Shona

Myanmar

2 Samuel

12

1Zvino Jehovha akatuma Natani kuna Dhavhidhi. Akasvika kwaari, akati kwaari, Kwakanga kuna varume vaviri muguta rimwe; mumwe wakange akafuma, asi mumwe wakange ari murombo.
1နောက်တဖန် ထာဝရဘုရားသည် ပရောဖက် နာသန်ကို ဒါဝိဒ်ထံသို့ စေလွှတ်တော်မူသဖြင့်၊ နာသန် သည်ဝင်၍၊ အရှင်မင်းကြီး၊ ဤမည်သောမြို့တွင် သူဌေးတဦး၊ ဆင်းရဲသားတဦးရှိပါ၏။
2Mufumi wakange ana makwai nemombe zhinji kwazvo;
2သူဌေးသည် အလွန်များစွာသော သိုးနွားမှ စသည်တို့နှင့် ကြွယ်ဝပြည့်စုံပါ၏။
3asi murombo wakange asine chinhu, asi gwayana rimwe duku resheshe, raakanga atenga, akarirera; rikakura kwaari pamwechete navana vake, rikadya zvokudya zvake, nokumwira pamukombe wake, nokuvata pachifuva chake, rikafanana nomukunda wake.
3ဆင်းရဲသားမူကား၊ မိမိဝယ်၍ မွေးစားသော သိုးမကလေးတကောင်တည်းမှ တပါးတခြားသော ဥစ္စာ မရှိပါ။ ထိုသိုးမကလေးသည် အရှင်နှင့်၎င်း၊ အရှင်၏ သားသမီးတို့နှင့်၎င်း ပေါင်း၍ ကြီးပွား၏။ အရှင်၏ အစာကို စားတတ်၏။ အရှင်၏ရေခွက်၌သောက်တတ်၏။ အရှင်၏ ရင်ခွင်၌ အိပ်၍ သမီးကဲ့သို့ ဖြစ်၏။
4Zvino mufambi wakati achisvika kumufumi, iye akaramba kutora chipfuwo kumakwai ake kana kumombe dzake, kuti achigadzirire mufambi wakange asvika kwaari, asi wakatora gwayana romurombo, akarigadzirira munhu wakange asvika kwaari.
4သူဌေးအိမ်သို့ ဧည့်သည်တဦးရောက်၍ သူဌေးသည် ဧည့်သည်ကို လုပ်ကျွေးဘို့ မိမိသိုးနွားများကို နှမြော သောကြောင့် မယူ၊ ဆင်းရဲသား၏သိုးမကလေးကိုယူ၍ ဧည့်သည်ကို လုပ်ကျွေးဘို့ ချက်ပါသည်ဟု လျှောက်လေသော်၊
5Ipapo kutsamwa kwaDhavhidhi kwakamukira munhu uyu kwazvo, akati kuna Natani, NaJehovha mupenyu, munhu wakaita kudai, anofanira kufa.
5ဒါဝိဒ်သည် ထိုသူဌေးကိုပြင်းစွာအမျက်ထွက်၍၊ ထာဝရဘုရား အသက်ရှင်တော်မူသည်အတိုင်း ထိုသို့ ပြုသောသူသည် အမှန်သေရမည်။
6Uye anofanira kuripira gwayana iro namana, zvaakaita izvozvo, uye zvaakanga asine nyasha.
