Shona

Myanmar

Isaiah

10

1Vane nhamo vanotema mitemo isina kururama, navanyori vanonyora zvisakarurama;
1ငတ်မွတ်သော သူတို့ကို တရားရှုံးစေခြင်းငှါ၎င်း၊
2kuti vadzivise varombo pakururamisirwa, nokutorera varombo vavanhu vangu zvavanofanira kuva nazvo, kuti vapambe chirikadzi, vatorere nherera zvinhu zvavo.
2ငါ၏လူမျိုးတွင် ဆင်းရဲသားတို့၏ အခွင့် အရာကို ရုပ်သိမ်းခြင်းငှါ၎င်း၊ မုတ်ဆိုးမတို့ကို ညှဉ်းဆဲ၍၊ မိဘမရှိသောသူတို့၏ ဥစ္စာကိုလုယူခြင်းငှါ၎င်း၊ မတရား သဖြင့်စီရင်သောသူ၊ ကျပ်တည်းစွာသော မှတ်ချက်ကို မှတ်သားသော စာရေးတို့သည် အမင်္ဂလာရှိကြ၏။
3Asi muchaiteiko pazuva rokutongwa, nerokuparadzwa kuchabva kure? Muchatizira kuna ani kundobatsirwa? fuma yenyu muchaivigepiko?
3ငါကြည့်ရှုစီရင်သည်ကာလ၊ အဝေးကရောက်လတံ့ သော ဖျက်ဆီးခြင်းဖြစ်သည်ကာလ၌၊ သင်တို့သည် ချမ်း သာရအံသောငှါ၊ အဘယ်သူထံသို့ ပြေးကြလိမ့်မည်နည်း။ သင်တို့ စည်းစိမ်ဥစ္စာကို အဘယ်မှာ သိုထား ကြ လိမ့်မည် နည်း။
4Vachangokotama havo pakati pavasungwa, vachawira pasi pakati pavakaurawa. Kunyange zvakadaro, kutsamwa kwake hakuna kudzorwa, asi ruoko rwake rwakaramba rwakatambanudzwa nazvino.
4ငါ့ကျေးဇူးကို မခံရသောသူတို့သည်၊ ချုပ်ထား လျက်ရှိသော သူတို့အောက်မှာ ဦးချရကြလိမ့်မည်။ အသေသတ်ခြင်းကို ခံရသော သူတို့အောက်မှာ လဲကြ လိမ့်မည်။ သို့သော်လည်း၊ အမျက်တော်သည်မငြိမ်း၊ လက်တော်သည်ဆန့်လျက်ရှိသေး၏။
5Nhaiwe Asiria, shamhu yokutsamwa kwangu, wakabata muruoko rwake tsvimbo yeshungu dzangu!
5အာရှုရိလူသည် အမင်္ဂလာရှိ၏။ ငါ့အမျက်၏ လှံတံဖြစ်၏။ သူကိုင်သောတောင်ဝေးသည် ငါဒဏ်ပေး စရာဘို့ ဖြစ်၏။
6Ndichamutuma kundorwa norudzi runomhura Mwari, ndichamurayira kundorwa navanhu vandinotsamwira, kuti andotora zvakapambwa, andotora zvakatapwa, azvitsikire pasi sedope riri munzira dzomumusha.
6အဓမ္မ လူမျိုးရှိရာသို့ သူ့ကိုငါစေလွှတ်မည်။ ငါ့အမျက်ခံရာ လူစုကို လုယူဖျက်ဆီး၍၊ လမ်း၌ ရွှံ့ကို ကဲ့သို့ ကျော်နင်းစေခြင်းငှါ၊ သူ့ကိုငါမှာထားမည်။
7Asi iye haafungi kuita izvozvo, nomoyo wake haarangariri zvakadaro; asi iye anorangarira kuparadza nokupedza marudzi mazhinji.
7သို့သော်လည်း၊ သူသည်အခြားသောအကြံ၊ အခြားသော အလိုရှိ၏။ သူသည်ဖျက်ဆီး၍၊ များစွာ သောလူမျိုးတို့ကို ဖယ်ရှင်းခြင်းငှါ အလိုရှိ၏။
8nekuti iye anoti, Ko machinda angu ose haazi madzimambo here?
8သူသည် အဘယ်သို့ ဆိုသနည်းဟူမည်ကား၊ ငါ၏ မှုးမတ်တို့သည် မင်းကြီးဖြစ်ကြသည်မဟုတ်လော။
9Ko Karino harina kuitirwa zvakaitirwa Karikemishi here? NeHamati seAripadhi here? NeSamaria seDhamasiko here?
