1Zvino negore regumi, nomwedzi wegumi, nezuva regumi namaviri romwedzi, shoko raJehovha rakasvika kwandiri, richiti,
1သက္ကရာဇ်ဆယ်ခု၊ ဒသမလတဆယ်တရက်နေ့ တွင်၊ ထာဝရဘုရား၏ နှုတ်ကပတ်တော်သည် ငါ့ဆီသို့ ရောက်လာ၍၊
2Mwanakomana womunhu, rinzira chiso chako kuna Farao mambo weEgipita, uporofite pamusoro pake napamusoro peEgipita rose.
2အချင်းလူသား၊ သင်သည် အဲဂုတ္တုရှင်ဘုရင် ဖါရောမင်းတဘက်၌မျက်နှာထား၍၊ သူနှင့် အဲဂုတ္တုပြည် တပြည်လုံး တဘက်၌ပရောဖက်ပြုလျက်၊
3Taura uti, zvanzi nalshe Jehovha, Tarira, ndine mhaka newe, iwe Farao mambo iwe shato huru uvete pakati penzizi dzako, ukati, Rwizi rwangu ndorwangu, ndakazviitira irwo.
3အရှင်ထာဝရဘုရား၏ အမိန့်တော်ကို ဆင့်ဆို ရမည်မှာ၊ အိုအဲဂုတ္တုရှင်ဘုရင် ဖာရောမင်း၊ ကိုယ်မြစ်များ အလယ်၌နေလျက်၊ ငါ့မြစ်ကို ငါပိုင်၏။ ငါ့အဘို့ ငါ ဖန်ဆင်းပြီဟု ဆိုတတ်သောမိကျောင်းကြီး၊ သင့်တဘက် ၌ ငါနေ၏။
4Ndichaisa zvikokovonho mushaya dzako, ndichanamatidza hove dzenzizi dzako pamakwande ako, ndichakubvisa mukati menzizi dzako pamwechete nehove dzose dzenzizi dzako dzakanamatira pamakwande ako.
4သင့်ပါးရိုးကို သံချိတ်နှင့်ချိတ်၍၊ သင့်မြတ်၌နေ သော ငါတို့ကို သင့်အကြေးတို့၌ ငါကပ်စေမည်။ သင့်မြစ် များ အလယ်ထဲကသင့်ကို ငါနှုတ်၍ မြစ်ရှိသမျှသော ငါးတို့သည် သင့်အကြေးတို့၌ ကပ်ကြလိမ့်မည်။
5Ndichakurashira kurenje, iwe nehove dzose dzenzizi dzako, uchawira pasi pabani pakachena, haungakokerwi kana kuunganidzwa; ndakakuisa kuzvikara zvapasi neshiri dzokudenga, uve zvokudya zvavo.
5သင်နှင့် သင့်မြစ်၌ရှိသမျှသော ငါတို့ကိုတော၌ ငါပစ်ထားမည်။ လွင်ပြင်၌ကျ၍ နောက်တဖန်စုဝေးခြင်း ကို မပြုရ။ တောသားရဲများ၊ မိုဃ်းကောင်းကင်ငှက်များ စားစရာဘို့ သင့်ကိုငါအပ်၏။
6Vose vagere Egipita vachaziva kuti ndini Jehovha, nekuti vakanga vakaita setsvimbo yorutsanga kuimba yaIsiraeri.
6ငါသည်ထာဝရဘုရားဖြစ်ကြောင်းကို အဲဂုတ္တု ပြည်သားအပေါင်းတို့သည် သိရကြလိမ့်မည်။ အကြောင်း မူကား၊ သင်သည် ဣသရေလအမျိုး၌ ကျူတောင်ဝေး ဖြစ်လေပြီ။
7Vakati vachibata ruoko rwako, iwe ukavhunika, ukatsemura mafudzi avo ose; vakati vachisendama pamusoro pako, iwe ukavhunika, ukamisa zviuno zvavo zviri zvoga.
7သင့်ကိုလက်နှင့် ကိုင်သောအခါ သင်သည် အကိုင်မခံ။ သူတို့ ပခုံးဆစ်ကို ဖြုတ်လေ၏။ သင်နှင့် ကိုယ်ကိုထောက်သောအခါ သင်သည် ကျိုး၍ သူတို့ခါးကို နာစေ၏။
8Naizvozvo zvanzi naIshe Jehovha, Tarira, ndinouyisa munondo pamusoro pako, ndichaparadza pakati pako vanhu nezvipfuwo.
