1,,Vai de cetatea îndărătnică şi spurcată, vai de cetatea plină de asuprire!
1ဆန့်ကျင်ဘက်ပြု၍ ညစ်ညူးလျက် ညှဉ်းဆဲ တတ်သော မြို့သည် အမင်္ဂလာရှိ၏။
2Ea n'ascultă de nici un glas, nu ţine seama de mustrare, nu se încrede în Domnul, nu se apropie de Dumnezeul său.
2နှုတ်ကပတ်တော်အသံကို နားမထောင်၊ ဆုံးမ တော်မူခြင်းကိုမခံ၊ ထာဝရဘုရားကို မခိုလှုံ၊ မိမိ ဘုရား သခင့်ထံတော်သို့ မချဉ်းကပ်၊
3Căpeteniile ei în mijlocul ei sînt nişte lei cari răcnesc; judecătorii ei sînt nişte lupi de seară cari nu mai lasă nici un os pînă dimineaţa.
3မြို့အလယ်၌ မင်းများတို့သည် ဟောက်သော ခြင်္သေ့ဖြစ်ကြ၏။ တရားသူကြီးတို့သည် နံနက်တိုင်အောင် အဘယ်အရာကိုမျှမချန်မထား၊ ညဉ့်၌ လှည့်လည်တတ် သောတောခွေးဖြစ်ကြ၏။
4Proorocii ei sînt uşuratici şi înşelători; preoţii ei pîngăresc lucrurile sfinte, calcă Legea.
4ပရောဖက်တို့သည် လျှပ်ပေါ်သောသူ၊ သစ္စာ ပျက်သောသူဖြစ်ကြ၏။ ယဇ်ပုရောဟိတ်တို့သည် သန့် ရှင်းရာဌာနတော်ကို ညစ်ညူးစေ၍ တရားတော်ကိုလည်း ရှုတ်ချကြ၏။
5Domnul este fără prihană în mijlocul ei. El nu face nici o nelegiuire; în fiecare dimineaţă El Îşi scoate la lumină judecăţile, fără să înceteze vreodată; dar cine este nelegiuit nu ştie de ruşine!
5သို့သော်လည်း၊ ထာဝရဘုရားသည် မြို့အလယ် ၌ တရားသဖြင့် ပြုတော်မူ၏။ မတရားသော အမှုကို ပြုတော်မမူ။ နံနက်အစဉ်အတိုင်း မိမိဖြောင့်မတ်ကြောင်း ကို မချွတ်မယွင်း ဘော်ပြတော်မူ၏။ သို့သော်လည်းဒ၊ အဓမ္မလူတို့သည် ရှက်ကြောက်ခြင်းမရှိကြ။
6Am nimicit neamuri, le-am dărîmat turnurile, le-am pustiit uliţele şi nu mai trece nimeni pe ele! Cetăţile lor sînt pustiite, nu mai au nici un om în ele, şi nimeni nu mai locuieşte în ele!
6လူအမျိုးမျိုးတို့ကို ငါပယ်ဖြတ်၍ သူတို့ရဲတိုက် များကို ဖျက်ဆီးလေပြီ။ လမ်းတို့၌ အဘယ်သူမျှ မသွား မလာစေခြင်းငှါ လူဆိတ်ညံစေပြီ။ မြို့တို့ကိုလည်း လူတစုံ တယောက်မျှ မနေစေခြင်းငှါ ဖျက်ဆီးလေပြီ။
7Ziceam: ,Dacă ai voi măcar să te temi de Mine, şi să ţii seama de mustrare! Nu ţi-ar fi nimicită locuinţa, şi n'ar veni peste tine toate pedepsele cu cari te-am ameninţat.` Dar ei s'au grăbit să-şi strice toate faptele.
