1Nekuti maererano nekubatsira vatsvene, zvakanyanyisisa kuti ndikunyorerei;
1သန့်ရှင်းသူတို့ကို လုပ်ကျွေးခြင်၏ အမူအရာများကို သင်တို့အား ငါရေး၍ကြားလိုက်သော် အကျိုးမရှိ။
2Nekuti ndinoziva kushingaira kwendangariro dzenyu, dzandinozvirumbidza pamusoro penyu kune veMakedhonia, kuti Akaya yakanga vazvigadzirira kubvira makei; nokushingaira kwenyu kwakamutsa vazhinji.
2အကြောင်းမူကား၊ သင်တို့၏ စေတနာစိတ်ကိုငါသိ၏။ သင်တို့၌ရှိသော ထိုစေတနာစိတ်ကို ငါဝါကြွား၍ အခါယပြည်သူပြည်သားတို့သည် မနှစ်ကပင် အသင့်ရှိကြပြီဟု မာကေဒေါနိလူတို့အား ငါဆို တိတ်၏။ ထိုသို့ သင်တို့ စေတနာစိတ်အားကြီးခြင်း အကြောင်းအရာသည် အများသောသူတို့ကို နှိုးဆော် တိုက်တွန်းလေပြီ။
3Zvakadaro ndakatuma hama, zvimwe kuzvirumbidza kwedu pamusoro penyu kungava pasina pachinhu ichi, kuti sezvandakareva, muzvigadzirire;
3သို့သော်လည်းငါတို့သည် သင်တို့ကို ဝါကြွားသော စကားသည် ဤအမှု၌ အချည်းနှီး မဖြစ်စေဘဲ၊ ထိုစကားနှင့်အညီ သင်တို့သည်အသင့် ရှိစေခြင်းငှါ ညီအစ်ကိုအချို့ကို ငါစေလွှတ်၏။
4zvimwe kuti kana vamwe veMakedhonia vachiuya neni, vakakuwanai musina kuzvigadzirira, isu tinganyadziswa pakuvimba kwedu tichizvikudza.
4သို့မဟုတ် မာကေဒေါနိလူတို့သည် ငါနှင့်အတူ လာ၍ သင်တို့သည်အသင့်မရှိကြသည်ကိုတွေ့လျှင်၊ သင်တို့ရှက်ကြလိမ့်မည်ဟု မဆိုဘဲ၊ ငါတို့သည် ရဲရင့်စွာ ဝါကြွားခဲ့ပြီးသည်ကို အရှက်ခံရကြလိမ့်မည်။
5Naizvozvo ndakaona zvakafanira kukurudzira hama idzi, kuti vatange kuenda kwamuri, vatange kugadzira chipo chenyu chekuvonga chamakagara mapikira, kuti ichochi chigare chakagadzirwa chiri chipo chekuvonga asi kwete chinhu chatorwa nesimba,
5ထိုကြောင့် အထက်က ကြားပြောသော သင်တို့၏ အလှူကျေးဇူးသည် အနိုင်အထက်လှူရသော ဥစ္စာ ကဲ့သို့မဟုတ်။ အလှူကျေးဇူးကဲ့သို့ အသင့်ရှိစေခြင်းငှါ၊ ညီအစ်ကိုတို့သည် သင်တို့ဆီသို့အရင်သွားစေ၍ ထို အလှူကျေးဇူးကို အရင်ပြည့်စုံစေခြင်းငှါ၊ ငါသည် မတိုက်တွန်းဘဲ မနေကောင်းဟုသဘောရှိ၏။
6Asi izvi kuti: Unodzvara zvishoma, unokohwawo zvishoma; neunodzvara zvizhinji, uchakohwawo zvizhinji.
6အနည်းငယ်သောမျိုးစေ့ကိုကြဲသောသူသည် စပါးအနည်းငယ်သာရိတ်ရမည်။ များစွာကြဲသောသူသည် များစွာရိတ်ရမည်ဟု မှတ်ကြလော့။
7Umwe neumwe ngaaite semadiro omoyo wake; kwete nekuchema, kana nekurovererwa; nekuti Mwari unoda unopa nemufaro.
7လူတိုင်း ကိုယ်အလိုအလျှောက်လှူရ၏။ နှမြောသောစိတ်နှင့် မလှူရ၊ မလှူဘဲ မနေရဟု စိတ်ထင်နှင့် မလှူရ၊ အကြောင်းမူကား၊ စေတနာစိတ်နှင့်လှူသော သူကိုသာ ဘုရားသခင်နှစ်သက်တော်မူ၏။
8Uye Mwari unogona kuwanza nyasha dzose kwamuri kuti nguva dzose muve nekuringana kose pazvose, muwanze pabasa rose rakanaka;
8ကျမ်းစာလာသည်ကား၊ သူသည်စွန့်ကြဲပြီ၊ ဆင်းရဲသောသူတို့အား ပေးကမ်းပြီ။
9sezvazvakanyorwa zvichinzi: Iye wakaparadzira, wakapa kuvarombo; kururama kwake kunogara nekusingaperi.
