Shona

Myanmar

1 Samuel

4

1Shoko raSamueri rakasvika kuvaIsiraeri vose. Zvino valsiraeri vakaenda kundorwa navaFirisitia, vakavaka misasa yavo pedo neEbheniezeri; vaFirisitia vakavaka misasa yavo paAfeki.
1တဖန် ဣသရေလ အမျိုးသားတို့သည် ဖိလိတ္တိလူတို့ကို တိုက်ခြင်းငှါ ချီသွား၍၊ ဧဗနေဇာမြို့နားမှာ တပ်ချလျက်၊ ဖိလိတ္တိလူတို့သည် အာဖက်မြို့၌ တပ်ချလျက်နေကြ၏။
2VaFirisitia vakazvigadzirira kurwa navaIsiraeri; zvino vakati vorwa, vaIsiraeri vakakundwa navaFirisitia, vakauraya pakati pavakanga vakagadzirirwa kurwa varume vanenge zviuru zvina.
2ဖိလိတ္တိလူတို့သည် ဣသရေလအမျိုးကို စစ်ခင်းကျင်း၍ တိုက်ကြသောအခါ၊ ဣသရေလအမျိုးသည် စစ်ရှုံး၍ ရန်သူလက်တွင် သူရဲလေးထောင်ခန့်မျှ သေကြ၏။
3Zvino vanhu vakati vasvika kumisasa, vakuru vaIsiraeri vakati, Jehovha wakatirovereiko nhasi pamberi pavaFirisitia? Handei, titore areka yesungano yaJehovha paShiro, iuye pakati pedu itirwire pamaoko avavengi vedu.
3လူများတို့သည် တပ်ထဲသို့ ရောက်သောအခါ၊ ဣသရေလအမျိုး အသက်ကြီးသူတို့က၊ ယနေ့ ထာဝရ ဘုရားသည် ငါတို့ကို ဖိလိတ္တိလူတို့ရှေ့မှာ အဘယ်ကြောင့် ရှုံးစေတော်မူသနည်း။ ထာဝရဘုရား၏ ပဋိညာဉ်သေတ္တာတော်သည် လာ၍၊ ငါတို့ကို ရန်သူလက်မှ ကယ်တင်စေခြင်းငှါ၊ ရှိလောမြို့မှ ဆောင်ခဲ့ ကြကုန်အံ့ဟု ဆိုကြသည်အတိုင်း၊
4Naizvozvo vanhu vakatuma nhume Shiro kundotorapo areka yesungano yaJehovha wehondo, ugere pamusoro pamakerubhi; vanakomana vaviri vaEri, Hofini naPinehasi, vakanga varipo paareka yesungano yaMwari.
4လူများတို့သည် ရှိလောမြို့သို့ လူကို စေလွှတ်၍၊ ခေရုဗိမ်စပ်ကြားမှာနေသော ကောင်းကင်ဗိုလ်ခြေ အရှင်ထာဝရဘုရား၏ ပဋိညာဉ်သေတ္တာတော်ကို ဆောင်ခဲ့သဖြင့်၊ ဘုရားသခင်၏ ပဋိညာဉ်သေတ္တာ တော်နှင့်အတူ ဧလိ၏ သားဟောဖနိနှင့်ဖိနဟတ်နှစ်ယောက်တို့သည် ပါကြ၏။
5Zvino areka yesungano yaJehovha yakati yasvika pamisasa, vaIsiraeri vose vakapururudza nokupururudza kukuru, nyika ikaita mawungira.
5ထာဝရဘုရား၏ ပဋိညာဉ်သေတ္တာတော်သည် တပ်ထဲသို့ ရောက်သောအခါ၊ မြေကြီး အသံမြည် သည်တိုင်အောင် တပ်သားအပေါင်းတို့သည် ကြွေးကြော်ကြ၏။
6VaFirisitia vakati vachinzwa inzwi rokupururudza, vakati, inzwi iro rokupururudza, riri kumisasa yavaHebheru rinoti kudiniko? Vakanzwa kuti areka yaJehovha yasvika kumisasa.
6ကြွေးကြော်သံကို ဖိလိတ္တိလူတို့သည် ကြားလျှင်၊ ဟေဗြဲတပ်၌ ပြုသော ကြွေးကြော်သံကြီးကား အဘယ်သို့နည်းဟု မေးလျက်၊ ထာဝရဘုရား၏ သေတ္တာတော်သည် ထိုတပ်ထဲသို့ ရောက်ကြောင်း ကို သိကြ၏။
7VaFirisitia vakatya, nekuti vakati, Mwari wasvika kumisasa. Vakati, Tine nhamo! nekuti chinhu chakadai hachina kumbovapo.
