1În luna a opta, în anul al doilea al lui Dariu, Cuvîntul Domnului a vorbit proorocului Zaharia, fiul lui Berechia, fiul lui Ido, astfel:
1ဒါရိမင်းကြီး နန်းစံနှစ်နှစ်၊ အဋ္ဌမလတွင်၊ ဣဒေါ သား ဗာရခိ၏သား ပရောဖက်ဇာခရိသို့ ရောက်လာ သော ထာဝရဘုရား၏နှုတ်ကပတ်တော်ဟူမူကား၊
2,,Domnul S'a mîniat foarte tare pe părinţii voştri.
2ထာဝရဘုရားသည် သင်တို့ ဘိုးဘေးများကို အလွန်အမျက်ထွက်တော်မူပြီ။
3Spune-le dar: Aşa vorbeşte Domnul oştirilor: ...Întoarceţi-vă la Mine, zice Domnul oştirilor: şi Mă voi întoarce şi Eu la voi, zice Domnul oştirilor....
3သို့သော်လည်း၊ ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရား၏အမိန့်တော်ကို သူတို့အား ဆင့်ဆိုရမည် မှာ၊ ငါ့ထံသို့ ပြန်၍လာကြလော့ဟု၊ ကောင်းကင်ဗိုလ်ခြေ အရှင်ထာဝရဘုရားမိန့်တော်မူ၏။
4Nu fiţi ca părinţii voştri, cărora le vorbeau proorocii de mai înainte, zicînd: ...Aşa vorbeşte Domnul oştirilor: ...Întoarceţi-vă dela căile voastre cele rele, dela faptele voastre cele rele!... Dar n'au ascultat şi n'au lut aminte la Mine, zice Domnul.``
4ရှေးပရောဖက်တို့က၊ သင်တို့မကောင်းသော လမ်း၊ မကောင်းသော အကျင့်များကို ယခု ကြဉ်ရှောင် ကြလော့ဟု၊ ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရား မိန့်တော်မူသည်ကို ဆင့်ဆိုလျက် ကြွေးကြော်သော်လည်း နားမကြား၊ ငါ့စကားကိုလည်း နားမထောင်သော သင်တို့ ဘိုးဘေးများကဲ့သို့ မပြုကြနှင့်ဟု၊ ထာဝရဘုရား မိန့်တော် မူ၏။
5,,Unde sînt acum părinţii voştri? Şi puteau proorocii să trăiască vecinic?
5ဘိုးဘေးတို့သည် အဘယ်မှာ ရှိကြသနည်း။ ပရောဖက်တို့သည် အစဉ်အမြဲ အသက် ရှင်တတ်ကြ သလော။
6Totuş cuvintele Mele şi poruncile pe cari le dădusem slujitorilor Mei proorocii, ca să le vestească, n'au atins ele pe părinţii voştri? Şi atunci ei s'au întors, şi au zis: ,,Domnul oştirilor ne -a făcut cum hotărîse să ne facă, după căile şi faptele noastre!``
6ငါ၏ ကျွန်ပရောဖက်တို့၌ ငါမှာထားသော ငါ၏ ပညတ်စကားတို့သည် သင်တို့ ဘိုးဘေးများကို မှီကြပြီ မဟုတ်လော။ သူတို့သည် သတိရ၍ ငါတို့ကျင့်ကြံပြုမူ သည်နှင့်အလျောက်၊ ကောင်းကင်ဗိုလ်ခြေအရှင် ဘုရား သခင် ထာဝရဘုရားသည် ငါတို့၌ စီရင်မည်ဟု အကြံ ရှိတော်မူသည်အတိုင်း၊ စီရင်တော်မူပြီဟု ပြောဆိုကြသည် မဟုတ်လောဟု မိန့်တော်မူ၏။
7În a două zeci şi patra zi a lunii a unsprezecea, care este luna Şebat, în anul al doilea al lui Dariu, Cuvîntul Domnului a vorbit proorocului Zaharia, fiul lui Berechia, fiul lui Ido, astfel:
7ဒါရိမင်းကြီး နန်းစံနှစ်နှစ်၊ ဧကာဒသမလတည်း ဟူသော ရှေဗတ်လနှစ်ဆယ်လေးရက်နေ့တွင်၊ ထာဝရ ဘုရား၏နှုတ်ကပတ်တော်သည် ဣဒေါသားဖြစ်သော ဗာရခိ၏သား ပရောဖက်ဇာခရိသို့ ရောက်လာ၍၊
8M'am uitat noaptea, şi iată că un om era călare pe un cal roş, şi stătea între mirţi într'un umbrar; în urma lui erau nişte cai roşi, murgi şi albi.