9ကာလနောမြို့သည် ခါခေမိတ်မြို့ကဲ့သို့၎င်း၊ ဟာမတ်မြို့သည် အာပဒ်မြို့ကဲ့သို့၎င်း၊ ရှမာရိမြို့သည် ဒမာသက်မြို့ကဲ့သို့၎င်း ဖြစ်သည် မဟုတ်လော။
10Ruoko rwangu sezvarwakasvikira ushe bwezvifananidzo, kunyange zvifananidzo zvavo zvakavezwa zvakanga zvichipfuura zvapaJerusaremu neSamaria,
10ရှမာရိရုပ်တုနှင့် ယေရုရှလင်ရုပ်တုထက် သာ၍ မြတ်သော ရုပ်တု ဆင်းတုကို ကိုးကွယ်သော တိုင်းနိုင်ငံ များကို ငါလုယူသကဲ့သို့၎င်း၊
11handingaitiri Jerusaremu nezvifananidzo zvaro sezvandakaitira Samaria nezvifananidzo zvaro here?
11ရှမာရိမြို့နှင့် သူ၏ ရုပ်တုတို့ကို ငါပြုသကဲ့သို့ ၎င်း၊ ယေရုရှလင်မြို့နှင့် သူ၏ ရုပ်တုတို့ကို ငါပြုမည် မဟုတ်လော ဟုဆိုတတ်၏။
12Saka zvino kana Ishe apedza basa rake rose pagomo reZiyoni napaJerusaremu, ndicharova zvibereko zvomoyo unozvikudza wamambo weAsiria, namanyawi okuzvikudza kwake.
12သို့သော်လည်း၊ ထာဝရဘုရားသည် ဇိအုန် တောင်နှင့် ယေရုရှလင်မြို့၌ အမှုတော်ကို လက်စသတ် တော်မူပြီးမှ၊ အာရှုရိ ရှင်ဘုရင်၏ မာနထောင်လွှားခြင်း၊ မော်သော မျက်နှာနှင့် စော်ကားခြင်းကို ငါကြည့်ရှု၍ စီရင်မည်။
13nekuti akati, Ndakazviita nesimba roruoko rwangu, uye nouchenjeri hwangu, nekuti ndine njere; ndakabvisa miganho yavanhu, ndakapamba fuma yavo; semhare ndakawisira pasi vaigara pazvigaro zvoushe;
13ထိုမင်းက၊ ငါသည် ကိုယ်လက်ရုံး သတ္တိနှင့် ကိုယ် ဥာဏ်အားဖြင့် ငါတတ်နိုင်၏။ ပညာသတ္တိနှင့် ငါပြည့်စုံ ၏။ လူမျိုးနေရာ အပိုင်းအခြားတို့ကို ငါရွှေ့ပြီ။ သူတို့၏ ဘဏ္ဍကို လုယူပြီ။ ဘုရင်တို့ကို သူရဲကဲ့သို့ နှိမ့်ချပြီ။
14ruoko rwangu rwakawana fuma yamarudzi avanhu sedendere; ndakaunganidza nyika yose, somunhu anounganidza mazai akasiiwa; hapana akapfakanyisa bapiro, kana kushamisa muromo, kana kurira.
14ငါ့လက်သည် ငှက်သိုက်ကို တွေ့သကဲ့သို့၊ လူတို့၏ဥစ္စာပစ္စည်းကို တွေ့ပြီ။ စွန့်ပစ်သောငှက်ဥတို့ကို သိမ်းယူသကဲ့သို့၊ မြေကြီးတန်ဆာရှိသမျှ တို့ကိုငါ သိမ်းယူ ပြီ။ အဘယ်သူမျှ အတောင်ကိုမလှုပ်၊ နှုတ်သီးကိုမဖွင့်၊ မမြည်မတွန်ဟုဆိုသည် ဖြစ်၍၊
15Ko sanhu ringazvirumbidza pamusoro poanotema naro here? Kana jeko ringazvikudza pamusoro paanobata naro here? Zvaifanana netsvimbo inozunungusa vanorova nayo, kana mudonzvo unosimudza chinhu chisati chiri huni.
15ကြိမ်လုံးသည် ကိုင်သောသူကိုလှုပ်သကဲ့သို့၎င်း၊ တောင်ဝေးသည် မိမိသခင်ကိုချီကြွသကဲ့သို့၎င်း၊ ပုဆိန် သည် ခုတ်သော သူကိုစော်ကားရမည်လော။ လွှသည် တိုက်သော သူကို ရန်ပြု၍ ထောင်လွှားရမည်လော။
16Naizvozvo Ishe, Ishe wehondo, achatuma kuonda pakati pavakakora vake; pasi pokubwinya kwake pachabatidzwa chinopisa chakafanana nokupisa komoto.