8သို့ဖြစ်၍၊ အရှင်ထာဝရဘုရား မိန့်တော်မူသည် ကား၊ ငါသည် သင့်အပေါ်သို့ထားကိုဆောင်ခဲ့၍ လူနှင့် တိရစ္ဆာန်တို့ကို ပယ်ဖြတ်သဖြင့်၊
9Nyika yeEgipita ichava dongo renzvimbo yakaparadzwa zvino vachaziva kuti ndini Jehovha. Zvayakati, Rwizi ndorwangu, ndini ndakaruita,
9အဲဂုတ္တုပြည်သည် လူဆိတ်ညံလျက်၊ ပျက်စီး လျက်ရှိသောအခါ၊ ငါသည် ထာဝရဘုရားဖြစ်ကြောင်းကို သိရလိမ်မည်။ သင်က၊ ငါ့မြစ်ကိုငါ ပိုင်၏။ ငါဖန်ဆင်းပြီ ဟု ဆိုမိသောကြောင့်၊
10naizvozvo, tarira, ndine mhaka newe uye nenzizi dzako, ndichaita nyika yeEgipita nzvimbo yakaparadzwa chose nedongo, kubva pashongwe yeSevhene kusvikira pamuganhu weItiopia.
10သင်နှင့်သင့်မြစ်တဘက်၌ ငါနေ၏။ အဲဂုတ္တု ပြည်ကို မိဂဒေါလမှ စ၍ သုဏေမြို့တိုင်အောင်၎င်း၊ အဲသယောပိပြည်စွန်းတိုင်အောင်၎င်း၊ ထားနှင့် ဖျက်ဆီး ၍ ဆိတ်ညံစေမည်။
11Hakuna munhu achapfuura napo norutsoka rwake, norutsoka rwechipfuo harungapfuuri napo, haingagarwi navanhu makore makumi mana.
11အနှစ်လေးဆယ်ပတ်လုံး လူရှောက်၍မသွားရ။ တိရစ္ဆာန်လည်း ရှောက်၍မသွားရ။ အဘယ်သူမျှမနေရ။
12Nyika yeEgipita ndichaiita dongo pakati penyika dzakaitwa matongo, namaguta ayo achaitwa matongo makore makumi mana pakati pamaguta akaitwa matongo; ndichaparadzira vaEgipita pakati pamarudzi avanhu, nokuvadzingira kunyika dzose.
12ပျက်စီးသောပြည်တို့တွင် အဲဂုတ္တုပြည်ကို ငါဖျက် ဆီးမည်။ လူဆိတ်ညံသောမြို့တို့တွင် အနှစ်လေးဆယ် ပတ်လုံး အဲဂုတ္တုမြို့တို့သည် ပျက်စီးလျက်ရှိကြလိမ့်မည်။ အဲဂုတ္တုလူတို့ကို အတိုင်းတိုင်း အပြည်ပြည်တို့ကို ငါကွဲပြား ပြန်လွင့်စေမည်။
13nekuti zvanzi naIshe Jehovha, Kana makore makumi mana apera, ndichaunganidza vaEgipita kumarudzi avanhu kwandakanga ndavaparadzira;
13သို့ရာတွင်၊ အရှင်ထာဝရဘုရား မိန့်တော်မူ သည်ကား၊ အနှစ်လေးဆယ်စေ့သောအခါ၊ ကွဲပြားလျက် နေရသော လူမျိုးတို့မှ အဲဂုတ္တုလူတို့ကို ငါခေါ်၍ စုဝေး စေမည်။
14ndichadzosazve kutapwa kweEgipita, ndichavadzoserazve kunyika yePatirosi, kunyika kwavakaberekerwa; vachavapo hushe hwakazvidzwa.
14သိမ်းသွားခြင်းတို့မရသော အဲဂုတ္တုလူတို့ကို ငါတဖန်ဆောင်ခဲ့၍ သူတို့နေရင်းပြည်၊ ပါသရုပြည်သို့ ပြန်စေမည်။ ထိုပြည်၌ ယုတ်သောနိုင်ငံ ဖြစ်ရလိမ့်မည်။
15Huchava ushe hunozvidzwa kupfuura ushe hwose, hahungazozvimisizve kukunda mamwe marudzi, ndichavatapudza, varege kuzotongazve mamwe marudzi paushe hwavo.
