1Zvino Jehovha wakati kuna Abhuramu: Ibva panyika yekwako nekuhama dzako nekuimba yababa vako, uende kunyika yandichakuratidza.
1ထာဝရဘုရားသည်လည်း အာဗြံကို ခေါ်တော်မူ၍၊ သင်၏ပြည်နှင့်တကွ အမျိုးသားချင်းပေါက်ဘော် များထဲက ထွက်ပြီးလျှင်၊ ငါပြလတံ့သော ပြည်သို့ သွားလော့။
2Zvino ndichakuita uve rudzi rukuru, nekukuropafadza, nekuita zita rako rive guru, uye uchava ropafadzo.
2ငါသည် သင့်ကို လူမျိုးကြီးဖြစ်စေမည်။ ငါ ကောင်းကြီးပေး၍ သင်၏နာမကို ကြီးမြတ်စေမည်။ သင် သည် ကောင်းကြီးခံရသောသူ ဖြစ်လိမ့်မည်။
3Zvino ndicharopafadza vanokuropafadza, nekutuka unokutuka; uye mauri marudzi ose enyika acharopafadzwa.
3သင့်ကို ကောင်းကြီးပေးသောသူကို ငါကောင်းကြီးပေးမည်။ သင့်ကို ကျိန်ဆဲသောသူကို ငါကျိန်ဆဲမည်။ သင်အားဖြင့်လည်း လူမျိုးအပေါင်းတို့သည် ကောင်းကြီးမင်္ဂလာကို ခံရကြလိမ့်မည်ဟု မိန့်တော်မူ၏။
4Abhuramu ndokuenda Jehovha sezvaakataura kwaari, naRoti wakaenda naye. Zvino Abhuramu wakange ane makore makumi manomwe nemashanu pakubva kwake Harani.
4ထိုသို့ ထာဝရဘုရား မိန့်တော်မူသည်အတိုင်း၊ အာဗြံထွက်သွား၍ လောတလည်းလိုက်လေ၏။ အာဗြံ သည် ခါရန်မြို့မှ ထွက်သွားသောအခါ အသက်ခုနစ်ဆယ်ငါးနှစ်ရှိ၏။
5Abhuramu ndokutora Sarai, mukadzi wake, naRoti, mwanakomana wemunin'ina wake, nenhumbi dzavo dzose dzavakange vaunganidza, nemweya yavakange vawana paHarani, vakabuda kuenda kunyika yeKanani; ndokusvika kunyika yeKanani.
5အာဗြံသည် မယားစာရဲ၊ အစ်ကိုသားလောတနှင့်၊ ဥစ္စာရတတ်သမျှကို၎င်း၊ ခါရန်မြို့၌ရသော လူတို့ကို ၎င်း၊ ယူပြီးလျှင် ခါနာန်ပြည်သို့ ရောက်ခြင်းငှါ၊ ထွက်သွား၍၊ ထိုပြည်သို့ ရောက်ကြ၏။
6Abhuramu ndokugura nemunyika kusvika panzvimbo yeShekemu, pamuti wemuouki* weMore; uye vaKanani vaiva munyika iyo nguva iyoyo.
6အာဗြံသည် ထိုပြည်ကို ရှောင်သွား၍ ရှိခင်အရပ်၊ မောရသပိတ်ပင်သို့ ရောက်လေ၏။ ထိုအခါ၊ ခါနာန်အမျိုးသားတို့သည် ထိုပြည်၌ ရှိကြရ၏။
7Zvino Jehovha wakaonekera kuna Abhuramu, akati: Kumbeu yako ndichapa nyika iyi; ndokuvakira ipapo Jehovha aritari, iye wakange aonekera kwaari.
7ထာဝရဘုရားသည် အာဗြံအားထင်ရှား၍၊ ဤပြည်ကို သင်၏အမျိုးအနွယ်အား ငါပေးမည်ဟု မိန့်တော်မူ၏။ ထိုသို့ထင်ရှားတော်မူသော ထာဝရဘုရားဘို့၊ ထိုအရပ်၌၊ ယဇ်ပလ္လင်ကို တည်လေ၏။
8Zvino wakabva ipapo akaenda kugomo riri kumabvazuva aBheteri, ndokudzika tende rake; Bheteri riri kumavirazuva uye Ai kumabvazuva. Zvino wakavakirapo Jehovha aritari, akadana zita raJehovha.
8ထိုအရပ်မှ သွားပြန်၍၊ ဗေသလမြို့အရှေ့၌ ရှိသော တောင်သို့ ပြောင်းသဖြင့်၊ ဗေသလမြို့အရှေ့၊ အာဣမြို့ အနောက်စပ်ကြားမှာ တဲကိုဆောက်၍၊ ထာဝရဘုရားသို့ ယဇ်ပလ္လင်ကို တည်ပြီးလျှင်၊ ထာဝရဘုရား၏ နာမတော်ကို ပဌာနပြု၏။
9Zvino Abhuramu wakafamba achienderera mberi akananga kuchamhembe.
9အာဗြံသည် ခရီးသွားလျက်၊ ပြောင်းလျက်၊ တောင်မျက်နှာသို့ ရောက်လေ၏။
10Zvino kwakava nenzara panyika iyo; Abhuramu ndokuburukira kuEgipita kunogarako semweni; nekuti nzara yairwadza panyika.
