Shona

Myanmar

1 Thessalonians

1

1Pauro naSivhano naTimotio, kukereke yevaTesaronika muna Mwari Baba, naIshe Jesu Kristu:
1ပေါလု၊ သိလွာနု၊ တိမောသေတို့သည် ခမည်းတော်ဘုရားနှင့် သခင်ယေရှုခရစ်၌ တည်ရှိသော သက်သာလောနိတ်မြို့သား အသင်းတော်ကို ကြားလိုက်ပါ၏။ သခင်ယေရှုခရစ်နှင့် ငါတို့အဘတည်းဟူသော ဘုရားသခင့်အထံတော်က ကျေးဇူးတော်နှင့် ငြိမ်သက်ခြင်းသည် သင်တို့၌ ရှိပါစေသော။
2Tinovonga Mwari nguva dzose pamusoro penyu mose, tichikudomai muminyengetero yedu,
2ငါတို့အဘတည်းဟူသော ဘုရားသခင့်ရှေ့တော်၌၊ သင်တို့သည် ယုံကြည်သောစိတ်နှင့် အကျင့်ကို ကျင့်ခြင်း၊ ချစ်သောစိတ်နှင့် ကြိုးစားအားထုတ်ခြင်း၊
3tichirangarira pasina kumira basa renyu rerutendo nebasa rinorema rerudo nekutsungirira kwetariro muna Ishe wedu Jesu Kristu pamberi paMwari naBaba vedu;
3ငါတို့သခင်ယေရှုခရစ်ကို မြော်လင့်သောစိတ်နှင့် တည်ကြည်ခြင်းတို့ကို ငါတို့သည် အစဉ်မပြတ် အောက်မေ့လျက်၊ ဘုရားသခင်ချစ်တော်မူသော ညီအစ်ကိုတို့၊ သင်တို့ခံရသော ရွေးကောက်တော်မူခြင်းကို သိလျက်၊ သင်တို့အပေါင်းကို အကြောင်းပြုသဖြင့်၊
4tichiziva, hama dzinodikamwa naMwari, kusanangurwa kwenyu;
4ဘုရားသခင်၏ ကျေးဇူးတော်ကို ကာလအစဉ်ချီးမွမ်း၍၊ သင်တို့အဘို့ အလိုငှါ ဆုတောင်းပဌနာပြုလျက် နေကြ၏။
5Nekuti evhangeri yedu haina kuvuya kwamuri mushoko chete, asiwo musimba, nemuMweya Mutsvene, nemukuvimbisa kukuru; sezvamunoziva kuti takanga tiri vanhu vakadini pakati penyu nekuda kwenyu.
5ငါတို့သည် သင်တို့နှင့်အတူနေသောအခါ သင်တို့အတွက် အဘယ်သို့သော သူဖြစ်သည်ကို သင်တို့ သိကြသည်နှင့်အညီ၊ ငါတို့ဟောပြောသော ဧဝံဂေလိတရားသည်၊ သင်တို့၌ စကားသက်သက်ဖြစ်သည် မဟုတ်။ တန်ခိုးနှင့်၎င်း၊ သန့်ရှင်းသောဝိညာဉ်တော်နှင့်၎င်း၊ ဝိစိကိစ္ဆာမရှိဘဲ အမှန်သိခြင်းနှင့်၎င်း ပြည့်စုံသော တရားဖြစ်၏။
6nemwi makava vateveri vedu nevaIshe, magamuchira shoko mukutambudzika kukuru, nemufaro weMweya Mutsvene,
6သင်တို့သည် ကြီးစွာသောဆင်းရဲခြင်းကို ခံရသော်လည်း၊ သန့်ရှင်းသော ဝိညာဉ်တော်နှင့်ဆိုင်သော ဝမ်းမြောက်ခြင်းနှင့်တကွ နှုတ်ကပတ်တရားတော်ကို ခံယူ၍၊ ငါတို့ကဲ့သို့သောသူ၊ သခင်ဘုရားကဲ့သို့သော သူဖြစ်ကြ၏။
7zvokuti makava muenzaniso kune vose vanotenda muMakedhonia neAkaya.
7သို့ဖြစ်၍၊ မာကေဒေါနိပြည်၊ အာခါယပြည်၌ ယုံကြည်သော သူအပေါင်းတို့အား သင်တို့သည် ပုံသက်သေပေးသောသူ ဖြစ်ကြ၏။
8Nekuti kubva kwamuri kwakanzwikwa shoko raIshe, kwete kuMakedhonia neAkaya chete, asiwo kunzvimbo dzose rutendo rwenyu kuna Mwari rwakabudira kunzvimbo dzose; zvekuti hatifaniri kutaura chero chinhu.
8အဘယ်သို့နည်းဟူမူကား၊ သင်တို့ထံက၊ သခင်ဘုရား၏ နှုတ်ကပတ်တရားတော်အသံသည်၊ မာကေ ဒေါနိပြည်၊ အခါယပြည်၌ ကျော်စောသည်သာမက၊ ဘုရားသခင်ကို သင်တို့ ယုံကြည်ခြင်း၏ သိတင်းသည် အရပ်ရပ်တို့၌ နှံ့ပြားလေ၏။ သို့ဖြစ်၍ ငါတို့သည် တစုံတခုကိုမျှ ပြောစရာအကြောင်းမရှိ။
9Nekuti ivo vamene vanoparidza pamusoro pedu, kuti takapinda nemutowo upi kwamuri; uye kuti makatendevukira kuna Mwari sei, muchibva pazvifananidzo, kuti mushumire Mwari mupenyu uye wechokwadi,
9ငါတို့သည် သင်တို့အထဲသို့ အဘယ်သို့ ဝင်ကြသည် အကြောင်းအရာကို သူတို့သည် ကိုယ်တိုင်ကြား ပြောကြ၏။ အသက်နှင့် ပြည့်စုံလျက် မှန်တော်မူသော ဘုရားသခင်၏ အမှုတော်ကို သင်တို့သည် ဆောင်ခြင်း ငှါ၎င်း၊
10nekumirira Mwanakomana wake achibva kumatenga, waakamutsa kuvakafa, ndiye Jesu unotinunura pahasha dzinouya.
10ရောက်လတံ့သော ဘေးဒဏ်မှ ငါတို့ကို ကယ်နှုတ်သော သခင်ယေရှုတည်းဟူသော သေခြင်းမှ ဘုရား သခင် ထမြောက်စေတော်မူသော သားတော်သည် ကောင်းကင်ဘုံမှ ကြွလာတော်မူမည် အရာကို ငံ့လင့်ခြင်း ငှါ၎င်း၊ ရုပ်တုဆင်းတုတို့ကို ပစ်ပယ်၍၊ ဘုရားသခင့်အထံတော်သို့ ပြောင်းလဲကြသည် အကြောင်းအရာ ကိုလည်း ကြားပြောကြ၏။