1Deschide-ţi porţile, Libanule, ca să-ţi mănînce focul cedrii!
1အို လေဗနုန်တောင်၊ သင်၏ အာရဇ်ပင်တို့ကို မီးလောင်စေခြင်းငှါ သင်၏တံခါးတို့ကို ဖွင့်လော့။
2Vaită-te, chiparosule, căci cedrul a căzut, şi cei falnici sînt nimiciţi! Văitaţi-vă, stejari din Basan, căci pădurea cea nepătrunsă a fost dată jos!
2အိုထင်းရူးပင်၊ အာရဇ်ပင်လဲသောကြောင့် မြည် တမ်းလော့။ မြတ်သောအပင်တို့သည် ပျက်စီးကြပြီ။ အို ဗာရှန်သပိတ်ပင်တို့၊ ခိုင်ခံ့သောတောကို ခုတ်လှဲသော ကြောင့် မြည်တမ်းကြလော့။
3Păstorii scot strigăte de jale, pentrucă li s'a nimicit fala; puii de lei mugesc, căci desişul Iordanului este nimicit.
3သိုးထိန်းတို့သည် မိမိတို့ အသရေပျက်သော ကြောင့်၊ မြည်တမ်းသောအသံကို ပြုကြ၏။ ယော်ဒန်မြစ် ၏ဂုဏ်အသရေပျက်သောကြောင့်၊ ခြင်္သေ့ပျိုဟောက် သောအသံကို ကြားရ၏။
4Aşa vorbeşte Domnul, Dumnezeul meu: ,,Paşte oile de tăiat!
4ငါ၏ဘုရားသခင် ထာဝရဘုရားမိန့်တော်မူ သည်ကား၊ သတ်ဘို့ရာ ထားသော ဤသိုးစုကို ကျွေးမွေး လော့။
5Căci cei ce le cumpără le taie şi nu se simt vinovaţi. Şi cel ce le vinde zice: ...Binecuvîntat să fie Domnul, căci mă îmbogăţesc!... Şi păstorii lor nu le cruţă.
5ပိုင်သောသူတို့သည် သတ်၍ ကိုယ်အပြစ်ရှိသည် ကို မသိကြ။ ရောင်းစားသောသူတို့ကလည်း၊ ငါရတတ် သည်ဖြစ်၍ ထာဝရဘုရားသည် မင်္ဂလာရှိတော်မူစေသ တည်းဟု ဆိုကြ၏။ သိုးထိန်းတို့သည်လည်း သနားခြင်း ကရုဏာမရှိကြ။
6Căci nu mai am milă de locuitorii ţării, -zice Domnul: ...Ci iată, dau pe oameni, pe unii în mînile altora şi în mînile împăratului lor; ei vor pustii ţara, şi n'o vor izbăvi din mînile lor.
6ထာဝရဘုရား မိန့်တော်မူသည်ကား၊ ငါသည် ပြည်သူပြည်သားတို့ကို နောက်တဖန်မသနား၊ မနှမြောဘဲ၊ လူအသီးအသီးတို့ကို အိမ်နီးချင်းလက်သို့၎င်း၊ ရှင်ဘုရင် လက်သို့၎င်း အပ်သဖြင့်၊ သူတို့သည် တပြည်လုံးကို နှိပ် စက်ကြလိမ့်မည်။ သူတို့လက်မှ ငါမကယ်လွှတ်ဘဲ နေမည် ဟု မိန့်တော်မူ၏။
7Atunci M'am apucat să pasc oile de tăiat, în adevăr cele mai ticăloase din turmă. Am luat două toiege: pe unul l-am numit ...Îndurare,... iar pe celalt l-am numit ...Legămînt.... Şi am păscut oile.
7ထိုသို့ သတ်ဘို့ရာထားသော သိုးစုတည်းဟူ သော၊ ဆင်းရဲသောသိုးတို့ကို ငါကျွေးမွေးရ၏။ သိုးထိန်း တောင်ဝေးနှစ်စင်းကိုယူ၍၊ တစင်းကို ကျေးဇူးဟူ၍၎င်း၊ တစင်းကို အနှောင်အဖွဲ့ဟူ၍၎င်း ခေါ်ဝေါ်လျက်၊ သိုးစုကို ကျွေးမွေး၏။
8Am nimicit cu desăvîrşire pe cei trei păstori într'o lună: sufletul Meu nu -i mai răbda, şi se scîrbise şi sufletul lor de Mine.
8သိုးထိန်းသုံးယောက်ကိုလည်း တလတွင် ငါပယ် ဖြတ်၏။ သူတို့ကြောင့် ငါ့စိတ်ငြီးငွေ့၏။ သူတို့သည်လည်း ငါ့ကို ရွံရှာကြ၏။
9Şi am zis: ...Nu vă mai pot paşte! Cea care are să moară, să moară, cea care are să piară să piară, şi cele ce mai rămîn, să se mănînce unele pe altele!...
