Shona

Myanmar

1 Samuel

27

1Zvino Dhavhidhi akati mumoyo make, Mumwe musi ndichaparadzwa hangu noruoko rwaSauro; zviri nani kwazvo kwandiri kuti nditizire kunyika yavaFirisitia; Sauro uchazoora moyo pamusoro pangu, akarega kunditsvaka panyika yose yaIsiraeri; saizvozvo ndichapukunyuka paruoko rwake.
1တဖန်ဒါဝိဒ်က၊ ငါသည် ရှောလုလက်ဖြင့် ဆုံးရှုံးရသော အချိန်ရောက်လိမ့်မည်။ သို့ဖြစ်၍ ဖိလိတ္တိပြည်သို့ အလျင်အမြန် ပြေးကောင်း၏။ သည်ထက်ကောင်းသော အရာမရှိ။ သို့ပြုလျှင် ရှောလုသည် ဣသရေလပြည်နယ်တွင် ငါ့ကို ရှာ၍မတွေ့နိုင်ကြောင်းကို သိလျက်၊ အားလျော့၍ သူ့လက်မှ ငါလွတ်လိမ့်မည်ဟု အကြံရှိသည်အတိုင်း၊
2Dhavhidhi akasimuka, akayambuka, iye navarume vana mazana matanhatu vaakanga anavo, akaenda kuna Akishi, mwanakomana waMaoki, mambo weGati.
2မိမိ၌ ပါသော လူခြောက်ရာနှင့်တကွ ထ၍ ဂါသမင်းမောခသားအာခိတ် ထံသို့ကူးသွားကြ၏။
3Dhavhidhi akagara naAkishi paGati, iye navanhu vake, munhu mumwe nomumwe ane mhuri yake, iye Dhavhidhi ana vakadzi vake vaviri, Ahinowamu muJezereeri, naAbhigairi muKarimeri, waiva mukadzi waNabhari.
3ဒါဝိဒ်နှင့် သူ၏လူများတို့သည် အသီးအသီး မိမိသားမယားပါလျက် ဂါသမြို့၊ အာခိတ်မင်းထံမှာ နေကြ၏။ ဒါဝိဒ်မယားနှစ်ယောက်၊ ယေဇရေလမြို့သူ အဟိနောင်နှင့် နာဗလမယား၊ ကရမေလမြို့သူ အဘိဂဲလပါသတည်း။
4Sauro akaudzwa kuti Dhavhidhi watizira Gati, akasazomutsvakazve.
4ဒါဝိဒ်သည် ဂါသမြို့သို့ ပြေးသွားကြောင်းကို ရှောလုသည် ကြား၍ နောက်တဖန်မလိုက်မရှာဘဲ နေ၏။
5Zvino Dhavhidhi akati kuna Akishi, Zvino kana ndakanzwirwa tsitsi nemi, ngandipiwe hangu pokugara pane rimwe guta renyika ino, ndigarepo, nekuti muranda uchagarireiko pamuzinda pamwechete nemi?
5ဒါဝိဒ်သည် အာခိတ်မင်းထံသို့ဝင်၍၊ ကျွန်တော်သည် ရှေ့တော်၌မျက်နှာရသည်မှန်လျှင် ကျွန်တော်နေစရာ တောရွာတရွာကို သနားတော်မူပါ။ ကိုယ်တော် ကျွန်သည် မြို့တော်၌ ကိုယ်တော် နှင့်အတူ အဘယ်ကြောင့် နေရပါသနည်းဟု လျှောက်လေသော်၊
6Naizvozvo Akishi akamupa Zikiragi nomusi iwoyo; naizvozvo Zikiragi nderamadzimambo aJudha kusvikira nhasi.
6ထိုနေ့၌ အာခိတ်မင်းသည် ဇိကလတ်မြို့ကို ပေး၏။ ထို့ကြောင့် ယနေ့တိုင်အောင် ယုဒရှင်ဘုရင်တို့သည် ဇိကလတ်မြို့ကို ပိုင်ကြ၏။