6ကရုဏစိတ်မရှိဘဲထိုအမှုကိုပြုသောကြောင့်၊ ထိုသိုးမကလေးအတွက် လေးဆပြန်ပေးရမည်ဟု မိန့် တော်မူ၏။
7Natani akati kuna Dhavhidhi, Ndiwe munhu uyo! Zvanzi naJehovha Mwari walsiraeri, Ndakakuzodza iwe kuti uve mambo waIsiraeri, ndikakurwira paruoko rwaSauro,
7နာသန်ကလည်း၊ ထိုသူသည်ကား အခြားသူမဟုတ်။ ကိုယ်တော်ပင် ဖြစ်ပါ၏။ ဣသရေလအမျိုး၏ ဘုရးသခင်ထာဝရဘုရား မိန့်တော်မူသည်ကား၊ ငါသည် ဘိသိက်ပေး၍ သင့်ကို ဣသရေလရှင်ဘုရင်အရာ၌ ခန့်ထားပြီ။ ရှောလုလက်မှလည်း ကယ်လွှတ်ပြီ။
8ndikakupa imba yatenzi vako, navakadzi vatenzi vako pachipfuva chako, ndikakupa imba yaIsiraeri neyaJudha; uye dai izvo zvisina kuringana, ndaikuwedzera zvokuti nezvokuti.
8သင့်သခင်၏ အဆွေအမျိုးကို၎င်း၊ သင့်သခင်၏ မယားတို့ကို၎င်း၊ သင်၏ရင်ခွင်၌ ငါအပ်ပေးပြီ။ ဣသ ရေလအမျိုးနှင့် ယုဒအမျိုးကို ငါပေးပြီ။ ထိုအရာများ မလောက်လျှင် အခြားတပါးသောအရာရာတို့ကို ပေးခြင်း ငှါ ငါအလိုရှိ၏။
9Wazvidzireiko shoko raJehovha, ukaita zvakaipa pamberi pake? Wauraya Uriya muHiti nomunondo, ukatora mukadzi wake kuti ave mukadzi wako, ukamuurayisa nomunondo wavaAmoni.
9သင်သည်ထာဝရဘုရား၏ ပညတ်တရားတော်ကို မထီမဲ့မြင်ပြု၍ ရှေ့တော်၌ဒုစရိုက်ကို အဘယ်ကြောင့် ပြုဘိသနည်း။ ဟိတ္တိလူ၊ ဥရိယ၏အသက်ကို ထားဖြင့်သတ်၍ သူ၏မယားကို သိမ်းလေပြီတကား။ ထိုသူကို အမ္မုန်အမျိုးသား ထားနှင့်သတ်လေပြီတကား။
10Naizvozvo zvino munondo haungabvi paimba yako nokusingaperi; nekuti wakandizvidza, ukatora mukadzi waUriya muHiti kuti ave mukadzi wako.
10ယခုမှာသင်သည် ငါ့ကို မထီမဲ့မြင်ပြု၍ ဟိတ္တိလူ၊ ဥရိယ၏မယားကို သိမ်းသောကြောင့်၊ သင့်အဆွေအမျိုးတို့သည် ထားဘေးနှင့်အစဉ် တွေ့ကြုံရကြလိမ့်မည်။
11Zvanzi naJehovha, Ndichakumutsira zvakaipa zvichabva mumba mako, ndichatora vakadzi vako pamberi pako ndichavapa waugere naye, iye uchavata navakadzi vako masikati machena.
11ထာဝရဘုရားမိန့်တော်မူသည်ကား၊ သင်၌ ရန်ဘက်ပြုသော သူကို သင်၏အဆွေအမျိုးတို့အထဲက ငါပေါ်စေမည်။ သင့်မျက်မှောက်တွင် သင်၏မယားတို့ကို ငါယူ၍ သင့်အိမ်နီးချင်း၌အပ်သဖြင့်၊ သူသည် နေရှေ့မှာ သင်၏မယားတို့နှင့် ပေါင်းဘော်လိမ့်မည်။
12Nekuti iwe wakazviita pakavanda, asi ini ndichazviita pamberi pavaIsiraeri vose, ari masikati machena.
12သင်သည် ဤအမှုကိုမထင်မရှားပြုသော်လည်း၊ နေရှေ့မှာ ငါလှန်ပြမည်ဟု ထာဝရဘုရားမိန့်တော် မူသော စကားကိုပြန်ကြားလေ၏။
13Ipapo Dhavhidhi akati kuna Natani, Ndatadzira Jehovha. Natani akati kuna Dhavhidhi, Jehovha wakangamwirawo zvivi zvako; haungafi.