8ညဉ့်အခါမြင်ရသော ရူပါရုံဟူမူကား၊ မြင်းနီကို စီးသော လူတဦးသည် ထင်ရှား၍ ချိုင့်တွင်ရှိသော မုရတု တော၌ ရပ်၏။ သူ့နောက်မှာနီသောမြင်း၊ ညိုသော မြင်း၊ ဖြူသောမြင်းတို့သည် ရှိကြ၏။
9Am întrebat: ,,Ce înseamnă caii aceştia, domnul meu?`` Şi îngerul care vorbea cu mine mi -a zis: ,,Îţi voi arăta ce înseamnă caii aceştia!``
9ငါကလည်း၊ အိုသခင်၊ ထိုသူတို့ကား အဘယ်သူ နည်းဟု မေးသော်၊ ငါနှင့်ပြောဆိုသော ကောင်းကင်တမန် က၊ ထိုသူတို့ကား အဘယ်သူဖြစ်သည်ကို ငါပြမည်ဟု ဆိုပြီးမှ၊
10Omul care stătea între mirţi a luat cuvîntul şi a zis: ,,Aceştia sînt aceia pe cari i -a trimes Domnul să cutreiere pămîntul!``
10မုရတုတော၌ ရပ်သော လူက၊ ထိုသူတို့သည် မြေကြီးအရပ်ရပ်တို့ကို လှည့်လည်၍ သွားစေခြင်းငှါ၊ ထာဝရဘုရား စေလွှတ်တော်မူသောသူဖြစ်ကြသည်ဟု ပြန်ပြော၏။
11Şi ei au vorbit Îngerului Domnului, care stătea între mirţi, şi au zis: ,,Am cutreierat pămîntul, şi iată că tot pămîntul este în pace şi liniştit!``
11ထိုသူတို့ကလည်း၊ အကျွန်ုပ်တို့သည် မြေကြီး အရပ်ရပ်တို့ကို လှည့်လည်၍ သွားပါပြီ။ မြေကြီး တရှောက်လုံး တော၌ရပ်သော ထာဝရဘုရား၏ ကောင်း ကင်တမန်အား ပြန်လျှောက်ကြ၏။
12Atunci Îngerul Domnului a luat cuvîntul, şi a zis: ,,Doamne al oştirilor, pînă cînd nu vei avea milă de Ierusalim şi de cetăţile lui Iuda, pe cari Te-ai mîniat în aceşti şapte zeci de ani?``
12တဖန် ထာဝရဘုရား၏ ကောင်းကင်တမန်က၊ အို ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရား၊ ကိုယ်တော် သည် အနှစ်ခုနစ်ဆယ်ပတ်လုံး အမျက်ထွက်တော်မူသော ယေရုရှလင်မြို့နှင့် ယုဒမြို့များကို အဘယ်မျှကာလပတ် လုံး မသနားဘဲ နေတော်မူမည်နည်းဟု မေးလျှောက် သော်၊
13Domnul a răspuns cu vorbe bune, cu vorbe de mîngîiere, îngerului care vorbea cu mine.
13ထာဝရဘုရားသည် ငါနှင့်ပြောဆိုသော ကောင်း ကင်တမန်အား ကောင်းသောစကား၊ နှစ်သိမ့်စေသော စကားပြန်ပြောတော်မူ၏။
14Şi îngerul, care vorbea cu mine, mi -a zis: ,,Strigă, şi zi: ...Aşa vorbeşte Domnul oştirilor: ...Sînt plin de o mare gelozie pentru Ierusalim şi pentru Sion,
14ငါနှင့် ပြောဆိုသော ကောင်းကင်တမန်က လည်း၊ ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရား၏ အမိန့်တော်ကို ဆင့်ဆို၍ ကြွေးကြော်ရမည်မှာ၊ ငါသည် ယေရုရှလင်မြို့နှင့် ဇိအုန်တောင်အဘို့ အလွန်ကြင်နာ သောစိတ်အားကြီး၏။
15şi sînt plin de o mare mînie împotriva neamurilor îngîmfate; căci Mă mîniasem numai puţin, dar ele au ajutat spre nenorocire.
