Shona

Myanmar

Deuteronomy

6

1Zvino ndiwo murairo, nezvakatemwa, nezvakatongwa, zvandakarairwa naJehovha Mwari wenyu kuti ndikudzidzisei, kuti muzviite kunyika kwamunoenda kuti ive yenyu;
1သင်တို့နှင့် သားမြေးတို့သည် သင်တို့၏ ဘုရားသခင် ထာဝရဘုရားကို ကြောက်ရွံ့၍၊
2kuti utye Jehovha Mwari wako, uchengete zvose zvaakatema nemirairo yake, yandinokuraira, iwe, nomwanakomana wako, nomwanakomana womwanakomana wako, mazuva ose oupenyu hwako, kuti mazuva ako ave mazhinji.
2ငါပေးထားသော ပညတ်တရားတော်ရှိသမျှ တို့ကို တသက်လုံး စောင့်ရှောက်မည်အကြောင်းနှင့် သင်တို့၏ အသက်တာရှည်စေမည်အကြောင်း၊ သင်တို့ သွား၍ ဝင်စားလတံ့သော ပြည်၌ ကျင့်ဘို့ရာ သင်တို့အား ငါသွန်သင်စိမ့်သောငှာ၊ သင်တို့၏ ဘုရားသခင် ထာဝရ ဘုရားမှာထားတော်မူသော စီရင်ထုံးဖွဲ့ချက် ပညတ် တရားဟူမူကား၊
3Naizvozvo chinzwa Isiraeri, uchenjere kuti uzviite; kuti zvive zvakanaka newe, muwande kwazvo, sezvamakapikirwa naJehovha Mwari wamadzibaba ako, panyika inoyerera mukaka nouchi.
3အိုဣသရေလအမျိုး၊ ဘိုးဘေးတို့၏ ဘုရား သခင်ထာဝရဘုရား ဂတိတော်ရှိသည်အတိုင်း၊ သင်သည် နို့နှင့် ပျားရည်စီးသောပြည်၌ ချမ်းသာရ၍ အလွန်ပွားများမည် အကြောင်း နားထောင်လော့။ သတိနှင့်ကျင့်စောင့်လော့။
4Chinzwa Isiraeri, Jehovha Mwari wedu ndiJehovha mumwe chete.
4အိုဣသရေလအမျိုး၊ နားထောင်လော့။ ငါတို့၏ ဘုရားသခင် ထာဝရဘုရားသည် တဆူတည်းသော ထာဝရဘုရား ဖြစ်တော်မူ၏။
5Ude Jehovha Mwari wako nomoyo wako wose, nomweya wako wose, nesimba rako rose.
5သင်၏ဘုရားသခင် ထာဝရဘုရားကို စိတ်နှလုံး အကြွင်းမဲ့၊ အစွမ်းသတ္တိရှိသမျှနှင့် ချစ်လော့။
6Zvino mashoko awa andinokuraira nhasi, anofanira kuva mumoyo mako,
6ယနေ့ ငါမှာထားသောစကားကို နှလုံးသွင်းရ မည်။
7unofanira kushingaira kuadzidzisa vana vako, nokuataura kana ugere mumba mako, kana uchifamba munzira, kana uchivata pasi, kana uchimuka.
7ထိုစကားကို သင်၏သားသမီးတို့အား ကြိုးစား ၍ သွန်သင်ရမည်။ အိမ်၌ထိုင်လျက် နေသည်ဖြစ်စေ၊ ခရီး၌ သွားသည်ဖြစ်စေ၊ အိပ်လျက်၊ ထလျက်ရှိသည် ဖြစ်စေ၊ ထိုစကားကို ပြောရမည်။
8Unofanira kuasungira paruoko rwako, chive chiratidzo; uye anofanira kuva rundanyara pakati pameso ako.
8ထိုစကားကိုလည်း သင်၏ လက်၌ လက္ခဏာ သက်သေဘို့ရာ၎င်း၊ သင်၏ မျက်စိကြားမှာ သင်းကျစ်ကဲ့ သို့၎င်း ချည်ထားရမည်။
9Unofanira kuanyora pamagwatidziro emikova yeimba yako, napamasuwo ako.
