Shona

Myanmar

1 Samuel

16

1Zvino Jehovha wakati kuna Samueri, Uchachema Sauro kusvikira rinhiko, zvandakamuramba ini, kuti arege kuva mambo waIsiraeri? Zadza gonamombe rako namafuta, uende, ndikutume kuna Jese muBheterehemu; nekuti ndakazvitsvakira mambo pakati pavana vake.
1တဖန် ထာဝရဘုရားက၊ ရှောလုကို ဣသရေလရှင်ဘုရင်အရာမှ ငါပယ်သောကြောင့်၊ သင်သည် အဘယ်မျှ ကာလပတ်လုံး စိတ်မသာ ညည်းတွားလျက် နေလိမ့်မည်နည်း။ သင်၏ဘူးကို ဆီနှင့် ပြည့်စေလော့။ ဗက်လင်မြို့သား ယောရှဲရှိရာသို့ ငါစေလွှတ်မည်။ သူ၏သားတို့တွင် ငါ့အဘို့ ရှင်ဘုရင် တပါးကို ငါပြင်ဆင်ပြီဟု ရှမွေလအား မိန့်တော်မူ၏။
2Samueri akati, Ndingaenda seiko? Kana Sauro akazvinzwa, uchandiuraya. Jehovha akati, Enda netsiru, uti, Ndauya kuzobayira Jehovha.
2ရှမွေလက၊ အကျွန်ုပ်သည် အဘယ်သို့ သွားနိုင်ပါမည်နည်း။ ရှောလုကြားလျှင် သတ်ပါလိမ့်မည်ဟု လျှောက်သော်၊ ထာဝရဘုရားက၊ နွားမတန်းကိုယူ၍ ငါသည် ထာဝရဘုရားအား ယဇ်ပူဇော်ခြင်းငှါ လာပြီဟု ပြောလော့။
3Zvino udane Jese auye kuchibayiro, ini ndichakuzivisa zvaunofanira kuita, ugondizodzera wandichakuratidza.
3ယေရှဲကိုလည်း ယဇ်ပွဲသို့ ခေါ်ဘိတ်လော့။ ထိုအခါ သင်သည် အဘယ်သို့ ပြုရမည်ကို ငါပြမည်။ ငါသည် နာမဖြင့် ထုတ်ပြသောသူကို ငါ့အဘို့ ဘိသိက်ပေးရမည်ဟု မိန့်တော်မူသည်အတိုင်း၊-
4Samueri akaita zvakataurwa naJehovha, akaenda Bheterehemu. Vakuru veguta vakandosangana naye, vachibvunda, vakati, Mauya norugare here?
4ရှမွေလပြု၍ ဗက်လင်မြို့သို့ သွားလေ၏။ ဗက်လင်မြို့ သားအသက်ကြီးသူတို့သည် ရှမွေလနှင့် တွေ့သောအခါ တုန်လှုပ်၍၊ ကိုယ်တော်သည် ချမ်းသာပေးလျက် လာတော်မူသလောဟု မေးလျှောက် ကြသော်၊
5Akati, Hongu, norugare; ndauya kuzobayira Jehovha, muzvinatsei, muende neni kundobayira. Ipapo akanatsa Jese navanakomana vake, akavadana kuchibayiro.
5ချမ်းသာပေးလျက် ထာဝရဘုရားအား ယဇ်ပူဇော်ခြင်းငှါ ငါလာပြီ။ မိမိတို့ကို သန့်ရှင်းစေပြီးမှ ငါနှင့်အတူ ယဇ်ပွဲသို့လာကြဟု ဆိုသဖြင့်၊ ယေရှဲနှင့် သူ၏သားတို့ကို သန့်ရှင်းစေ၍ ယဇ်ပွဲသို့ ခေါ်လေ၏။
6Zvino vakati vasvika, akatarira Eriabhu, akati, Zvirokwazvo, muzodzwa waJehovha uri pamberi pake.
6သူတို့သည် ရောက်လာသောအခါ ဧလျာဘကို ကြည့်ရှု၍၊ စင်စစ်ထာဝရဘုရားအခွင့်နှင့် ဘိသက်ခံရသော သူသည် ငါ့ရှေ့မှာရှိ၏ဟု ဆိုလေသော်၊
7Asi Jehovha wakati kuna Samueri, Usatarira chiso chake, kana mumhu wake, nekuti ndamuramba; nekuti Jehovha haawoni somunhu, nekuti munhu unotarira zviri pamberi pameso, asi Jehovha unotarira zviri pamoyo.
