Shona

Myanmar

Genesis

40

1Shure kwaizvozvo mudiri wama­mbo weEgipita nomubiki wake va­katadzira tenzi wavo, mambo weEgipita.
1ထိုနောက်မှ အဲဂုတ္တုရှင်ဘုရင်ထံ ဖလားတော် ဝန်နှင့် စားတော်ဝန်တို့သည် မိမိတို့အရှင် အဲဂုတ္တု ရှင်ဘုရင်ကို ပြစ်မှားကြ၏။
2Farao akatsamwira kwazvo varanda vake vaviri, ivo mukuru wavadiri nomukuru wavabiki.
2ဖါရောဘုရင်သည် ထိုအမတ်နှစ်ယောက်တည်း ဟူသော ဖလားတော်ဝန်နှင့်စားတော်ဝန်တို့ကို အမျက် ထွက်၍၊
3Akavasunga kuti vachengetwe mumba momukuru wavarindi, mutirongo, pakanga pakasungwa Josefa.
3ယောသပ်အချုပ်ခံရာ ထောင်တည်းဟူသော ကိုယ်ရံတော်မှူး၏အိမ်၌ ချုပ်ထားတော်မူ၏။
4Mukuru wavarindi akaraira Josefa kuvachengeta; iye akavabatira, vakaita nguva vachiche­ngetwa.
4ကိုယ်ရံတော်မှူးသည် သူတို့ကို ယောသပ်၌ အပ်၍၊ ယောသပ်သည် ပြုစုရ၏။သူတို့လည်း အင်တန် ကာလ အချုပ်ခံလျက် နေရကြ၏။
5Zvino vose vaviri vakarota hope usiku humwe, mumwe nomumwe ku­rota kwake, kurota kumwe nokumwe kune dudziro yako, ivo mudiri nomu­biki vamambo weEgipita, vakanga vaka­sungwa mutirongo.
5ထိုသို့ထောင်ထဲမှာ အချုပ်ခံလျက်နေရသော အဲဂုတ္တုရှင်ဘုရင်၏ ဖလားတော်ဝန်နှင့် စားတော်ဝန် နှစ်ယောက်တို့သည်၊ အသီးအသီး မိမိတို့ ကိုယ်စီဆိုင်သော အနက်နှင့်ပြည့်စုံသော အိပ်မက်ကို တညဉ့်ခြင်းတွင် တယောက်တနည်းစီ မြင်မက်ကြ၏။
6Zvino fume ma­ngwana Josefa akapinda kwavari, akavatarira, akaona kuti havafari.
6နံနက်အချိန်ရောက်မှ ယောသပ်သည် သူတို့ ထံသို့ဝင်၍ ကြည့်ရှုသောအခါ၊ သူတို့မျက်နှာညှိုးငယ်လျက် ရှိသည်ကိုမြင်လျှင်၊
7Aka­bvunza varanda vaFarao vakanga va­chengetwa pamwechete naye mumba matenzi wake, akati, Nhasi makasuwa neiko?
7သင်တို့သည် ယနေ့အဘယ်ကြောင့် မျက်နှာ ညှိုးငယ်သနည်းဟု မိမိသခင်အိမ်၌ မိမိနှင့်အတူ အချုပ်ခံ နေရသော ဖါရောမင်း၏ အမတ်တို့အား မေး၏။
8Vakati kwaari, Tarota hope, asi hakuna munhu anogona kudzidudzira. Josefa akati kwavari, Kududzira hakuzi kwaMwari here? Dondirondedzerai he­nyu.
