1Munhu wakakuvadzwa manhu ake kana chirema chake haafaniri kupinda paungano yaJehovha.
1ယောက်ျား၏ အင်္ဂါလက္ခဏာ မစုံလင်၊ ချို့တဲ့ သောယောက်ျားသည် ထာဝရဘုရား၏ ပရိသတ်တော်၌ အပါအဝင်မဖြစ်ရ။
2Mwana woupombwe haafaniri kupinda paungano yaJehovha; kunyange kusvikira parudzi rwegumi vana vake havafaniri kupinda paungano yaJehovha.
2မျောက်မထား၍ ရသောသားသည် ထာဝရ ဘုရား၏ ပရိသတ်တော်၌ အပါအဝင်မဖြစ်ရ။ ဆယ် ဆက်မြောက်အောင် မဝင်ရ။
3MuAmoni nomuMoabhu havafaniri kupinda paungano yaJehovha; kunyange kusvikira parudzi rwegumi mumwe wokwavo haafaniri kupinda paungano yaJehovha nokusingaperi;
3အမ္မုန်အမျိုးသား၊ မောဘအမျိုးသားသည် လည်း၊ ထာဝရဘုရား၏ ပရိသတ်တော်၌ အပါအဝင် မဖြစ်ရ။ ကာလအစဉ်မကုန်၊ ဆယ်ဆက်မြောက်အောင် မဝင်ရ။
4nekuti havana kundokuchingurai nezvokudya nemvura panzira, nguva yamakabuda Egipita; uye nekuti vakatsvaka kuripira Bharamu, mwanakomana waBheori, wePetori, paMesopotamia, kuti akutuke.
4အကြောင်းမူကား၊ သင်သည် အဲဂုတ္တုပြည်မှ ထွက်လာသောအခါ၊ သူတို့သည် မုန့်နှင့်ရေကို ဆောင်၍ ခရီးဦးကြို မလာကြ။ သင့်ကို ကျိန်ဆဲစေခြင်းငှာ၊ မေသောပေါတာမိပြည်၊ ပေသော်မြို့၌ နေသော ဗောရ သား ဗာလမ်ကို ငှားကြ၏။
5Asi Jehovha Mwari wako wakange asingadi kuteerera Bharamu, asi Jehovha Mwari wako wakashandura kutuka akakuropafadza, nekuti Jehovha Mwari wako wakakuda.
5သို့ရာတွင် သင်၏ဘုရားသခင် ထာဝရဘုရား သည် ဗာလမ်စကားကို နားမထောင်။ သင့်ကိုချစ်သော ကြောင့် ကျိန်ဆဲခြင်းကို သင်၌ ကောင်းကြီးမင်္ဂလာ ဖြစ်စေတော်မူ၏။
6Haufaniri kuvatsvakira rugare kana mufaro, mazuva ako ose nokusingaperi.
6သင်သည် သူတို့ချမ်းသာ၊ သူတို့စည်းစိမ်ကို တသက်လုံးအစဉ်မပြုစုရ။
7Haufaniri kusema muEdhomu, nekuti ihama yako; haufaniri kusema muEgipita, nekuti wakange uri mutorwa iwe panyika yake.
7ဧဒုံအမျိုးသားကိုမူကား၊ မမုန်းရ။ သူသည် သင်၏ ညီအစ်ကို ဖြစ်၏။ အဲဂုတ္တုအမျိုးသားကိုလည်း မမုန်းရ။ သူ၏ပြည်၌ သင်သည် ကျွန်ခံခဲ့ဘူးပြီ။
8Vana vavo vavanoberekerwa parudzi rwechitatu, vangapinda paungano yaJehovha.
8သူတို့အမျိုးအနွယ်သည် သုံးဆက်မြောက်မှသာ ထာဝရဘုရား၏ ပရိသတ်တော်၌ အပါအဝင်ဖြစ်ရသော အခွင့်ရှိ၏။
9Kana uchindorwa navavengi vako, unofanira kuzvichengeta pazvinhu zvose zvakaipa.