7ထာဝရဘုရားက၊ သူ၏မျက်နှာ၊ သူ၏အရပ်ကို မကြည့်မရှုနှင့်။ သူ့ကို ငါပယ်ပြီ။ ထာဝရဘုရားသည် လူမြင်သကဲ့သို့ မြင်တော်မူသည် မဟုတ်။ လူသည် အဆင်းသဏ္ဌာန်ကို ကြည့်ရှုတတ်၏။ ထာဝရဘုရား မူကား နှလုံးကို ကြည့်ရှုတတ်သည်ဟု ရှမွေအား မိန့်တော်မူ၏။
8Zvino Jese akadana Abhinadhabhu, akamupfuudza pamberi paSamueri. Akati, Kunyange nouyu Jehovha haana kumutsaura.
8တဖန် ယေရှဲသည် အဘိနဒပ်ကို ခေါ်၍ ရှမွေလရှေ့မှာ သွားစေသဖြင့်၊ ရှမွေလက၊ ဤသူကိုလည်း ထာဝရဘုရား ရွေးတော်မမူဟုဆို၏။
9Zvino Jese akapfuudza Shama. Akati, Nouyu Jehovha haana kumutsaura.
9တဖန်ယေရှဲသည် ရှိမာကို သွားစေသဖြင့်၊ ဤသူကိုလည်း ထာဝရဘုရားရွေးတော်မမူဟု ဆို၏။
10Jese akapfuudza vanomwe vavanakomana vake pamberi paSamueri. Samueri akati kuna Jese, Jehovha haana kutsaura ava.
10တဖန်ယေရှဲသည် သားခုနစ်ယောက်တို့ကို ရှမွေလရှေ့မှာ သွားစေသဖြင့်၊ ရှမွေလက၊ ဤသူတို့ကို လည်း ထာဝရဘုရား ရွေးတော်မမူ။
11Zvino Samueri akati kuna Jese, Vana vako varipano vose here? Akati, Muduku kuna vose ndiye wasara; tarirai unorisa makwai. Samueri akati kuna Jese, Tuma munhu amutore, nekuti hatingagari pakudya kusvika iye auya pano.
11သင်၌ သားမရှိပြီလောဟု ယေရှဲအား မေးလျှင်၊ ယေရှဲက အငယ်ဆုံးသော သားရှိပါသေး၏။ သိုးတို့ကို ထိန်းကျောင်းလျက် နေပါသည်ဟု ပြောဆိုသော်၊ ရှမွေလက သူ့ကို ခေါ်စေခြင်းငှါ လူကို စေလွှတ် ပါ။ သူမရောက်မှီ ပွဲသို့ ဝင်၍ မထိုင်ရဟု ဆိုသည်အတိုင်း၊
12Akatuma munhu, akapinda naye. Zvino wakange ari -mutsvuku, akanaka kumeso, ano muviri wakanaka. Jehovha akati, Simuka, umuzodze, nekuti ndiye.
12စေလွှတ်၍ သူ့ကို ခေါ်ခဲ့၏။ သူသည် နီသောဆံပင်ရှိ၏။ လှသောအဆင်းနှင့် ချစ်ဘွယ်သော မျက်နှာ လည်းရှိ၏။ ထာဝရဘုရားက ဤသူပေတည်း။ ထ၍ ဘိသိက်ပေးလော့ဟု မိန့်တော်မူ၏။
13Ipapo Samueri akatora gonamombe ramafuta, akamuzodza pakati pehama dzake. Mweya waJehovha akauya pamusoro paDhavhidhi nesimba, kubva pazuva iro zvichienda mberi. Zvino Samueri akasimuka, akaenda Rama.
13ရှမွေလသည်လည်း၊ ဆီဘူးကိုယူ၍ သူ၏ အစ်ကိုစုထဲမှာ သူ့ကို ဘိသိက်ပေးလေ၏။ ထိုနေ့မှစ၍ ထာဝရဘုရား၏ ဝိညာဉ်တော်သည် ဒါဝိဒ်အပေါ်မှာ သက်ရောက်လေ၏။ ရှမွေသည် ထ၍ ရာမ မြို့သို့ ပြန်သွား၏။
14Zvino Mweya waJehovha wakange wabva kuna Sauro, mweya wetsvina wakange watumwa naJehovha, ukamuvhundusa.
14ထာဝရဘုရား၏ ဝိညာဉ်တော်သည် ရှောလုမှ ထွက်သွား၍၊ ထာဝရဘုရားထံတော်က ဆိုးသော ဝိညာဉ်သည် နှောင့်ရှက်တတ်၏။
15Varanda vaSauro vakati kwaari, Tarirai zvino, mweya wakaipa, wakatumwa naMwari, unokuvhundusai.
15ရှောလု၏ ကျွန်တို့ကလည်း၊ ယခုမှာ ဘုရားသခင်ထံတော်က ဆိုးသော ဝိညာဉ်သည် ကိုယ်တော်ကို နှောင့်ရှက်တတ်ပါ၏။
16Zvino tenzi wedu ngaatiraire isu varanda venyu vari pamberi penyu, kuti titsvake munhu unoziva kuridza mbira kwazvo; zvino kana mweya wakaipa, unotumwa naMwari, uchiuya pamusoro penyu, iye aridze noruoko rwake, mupore.