7ဖိလိတ္တိလူတို့သည် ကြောက်၍၊ ဘုရားသခင်သည် ဟေဗြဲတပ်ထဲသို့ ရောက်လေပြီ တကား။ ငါတို့ သည် အမင်္ဂလာရှိကြ၏။ တခါမျှ ဤသို့ မဖြစ်စဖူး။
8Tine nhamo ! Ndianiko uchatirwira pamaoko avaMwari ava vane simba? Ndivo vaMwari vakadeya kurova vaEgipita namatambudziko amarudzi mazhinji murenje.
8ငါတို့သည် အမင်္ဂလာရှိကြ၏။ တန်ခိုးကြီးသော ဤဘုရားသခင်၏လက်မှ ငါတို့ကို အဘယ်သူ ကယ် တင်လိမ့်မည်နည်း။ တော၌ အဲဂုတ္တုလူတို့ကို ဘေးအပေါင်းနှင့် ဒဏ်ခတ်သော ဘုရားကား၊ အခြား မဟုတ် ဤဘုရားပေတည်း။
9Simbai, muite savarume, imwi vaFirisitia, kuti murege kuva varanda vavaHebheru, sezvavakanga vakaita kwamuri; itai savarume, murwe.
9အို ဖိလိတ္တိလူတို့၊ ဣသရေလလူတို့သည် သင်တို့ထံ၌ ကျွန်ခံရသကဲ့သို့၊ သူတို့ထံ၌ ငါတို့သည် ကျွန် မခံရမည်အကြောင်း၊ အားယူ၍ ယောက်ျားပြုကြလော့။ ယောက်ျားပြု၍ တိုက်ကြလော့ဟု ပြောဆို ကြ၏။
10Zvino vaFirisitia vakarwa, vaIsiraeri vakakundwa, vakatiza, mumwe nomumwe kutende rake, kukavapo kuurawa kukuru, nekuti kuvaIsiraeri kwakafa vane zviuru zvina makumi matatu vaifamba namakumbo.
10ဖိလိတ္တိလူတို့သည် စစ်တိုက်သဖြင့်၊ ဣသရေလအမျိုး ရှုံးပြန်၍၊ လူတိုင်း မိမိနေရာသို့ ပြေးလေ၏။ ကြီးစွာသော လုပ်ကြံခြင်းဖြစ်၍၊ ဣသရေလခြေသည် သူရဲ သုံးသောင်းတို့သည် သေကြ၏။
11Areka yaMwari ikatorwa, uye vanakomana vaviri vaEri, Hofini naPinehasi, vakaurawa.
11ဘုရားသခင်၏ သေတ္တာတော်သည် ရန်သူလက်သို့ ရောက်၍၊ ဧလိ၏သား ဟောဖနိနှင့် ဖိနဟတ် နှစ်ယောက်တို့သည် အသက်ဆုံးလေ၏။
12Zvino mumwe murume wavaBhenjamini akabva kuhondo, akamhanya, akasvika paShiro nomusi iwoyo, ane nguvo dzakabvarurwa neguruva pamusoro wake.
12ဗင်္ယာမိန် အမျိုးသားတယောက်သည်၊ စစ်တိုက်ရာထဲက ပြေးလာ၍၊ မိမိအဝတ်ကို ဆုတ်လျက်၊ မိမိခေါင်းပေါ်မှာ မြေမှုန့်ကိုတင်လျက်၊ ထိုနေ့ခြင်းတွင် ရှိလောမြို့သို့ ရောက်လေ၏။
13Pakusvika kwake, Eri wakange agere pachigaro chake kurutivi rwenzira, akataririra, nekuti moyo wake wakange uchibvunda pamusoro peareka yaMwari. Murume wakati asvika muguta, akavaudza izvozvo, vanhu vose veguta vakachema.
13ရောက်သောအခါ၊ ဧလိသည် လမ်းနား၌ ခုံပေါ်မှာထိုင်၍၊ ဘုရားသခင်၏ သေတ္တာတော်အတွက် စိတ်နှလုံးတုန်လှုပ်လျက် စောင့်နေ၏။ ပြေးသောသူသည် မြို့ထဲသို့ရောက်၍ သိတင်းပြောသဖြင့်၊ တမြို့လုံး အော်ဟစ်ကြ၏။
14Zvino Eri wakati achinzwa inzwi rokuchema, akati, inzwi rebopoto iri rinoti kudiniko? Murume akakurumidza, akandoudza Eri.
14အော်ဟစ်သံကို ဧလိကြားသော်၊ အုတ်အုတ်ကျက်ကျက်သော အသံကား၊ အဘယ်သို့နည်းဟုမေးလျှင်၊ ထိုသူသည် အလျင်အမြန်လာ၍ ဧလိအား လျှောက်လေ၏။
15Zvino Eri wakange ava namakore ana makumi mapfumbamwe namasere, meso ake akanga ava norutara, asichagoni kuona kwazvo.