9အိမ်တံခါး၊ မြို့တံခါးတို့၌လည်း ရေးထားရမည်။
10Zvino kana Jehovha Mwari wako achinge akupinza munyika, yaakapikira madzibaba ako, Abhurahamu, naIsaka, naJakove, kuti uchakupa iyo, namaguta makuru akanaka, ausina kuvaka iwe,
10သင်မတည်သော မြို့ကြီးမြို့မြတ်တို့ကို၎င်း၊ သင်မဖြည့်ဘဲ ကောင်းသောအရာနှင့် ပြည့်သော အိမ်တို့ ကို၎င်း၊
11nedzimba dzizere nezvinhu zvose zvakanaka, dzausina kuzadza iwe, namakangwa akacherwa, ausina kuchera iwe, neminda yemizambiringa nemiorivhi, yausina kusima iwe; iwe ukadya ukaguta,
11သင်မတူးသော ရေတွင်းတို့ကို၎င်း၊ သင် မစိုက် ပျိုးသော စပျစ်ဥယျာဉ်နှင့် သံလွင်ပင်တို့ကို၎င်း၊ သင့်အား ပေးခြင်းငှာ၊ သင်၏ အဘအာဗြဟံ၊ ဣဇာက်၊ ယာကုပ်တို့ အား ကျိန်ဆိုတော်မူသောပြည်သို့ သင်၏ဘုရားသခင် ထာဝရဘုရားသည် သင့်ကို ဆောင်သွင်းတော်မူ၍၊ သင်သည် ဝစွာစားလျက် နေရသောအခါ၊
12zvino chenjera kuti urege kukangamwa Jehovha, wakakubudisa panyika yeEgipita paimba youranda.
12ကျွန်ခံနေရာ အဲဂုတ္တုပြည်မှ သင့်ကို ကယ်နှုတ် ဆောင်ယူခဲ့သော ထာဝရဘုရားကို မမေ့လျော့မည် အကြောင်း၊ ကိုယ်ကို ကိုယ်သတိပြုလော့။
13Unofanira kutya Jehovha Mwari wako, nokumushumira, nokupika nezita rake.
13သင်၏ဘုရားသခင် ထာဝရဘုရားကို ကြောက် ရွံ့ရမည်။ ထိုဘုရားသခင်ကိုသာ ဝတ်ပြုရမည်။ နာမ တော်အားဖြင့်လည်း ကျိန်ဆိုခြင်းကိုပြုရမည်။
14Regai kutevera vamwe vamwari, vamwari vendudzi dzinokupoteredzai,
14အခြားတပါးသောဘုရား၊ သင့်ပတ်လည်၌ နေသော လူမျိုးတို့၏ ဘုရားကို မဆည်းမကပ်ရ။
15nekuti Jehovha Mwari wako, ari pakati pako, ndiMwari ane godo; kuti Jehovha Mwari wako arege kukutsamwira, akuparadze panyika pose.
15သင်၏ဘုရားသခင် ထာဝရဘုရားသည် သင်တို့ ၌ အပြစ်ရှိသည်ဟု ယုံလွယ်သော ဘုရားဖြစ်တော်မူ၏။ သင်၏ ဘုရားသခင်ထာဝရဘုရားသည် သင့်ကို အမျက် ထွက်၍ မြေကြီးပြင်မှာ သုတ်သင်ပယ်ရှင်းတော်မူမည်ဟု စိုးရိမ် စရာရှိ၏။
16Musaidza Jehovha Mwari wenyu, sezvamakamuidza paMasa.
16သင်သည် မဿာအရပ်၌ ပြုသကဲ့သို့၊ သင်၏ ဘုရားသခင် ထာဝရဘုရားကို အစုံအစမ်းမပြုရ။
17Munofanira kushingaira kuchengeta mirairo yaJehovha Mwari wenyu, nezvipupuriro zvake, nezvaakatema, zvaakakuraira.
17သင်၏ဘုရားသခင် ထာဝရဘုရားထားတော်မူ သော သက်သေခံချက်၊ စီရင်ချက်၊ ပညတ်တရားတို့ကို ကြိုးစား၍ စောင့်ရှောက်ရမည်။
18Uye unofanira kuita zvakarurama nezvakanaka pamberi paJehovha, kuti zvive zvakanaka newe, upinde munyika yakanaka ive yako, iyo yakapikirwa madzibaba ako naJehovha,
18သင်သည် ချမ်းသာရခြင်းငှာ၎င်း၊
19kuti iye uchadzinga vavengi vako vose pamberi pako, sezvakataurwa naJehovha.