16ခစားသော ကိုယ်တော်၏ ကျွန်တို့သည်၊ သာယာစွာ စောင်းတီးတတ်သောသူကို ရှာဖွေရမည် အကြောင်း အရှင်အမိန့်ရှိတော်မူပါ။ ဘုရားသခင့်ထံတော်က ဆိုးသောဝိညာဉ် လာသောအခါ၊ သူသည် စောင်းတီးသဖြင့် ကိုယ်တော်သည် ချမ်းသာရတော်မူမည်ဟု လျှောက်လျှင်၊
17Sauro akati kuvaranda vake, Chinditsvakirai munhu unogona kuridza zvakanaka, muuye naye kwandiri.
17ရှောလုက၊ သာယာစွာ တီးတတ်သောသူကို ငါ့အဘို့ ရှာဖွေ၍ ငါ့ထံသို့ ခေါ်ခဲ့ကြဟု ကျွန်တို့အား မိန့်တော်မူသော်၊
18Zvino mumwe wamajaya akapindura, akati, Tarirai, ndakaona mwanakomana waJese muBheterehemu unoziva kuridza kwazvo, munhu ane simba noumhare, murwi, wakachenjera pakutaura, munhu wakanaka, uye Jehovha anaye.
18ကျွန်တယောက်က၊ ကျွန်တော်တွေ့ဘူးသော ဗက်လင်မြို့သား ယေရှဲသားသည် စောင်းတီးသောအတတ်၊ ရဲရင့်ခြင်းအစွမ်းသတ္တိနှင့် ပြည့်စုံ၍၊ စစ်မှု၌၎င်း၊ ပညာစကား၌၎င်း လေ့ကျက်ပါ၏။ အဆင်းလည်း လှပါ၏။ ထာဝရဘုရားသည်သူနှင့်အတူ ရှိတော်မူ၏ဟု လျှောက်သောကြောင့်၊
19Naizvozvo Sauro akatuma nhume kuna Jese, akati, Nditumire mwanakomana wako Dhavhidhi, ari kumakwai.
19ရှောလုက၊ ယေရှဲရှိရာသို့ လူကိုစေလွှတ်၍၊ သိုးထိန်းဖြစ်သော သင်၏သားဒါဝိဒ်ကို ငါ့ထံသို့ စေလွှတ် ရမည်ဟု အမိန့်တော်ရှိ၏။
20Jese akatora mbongoro, akaitakudza chingwa, nedende rewaini, nembudzana, akazvituma kuna Sauro nomwanakomana wake Dhavhidhi.
20ယေရှဲသည် မုန့်တင်သော မြည်း၊ စပျစ်ရည်ဘူး၊ ဆိတ်သငယ်ကို ယူ၍ မိမိသားဒါဝိဒ်တွင် ရှောလုထံ သို့ ပေးလိုက်လေ၏။
21Dhavhidhi akasvika kuna Sauro, akamira pamberi pake, iye akamuda kwazvo, akava mubati wenhumbi dzake dzokurwa.
21ဒါဝိဒ်သည် ရှောလုထံသို့ ရောက်၍ ခစားသဖြင့်၊ ရှောလုသည် အလွန်ချစ်၍ လက်နက်တော်ဆောင် အရာ၌ ခန့်ထား၏။
22Sauro akatuma shoko kuna Jese, akati, Tendera hako Dhavhidhi amire pamberi pangu, nekuti ndinomufarira kwazvo.
22ရှောလုသည်လည်း ယေရှဲရှိရာသို့ လူကိုစေလွှတ်၍၊ ဒါဝိဒ်ကို ငါ့စိတ်နှင့်တွေ့သောကြောင့် ငါ့ထံ၌ ခစားပါစေဟု အခွင့်တောင်းလေ၏။
23Zvino nguva dzose kana mweya wakaipa, wakatumwa naMwari, uchiuya pamusoro paSauro, Dhavhidhi ndokutora mbira, nokuridza noruoko rwake; Sauro akanyaradzwa, akapora, mweya wakaipa ndokubva kwaari.
23ဘုရားသခင့်ထံတော်က ဆိုးသောဝိညာဉ်သည် ရှောလုအပေါ်မှာ ရောက်သောအခါ၊ ဒါဝိဒ်သည် စောင်းကိုယူ၍ တီးသဖြင့် ဆိုးသောဝိညာဉ်ထွက်သွား၍၊ ရှောလုသည် သက်သာလျက် ပကတိ ကျန်းမာ လျက်ရှိတတ်၏။