15ငြိမ်ဝပ်စွာနေသော တပါးအမျိုးသားတို့ကို အလွန်အမျက်ထွက်၏။ အကြောင်းမူကား၊ ငါသည် ယေရုရှလင်မြို့ကို အနည်းငယ်အမျက်ထွက်သောအခါ သူတို့သည် ဝိုင်း၍ ညှဉ်းဆဲကြပြီ။
16Deaceea aşa vorbeşte Domnul: ...Mă întorc cu îndurarea către Ierusalim; Casa Mea va fi zidită iarăş în el, şi funia de măsurat se va întinde asupra Ierusalimului....
16ထိုကြောင့် ထာဝရဘုရားမိန့်တော်မူသည်ကား၊ ကျေးဇူးပြုချင်သောစိတ်နှင့် ယေရုရှလင်မြို့သို့ ငါပြန်လာ ပြီ။ ဤမြို့တွင် ငါ့အိမ်ကို တည်ဆောက်ရမည်။ မြို့ရာကို လည်း တိုင်းထွာရမည်ဟု၊ ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရား မိန့်တော်မူ၏။
17Strigă din nou, şi zi: ...Aşa vorbeşte Domnul oştirilor: ...Cetăţile Mele vor avea iarăş belşug de bunătăţi, Domnul va mîngîia iarăş Sionul, va alege iarăş Ierusalimul.``
17တဖန် ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရ ဘုရား၏အမိန့်တော်ကို ဆင့်ဆို၍ ကြွေးကြော်ရမည်မှာ၊ ငါ၏မြို့ရွာတို့သည် အရပ်ရပ်၌ နှံ့ပြား၍ စည်ပင်ကြလိမ့် မည်။ ထာဝရဘုရားသည် ဇိအုန်တောင်သားတို့ကို နှစ် သိမ့်စေဦးမည်။ ယေရုရှလင်မြို့သားတို့ကို ရွေးကောက်၍ ပြုစုဦးမည်ဟု မိန့်တော်မူ၏။
18Am ridicat ochii şi m'am uitat, şi iată că erau patru coarne!
18တဖန် ငါမျှော်ကြည့်၍ ဦးချိုလေးချောင်းကို မြင်၏။
19Am întrebat îngerul, care vorbea cu mine: ,,Ce înseamnă coarnele acestea?`` Şi el mi -a zis: ,,Acestea sînt coarnele, cari au risipit pe Iuda, pe Israel şi Ierusalimul.``
19ငါနှင့် ပြောဆိုသော ကောင်းကင်တမန်အား လည်း၊ ထိုဦးချိုတို့ကား အဘယ်သို့နည်းဟု မေးမြန်းသော်၊ ထိုဦးချိုတို့သည် ယုဒပြည်၊ ဣသရေလပြည်၊ ယေရုရှလင် မြို့တို့ကို အရပ်ရပ်သို့ ကွဲပြားစေသော ဦးချိုဖြစ်သည်ဟု ပြန်ပြော၏။
20Domnul mi -a arătat patru fierari.
20ထာဝရဘုရားသည်လည်း လက်သမားလေးဦး တို့ကို ပြတော်မူ၏။
21Eu am întrebat: ,,Ce vor să facă aceştia?`` Şi el a zis: ,,Aceştia vin să sperie coarnele cari au risipit pe Iuda, de n'a mai putut ridica nimeni capul; ferarii aceştia au venit să sperie, şi să taie coarnele neamurilor cari au ridicat cornul împotriva ţării lui Iuda, ca să -i risipească locuitorii.``
21ငါကလည်း၊ ဤသူတို့သည် အဘယ်အမှုကို ပြုခြင်းငှါ လာပါသနည်းဟု မေးလျှောက်သော်၊ ကောင်း ကင်တမန်က၊ ထိုဦးချိုတို့သည် အဘယ်သူမျှ မျှော်၍ မကြည့်ဝံ့အောင်၊ ယုဒပြည်သားတို့ကို ကွဲပြားစေသော ဦးချိုဖြစ်ကြ၏။ ဤလက်သမားတို့သည် ယုဒပြည်သားတို့ ကို ခြိမ်းမောင်း၍၊ တပါးအမျိုး၏ ဦးချိုတို့ကို ရှုတ်ချသော သူ ဖြစ်ကြသည်ဟု ပြန်ပြော၏။