13ဒါဝိဒ်ကလည်း၊ ငါသည် ထာဝရဘုရားကို ပြစ်မှားပါပြီဟု နာသန်အား ဝန်ချ၍ နာသန်က၊ အသက် တော်ကို ချမ်းသာစေခြင်းငှါ၊ တာဝရဘုရားသည် ကိုယ်တော်အပြစ်ကို ပယ်တော်မူပြီ။
14Kunyange zvakadaro, zvawakabatsira kwazvo vavengi vaJehovha kumumhura nechinhu ichi chawaita, uyo mwana wawaberekerwa, zvirokwazvo uchafa.
14သို့သော်လည်း ကိုယ်တော်သည် ထိုသို့ပြစ်မှား သောအားဖြင့်၊ ကဲ့ရဲ့စရာအခွင့်ကြီးကို ထာဝရဘုရား၏ ရန်သူတို့အားပေးသောကြောင့်၊ ယခုမြင်သောသားသည် ဆက်ဆက်သေရမည်ဟု ဒါဝိဒ်အားလျှောက် ဆိုပြီးလျှင်၊
15Natani akabva, akaenda kumba kwake.
15နန်းတော်မှ ထွက်သွားသောနောက်၊ ထာဝရဘုရားသည် ဒဏ်ခတ်တော်မူသဖြင့်၊ ဥရိယမယားတွင် ဘွားမြင်သော ဒါဝိဒ်၏သားသည် ပြင်းစွာသော ဝေဒနာကို ခံရ၏။
16Naizvozvo Dhavhidhi akanyengeterera mwana kuna Jehovha, akatsanya, akapinda, akavata pasi usiku hwose.
16ဒါဝိဒ်သည် သူငယ်အတွက် ထာဝရဘုရားအား တောင်းပန်လေ၏။ အစာကိုရှောင်လျက်၊ အထဲသို့ဝင်၍ တညဉ့်လုံးမြေပေါ်မှာ အိပ်လျက်နေ၏။
17Vakuru veimba yake vakasimuka, vakaenda kwaari, vakada kumumutsa pasi; asi iye wakaramba, akasadyawo zvokudya navo.
17နန်းတော်သား အသက်ကြီးသူတို့သည်ထ၍ ကိုယ်တော်ကို ချီကြွအံ့သောငှါ ချဉ်းကပ်ကြသော်လည်း၊ ဒါဝိဒ်သည် ငြင်းပယ်၍ သူတို့နှင့်အတူ အစာမစားဘဲနေ၏။
18Zvino nezuva rechinomwe mwana akafa. Varanda vaDhavhidhi vakatya kumuudza kuti mwana wafa, nekuti vakati, Tarirai, mwana achiri mupenyu, takataura naye, akasateerera manzwi edu; zvino uchatambudzika seiko, kana tikamuudza kuti mwana wafa.
18ခုနစ်ရက်စေ့သော် သူငယ်သေ၏။ ဒါဝိဒ်၏ ကျွန်တို့ကလည်း၊ သူငယ်အသက်ရှင်စဉ်အခါ ငါတို့ လျှောက်သော စကားကိုနားထောင်တော်မမူသည်ဖြစ်၍၊ သူငယ်သေကြောင်းကို လျှောက်လျှင် အလွန်ကိုယ်ကို ကိုယ်ညှဉ်းဆဲတော်မူလိမ့်မည်ဟုဆိုလျှက် သူငယ် သေကြောင်းကို မလျှောက်ဝံ့ကြ။
19Asi Dhavhidhi wakati achiona kuti varanda vake vanoita zeve-zeve, Dhavhidhi akaziva kuti mwana wafa; Dhavhidhi akati kuvaranda vake, Mwana wafa here? Ivo vakati, Wafa.