10ထို့နောက်၊ ခါနာန်ပြည်၌ အစားခေါင်းပါးခြင်းဖြစ်၏။ အလွန်အစားခေါင်းပါးသောကြောင့်၊ အာဗြံသည် အဲဂုတ္တပြည်၌ တည်းခိုးခြင်းငှါ သွားလေ၏။
11Zvino zvakaitika oswedera kupinda muEgipita kuti wakati kuna Sara, mukadzi wake: Tarira zvino, ndinoziva kuti uri mukadzi wakanaka kuonekwa.
11အဲဂုတ္တုပြည်နှင့်နီးသောအခါ၊ မိမိမယားစာရဲကို၊ သင်သည် အဆင်းလှသော မိန်းမဖြစ်သည်ကို ငါသိ၏။
12Zvino zvichaitika vaEgipita pavachakuona, kuti vachati: Uyu mukadzi wake, ndokundiuraya, asi iwe vachakuchengeta uri mupenyu.
12အဲဂုတ္တုလူတို့သည် သင့်ကိုမြင်သောအခါ၊ ဤမိန်းမသည် သူ၏မယားဖြစ်၏ဟုဆိုလျက်၊ ငါ့ကိုသတ်၍ သင့်ကို အသက်ချမ်းသာပေးလိမ့်မည်။
13Uti hako uri hanzvadzi yangu, kuti zvindinakire nekuda kwako, mweya wangu ugorarama nekuda kwako.
13သို့ဖြစ်၍ သင်သည် ငါ့နှမဖြစ်ကြောင်းကို ပြောပါလော့။ သို့ပြောလျှင် သင့်အတွက် ငါကောင်းစား လိမ့်မည်။ သင်၏ကျေးဇူးအားဖြင့် ငါအသကချမ်းသာ ရလိမ့်မည်ဟု ဆို၏။
14Zvino zvakaitika kuiti Abhuramu paakasvika Egipita, vaEgipita vakaona mukadzi kuti wakanaka kwazvo.
14အာဗြံသည် အဲဂုတ္တပြည်သို့ ရောက်သောအခါ၊ သူ၏မယားသည် အလွန်အဆင်းလှသည်ကို အဲဂုတ္တုလူတို့သည် မြင်ကြ၏။
15Nemachinda aFarao akamuona, ndokumurumbidza pamberi paFarao; mukadzi ndokuiswa mumba maFarao.
15ဖါရောဘုရင်၏မှူးတော်မတ်တို့လည်း မြင်၍၊ ရှေ့တော်၌ ချီးမွမ်းပြီးလျှင်၊ နန်းတော်သို့သွင်းရကြ၏။
16Zvino wakabata Abhuramu zvakanaka nekuda kwake; uye akava nemakwai nenzombe nemakono emadhongi nevarandarume nevarandakadzi nemadhongi echikadzi nemakamera.
16ဖာရောဘုရင်သည် ထိုမိန်းမအတွက် အာဗြံ၌ ကျေးဇူးပြုသဖြင့်၊ သူသည် သိုး၊ နွား၊ မြည်းထီး၊ မြည်းမ၊ ကျွန်ယောက်ျား၊ ကျွန်မိန်းမ၊ ကုလားအုပ်များနှင့်ကြွယ်ဝ၏။
17Asi Jehovha wakatambudza Farao, neimba yake, nematambudziko makuru nekuda kwaSarai mukadzi waAbhuramu.
17ထာဝရဘုရားသည် အာဗြံ၏ မယားစာရဲအတွက်ကြောင့်၊ ဖါရောဘုရင်မှစ၍ နန်းတော်သားတို့ကို ကြီးသော ဘေးဒဏ်ဖြင့် ဆုံးမတော်မူ၏။
18Farao ndokudana Abhuramu akati, Chii ichi chawaita kwandiri? Nemhaka yei usina kundiudza kuti mukadzi wako.
18ဖါရောဘုရင်သည်လည်း အာဗြံကိုခေါ်၍၊ သင်သည်ငါ၌ ပြုသောအမှုကား အဘယ်သို့နည်း။ သူသည် သင်၏မယားဖြစ်ကြောင်းကို၊ ငါအား အဘယ်ကြောင့် မပြောသနည်း။
19Wakareverei kuti ihanzvadzi yangu? kusvikira ndamutora kuva mukadzi wangu? Naizvozvo zvino tarira mukadzi wako, tora uende.
19ငါသည် သူ့ကို သိမ်းပိုက်စေခြင်းငှါ၊ သူသည် ငါ့နှမဖြစ်သည်ဟု အဘယ်ကြောင့်ဆိုသနည်း။ သင်၏ မယားကို ယခုယူ၍သွားလော့ဟု အမိန့်ရှိ၏။
20Zvino Farao akaraira varume maererano naye, vakamudzinga nemukadzi wake nezvose zvaakange anazvo.
20ထိုသို့အာဗြံအမှုကို စီရင်၍၊ မိမိလူတို့အား မှာထားသဖြင့်၊ သူတို့သည် အာဗြံ၌ရှိသမျှသော ဥစ္စာနှင့် တကွ၊ သမီးမောင်နှံတို့ကို လွှတ်လိုက်ကြ၏။