Shona

Myanmar

Deuteronomy

17

1Usabayira Jehovha Mwari wako mombe kana gwai rakaremara, kana rine chakaipa chipi nechipi; nekuti izvo zvinonyangadza Jehovha Mwari wako.
1အပြစ်ပါသော သိုး၊ နွား၊ ယုတ်သောလက္ခဏာ ပါသော သိုး၊ နွားကို၊ သင်၏ဘုရားသခင် ထာဝရဘုရား အား ယဇ်မပူဇော်ရ။ ထိုသို့သော ယဇ်ကို သင်၏ဘုရား သခင် ထာဝရဘုရားသည် စက်ဆုပ်ရွံရှာတော်မူ၏။
2Kana pakati pako mukati merimwe ramasuwo ako, aunopiwa naJehovha Mwari wako, murume kana mukadzi akawanikwa, unoita zvakaipa pamberi paJehovha Mwari wako, achidarika sungano yake,
2သင်၏ဘုရားသခင် ထာဝရဘုရားပေးတော်မူ သော မြို့တို့တွင်၊
3akandoshumira vamwe vamwari, akanamata kwavari, kana kuzuva kana kumwedzi, kana kune chimwe chehondo dzokudenga, chandisina kukuraira;
3နေ၊ လ၊ မိုဃ်းကောင်းကင် တန်ဆာအစရှိသော ငါမြစ်တားသမျှ အခြားတပါးသော ဘုရားတို့ကို သွား၍ ဝတ်ပြုကိုးကွယ်သဖြင့်၊ သင်၏ဘုရားသခင် ထာဝရ ဘုရား၏ ပဋိညာဉ်ကို လွန်ကျူး၍၊ ရှေ့တော်၌ ဒုစရိုက်ကို ပြုမိသော ယောက်ျားမိန်းမရှိသည်ဟု၊
4iwe ukaudzwa izvozvo, ukazvinzwa, ipapo unofanira kubvunzisisa kwazvo; zvino kana ukaona kuti ndizvo, ndezvamazvokwadi, kuti chinhu chinonyangadza chakadai chaitwa pakati paIsiraeri;
4သင်သည် သိတင်းကြား၍ စေ့စေ့မေးမြန်းသော အခါ၊ ဣသရေလအမျိုး၌ ထိုစက်ဆုပ်ရွံရှာဘွယ်သော အမှုကို ပြုမိသည်မှန်လျှင်၊
5ipapo unofanira kubudisa murume nomukadzi, ugovataka namabwe, vafe.
5ထိုဒုစရိုက်ကို ပြုမိသော ယောက်ျား မိန်းမကို မြို့တံခါးဝသို့ ထုတ်ပြီးလျှင်၊ ကျောက်ခဲနှင့်ပစ်၍ အသေ သတ်ရမည်။
6Nokupupura kwezvapupu zviviri kana zvitatu iye unofanira kufa, ngaaurawe; nokupupura kwechapupu chimwe ngaarege kuurawa.
6သက်သေခံနှစ်ယောက် သုံးယောက်ရှိလျှင် သေထိုက်သော သူသည် အသေခံရမည်။ သက်သေခံ တယောက်တည်းရှိလျှင် အသေမခံရ။
7Maoko ezvapupu ndiwo anofanira kutanga kumuuraya; pashure maoko avanhu vose. Saizvozvo unofanira kubvisa zvakaipa pakati pako.