19သို့ရာတွင် ကျွန်တို့သည် တိုးတိုးပြောသောစကားကို ဒါဝိဒ်သည် ကြားလျှင်၊ သူငယ်သေကြောင်းကို ရိပ်မိသဖြင့်၊ သူငယ်သေပြီလောဟု ကျွန်တို့ကို မေးတော်မူ၏။ သူတို့ကလည်းသေပါပြီဟု လျှောက်ကြ၏။
20Ipapo Dhavhidhi akasimuka pasi, akashamba, akazora mafuta, akafuka dzimwe nguvo, akapinda mumba maJehovha, akanamata; ipapo akaenda kumba kwake, akakumbira zvokudya, vakamupa, akadya.
20ထိုအခါ ဒါဝိဒ်သည် မြေမှထ၍ ရေချိုးခြင်း၊ ဆီလိမ်းခြင်း၊ အဝတ်လဲခြင်းကို ပြုပြီးလျှင်၊ ထာဝရဘုရား ၏ အိမ်တော်သို့သွား၍ ကိုးကွယ်၏။ ထိုနောက် နန်းတော်သို့ ပြန်လာ၍ စားစရာကိုတောင်းသောအခါ၊ ကျွန်တို့ သည် စားပွဲတော်ကိုပြင်၍ မင်းကြီးသည် စားတော်မူ၏။
21Ipapo varanda vake vakati kwaari, Ndokudiniko? Achiri mupenyu makatsanya, mukachema mwana, asi zvino mwana wakati afa, mukasimuka mukadya zvokudya.
21ကျွန်တို့ကလည်း၊ ကိုယ်တော်သည် အဘယ်သို့ ပြုတော်မူသနည်း။ သူငယ်အသက်ရှင်စဉ်အခါ၊ သူငယ် အတွက် အစာရှောင်လျက် ငိုကြွေးလျက် နေတော်မူ၏။ သူငယ်သေသောအခါထ၍ စားတော်ခေါ်ပါသည်တကားဟု လျှောက်လျှင်၊
22Iye akati, Mwana achiri mupenyu ndakatsanya, ndikachema, nekuti ndakati, Ndianiko ungaziva, zvimwe Mwari ungandinzwira tsitsi, mwana akararama hake?
22ဒါဝိဒ်က၊ သူငယ်အသက်ရှင်စဉ်အခါ ဘုရားသခင်သည် ငါ့ကို သနားတော်မူ၍၊ သူငယ်အသက်ကို ချမ်းသာပေးတော်မမူမည်ကို အဘယ်သူ ဆိုနိုင်သနည်းဟု အောက်မေ့လျက် ငါသည် အစာရှောင်၍ ငိုကြွေး လျက်နေ၏။
23Asi zvino wafa hake, ndichazvinyimireiko zvokudya? Ndingamudzosazve here? Ini ndichaenda kwaari, asi iye haangadzokeri kwandiri.
23ယခုမှာသူငယ်သေပြီ။ အဘယ်ကြောင့် အစာရှောင်ရမည်နည်း။ သူငယ်ကိုပြန်၍ ဆောင်ခဲ့နိုင်သလော။ သူရှိရာသို့ ငါသွားရမည်။ သူသည် ငါရှိရာသို့ မပြန်မလာ ရဟု မိန့်တော်မူ၏။
24Dhavhidhi akanyaradza mukadzi wake Bhatishebha, akapinda kwaari, akavata naye, iye akabereka mwanakomana, akamutumidza zita rinonzi Soromoni. Iye akadikamwa naJehovha.
24တဖန်ဒါဝိဒ်သည် ခင်ပွန်းဗာသရှေဘကို နှစ်သိမ့်စေသဖြင့်၊ သူ့ထံသို့ဝင်၍ ဆက်ဆံလေ၏။ သူ သည်လည်း သားယောက်ျားကို ဘွားမြင်၍ ရှောလမုန်အမည်ဖြင့် အဘမှည့်လေ၏။
25Jehovha akatuma shoko nomuromo waNatani muporofita, akamutumidza zita rinonzi Jedhidhia, nokuda kwaJehovha.