7Zvino mazuva akagara Dhavhidhi panyika yavaFirisitia akasvika gore rose nemwedzi mina.
7ဒါဝိဒ်သည် ဖိလိတ္တိပြည်၌ နေသော နေ့ရက်ပေါင်းကား တနှစ်နှင့် လေးလစေ့သတည်း။
8Dhavhidhi navanhu vake vakakwira vakandopambara vaGeshuri navaGirizi, navaAmareki; nekuti marudzi iwayo ndiwo akanga agere panyika iyo kare, kana munhu achienda Shuri kusvikira panyika yeEgipita.
8တရံရောအခါ ဒါဝိဒ်နှင့် သူ၏လူတို့သည် သွား၍ ဂေရှုရိလူ၊ ဂေရဇိလူ၊ အာမလက်လူတို့ကို တိုက်ကြ၏၊၊ ထိုလူမျိုးတို့သည် ရှေးကာလ၌ ရှုရမြို့လမ်းမှစ၍ အဲဂုတ္တုပြည်တိုင်အောင် အမြဲနေသောသူ ဖြစ်သတည်း။
9Dhavhidhi akakunda nyika iyo, haana kurega murume kana mukadzi ari mupenyu, akatapa makwai, nemombe, nembongoro, namakamera, nenguvo; akadzoka, akasvika kuna Akishi.
9ထိုပြည်ကို ဒါဝိဒ်သည် လုပ်ကြံ၍ ယောက်ျားမိန်းမ တစုံတယောက်ကိုမျှ အသက်ချမ်းသာမပေး။ သိုး၊ နွား၊ မြည်း၊ ကုလားအုပ်၊ အဝတ်တန်ဆာတို့ကို သိမ်းယူ၍ အာခိတ်မင်းထံသို့ ပြန်သွားလေ၏။
10Akishi akati, Mandopambara kupiko nhasi? Dhavhidhi akati, Kurutivi rwezasi rwavaJudha, nokurutivi rwezasi rwavaJerameeri, nokurutivi rwezasi rwavaKeni.
10အာခိတ်မင်းက၊ သင်တို့သည် ယနေ့အဘယ်အရပ်သို့ သွား၍ တိုက်သနည်းဟု မေးသော်၊ ဒါဝိဒ်က၊ ယုဒပြည်တောင်ဘက်၊ ယေရမေလပြည်တောင်ဘက်၊ ကေနိပြည်တောင်ဘက်သို့ သွား၍ တိုက်ပါသည်ဟု လျှောက်၏။
11Dhavhidhi haana kurega murume kana mukadzi ari mupenyu, kuti auye navo paGati, achiti, Ngavarege kutiudzisira, vachiti, Dhavhidhi wakaita zvokuti nezvokuti, ndiyo tsika yake nguva yose achigere munyika yavaFirisitia.
11ထိုသို့ ဒါဝိဒ်ပြုပြီဟု ဂါသမြို့သို့လာ၍ သိတင်းကြားပြောမည့်သူမရှိစေခြင်းငှါ ယောက်ျားမိန်းမ တစုံတယောက်ကိုမျှ အသက်ချမ်းသာ မပေး။ ဒါဝိဒ်သည် ဖိလိတ္တြိပည်၌နေသော ကာလပတ်လုံး ထိုသို့ပြုလေ့ရှိ၏။
12Akishi akatenda Dhavhidhi achiti, Wazvivengesa kwazvo navanhu vake Isiraeri; naizvozvo uchava muranda wangu nokusingaperi.
12အာခိတ်မင်းက၊ ဒါဝိဒ်သည် မိမိကို မိမိလူမျိုး အလွန်စက်ဆုပ်ရွံရှာသည်တိုင်အောင် ပြုပြီ။ သို့ဖြစ်၍ ငါ့ထံ၌ အစဉ်ကျွန်ခံလိမ့်မည်ဟု ဒါဝိတ်စကားကို ယုံလျက်ဆို၏။