8သူတို့ကလည်း၊ ငါတို့သည် အိပ်မက်ကိုမြင်ရပြီ။ အနက်ကို ဘတ်နိုင်သောသူ မရှိဟုဆိုကြသော်၊ ယောသပ် က၊ အိပ်မက်အနက်များကို ဘုရားသခင်ဆိုင်တော်မူသည် မဟုတ်လော။ သို့ဖြစ်၍ သင်တို့အိပ်မက်ကို ကျွန်ုပ်အား ကြားပြောကြပါဟုဆို၏။
9Zvino mukuru wavadiri akaronde­dzera kurota kwake kuna Josefa, akati, kwaari, muchiroto kwangu ndakaona muzambiringa pamberi pangu; pamuza­mbiringa pakanga pana matavi matatu;
9ထိုအခါ ဖလားတော်ဝန်သည် မိမိအိပ်မက်ကို ယောသပ်အား ကြားပြောသည်ကား၊ ငါမြင်မက်သော အိပ်မက်တွင်၊ ငါ့ရှေ့မှာ စပျစ်နွယ်ပင် ရှိ၏။
10ukaita sokutumbuka, ukabudisa ma­ruva; masumbu awo akabereka maza­mbiringa akaibva;
10ထိုစပျစ်နွယ်ပင်၌ အလက်သုံးလက်ရှိ၏။ ထိုအလက်တို့၌ ပန်းငုံကဲ့သို့ရှိ၏။ အပွင့်လည်း ပွင့်၏။ အသီးပြွတ်တို့လည်း မှည့်သောစပျစ်သီး ဖြစ်လေ၏။
11mukombe waFarao wakange uri muruoko rwangu; zvino ndikatora mazambiringa, ndikaasvinira mumukombe waFarao, ndikaisa muko­mbe muruoko rwaFarao.
11ဖါရောမင်း၏ ဖလားတော်ကို ငါကိုင်လျက်၊ ထိုစပျစ်သီးကိုယူ၍ ဖလားတော်၌ညှစ်ပြီးမှ လက်တော် တွင် ဆက်သည်ဟုပြောဆို၏။
12Josefa akati kwaari, Kududzirwa kwadzo ndiko: Matavi matatu mazuva matatu;
12ယောသပ်ကလည်း သင်၏အိပ်မက်အနက် ဟူမူကား၊ စပျစ်နွယ်သုံးလက်တို့သည် သုံးရက်ဖြစ်၏။
13mazuva matatu agere kupera Farao achasimudza musoro wako, noku­kudzosera kubasa rako; ipapo uchaisa mukombe waFarao muruoko rwakezve, sezvawaiita kare uchiri mudiri wake.
13သုံးရက်လွန်မှဖါရောမင်းသည် သင်၏ဦးခေါင်း ကို ချီးမြှောက်၍ သင်၏အရာကိုပြန်ပေးတော်မူသဖြင့်၊ သင်သည်အထက်က ဖလားတော်ဝန်ဖြစ်၍ ပြုဘူးသည် နည်းတူ၊ တဖန်ဖလားတော်ကို ဖါရောမင်း၏လက်တွင် ဆက်မြဲ ဆက်ရလိမ့်မည်။
14Asi undirangarire hako kana woitirwa zvakanaka; undiitire tsitsi, undireverere kuna Farao, kuti ndibudiswe paimba ino;
14သင်သည် ချမ်းသာရသောအခါ ကျွန်ုပ်ကို အောက်မေ့၍ ကျေးဇူးပြုပါလော့။ ဖါရောဘုရင်က တိုလျှောက်၍ ကျွန်ုပ်ကို ဤအိမ်မှနှုတ်ယူပါ။
15nekuti zvirokwazvo, ndakabiwa ku­nyika yavaHebheru; napano handina kuita chinhu chakafanira kuti vandiise mugomba iri.