15တပါးသော လူမျိုးတို့ကို နောက်တဖန်အစိုးမရ။ နိုင်ငံတကာတို့တွင် အယုတ်ဆုံးဖြစ်ရလိမ့်မည်။ တပါး သော လူမျိုးတို့ကို နောက်တဖန် အစိုးမရစေခြင်းငှါ ငါရှုတ်ချမည်။
16Imba yalsiraeri haingazovimbi nahwo, huchindiyeudzira zvakaipa zvavo, kana vachicheuka kuvatevera; zvino vachaziva kuti ndini Ishe Jehovha.
16ဣသရေလအမျိုးသားတို့သည် ထိုပြည်သား တို့ကို မြော်လင့်၊ မိမိအပြစ်ကို ငါအောက်မေ့စေသဖြင့်၊ နောက်တဖန် ထိုပြည်သည် သူတို့ ခိုလှုံရာမဖြစ်ရာ။ ငါသည် ထာဝရာဘုရားဖြစ်ကြောင်းကို သိရကြလိမ့် မည်ဟု မိန့်တော်မူ၏။
17Zvino negore ramakumi maviri namanomwe, nomwedzi wokutanga, nezuva rokutanga romwedzi, shoko raJehovha rakasvika kwandiri, richiti,
17သက္ကရာဇ် နှစ်ဆယ်ခုနစ်ခု၊ ပဌမလ တရက်နေ့ တွင်၊ ထာဝရဘုရား၏ နှုတ်ကပတ်တော်သည် ငါ့ဆီသို့ ရောက်လာ၍၊
18Mwanakomana womunhu, Nebhukadhirezari mambo weBhabhironi, wakabatisa hondo yake basa guru rokurwa neTire; misoro yose yakasvotorwa namafudzi ose akasvuuka; kunyange zvakadaro iye nehondo yake havana kupiwa mubayiro neTire pamusoro pebasa raakabata achirwa navo.
18အချင်းလူသား၊ ဗာဗုလုန်ရှင်ဘုရင် နေဗုခဒ် နေဇာသည်၊ သူ၏စစ်သူရဲတို့ကို တုရုမြို့တဘက်၌ များစွာ သော အမှုကိုဆောင်ရွက်စေပြီ။ စစ်သူရဲတိုင်းခေါင်းတုံး ပြီ။ ပခုံးလည်းပွန်းပြီ။ သို့ရာတွင်၊ ရှင်ဘုရင်နှင့် စစ်သူရဲ တို့သည် တုရုမြို့တဘက်၌ အမှုဆောင်ရွက်ခကို ထိုမြို့တွင် မခံရကြ။
19Naizvozvo zvanzi naIshe Jehovha, Tarirai, nyika yeEgipita ndichaipa Nebhukadhirezari mambo weBhabhironi; iye uchatapa vanhu vayo vazhinji, nokutora zvaachapamba, nokutora zvaachatapa; ndizvo zvichava mubayiro wehondo yake.
19သို့ဖြစ်၍၊ အရှင်ထာဝရဘုရား မိန့်တော်မူသည် ကား၊ အဲဂုတ္တုပြည်ကို ဗာဗုလုန် ရှင်ဘုရင်နေဗခဒ်နေဇာ အား ငါပေးမည်။ ထိုမင်သည် ပြည်သားအလုံးအရင်းကို၎င်း၊ လက်ရဥစ္စာအမျိုးမျိုးကို၎င်း၊ သိမ်းယူပြီးလျှင်၊ မိမစစ်သူရဲတို့ အခဘို့ ဝေငှလိမ့်မည်။
20Ndakamupa iye nyika yeEgipita, uve muripo wake wezvaakabatira, nekuti vakandibatira ini, ndizvo zvinotaura Ishe Jehovha.
20ငါ့အမှုကို ဆောင်ရွက်သောကြောင့်၊ တုရုမြို့ တဘက်၌ အမှုဆောင်ရွက်ခဘို့ အဲဂုတ္တုပြည်ကို ငါပေးပြီ။
21Nezuva iro ndichamedzera imba yaIsiraeri runyanga, newe ndichakupa muromo wakashamiswa pakati pavo; zvino vachaziva kuti ndini Jehovha.
21ထိုကာလ၌ ဣသရေလမျိုး၏ ချိုကိုအပေါက် စ၍၊ သူတို့အထဲက သင်ဟောပြောရသော အခွင့်ကို ငါပေးမည်။ ငါသည် ထာဝရဘုရားဖြစ်ကြောင်းကို သူတို့ သိရကြလိမ့်မည်ဟု မိန့်တော်မူ၏။