9ရန်သူတို့ကို စစ်တိုက်သွားသောအခါ၊ မတရား သောအမှု ရှိသမျှကို ရှောင်လော့။
10Kana kuno mumwe pakati penyu usina kunaka nokuda kwezvakamuwira usiku, unofanira kubuda kunze kwemisasa, ngaarege kupinda pamisasa;
10ညဉ့်အချိန်၌ ရောက်တတ်သော မစင်ကြယ် သော အကြောင်းကြောင့် မစင်ကြယ်သောသူသည် သင်တို့တွင်ရှိလျှင် သူသည် တပ်ပြင်သို့ ထွက်ရမည်။ တပ်ထဲသို့မဝင်ရ။
11zvino kana ava madekwana, unofanira kuzvishambidza nemvura; kana zuva ravira ungapinda hake pamisasa.
11မိုဃ်းချုပ်သောအခါ ရေချိုး၍၊ နေဝင်ပြီးမှ တပ်ထဲသို့ ဝင်ရမည်။
12Iwe unofanira kuva nenzvimbo kunze kwemisasa kwaungaenda.
12သင့်ကျင်ကြီးစွန့်ရာ အရပ်သည် တပ်ပြင်၌ရှိရ မည်။
13Unofanira kuva nechirayawo pakati penhumbi dzako dzokurwa nadzo; zvino kana woenda kunze, unofanira kuchera nacho, ndokuzofusira zvinobva kwauri;
13တပ်ပြင်သို့ထွက်၍ စွန့်သောအခါ၊ ကိုယ်၌ပါ သော သစ်သားတူးရွင်းနှင့် မြေ၌တူးရမည်။ နောက်တဖန် လှည့်၍ မစင်ကို ဖုံးအုပ်ရမည်။
14nekuti Jehovha Mwari wako unofamba pakati pemisasa yako, kuti akurwire, nokuisa vavengi vako mumaoko ako; naizvozvo misasa yako inofanira kuva mitsvene, kuti arege kuona chinhu chakaipa pakati penyu, akufuratire.
14အကြောင်းမူကား၊ သင်၏ဘုရားသခင် ထာဝရ ဘုရားသည် သင့်ကိုကယ်တင်၍ ရန်သူတို့ကို သင့်လက်၌ အပ်ခြင်းငှာ၊ သင်၏တပ်ထဲမှာ သွားလာတော်မူ၏။ ထို့ကြောင့်၊ သင့်အထဲ၌ မစင်ကြယ်သောအရာ တစုံတခု ကို မြင်၍ သင်မှ ရှောင်သွားတော် မမူမည်အကြောင်း၊ သင်၏ တပ်သည် သန့်ရှင်းရမည်။
15Usadzosera muranda kuna tenzi wake, wakatizira kwauri, achibva kuna tenzi wake;
15မိမိသခင်ထံကပြေး၍ သင့်ထံသို့ ရောက်သော ကျွန်ကို သခင်၌ မအပ်ရ။
16anofanira kugara newe, pakati pako, paanotsaura hake pakati perimwe ramasuwo ako paanofarira; haufaniri kumumanikidza.
16ထိုကျွန်သည် အလိုအလျောက်နေချင်သော အရပ်၊ သင့်နေရာမြို့ တစုံတမြို့၌ သင့်ထံမှာနေရသော အခွင့်ရှိ၏။ သူ့ကို မညှဉ်းဆဲရ။
17Hapafaniri kuva nechifeve pakati pavanasikana vaIsiraeri; uye hapafaniri kuva nemhombwe pakati pavanakomana vaIsiraeri.
17ဣသရေလအမျိုးသမီးတို့တွင် ပြည်တန်ဆာ မရှိရ။ ဣသရေလအမျိုးသားတို့တွင် ယောက်ျားအလိုသို့ လိုက်တတ်သော မိန်းမလျှာမရှိရ။
18Haufaniri kuuya nomubayiro wechifeve, kana mutengo wembwa, muimba yaJehovha Mwari wako, kuti upike nawo; nekuti izvo zviviri zvose zvinonyangadza Jehovha Mwari wako.