9သူ၏ဖြောင့်မတ်ခြင်းသည် အစဉ်အမြဲတည်တတ်၏ဟုလာသည်နှင့်အညီ၊ သင်တို့သည်အရာရာ၌ သုံးလောက်သောဥစ္စာအမျိုးမျိုးနှင့် အစဉ်ရှိ၍၊ ကောင်းသော အကျင့်အမျိုးမျိုးနှင့်ထူးသဖြင့်ပြည့်စုံမည် အကြောင်း၊ အမျိုးစုံသောမင်္ဂလာကျေးဇူးနှင့် အထူးသဖြင့် ပြည့်စုံစေခြင်းငှါ ဘုရားသခင်တတ်နိုင်တော်မူ၏။
10Zvino iye unopa mbeu kumudzvari, zvose chingwa chekudya nekuwanza mbeu dzenyu dzakadzvarwa, nekuwedzera zvibereko zvekururama kwenyu;
10မျိုးစေ့ကြဲသော သူအားမျိုးစေ့ကို၎င်း၊ အစာအဟာရကို၎င်း၊ ပေးတော်မူသောသူသည်၊ သင်တို့အား မျိုးစေ့ကို ပေး၍ ပွါးများစေတော်မူမည်။ သင်တို့၏ ဖြောင့်မတ်ခြင်းကိုလည်း ကြွယ်ဝစေတော်မူမည်။
11muchifumiswa pazvinhu zvose pakupana kose, zvinokonzera kubudikidza nesu kuvonga kuna Mwari.
11ထိုသို့သင်တိုသည် စေတနာစိတ်နှင့် အမျိုးမျိုးသောစွန့်ကြဲပေးကမ်းခြင်းအလို့ငှါ အရာရာ၌ကြွယ်ဝခြင်း ရှိသည်ဖြစ်၍၊ ငါတို့အားဖြင့် ဘုရားသခင်၏ ကျေးဇူးတော်ကို ချီးမွမ်းစရာအကြောင်းရှိလိမ့်မည်။
12Nekuti basa rekushumira uku harizadzisi kushaiwa kwevatsvene chete, asi kunowanzisawo kuvonga kuzhinji kuna Mwari;
12အဘယ်သို့နည်းဟူမူကား၊ ဤလုပ်ကျွေးခြင်းအမှုသည် သန့်ရှင်းသူတို့၏ ဆင်းရဲခြင်းကို မစသည် သာမက၊ ဘုရားသခင်၏ကျေးဇူးတော်ကို ချီးမွမ်းစရာ အကြောင်းအများနှင် ပြည့်စုံလျက်ရှိ၏။
13nekuda kweuchapupu hwekushumira uku vanorumbidza Mwari pamusoro pekupupura kwenyu kwakazviisa pasi peevhangeri yaKristu, nepamusoro pekupa kwenyu zvakawanda kwavari nekune vose.
13သင်တို့သည်ခရစ်တော်၏ ဧဝံဂေလိတရား အလိုသို့ ထင်ရှားစွာ လိုက်ခြင်းအလိုကို၎င်း၊ ထိုသန့်ရှင်းသူ တို့မှစသော လူအပေါင်းတို့အား ကြည်ညိုသော စေတနာစိတ်နှင့် စွန်ကြဲပေးကမ်းခြင်းအရာကို၎င်း၊ သူတို့သည် အောက်မေ့သောအခါ၊ ဤလုပ်ကျွေးခြင်းအမှု၏ လက္ခဏာ သက်သေကိုထောက်၍ ဘုရားသခင်၏ ကျေးဇူးတော်ကို ချီးမွမ်းတတ်ကြ၏။
14Uye nemunyengetero wavo kwamuri, vachikushuvai nekuda kwenyasha huru-huru dzaMwari pamusoro penyu.
14သင်တို့၌ ထူးမြတ်သောဘုရားသခင်၏ ကျေးဇူးတော်ကိုလည်း သူတို့သည်ထောက်လျှင်၊ သင်တို့အဘို့ အလိုငှါဆုတောင်း၍၊ အလွန်ချစ်ခင်မြတ်နိုးခြင်းစိတ် ရှိကြ၏။
15Mwari ngaavongwe nekuda kwechipo chake chisingarondedzereki.
15ပြော၍မကုန်နိုင်သော ဘုရားသခင်၏ ဆုကျေးဇူးတော်ကို အောက်မေ့၍ ချီးမွမ်းခြင်းရှိစေသတည်း။