19ထာဝရဘုရား ဂတိတော်ရှိသည်အတိုင်း ရန်သူ အပေါင်းတို့ကို သင့်ရှေ့မှ နှင်ထုတ်သဖြင့်၊ သင်၏ဘိုးဘေး တို့အား ကျိန်ဆိုတော်မူသော ပြည်မြတ်ကို ဝင်စား၍ နေခြင်းငှာ၎င်း၊ ထာဝရဘုရားရှေ့တော်၌ ဖြောင့်မတ် လျောက်ပတ်သောအမှုတို့ကို ပြုရမည်။
20Zvino kana mwanakomana wako akakubvunza pashure, achiti, Ko izvi zvipupuriro, nezvakatemwa, nezvakatongwa, zvamakarairwa naJehovha Mwari wedu, zvinodiniko?
20နောင်ကာလ၌ သင်၏သားက၊ ငါတို့ဘုရား သခင် ထာဝရဘုရားထားတော်မူသော ဤသက်သေခံ ချက်၊ စီရင်ထုံးဖွဲ့ချက်တို့သည် အဘယ်သို့ ဆိုလိုသနည်းဟု မေးမြန်းလျှင်၊
21Unofanira kuti kumwanakomana wako, Isu takanga tiri varanda vaFarao, Jehovha akatibudisa nechanza chine simba;
21သင်က၊ ငါတို့သည် အဲဂုတ္တုပြည်၌ ဖါရောဘုရင် ၏ ကျွန်ဖြစ်၍ နေစဉ်အခါ၊ ထာဝရဘုရားသည် အားကြီး သောလက်တော်နှင့် ငါတို့ကို အဲဂုတ္တုပြည်မှ နှုတ်ဆောင် တော်မူ၏။
22Jehovha akaita zviratidzo nezvinoshamisa kwazvo, zvakaipa, paEgipita, nokuna Farao, nokuimba yake yose, tichizviona;
22ထာဝရဘုရားသည်လည်း၊ ကြီးမားခက်ထန် သော နိမိတ်လက္ခဏာ အံ့ဘွယ်သရဲတို့ကို အဲဂုတ္တုပြည် အပေါ်မှာ၎င်း၊ ဖာရောဘုရင်နှင့် နန်းတော်သားတို့အပေါ်မှာ၎င်း၊ ငါတို့မျက်မှောက်၌ ပြုတော်မူပြီးလျှင်၊
23akatibudisapo, kuti atipinze pano, atipe nyika yaakapikira madzibaba edu.
23ငါတို့ဘိုးဘေးတို့အား ကျိန်ဆိုတော်မူသော ပြည်သို့ သွင်း၍ နေရာချခြင်းအလို့ငှာ၊ ထိုပြည်မှ နှုတ်ဆောင်တော်မူ၏။
24Jehovha akaraira kuti tiite izvi zvose zvaakatema, titye Jehovha Mwari wedu, kuti tiitirwe zvakanaka nguva dzose, atichengete tive vapenyu, sezvatakaita nhasi.
24ထာဝရဘုရားသည် ယနေ့တိုင်အောင် ကျေးဇူး ပြုတော်မူသကဲ့သို့၊ ငါတို့အသက်ကို စောင့်တော်မူမည် အကြောင်း၊ ငါတို့သည် ကိုယ်အကျိုးကို ထောက်၍၊ ငါတို့ ဘုရားသခင် ထာဝရဘုရားကို ကြောက်ရွံ့လျက်၊ ဤ ပညတ်အလုံးစုံတို့ကို ကျင့်စေခြင်းငှာ မှာထားတော်မူ၏။
25Zvichava zvakarurama kwatiri, kana tichichenjerera kuti tiite murayiro wose pamberi paJehovha Mwari wedu, sezvatakarairwa naye.
25သို့ဖြစ်၍ ငါတို့ဘုရားသခင် ထာဝရဘုရား မှာထားတော်မူသည်အတိုင်း၊ ဤပညတ်အလုံးစုံတို့ကို ရှေ့တော်၌ ကျင့်စောင့်ခြင်းငှာ သတိပြုလျှင်၊ ဖြောင့်မတ် ရာသို့ ရောက်ရကြလိမ့်မည်ဟု ပြန်ပြောရမည်။