18ပြည်တန်ဆာလုပ်၍ ရသောငွေ၊ ခွေးကိုရောင်း ၍ ရသောငွေကို သစ္စာဂတိပြေစေခြင်းငှာ၊ သင်၏ဘုရား သခင် ထာဝရဘုရား၏ အိမ်တော်သို့ မသွင်းရ။ ထိုသို့ သောငွေကို စက်ဆုပ်ရွံရှာတော်မူ၏။
19Usapa hama yako chikwereti, uchireva mhindu, iri mhindu yemari, kana yezvokudya, kana yechinhu chipi nechipi chinopiwa chichireva mhindu.
19သင်၏အမျိုးသားချင်း၌ အတိုးယူ၍၊ ငွေ၊ စားစရာ၊ အသုံးအဆောင်ကို မချေးမငှားရ။
20Mutorwa ungamupa chikwereti, uchireva mhindu; asi haufaniri kupa hama yako chikwereti, uchireva mhindu; kuti Jehovha Mwari wako akuropafadze pazvose zvaunobata namaoko ako, panyika yaunoenda kuti ive yenyu.
20တပါးအမျိုးသား၌ အတိုးယူ၍ ချေးငှားရ၏။ သင်သွား၍ ဝင်စားသောပြည်တွင် သင်ပြုလေရာရာ၌ သင်၏ဘုရားသခင် ထာဝရဘုရားသည် ကောင်းကြီးပေး တော်မူမည်အကြောင်း၊ အမျိုးသားချင်း၌ အတိုးယူ၍ ချေးငှားခြင်းကို ရှောင်ရမည်။
21Kana ukapikira Jehovha Mwari wako mhiko, usanonoka kuiripa; nekuti zvirokwazvo, Jehovha Mwari wako uchaibvunza kwauri; zvingava zvivi kwauri.
21သင်၏ဘုရားသခင် ထာဝရဘုရားအား သစ္စာ ဂတိထားလျှင်၊ ထားသည်အတိုင်း မပြုဘဲမနေရ။ သင်၏ ဘုရားသခင် ထာဝရဘုရားသည် ဧကန်အမှန်တောင်း တော်မူမည်။ သင်သည် မပြုဘဲနေလျှင် အပြစ်ရောက် လိမ့်မည်။
22Asi kana ukarega hako kupika, hazvingavi zvivi kwauri.
22သစ္စာဂတိ မထားဘဲနေလျှင် အပြစ်မရောက်။
23Uchenjere kuti uite sezvawakataura; sezvawapikira Jehovha Mwari wako, chiri chipo chokuda kwako, chawakapikira nomuromo wako.
23သင်သည် သင်၏ ဘုရားသခင် ထာဝရဘုရား အား ကိုယ်အလိုအလျောက် သစ္စာဂတိထား၍၊ ကိုယ်နှုတ် နှင့် မြွက်ဆိုသောစကားကို တည်စေ၍၊ ဂတိရှိသည်အ တိုင်း ပြုရမည်။
24Kana ukapinda mumunda wemizambiringa wowokwako, ungadya mazambiringa sezvaunoda, ugute; asi haufaniri kuisa mamwe mumudziyo wako.
24သင်သည် အိမ်နီးချင်း၏ စပျစ်ဥယျာဉ်ထဲသို့ ဝင်သောအခါ၊ အလိုအလျောက် စပျစ်သီးကို ဝစွာစားရ သော်လည်း မသိမ်းမယူရ။
25Kana ukapinda muzviyo zvowokwako zvigere kukohwewa, ungavhuna hako hura noruoko rwako; asi haufaniri kukohwa zviyo zvowokwako nejeko.
25အိမ်နီးချင်း၏ စပါးလယ်ထဲသို့ ဝင်သောအခါ၊ စပါးနှံကိုလက်နှင့် ဆွတ်ရသော်လည်း တံစဉ်နှင့်မရိတ်ရ။