1Zvino akandidzosera kumukova weimba, ndikaona mvura zhinji ichibuda pasi pechikumbaridzo cheimba kurutivi rwamabvazuva, nekuti imba yakanga yakatarira kurutivi rwamabvazuva nechemberi kwayo; mvura yakayerera ichibva nechapasi, kurutivi rworudyi rweimba, kurutivi rwezasi rwearitari.
1ထိုနောက်မှ အိမ်တော်တံခါးသို့ တဖန်ငါ့ကို ဆောင်ခဲ့၍၊ တံခါးခုံအောက်မှာ အရှေ့ဘက်သို့ထွက်သော ရေကိုငါမြင်၏။ အမ်တော်ဦးသည် အရှေ့သို့မျက်နှာပြု၍၊ ရေသည်အိမ်တော်တံခါးခုံလက်ျာအောက်၊ ယဇ်ပလ္လင် တော် တောင်ဘက်မှ စီးသွားလေ၏။
2Zvino akandibudisa nenzira yesuwo rokurutivi rwokumusoro, akapota neni nenzira yokunze kusvikira kusuwo rokunze, nenzira yesuwo rakanga rakatarira kurutivi rwezasi; zvino tarira, mvura zhinji yakanga ichibuda kurutivi rworudyi.
2တဖန် မြောက်တံခါးလမ်းဖြင့် ငါ့ကိုထုတ်၍ ပြင်၌ဝိုင်းသွားလျက်၊ အရှေ့သို့ မျက်နှာပြုသော ပြင်တံခါး လမ်းဝသို့ ရောက်သောအခါ၊ လက်ျာဘက်မှစီးသော ရေကို ငါမြင်၏။
3Zvino murume uyo wakati achibudira kurutivi rwamabvazuva anorwonzi muruoko rwake, akayera mamita ane chiuru chimwe, akandiyambusa nomumvura, mvura ikasvikira kuzviziso zvamakumbo.
3ကြိုးကိုကိုင်သောသူသည် အရှေ့သို့သွားပြီးလျှင်၊ အတောင်တတောင်စေ့အောင်တိုင်း၍ ငါ့ကို ရေကူးစေ၏။ ရေသည် ဖမျက်သို့ မှီလေ၏။
4Zvino akayerazve mamita ane chiuru chimwe, akandiyambusa nomumvura, mvura ikasvikira kumabvi. Akayerazve mamita ane chiuru chimwe, akandiyambusa nomumvura, mvura ikasvikira kuchiuno.
4တဖန်အတောင်တထောင်စေ့အောင်တိုင်း၍ ရေးကူးစေပြန်လျှင်၊ ရေသည် ဒူးကိုမှီလေ၏။ တဖန် အတောင်တထောင်စေ့အောင်တိုင်း၍ ကူးစေပြန်လျှင်၊ ရေသည်ခါးကိုမှီလေ၏။
5Shure kwaizvozvo akayera mamita ane chiuru chimwe; zvino rwakanga rwava rwizi, rwandakakoniwa kuyambuka; nekuti mvura yakanga yakwirira, yava mvura mungashambira munhu, ruri rwizi rusingabviri kuyambukwa.
5တဖန် အတောင်တထောင်စေ့အောင် တိုင်းသောအခါ မကူးနိုင်သော မြစ်ဖြစ်လေ၏။ ရေထ သောကြောင့် နင်း၍မကူးနိုင်၊ ခြေထောက်၍ မမှီပဲ ကူးရသောမြစ်ဖြစ်၏။
6Akati kwandiri, Mwanakomana womunhu, waona chinhu ichi here? Zvino akaenda neni, akandidzosera kumahombekombe erwizi.
6ထိုသူက၊ အချင်းလူကား၊ ဤအရာကို မြင်သည် မဟုတ်လောဟု ပြောပြီးမှ တဖန်ငါ့ကိုခေါ်သွား၍ မြစ်နားသို့ပြန်စေ၏။
7Ndakati ndadzoka, ndikaona pamahombekombe erwizi miti mizhinji kwazvo kuno nemhiri.
7ပြန်စဉ်အခါ မြစ်နားနှစ်ဘက်၌ များစွာသော အပင်တို့ကို ငါမြင် ၏။
8Zvino akati kwandiri, Mvura iyi zhinji inobuda ichienda kunyika iri kumabvazuva, ichayerera kusvikira kuArabha, ndokuenda kurutivi rwegungwa; zvino ichandodira mugungwa, kuti mvura iporeswe.
8ထိုသူကလည်း၊ ဤရေသည် အရှေ့သို့စီး၍ တောကို ရှောက်ပြီးမှ၊ အိုင်ထဲသို့ဝင်တတ်သော အားဖြင့် အိုင်ရေသည် ချိုလိမ့်မည်။
9Zvino zvipenyu zvose zvinopfakanyika pose panosvika nzizi idzi mbiri, zvichararama; hove zhinji kwazvo dzichavapo, nekuti mvura iyi yakasvikako, mvura yose ichaporeswa, uye zvose zvichararama pose panosvika rwizi.