7ထိုသူကို အသေသတ်စိမ့်သောငှာ၊ သက်သေခံ တို့သည် အဦးပြုပြီးမှ၊ လူအပေါင်းတို့သည် ပြုရကြမည်။ ထိုသို့ပြုလျှင် သင်တို့မှ ဒုစရိုက်ကို ပယ်ရကြလိမ့်မည်။
8Kana mhaka ikamuka yamusingagoni kutonga, kana yokuurayana, kana yokukwirirana, kana yokukuvadzana, dziri mhaka dzenharo pakati pamasuwo ako; ipapo unofanira kusimuka nokukwira kunzvimbo ichatsaurwa naJehovha Mwari wako;
8သင့်နေရာမြို့တွင် လူအသက်ကို သတ်ခြင်းအမှု၊ တရားတွေ့ခြင်းအမှု၊ လူချင်းရိုက်ပုတ်ခြင်းအမှုတို့သည် မင်းရှေ့သို့ရောက်၍ မစီရင် မဆုံးဖြတ်နိုင်လျှင်၊ သင်၏ ဘုရားသခင် ထာဝရဘုရား ရွေးကောက်တော်မူသော အရပ်သို့ သွား၍၊
9uende kuvapristi vaRevhi, nokumutongi uchavapo pamazuva iwayo, ubvunze; ivo vachakuzivisa kutonga kwakafanira.
9ထိုကာလအခါ တရားသူကြီး လုပ်သောသူ၊ ယဇ်ပုရောဟိတ်၊ လေဝိသားတို့ရှေ့မှာ အစီရင်ခံရမည်။ သူတို့သည်လည်း စီရင်ချက်ကို ဘော်ပြရမည်။
10Zvino unofanira kuita sezvavanokutongera panzvimbo ichatsaurwa naJehovha; uchenjere kuti uite sezvavanokudzidzisa;
10ထာဝရဘုရား ရွေးကောက်တော်မူသော အရပ် သားတို့သည် ဘော်ပြသော စီရင်ချက်အတိုင်း၊ သင်သည် ပြုရမည်။ သူတို့သွန်သင်သည်အတိုင်း ပြုရခြင်းငှာ စောင့်ရှောက်ရမည်။
11unofanira kuita nomurayiro wavanokuraira, uye nokutonga kwavanokuudza; haufaniri kutsauka kana kurudyi kana kuruboshwe, pakutonga kwavachakuratidza.
11သူတို့ဘော်ပြသော ဓမ္မသတ်စီရင်ချက်၊ ကြား ပြောသော ဆုံးဖြတ်ချက်ရှိသည်အတိုင်း ပြုရမည်။ သူတို့ပြ သော စီရင်ချက်မှ လက်ျာဘက်၊ လက်ဝဲဘက်သို့ မလွှဲရ။
12Munhu unoita nokuzvikudza, asingadi kuteerera mupristi unomirapo pakushumira Jehovha Mwari wako, kana mutongi, munhu uyo anofanira kufa; iwe unofanira kubvisa zvakaipa pakati paIsiraeri.
12သင်၏ ဘုရားသခင် ထာဝရဘုရားရှေ့တော်၌ အမှုတော်ကို စောင့်သော ယဇ်ပုရောဟိတ်၊ တရားသူကြီး စကားကို နားမထောင်ဘဲ ရဲရင့်စွာပြုသောသူကို အသေ သတ်သဖြင့် ဣသရေလအမျိုးမှ ဒုစရိုက်ကို ပယ်ရမည်။
13Vanhu vose vachazvinzwa, vachatya, vakasazoita nokuzvikudza.
13ထိုသိတင်းကို လူခပ်သိမ်းတို့သည် ကြားလျှင် ကြောက်ရွံ့သောစိတ်ရှိသဖြင့် နောက်တဖန် ရဲရင့်စွာ မပြုဘဲနေကြလိမ့်မည်။
14Zvino kana ukasvika panyika yaunopiwa naJehovha Mwari wako, ikava yako, ukagaramo, ukati, Ndichazvigadzira mambo, sezvinoita ndudzi dzose, dzinondipoteredza;
14သင်၏ဘုရားသခင် ထာဝရဘုရား ပေးတော်မူ သောပြည်ကို သင်သည် ဝင်စား၍ နေသောအခါ၊ သင်က၊ ငါ့ပတ်လည်၌ နေသော တပါးသော လူမျိုးအပေါင်းတို့ နည်းတူ၊ ငါသည် ရှင်ဘုရင်အရာ၌ တစုံတယောက်ကို ချီးမြှောက်မည်ဟု ဆိုလျှင်၊
15zvirokwazvo unofanira kuzvigadzira hako mambo uchatsaurwa naJehovha Mwari wako; unofanira kugadza mumwe kuhama dzako, kuti ave mambo wako; haufaniri kugadza mutorwa, isati iri hama yako.