16ထိုကြောင့်၊ ကောင်းကင်ဗိုလ်ခြေသခင်အရှင် ထာဝရဘုရားသည် ထိုမင်း၏ ဆူဝသောသူတို့၌ ပိန်ကျုံ့ ခြင်းကို သွင်းပေးတော်မူမည်။ သူ၏ ဘုန်းအောက်၌ လည်း မီးလောင်သကဲ့သို့ လောင်စေခြင်းငှါ ရှို့တော် မူမည်။
17Chiedza chavaIsiraeri chichava moto, noMutsvene wake murazvo womoto; uchapisa nokupedza mhinzwa yake norukato rwake nezuva rimwe.
17ဣသရေလ အမျိုး၏အလင်းသည် မီးဖြစ်တော် မူမည်။ သန့်ရှင်းသော ဘုရားသည် မီးလျှံဖြစ်တော်မူမည်။ တနေ့ခြင်းတွင်၊ ထိုမင်း၏ ဆူးပင်အမျိုးမျိုးတို့ကို မီးရှို့၍၊ ကျွမ်းစေတော်မူမည်။
18Uchapedza kubwinya kwedondo rake, nokomunda wake wakaorera, mweya nomuviri kamwe, zvifanane nendonda inongoramba ichipera simba.
18တော၏ဘုန်းကို၎င်း၊ အသီးအနှံထွက်သောလယ်၏ ဘုန်းကို၎င်း၊ သူ၏ ကိုယ်ခန္ဓာနံဝိညာဉ်နှင့်တကွ ကုန်စေ တော်မူသဖြင့်၊ ထိုမင်းသည် နာသောသူကဲ့သို့ အားလျော့ လိမ့်မည်။
19Miti yakasara yedondo rake ichava mishoma, inganyorwa nomwana.
19ကြွင်းသော တောပင်တို့ကို သူငယ်သည် စာရင်း ယူနိုင်အောင်၊ အနည်းငယ်မျှသာ ဖြစ်လိမ့်မည်။
20Zvino nezuva iro vakasara vaIsiraeri, navanenge vapukunyuka paimba yaJakove, havangazosendamiri kunowakavarova, asi vachasendamira kuna Jehovha, Mutsvene waIsiraeri, nezvokwadi.
20ထိုအခါမှစ၍၊ ဘေးလွတ်လျက် ကြွင်းသော ဣသရေလအမျိုးနှင့် ယာကုပ်အမျိုးသားတို့သည်၊ မိမိ တို့ကို ညှဉ်းဆဲသောသူ၌ နောက်တဖန် မကိုးစားဘဲ၊ ဣသ ရေလအမျိုး၏ သန့်ရှင်းသောအရှင် ထာဝရဘုရား၌ အမှန်ကိုးစားကြလိမ့်မည်။
21Vakasara vachadzoka, ivo vakasara vaJakove, kuna Mwari ane simba.
21ကြွင်းသောသူတည်းဟူသော၊ ယာကုပ်အမျိုး၌ ကြွင်းသောသူတို့သည် တန်ခိုးကြီးတော်မူသော ဘုရား သခင့်ထံသို့ ပြန်လာကြလိမ့်မည်။
22nekuti kunyange vanhu venyu, imwi Isiraeri, vakaita sejecha regungwa, vakasara vavo voga vachadzoka; nekuti vakatemerwa kuparadzwa kuzere nokururama.
22အိုဣသရေလအမျိုး၊ သင်၏အမျိုးသားတို့သည် သမုဒ္ဒရာသဲလုံးနှင့်အမျှ များသော်လည်း၊ကြွင်းသောသူ တို့သာလျှင် ပြန်လာကြလိမ့်မည်။ စီရင်ဆုံးဖြတ်သော သုတ်သင် ပယ်ရှင်းခြင်းသည် တရားသဖြင့် လွှမ်းမိုးရ လိမ့်မည်။
23nekuti Ishe, Jehovha wehondo, achapedzisa kuparadza, kwakagara kwatemwa, panyika yose.
23ကောင်းကင်ဗိုလ်ခြေရှင် ထာဝရဘုရားသည် မြေတပြင်လုံးအလယ်၌ စီရင်ဆုံးဖြတ်သော၊ သုတ်သင် ပယ်ရှားခြင်းကို ပြုတော်မူလိမ့်မည်။
24Saka zvanzi nashe, Jehovha wehondo, Imi vanhu vangu vagere Ziyoni, musatya muAsiria, kunyange akakurovai neshamhu nokukusimudzirai tsvimbo yake, sezvaakaitira Egipita.
24ထိုကြောင့်၊ ကောင်းကင်ဗိုလ်ခြေသခင်အရှင် ထာဝရဘုရား မိန့်တော်မူသည်ကား၊ ဇိအုန်မြို့၌နေသော ငါ၏လူမျိုး၊ အာရှုရိယမင်းကြောင့် မကြောက်နှင့်။ သူ၏ ကြိမ်လုံးနှင့် သင့်ကိုရိုက်မည်။ အဲဂုတ္တုမင်း ပြုသည်နည်း တူ သူ၏လှံတံကို သင်၏အပေါ် မှာမိုးလိမ့်မည်။
25nekuti kwasara chinguva chiduku, kutsamwa kwangu kuchapera, hasha dzangu dzichavaparadza.