7ထိုအခါ ငါက၊ အကယ်စင်စစ် ဤမျှလောက် ငါဆုံးမပြီးမှ သင်သည် ကိုယ်နေရာကို မပယ်ရှင်းစေခြင်း ငှါ၊ ငါ့ကို ကြောက်ရွံ့၍ နည်းခံလိမ့်မည်ဟု ဆိုသော်လည်း၊ သူတို့သည် ကြိုးစား၍ မှားယွင်းသော အကျင့်ကိုသာ ကျင့်ကြ၏။
8,,De aceea aşteptaţi numai, zice Domnul, pînă în ziua cînd Mă voi scula la pradă: căci am hotărît să strîng neamurile, să adun împărăţiile, ca să-Mi vărs urgia peste ele, toată aprinderea mîniei Mele; căci toată ţara va fi mistuită de focul geloziei Mele.``
8သို့သော်လည်း၊ ထာဝရဘုရား မိန့်တော်မူသည် ကား၊ ဘမ်းဆီးလုယက်ခြင်းငှါ ငါမထမှီတိုင်အောင် ငါ့ကို ငံ့လင့်ကြလော့။ တိုင်းနိုင်ငံပြည်သားအမျိုးမျိုးတို့ကို စုဝေး စေ၍၊ ငါ့အမျက်၊ ငါ့ဒေါသအရှိန်ကို အကုန်အစင် သွန်း လောင်းမည်ဟု ငါအကြံရှိ၏။ ငါ့ဒေါသမီးသည် မြေ တပြင်လုံးကို လောင်ရလိမ့်မည်။
9,,Atunci voi da popoarelor buze curate, ca toţi să cheme Numele Domnului, ca să -I slujească într'un gînd.
9အကယ်စင်စစ် လူမျိုးအပေါင်းတို့သည် ထာဝရ ဘုရား၏အမှုတော်ကို တညီတညွတ်တည်း ဆောင်ရွက် မည်အကြောင်း၊ နာမတော်ကို ပဌနာပြုစေခြင်းငှါ သန့် ရှင်းသော ဘာသာစကားကို သူတို့အား ငါပြန်ပေးမည်။
10Dincolo de rîurile Etiopiei, Îmi vor aduce daruri de mîncare închinătorii mei, obştea Mea cea risipită.
10ကုရှပြည်၏မြစ်တို့တဘက်၊ အရပ်ရပ်၌ ကွဲပြား လျက်နေသော ငါ၏လူမျိုးသတို့သမီး၊ ငါ့ကို တောင်းပန် သော သူတို့သည် ငါ့အဘို့ ပူဇော်သက္ကာကို ဆောင်ခဲ့ကြ လိမ့်မည်။
11În ziua aceea, nu vei mai avea nevoie să roşeşti de toate faptele tale prin cari ai păcătuit împotriva Mea; căci atunci voi scoate din mijlocul tău pe cei trufaşi, şi nu te vei mai îngîmfa pe muntele Meu cel sfînt!
11ငါ့ကို ပြစ်မှားသောအပြစ်များကြောင့် ထိုအခါ သင်သည် အရှက်ကွဲခြင်းကို မခံရ။ သင်၏ဂုဏ်အသရေ ကြောင့် ဝါကြွားသော သူတို့ကို သင့်အလယ်၌ ငါပယ်ရှား မည်။ သင်သည်လည်း ငါ၏သန့်ရှင်းသော တောင်ကို အမှီပြု၍ နောက်တဖန်မာနမထောင်လွှားရ။
12Voi lăsa în mijlocul tău un popor smerit şi mic, care se va încrede în Numele Domnului.
12နှိမ့်ချဆင်းရဲသော အမျိုးကို သင့်အလယ်၌ ငါချန်ထားမည်။ ထိုသူတို့သည် ထာဝရဘုရား၏ နာမ တော်ကို ခိုလှုံကြလိမ့်မည်။
13Rămăşiţele lui Israel nu vor mai săvîrşi nelegiuire, nu vor mai spune minciuni, şi nici în gura lor nu se va mai găsi o limbă înşelătoare. Ci vor paşte, şi se vor odihni, şi nimeni nu -i va tulbura.
13ကျန်ကြွင်းသော ဣသရေလအမျိုးသားတို့သည် မတရားသောအမှုကို မပြုရကြ။ မုသာမပြောရကြ။ သူတို့ နှုတ်၌ လှည့်စားတတ်သော လျှာမရှိရ။ အဘယ်သူမျှ မကြောက်စေဘဲ စားသောက်လျက်၊ အိပ်လျက်နေရကြ လိမ့်မည်။
14Strigă de bucurie, fiica Sionului! Strigă de veselie, Israele! Bucură-te şi saltă de veselie din toată inima ta, fiica Ierusalimului!