25ထာဝရဘုရားသည် ထိုသူငယ်ကိုချစ်၍ ကျေးဇူးပြုတော်မူသဖြင့်၊ ပရောဖက်နာသန်ကို စေခိုင်း၍ ယေဒိဒိ အမည်ဖြင့် မှည့်တော်မူ၏။
26Zvino Joabhu akandorwa naRabha, guta ravana vaAmoni, akakunda muzinda.
26ယွာဘသည်လည်း အမ္မုန်ပြည်၊ ရဗ္ဗာမြို့ကို တိုက်၍ မြို့တော်ကို ရပြီးမှ၊
27Joabhu akatuma nhume kuna Dhavhidhi, akati, Ndandorwa neRabha, ndikakunda guta remvura.
27ဒါဝိဒ်ထံတော်သို့လူကို စေလွှတ်၍၊ ကျွန်တော်သည် ရဗ္ဗာမြို့ကို တိုက်၍ ကန်တော်ရှိရာမြို့ကိုရပါပြီ။
28Naizvozvo zvino, unganidzai vanhu vakasara, mudzike matende enyu paguta, murikunde, ini ndirege kuzokunda guta, rikatumidzwa zita rangu.
28ယခုမှာကြွင်းသော လူတို့ကို စုဝေးစေသဖြင့်၊ မြို့နားမှာ တပ်တော်ချ၍ တိုက်ယူတော်မူပါ။ သို့မဟုတ် ကျွန်တော်ယူ၍ ကျွန်တော်အမည်ဖြင့် မြို့ကို သမုတ်ကြ လိမ့်မည်ဟု လျှောက်လျှင်၊
29Dhavhidhi akaunganidza vanhu vose, vakaenda Rabha, vakarwa naro, vakarikunda.
29ဒါဝိဒ်သည် လူအပေါင်းတို့ကို စုဝေးစေသဖြင့်၊ ရဗ္ဗာမြို့သို့ ချီသွား၍ တိုက်ယူလေ၏။
30Akabvisa korona yamambo wavo pamusoro wake; iyo yakasvika tarenda rimwe rendarama pakurema kwayo, uye yakanga ina mabwe anokosha, ikaiswa pamusoro waDhavhidhi. Akapamba zvizhinji kwazvo paguta iro.
30မင်းကြီး၏သရဖူကို ချွတ်ယူ၍ ခေါင်းတော်ပေါ် မှာတင်ကြ၏။ သရဖူအချိန်ကား ကျောက်မြတ်ကို မဆိုဘဲ ရွှေအခွက်တဆယ်ရှိသတည်း။ မြို့၌လုယူသော ဥစ္စာ အများကိုလည်း ထုတ်လေ၏။
31Akabudisawo vanhu vakanga varimo, akavabatisa namajeko, nembambo dzamatare, namasanhu amatare, akavasevenzesa pakuita zvitinha; akaita saizvozvo namaguta ose avana vaAmoni. Dhavhidhi navanhu vose vakadzokera Jerusaremu.
31မြို့သားတို့ကိုလည်း ထုတ်ဆောင်၍ လွှတိုက်မှု၊ သံထွန်၊ သံပုဆိန်နှင့်အလုပ်မှုကို လုပ်စေ၍ အုတ်ဖို၌ လည်း ကျင်လည်စေ၏။ ထိုသို့ ဒါဝိဒ်သည် အမ္မုန်မြို့သူ ရွာသားအပေါင်းတို့၌ ပြုပြီးမှ၊ လူအပေါင်းတို့နှင့်အတူ ယေရုရှင်လင်မြို့သို့ ပြန်လေ၏။