15ထိုအခါ ဧလိသည် အသက် ကိုးဆယ်ရှစ်နှစ်ရှိ၍ မျက်စိမမြင်နိုင်အောင် မျက်ကြောသေနှင့်ပြီ။
16Murume akati kuna Eri, Ndini ndakabva kuhondo, ndatiza nhasi kuhondo. Akati, Kwaitweiko, mwana wangu?
16ပြေးသောသူက၊ အကျွန်ုပ်သည် စစ်တိုက်ရာမှ ရောက်လာသောသူ ဖြစ်ပါ၏။ စစ်တိုက်ရာထဲက ယနေ့ အကျွန်ုပ်ပြေး၍ လာပါ၏ဟု လျှောက်လျှင်၊ ဧလိက၊ ငါ့သား၊ အမှုကားအဘယ်သို့နည်းဟု မေးလေသော်၊
17Zvino murume wakange auya neshoko akapindura, akati, VaIsiraeri vatiza pamberi pavaFirisitia; vanhu vazhinji vaurawa; uye vanakomana venyu vaviri, Hofini naPinehasi, vafawo; uye areka yaMwari yatorwa.
17တမန်က၊ ဣသရေလအမျိုးသည် ဖိလိတ္တိလူတို့ရှေ့မှာပြေး၍ ကြီးစွာသော လုပ်ကြံခြင်းကို ခံရကြပါပြီ။ ကိုယ်တော်၏သား၊ ဟောဖနိနှင့် ဖိနဟတ်နှစ်ယောက်တို့သည် သေပါပြီ။ ဘုရားသခင်၏ သေတ္တာတော် သည်လည်း ရန်သူလက်သို့ ရောက်ပါပြီဟု ပြန်လျှောက်လေ၏။
18Zvino wakati achireva areka yaMwari, Eri akawa pachigaro negotsi kurutivi rwesuwo, akavhunika mutsipa, akafa; nekuti wakange ava mutana, ano muviri mukobvu. wakange atonga vaIsiraeri makore makumi mana.
18ဘုရားသခင်၏ သေတ္တာတော် သိတင်းကိုကြားသောအခါ၊ ဧလိသည် တံခါးနားမှာ ထိုင်သောခုံပေါ်က နောက်သို့လန်ကျသဖြင့်၊ လည်ပင်းကျိုး၍သေလေ၏။ အသက်ကြီး၍ ကိုယ်လေးသောသူ ဖြစ်၏။ ထိုသူသည် ဣသရေလအမျိုးကို အနှစ်လေးဆယ် အုပ်စိုးသတည်း။
19Zvino mukadzi womwanakomana wake Pinehasi, wakange ava nemimba, oda kupona mwana; akati achinzwa kuti areka yaMwari yatorwa, uye kuti baba vomurume wake, nomurume wakewo, vafa vose, akapfugama, akapona mwana, nekuti wakasvikirwa nokurwadziwa kwake.
19သူ၏ ချွေးမဖိနဟတ်၏ မယားသည် ပဋိသန္ဓေအရင့်အမာရှိ၍ အချိန်နီးလျက်၊ ဘုရားသခင်၏ သေတ္တာတော်သည် ရန်သူလက်သို့ ရောက်ကြောင်း၊ ယောက္ခမနှင့် လင်သေကြောင်းကို ကြားသောအခါ၊ ကျောကုန်း၍ သားဘွားခြင်း ဝေဒနာကို ချက်ခြင်းခံရ၏။
20Nenguva yokufa kwake vakanga vamirepo naye vakati, Usatya hako, nekuti wapona mwana womukomana. Asi haana kupindura, kana kurangarira izvozvo.
20သေလုသောအခါ အနားမှာရှိသော မိန်းမတို့က၊ မစိုးရိမ်နှင့်။ သားယောက်ျားကို ဘွားမြင်ပြီဟု ဆိုသော်လည်း ပြန်မပြော၊ အမှုမထားဘဲနေ၏။
21Akatumidza mwana zita rinonzi Ikabhodhi, achiti, Kukudzwa kwabviswa kuna Isiraeri; nekuti areka yaMwari yakanga yatorwa, uye nokuda kwababa vomurume wake, nomurume wake.
21တဖန် ဘုရားသခင်၏ သေတ္တာတော်သည် ရန်သူလက်သို့ ရောက်သောကြောင့်၎င်း၊ မိမိယောက္ခမ နှင့် လင်အမှုကြောင့်၎င်း၊ ဣသရေလဘုန်းအသရေ ပျောက်ခဲ့ပြီဟုဆိုလျက်၊ ထိုသူငယ်ကို ဣခဗုဒ် အမည်ဖြင့် မှည့်၍၊-
22Akati, Kukudzwa kwabviswa kuna Isiraeri; nekuti areka yaMwari yatorwa.
22ဣသရေလအမျိုး၏ ဘုရားသခင့် သေတ္တာတော်သည် ရန်သူလက်သို့ ရောက်သောကြောင့်၊ ဣသရေလ ဘုန်းအသရေ ပျောက်ခဲ့ပြီဟု ဆိုလေ၏။