14အိုဇိအုန်သတို့သမီး၊ သီချင်းဆိုလော့။ အို ဣသ ရေလအမျိုး၊ ကြွေးကြော်လော့။ အိုယေရုရှလင်သတို့သမီး၊ စိတ်နှလုံးအကြွင်းမဲ့ ဝမ်းမြောက်ရွှင်လန်းလော့။
15Domnul a abătut dela tine pedepsele tale, a îndepărtat pe vrăjmaşul tău; Domnul, Împăratul lui Israel, este în mijlocul tău; nu trebuie să te mai temi de nicio nenorocire!
15ထာဝရဘုရားသည် သင်၏အပြစ်ဒဏ်တို့ကို ပပျောက်စေ၍၊ သင်၏ရန်သူတို့ကို ပယ်ရှားတော်မူပြီ။ ဣသရေလအမျိုး၏ ရှင်ဘုရင်ထာဝရဘုရားသည် သင့် အလယ်၌ ရှိတော်မူ၏။ သင်သည် နောက်တဖန်ဘေး ဥပဒ်နှင့်မတွေ့မကြုံရ။
16În ziua aceea, se va zice Ierusalimului: ,,Nu te teme de nimic! Sioane, să nu-ţi slăbească mînile!
16မစိုးရိမ်ပါနှင့်ဟု၊ ယေရုရှလင်မြို့အား၎င်း၊ လက် အား မလျှော့စေနှင့်ဟု၊ ဇိအုန်တောင်အား၎င်း ထိုအခါ ဆိုရ၏။
17Domnul Dumnezeul tău este în mijlocul tău, ca un viteaz care poate ajuta; se va bucura de tine cu mare bucurie, va tăcea în dragostea Lui, şi nu va mai putea de veselie pentru tine.
17သင်၏ဘုရားသခင်ထာဝရဘုရားသည် သင့် အလယ်၌ရှိ၍၊ တန်ခိုးကြီးသောဘုရားသည် သင့်ကို ကယ်တင်တော်မူလိမ့်မည်။ သင်၌ အားရ၍ ဝမ်းမြောက် တော်မူလိမ့်မည်။ ချစ်ခြင်းမေတ္တာ၌ ကျိန်းဝပ်၍၊ သီချင်း ဆိုခြင်းနှင့်တကွ သင်၌ ဝမ်းမြောက်တော်မူလိမ့်မည်။
18,,Voi strînge pe cei întristaţi, cari sînt departe de adunarea sfîntă, pe cei ieşiţi din sînul tău, asupra cărora acum apasă ocara.
18ကဲ့ရဲ့ခြင်းဝန်ကို သင်ထမ်းရာအကြောင်းတည်း ဟူသော၊ သင်နှင့်ဝေး၍ ဓမ္မပွဲကို မခံရဘဲ ညှိုးငယ်လျက် ရှိသော သူတို့ကို ငါစုဝေးစေမည်။
19Iată, în vremea aceea, voi lucra împotriva tuturor asupritorilor tăi; voi izbăvi pe cei şchiopi şi voi strînge pe cei ce au fost izgoniţi, şi îi voi face o pricină de laudă şi de slavă în toate ţările unde sînt de ocară acum.
19သင့်ကို ညှဉ်းဆဲသောသူအပေါင်းတို့ကို ထိုအခါ ငါစီရင်မည်။ နာသောသူကို ချမ်းသာပေးမည်။ နှင်ထုတ် ခြင်းကိုခံရသောသူကို သင်းဖွဲ့စေမည်။ အရှက်ကွဲခြင်းကို ခံရရာပြည်အရပ်ရပ်တို့၌ ချီးမွမ်းခြင်းဂုဏ်အသရေကို ပေးမည်။
20În vremea aceea, vă voi aduce înapoi; în vremea aceea, vă voi strînge; căci vă voi face o pricină de slavă şi de laudă între toate popoarele pămîntului, cînd voi aduce înapoi pe prinşii voştri de război supt ochii voştri, zice Domnul.`
20ထိုကာလ၌ သင်တို့ကို တဖန် ငါဆောင်ခဲ့၍ စုဝေးစေသဖြင့်၊ သိမ်းသွားခြင်းကို ခံရသောသူတို့ကို သင် တို့မျက်မှောက်၌ တဖန် ဆောင်ခဲ့ပြန်သောအခါ၊ မြေကြီးသားအမျိုးမျိုးတို့တွင် ချီးမွမ်းခြင်းဂုဏ်အသရေကို သင်တို့အား ပေးမည်ဟု၊ ထာဝရဘုရား မိန့်တော်မူ၏။