25သို့သော်လည်း၊ ခဏကြာပြီးမှ သူတို့သည်ပျက် စီးခြင်းသို့ရောက်သောအားဖြင့်၊ ငါ့အမျက်သည်ငြိမ်း၍၊
26Jehovha wehondo achamusimudzira tyava, sapakurohwa kwavaMidhiani padombo reOrebhi; shamhu yake ichava pamusoro pegungwa, achaisimudza sezvaakaitira Egipita.
26ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရ ဘုရားသည် ဩရဘကျောက်နားမှာ မိဒျန်အမျိုးသားတို့ကို ဒဏ်ခတ် သကဲ့သို့၎င်း၊ ပင်လယ်ကိုလှံတံတော်နှင့် မိုးသကဲ့သို့၎င်း၊ ထိုမင်းအဘို့ ဘေးဥပဒ်ကို ပြင်ဆင်၍၊အဲဂုတ္ထု လက်ထက် ၌ကဲ့သို့တဖန် လှံတံတော်ကို ချီတော်မူမည်။
27Zvino nezuva iro mutoro wake uchabviswa pamafudzi ako, nejoko rake pamutsipa wako, joko richaparadzwa nokuda kwamafuta.
27ထိုကာလ၌ သူ၏ဝန်ကို သင်၏ပခုံးပေါ်က၎င်း၊ သူ၏ထမ်းဘိုးကိုသင်၏လည်ပင်းပေါ်က၎င်း ချရ၏။ ဆူဝခြင်းကျေးဇူးကြောင့် ထမ်းဘိုးပျက်စီးရ၏။
28Asvika paAiati, apfuura napaMigironi, achengeta nhumbi dzake paMikimashi;
28အာရပ်မြို့သို့ ရောက်လေပြီ။ မိဂရုန်မြို့တိုင် အောင် လွန်သွားပြီ။ မိတ်မတ်မြို့၌ လှည်းများကို ချထားပြီ။
29vakwira napamupata, vakavata paGebha usiku; Rama rinodedera, Gibhiya raSauro ratiza.
29တောင်ကြားကို လွန်ကြပြီ။ ဂေဗမြို့၌ စားခန်းချ ကြပြီ။ ရာမမြို့သည် ကြောက်လန့်လျက်ရှိ၏။ ရှောလု နေရာဂိဗာမြို့သည် ပြေး၏။
30Danidzira nenzwi rako, iwe mukunda weGarimi ! Teerera, iwe Raishi! Iwe Anatoti wourombo!
30အိုဂလ္လိမ်မြို့သမီး၊ ကြွေးကြော်လော့။ အိုလဲရှမြို့၊ နားထောင်လော့။ အာနသုတ်မြို့သည် အမင်္ဂလာရှိ၏။
31Madhimena wotiza, vagere Ghebhimi vorongedza kutiza.
31မာဒမေနမြို့သည် ပြောင်းသွားပြီ။ ဂေဗိပ်မြို့ သားတို့သည် လွတ်အောင်ပြေးကြ၏။
32Zuva ranhasi achazorota paNobhi; anozunungusira gomo romukunda weZiyoni, icho chikomo cheJerusaremu, ruoko rwake.
32နောဘမြို့၌တရက်နေပြီးမှ၊ ဇိအုန်သတို့သမီး၏ တောင်တည်းဟူသော ယေရှုရှလင်တောင်ကိုရွယ်၍၊ မိမိ လက်ကို လှုပ်လိမ့်မည်။
33Tarirai, Ishe, Jehovha wehondo, achatema mashizha nokutyisa; akareba achatemwa, naakakwirira achawiswa pasi.
33ကောင်းကင်ဗိုလ်ခြေသခင်အရှင် ထာဝရဘုရား သည် ကြောက်မက်ဘွယ်သော အခြင်းအရာနှင့် သစ်ပင် အထွဋ်ကို ပယ်ရှင်းတော်မူမည်။ အရပ်မြင့်သော အခက် တို့ကို ခုတ်လှဲ၍၊ ကြီးမားသော အခက်တို့ကို နှိမ့်ချ တော်မူမည်။
34Achatema nedare matenhere edondo, Rebhanoni richawiswa neane simba.
34တောအုပ်ကို ပုဆိန်နှင့် ခုတ်ပယ်တော်မူ၍၊ လေဗနန်တောသည် တန်ခိုးကြီးသော သူ၏လက်အားဖြင့် လဲလျက်နေလိမ့်သတည်း။ ငါ့စိတ်လည်းပြေလိမ့်မည်။