15အကယ်စင်စစ် ကျွန်ုပ်ကို ဟေဗြဲပြည်မှ ခိုးယူ ခဲ့ကြ၏။ ဤပြည်မှာလည်း ကျွန်ုပ်၌ အပြစ်မရှိဘဲ ထောင်ထဲမှာ လှောင်ထားကြသည်ဟုဆို၏။
16Zvino mukuru wavabiki akati aona kuti dudziro yakanaka, akati kuna Josefa, Neniwo ndakanga ndiri pakurota kwa­ngu, ndikaona tswanda nhatu dzechingwa chichena dzakanga dziri pamusoro wa­ngu;
16ထိုအိပ်မက်အနက် ကောင်းသည်ကို စားတော် ဝန် သိမြင်လျှင်၊ ငါသည်လည်း ဖြူသောတောင်းသုံးလုံးကို ကိုယ်တိုင်ရွက်နေသည်ကို မြင်မက်၏။
17mutswanda yapamusoro makanga mune zvokudya zvamarudzi ose zvakabi­kwa zvaFarao; shiri dzikazvidya mutswa­nda yaiva pamusoro wangu.
17အပေါ်တောင်းတွင် ဖါရောမင်းစားတော်ခေါ် ဘို့ ချက်ပြီးသော ခဲဘွယ်စားဘွယ် အမျိုးမျိုးရှိ၍၊ ငှက်တို့သည်လည်း ငါရွက်သော တောင်းထဲကနှုတ်၍ စားကြသည်ဟု ယောသပ်အား ပြောဆို၏။
18Ipapo Josefa akapindura, akati, Kududzirwa kwadzo ndiko: Tswanda nhatu mazuva matatu;
18ယောသပ်ကလည်း၊ သင်၏အိပ်မက် အနက်ဟူ မူကား၊ တောင်းသုံးလုံးသည် သုံးရက်ဖြစ်၏။
19mazuva matatu agere kupera, Farao achasimudza musoro wako akaubvisa pamusoro pako, akusu­ngirire pamuti; shiri dzichadya nyama yako dzichiibvisa kwauri.
19သုံးရက်လွန်မှ ဖါရောမင်းသည် သင်၏ဦးခေါင်း ကို ကိုယ်နှင့်ခွါ မြှောက်လျှက် သစ်ပင်၌ဆွဲထားတော်မူ၍၊ ငှက်တို့သည် သင်၏အသားကို နှုတ်၍စားကြလိမ့်မည်ဟု ပြန်ပြော၏။
20Zvino nomusi wetatu, musi woku­zvarwa kwaFarao, iye akaitira varanda vake vose mutambo. Akasimudza musoro womukuru wavadiri, nomusoro womu­kuru wavabiki pakati pavaranda vake,
20ထိုနောက် သုံးရက်လွန်သောအခါ၊ ဖါရောမင်း ဘွားသောနေ့ရက်၌ နှစ်စဉ်ပွဲကိုခံ၍ ကျွန်တော်မျိုး အပေါင်းတို့ကို ကျွေးမွေးတော်မူစဉ်တွင်၊ ဖလားတော်ဝန် ၏ဦးခေါင်းနှင့် စားတော်ဝန်၏ဦးခေါင်းကို ကျွန်တော်မျိုး တို့တွင် ဖေါ်တော်မူ၍၊
21akadzosera mukuru wavadiri kubasa rake rokudira kwake, akapa mukombe waFarao muruoko rwaFarao;
21အိပ်မက်အနက်ကို ယောသပ်ဘတ်သည် အတိုင်း၊ ဖလားတော်ဝန်ကို အထက်အရာ၌ တဖန် ခန့်ထားတော်မူသဖြင့်၊ သူသည်ဖလားတော်ကို ဖါရော မင်း၏လက်တွင် ဆက်မြဲဆက်ရ၏။
22asi akasu­ngirira mukuru wavabiki sezvavakanga vadudzirwa naJosefa.
22စားတော်ဝန်ကိုမူကား၊ ဆွဲထားတော်မူ၏။
23Asi mukuru wa­vadiri haana kurangarira Josefa, asi aka­mukangamwa.
23သို့သော်လည်း ဖလားတော်ဝန်သည် ယောသပ် ကို မအောက်မေ့ဘဲ မေ့လျော့၍နေလေ၏။