15သင်၏ဘုရားသခင် ထာဝရဘုရား ရွေးကောက် တော်မူသောသူ၊ ညီအစ်ကို အမျိုးသားချင်းကိုသာ ရှင်ဘုရင်အရာ၌ ချီးမြှောက်ရမည်။ ညီအစ်ကို အမျိုးသား ချင်းမဟုတ်သော တပါးအမျိုးသားကို မချီးမြှောက်ရ။
16Asi ngaarege kuzviwanzira mabhiza, kana kudzosera vanhu Egipita, kuti azviwanzire mabhiza; nekuti Jehovha wakati kwauri, Usadzokazve kubva zvino nenzira iyo.
16ထိုရှင်ဘုရင်သည် ကိုယ်အဘို့ များစွာသော မြင်း တို့ကို မမွေးရ။ မြင်းများပြားစေခြင်းငှာ အဲဂုတ္တုပြည်သို့ လူကို မပြန်စေရ။ အကြောင်းမူကား၊ ထိုလမ်းသို့ မပြန်မသွားရဟု ထာဝရဘုရား အမိန့်တော်ရှိ၏။
17Uye ngaarege kuzviwanzira vakadzi, kuti moyo wake urege kutsauka; uye ngaarege kuzviwanzira zvikuru sirivha nendarama.
17သူ၏ စိတ်နှလုံးသည် ဖောက်ပြန်ခြင်းနှင့် ကင်းလွတ်မည်အကြောင်း များစွာသော မယားတို့ကို မယူ ရ။ ရွှေငွေကိုလည်း များစွာမဆည်းဖူးရ။
18Zvino kana iye ogara pachigaro chake choushe, anofanira kunyora murayiro uyu mubhuku yake, achitora mashoko ari kuvapristi vaRevhi;
18ထိုရှင်ဘုရင်သည် သားစဉ်မြေးဆက်နှင့်တကွ၊ ဣသရေလအမျိုး၌ အသက်တာရှည်စွာ စိုးစံခြင်းအလိုငှာ၊ သူ၏ဘုရားသခင်ကို ကြောက်ရွံ့၍ ဤပညတ်တရား စကားတော်အလုံးစုံတို့ကို ကျင့်စောင့်အောင် သွန်သင် မည်အကြောင်း၊ သူ၏ညီအစ်ကိုတို့ကို မထီမဲ့မြင်ပြု၍ မာနထောင်လွှားသဖြင့်၊ တရားလမ်းမှ လက်ျာဘက်၊ လက်ဝဲဘက်သို့ မလွှဲမည်အကြောင်း၊ နန်းတော်ပေါ်မှာ ထိုင်သောအခါ လေဝိသား ယဇ်ပုရောဟိတ်၌ ရှိသော ဤဓမ္မပညတ်တရားစာကို ရေးကူး၍ လက်ခံစာကို တသက်လုံး စောင့်ရှောက်ကြည့်ရှု ဘတ်ရွတ်ရမည်။
19inofanira kugara naye, kuti aravemo mazuva ose oupenyu hwake; kuti adzidze kutya Jehovha Mwari wake, nokuchengeta mashoko ose omurayiro uyu nezvakatemwa izvi, kuti azviite;
20kuti moyo wake urege kuzvikudza pamusoro pehama dzake, arege kutsauka pamurayiro, uyu, kana kurudyi, kana kuruboshwe; kuti awedzere mazuva ake paushe hwake, iye, navana vake, pakati paIsiraeri.