9အသက်ရှင်၍လှုပ်ရှားတတ်သော သတ္တဝါ အမျိုးမျိုးတို့သည် ထိုမြစ်ရေရောက်သမျှသော အရပ်တို့၌ အသက်ရှင်၍၊ အလွန်များစွာသော ငါတို့လည်း ရှိကြ လိမ့်မည်။ ထိုမြစ်ရေသည် ချိုသောကြောင့်၊ ရောက်သမျှ သော အရပ်တို့၌ သတ္တဝါအမျိုးမျိုးတို့သည် အသက်ရှင် ကြလိမ့်မည်။
10Vateyi vehove vachamirapo, kubva Engedhi kusvikira Enegiraimi vachateyapo utava; hove dzichavapo dzakafanana nehove dzegungwa guru namarudzi adzo, dziri zhinji kwazvo.
10အိုင်နားမှာတံငါတို့သည် ရပ်၍၊ အင်္ဂေဒိရွာမှ စ၍ ဧနေဂလိမ်ရွာတိုင်အောင် ပိုက်ကွန်ဖြန့်ချရာ အရပ် ဖြစ်လိမ့်မည်။ ငါအမျိုးမျိုးတို့သည် မဟာပင်လယ်ငါးကဲ့သို့ အလွန်များပြားကြလိမ့်မည်။
11Asi panamatope napanamachakwi hapangaporeswi; acharegererwa munyu.
11ရွံ့ပွက်ရည်နှင့် ရွံ့အိုင်ရေမူကား မချိုရ၊ အစဉ် ငန်ရလိမ့်မည်။
12Parwizi, pamahombekombe arwo, kuno nemhiri, pachamera miti yamarudzi ose inodyiwa, isingaomi mashizha ayo, uye isingashaiwi zvibereko zvayo; ichabereka zvibereko zvitsva mwedzi mumwe nomumwe, nekuti mvura yarwo inobuda panzvimbo tsvene; michero yayo ichava zvokudya, namashizha ayo achaporesa.
12မြစ်ကမ်းနားနှစ်ဖက်၌ စားစရာကောင်းသော အပင်အမျိုးမျိုး ပေါက်ကျလိမ့်မည်။ အရွက်လည်း မညှိုး မနွမ်းရ အသီးလည်းမပျက်ရ။ လတိုင်းအစဉ်နုသော အသီးကို သီးလိမ့်မည်။ အကြောင်းမူကား၊ သန့်ရှင်းရာ ဌာနထဲကထွက်သတည်း။ အသီးသည် စားစရာ အပိုဖြစ် ၏။ အရွက်သည် အနာရောဂါငြိမ်းစရာဘို့ဖြစ်သည်ဟု ငါ့အားပြောဆို၏။
13Zvanzi naIshe Jehovha, Iyi ndiyo miganho, yamunofanira kuganhura nyika nayo ive nhaka yamarudzi ane gumi namaviri alsiraeri: Josefa anofanira kupiwa migove miviri.
13အရှင်ထာဝရဘုရား မိန့်တော်မူသည်အတိုင်း၊ ဣသရေလအမျိုး တဆယ်နှစ်မျိုးအမွေခံရသော မြေ အပိုင်းအခြားမူကား၊ ယောသပ်သည် မြေအပိုင်းအခြား နှစ်ခုကို ယူရမည်။
14Munofanira kugara nhaka, mumwe achienzaniswa nomumwe; nekuti ndakapika kuti ndichaipa madzibaba enyu; nyika iyi ichava nhaka yenyu.
14ဘိုးဘေးတို့အား ငါကျိန်ဆိုသည်အတိုင်း ငါပေး ရသော ထိုမြေသည် သင်တို့အမွေဖြစ်၍၊ သင်တို့သည် အချင်းချင်းအမွေခံရကြမည်။
15Iyi ndiyo miganho yenyika: Kurutivi rwokumusoro, kubva kugungwa guru, nenzira yeHetironi, kusvikira pavanopinda vachienda Zedhadhi;
15မြေမြောက်ဘက်အပိုင်းအခြားသည် မဟာ ပင်လယ်တဘက်တချက်၊ ဟေသလုန်လမ်း၊ ဇေဒဒ်လမ်းသို့ လိုက်လျက်၊
16neHamati, neBherota, neShibhiraimi, riri pakati pomuganhu weDhamasiko nomuganhu weHamati; neHazerihatikoni, riri pamuganhu weHaurani.