9နောက်တဖန် သင်တို့ကို ငါမကျွေး။ သေသော အကောင်သည် သေပါလေစေ။ အသတ်ခံရသော အကောင်သည် ခံရပါလေစေ။ ကျန်ကြွင်းသောအကောင် တို့သည် တကောင်ကိုတကောင် စားပါလေစေဟု ငါဆို လျက်၊
10Mi-am luat toiagul ...Îndurare,... şi l-am rupt, ca să rup legămîntul Meu, pe care -l încheiasem cu toate popoarele.
10ခပ်သိမ်းသောလူမျိုးတို့နှင့် အရင်ဖွဲ့သော ပဋိညာဉ်ကို ဖျက်လို၍၊ ကျေးဇူးအမည်ရှိသော ငါ၏ တောင်ဝေးကို ယူ၍ ချိုး၏။
11Şi cînd s'a rupt în ziua aceea, nenorocitele acelea de oi, cari au luat seama la Mine, au cunoscut astfel că acesta era Cuvîntul Domnului.
11ထိုပဋိညာဉ်သည် ထိုနေ့၌ပျက်သောကြောင့်၊ ငါ့ကိုအမှီပြုသော သိုးဆင်းရဲတို့သည် ထာဝရဘုရား၏ နှုတ်ကပတ်တော်ကို နားလည်ကြ၏။
12Eu le-am zis: ...Dacă găsiţi cu cale, daţi-Mi plata; dacă nu, nu Mi -o daţi!... Şi Mi-au cîntărit, ca plată, trei zeci de arginţi.
12တဖန် ငါက၊ ငါရထိုက်သော အခကို ပေးအံ့ သောငှါ၊ သင်တို့သည် အလိုရှိလျှင် ပေးကြလော့။ အလို မရှိလျှင် မပေးကြနှင့်ဟုဆိုသော်၊ သူတို့သည် ငါ့အား အခပေးအံ့သောငှါ ငွေသုံးဆယ်ကို ချိန်ကြ၏။
13Dar Domnul Mi -a zis: ...Aruncă olarului preţul acesta scump, cu care M'au preţuit!... Şi am luat cei trei zeci de arginţi, şi i-am aruncat în casa Domnului, pentru olar.
13ထာဝရဘုရားကလည်း၊ ထိုငွေကို အိုးထိန်း သမားရှေ့မှာ ပစ်ချလော့။ ငါ့ကို အဘိုပြတ်၍ ငွေများလှ သည်တကားဟု မိန့်တော်မူသည်အတိုင်း၊ ထိုငွေသုံးဆယ် ကို ငါယူ၍ ထာဝရဘုရား၏ဗိမာန်တော်၌ အိုးထိန်း သမားရှေ့မှာ ပစ်ချ၏။
14Apoi Mi-am rupt la doilea toiag ...Legămînt,... ca să rup frăţia dintre Iuda şi Israel.
14ထိုအခါ ယုဒအမျိုးနှင့် ဣသရေလအမျိုးဖွဲ့ သော မိဿဟာယကို ဖျက်လို၍၊ အနှောင်အဖွဲ့အမည်ရှိ သော အခြားတောင်ဝေးကို ငါချိုး၏။
15Domnul mi -a zis: ...Ia şi uneltele unui păstor nebun!
15တဖန် ထာဝရဘုရားက၊ မိုက်သော သိုးထိန်း၏ တန်ဆာတို့ကို သိမ်းယူလော့။
16Căci iată că voi ridica în ţară un păstor, căruia nu -i va păsa de oile cari pier; nu se va duce să caute pe cele mai tinere, nu va vindeca pe cele rănite, nu va îngriji de cele sănătoase; ci va mînca din carnea celor mai grase, şi nu le va mai lăsa decît copitele!
16အကြောင်းမူကား၊ ဤပြည်၌ သိုးထိန်းတဦးကို ငါပေါ်ထွန်းစေမည်။ သူသည် အသတ်ခံရသောအကောင် ကို မကြည့်မရှု၊ လမ်းလွဲသောအကောင်ကို မရှာ၊ နာသော အကောင်ကို အနာပျောက်စေခြင်းငှါမပြု၊ ရပ်နေသော အကောင်ကို မမစ၊ ဆူသောအကောင်တို့ကို စားလိမ့် မည်။ သူတို့ ခွာကိုလည်း ချိုးဖဲ့လိမ့်မည်။
17Vai de păstorul de nimic, care îşi părăseşte oile! Să cadă sabia pe braţul lui şi pe ochiul lui cel drept! Să i se usuce braţul de tot, şi să i se stingă ochiul drept!
17သိုးစုကို စွန့်ပစ်သော အချည်းနှီးသိုးထိန်းသည် အမင်္ဂလာရှိစေသတည်း။ သူ၏လက်ရုံးနှင့်လက်ျာမျက်စိ၌ ထားဘေးရောက်လိမ့်မည်။ လက်ရုံးသည် အကုန်အစင် ခြောက်ကပ်လိမ့်မည်။ လက်ျာမျက်စိသည် အကုန်အစင် မိုက်လိမ့်မည်ဟု မိန့်တော်မူ၏။