ca să -l căutăm şi noi împreună cu tine? -
1မိန်းမတကာတို့ထက် အဆင်းလှသောအစ်မ၊ သင်ချစ်ရာသခင်သည် အဘယ်အရပ်သို့ကြွတော်မူသ နည်း။ အကျွန်ုပ်တို့သည် သင်နှင့်အတူ သူ့ကိုရှာရမည် အကြောင်း၊ သင်ချစ်ရာသခင်သည် အဘယ်အရပ်သို့ လွှဲသွားတော်မူသည်ကို ပြောပါ။
2Iubitul meu s'a pogorît la grădina lui, la stratul de mirezme, ca să-şi pască turma în grădini, şi să culeagă crini.
2ငါချစ်ရာသခင်သည် ဥယျာဉ်တော်၌ သစ်သီးကို စား၍၊ နှင်းပွင့်ကို ဆွတ်ယူမည်ဟု၊ ဥယျာဉ်တော်တွင် နံ့သာတောသို့ ဆင်းသွားတော်မူပေ၏။
3Eu sînt a iubitului meu şi iubitul meu este al meu; el îşi paşte turma între crini. -
3ငါချစ်ရာသခင်သည် ငါ့ကိုဆိုင်တော်မူ၏။ ငါသည်လည်း သခင်ကို ဆိုင်ပေး၏။ နှင်းတော်၌ ကျက်စားတော်မူ၏။
4Frumoasă eşti, iubito, ca Tirţa, plăcută ca Ierusalimul, dar cumplită ca nişte oşti supt steagurile lor.
4ငါချစ်သောနှမ၊ သင်သည်တိရဇမြို့ကဲ့သို့ လှ၏။ ယေရုရှလင်မြို့ကဲ့သို့ တင့်တယ်၏။ စစ်မျက်နှာကဲ့သို့ ကြောက်မက်ဘွယ်ဖြစ်၏။
5Întoarce-ţi ochii dela mine, căci mă turbură. Perii tăi sînt ca o turmă de capre, cari poposesc pe coama Galaadului.
5သင်၏မျက်စိတို့ကို ငါမှလွှဲပါ။ သူတို့သည် ငါ့ကို အောင်ပြီ။ သင်၏ဆံပင်သည်လည်း၊ ဂိလဒ်တော်ပေါ်မှ ဆင်းလာသော ဆိတ်စုကဲ့သို့ဖြစ်၏။
6Dinţii tăi sînt ca o turmă de oi, cari ies din scăldătoare, toate cu gemeni, şi niciuna din ele nu este stearpă.
6သင်၏သွားတို့သည်လည်း၊ ရေချိုးရာမှ တက် လာသော သိုးစုကဲ့သို့ဖြစ်ကြ၏။ တကောင်မျှမလျော့၊ အမွှာသာ ဘွားတတ်ကြ၏။
7Obrazul tău este ca o jumătate de rodie, supt măhrama ta...
7နားပန်းဆံကြားမှာ ပါးတို့သည် သလဲသီးရှက် နှင့် တူကြ၏။
8Am şasezeci de împărătese, optzeci de ţiitoare, şi fete fără număr,
8မိဖုရားခြောက်ကျိပ်၊ မောင်းမမိဿံရှစ်ကျိပ်၊ အပျိုတော်အတိုင်းမသိ ရှိကြ၏။
9dar numai una singură este porumbiţa mea, neprihănita mea; ea este singură la mamă-sa, cea mai aleasă a celei ce a născut -o. Fetele o văd, şi o numesc fericită; împărătesele şi ţiitoarele de asemenea o laudă. -
9ငါ့ချိုး၊ ငါ၏စုံလင်သူသည် ငါ၌တပါးတည်းရှိ၏။ ဘွားမြင်သောမိခင်၌ အချစ်ဆုံးသောသမီးဖြစ်၏။ လူမျိုး သမီးတို့သည် သူ့ကိုမြင်၍ ကောင်းကြီးပေးကြ၏။ မိဖုရား များနှင့် မောင်းမမိဿံများတို့သည် ချီးမွမ်းကြ၏။
10,,Cine este aceea care se iveşte ca zorile, frumoasă ca luna, curată ca soarele, dar cumplită ca nişte oşti supt steagurile lor?`` -
10လကဲ့သို့ တင့်တယ်လျက်၊ နေကဲ့သို့ ထွန်းလင်း လျက်၊ စစ်မျက်နှာကဲ့သို့ ကြောက်မက်ဘွယ်ဖြစ်လျက်၊ နံနက်ကဲ့သို့ မျှော်ရှုသော သတို့သမီးကား၊ အဘယ်သူ နည်း။
11M'am pogorît în grădina cu nuci, să văd verdeaţa din vale, să văd dacă a înmugurit via, şi dacă au înflorit rodiile.
11ချိုင့်ထဲမှာ သစ်သီးများကိုကြည့်ရှု၍၊ စပျစ်နွယ် ပင် သန်သည် မသန်သည်ကို၎င်း၊ သလဲပင်ပွင့်သည် မပွင့်သည်ကို၎င်း သိခြင်းငှါ၊ ငါပြုစုသော ဥယျာဉ်သို့ ငါဆင်းသွား၏။
12Dar fără să bag de seamă, dorinţa mea m'a dus la carăle poporului unui om ales. -
12သတိမရမှီ ငါ့ဝိညာဉ်သည် အမိနဒိပ်ရထားကို စီးသကဲ့သို့ ဖြစ်၏။
13Întoarce-te, întoarce-te, Sulamito! Întoarce-te, întoarce-te, ca să te privim. -Ce aveţi voi să vă uitaţi la Sulamita ca la nişte fete ce joacă în cor?
13အိုရှုလမိတ်၊ ပြန်လာပါ။ ပြန်လာပါ။ အကျွန်ုပ် တို့သည် သင့်ကိုရှုမြင်ရမည်အကြောင်း၊ ပြန်လာပါ။ ပြန်လာပါ။ ရှုလမိတ်၌ အဘယ်သို့သောအရာကို တွေ့မြင် ကြလိမ့်မည်နည်း။ စစ်တပ်နှစ်ထပ်ကဲ့သို့ တွေ့မြင်ကြ ပါမည်။