16ဟာမတ်မြို့နှင့် ဗေရောသာမြို့ကို၎င်း၊ ဒမာသက်နယ်နှင့်ဟာမတ်နယ်ဆက်ကြားမှာ သိဗရိမ် မြို့ကို၎င်း၊ ဟောရန်မြို့အနားမှာ၊ ဟာဇာဟတ္တိကုန်းမြို့ကို ၎င်း ဝိုင်း၍၊
17muganhu unobva kugungwa ndiHazarienoni pamuganhu weDhamasiko; kurutivi rwokumusoro, zvichienda kumusoro, muganhu ndiHamati. Ndirwo rutivi rwokumusoro.
17တဖန်ပင်လယ်နှင့်ကွာပြီးမှ ဒမာသက်နယ် အနား၌ ဟာဇရေနန်မြို့၊ မြောက်ဘက်၌ ဇိဖြုန်မြို့၊ ဟာမတ်မြို့ပါရမည်။ ဤရွေ့ကား မြောက်ဘက် အပိုင်း အခြားဖြစ်သတည်း။
18Kurutivi rwamabvazuva pakati peHaurani neDhamasiko nenyika yalsiraeri, muganhu unofanira kuva Joridhani; munofanira kuyera kubva kumuganhu wokumusoro kusvikira kugungwa rokumabvazuva. Ndirwo rutivi rwamabvazuva.
18အရှေ့ဘက်အပိုင်းအခြားသည် ဟောရန်မြို့၊ ဒမာသက်မြို့၊ ဂိလဒ်ပြည်၊ ရောဒန်မြစ်နား ဣသရေလ ပြည်နယ်ကိုရှောက်၍၊ အရှေ့ပင်လယ်၌ ဆုံးရမည်။ ဤရွေ့ကား၊ အရှေ့ဘက်အပိုင်းအခြား ဖြစ်သတည်း။
19Rutivi rwezasi zvichienda zasi, muganhu uchabva paTamari kusvikira kumvura yeMeribhatikadheshi, kusvikira kurukova rweEgipita, kusvikira kugungwa guru. Ndirwo rutivi rwezasi, zvichienda zasi.
19တောင်ဘက်အပိုင်းအခြားသည် တာမာမြို့မှ စ၍ ကာဒေရှမြို့၊ မေရိဘရေတိုင်အောင်၎င်း၊ မဟာ ပင်လယ်ထဲသို့ ဝင်သောမြစ်တိုင်အောင်၎င်း၊ ရှောက်သွား ရမည်။ ဤရွေ့ကား၊ တောင်ဘက်အပိုင်းအခြားဖြစ်သ တည်း။
20Kurutivi rwamavirazuva muganhu unofanira kuva gungwa guru, kubva kurutivi rwezasi kusvikira pakatarisana navanopinda kana vachienda Hamati. Ndirwo rutivi rwamavirazuva.
20အနောက်ဘက်၌ မဟာပင်လယ်သည် တောင် ဘက်မှစ၍၊ ဟာမတ်မြို့တဘက်တချက်တိုင်အောင် ပိုင်းခြားလျက်ရှိရမည်။ ဤ၍ကား၊ အနောက်ဘက်အပိုင်း အခြားဖြစ်သတည်း။
21Saizvozvo munofanira kuzviganhurira nyika iyi, zvichienzana namarudzi alsiraeri.
21ထိုမြေကိုဣသရေလအမျိုး အသီးအသီးတို့အား ဝေရမည်။
22Munofanira kuiganhura nemijenya, ive nhaka yenyu neyavatorwa vagere pakati penyu, vanozobereka vana pakati penyu; ivo vanofanira kuva kwamuri savakaberekwa pakati paIsiraeri; vanofanira kugara nhaka pamwechete nemwi pakati pamarudzi alsiraeri.
22အမျိုးသားချင်းအမွေခံဘို့၎င်း၊ သင်တို့တွင်နေ၍ သားသမီးဘွားမြင်သော တပါးအမျိုးသားချင်း အမွေခံ ဘို့၎င်း စာရေးတံချ၍ မြေကို ဝေရမည်။ ထိုတပါး အမျိုးသားတို့ကို ပြည်၌ဘွားမြင်သော ဣသရေလ အမျိုးသားကဲ့သို့မှတ်ရမည်။ သူတို့သည် ဣသရေလ အမျိုးသားတို့နှင့် အတူမြေကိုအမွေခံ ရကြလိမ့်မည်။
23Pakati porudzi pagere mutorwa ndipo pamunofanira kumupa nhaka yake, ndizvo zvinotaura Ishe Jehovha.
23တပါးအမျိုးသား နေလေရာရာခရိုင်၌ သူ့အမွေ ခံစရာမြေကို ပေးရမည်ဟု အရှင်ထာဝရဘုရား မိန့်တော် မူ၏။