1Akarurama anoparara, asi hakuna munhu ane hanya nazvo; navanoda Mwari vanobviswa, kusina munhu anorangarira kuti vakarurama vanobviswa pazvakaipa.
1ဖြောင့်မတ်သော သူသည် ဆုံး၍ ကျေးဇူးပြု တတ်သော သူတို့သည် ပယ်ရှားခြင်းကို ခံရသောအခါ၊ ဖြောင့်မတ်သောသူကို မကောင်းသော အမှုအရာထဲက ရုပ်သိမ်းပြီဟု အဘယ်သူမျှ မဆင်ခြင်၊ အဘယ်သူမျှ မအောက်မေ့ကြ။
2Asi vakaipa vakafanana negungwa rakabvongodzwa; nekuti harigoni kuzorora, asi mvura yaro inobudisa matope namarara.
2ထိုသို့သော သူသည် ချမ်းသာထဲသို့ ဝင်ရ၏။ ဖြောင့်မတ်စွာ ကျင့်လျက်မိမိအိပ်ရာပေါ်မှာ ငြိမ်ရ၏။
3Asi swederai pano, imwi vanakomana vomuroyi, zvibereko zvemhombwe nechifeve.
3စုန်းမသား၊ မျောက်မထားသော မိန်းမသား၊ ပြည်တန်ဆာမသားတို့၊ ချဉ်းကပ်ကြလော့။
4Munofara pamusoro paani? Munoshamisira ani muromo wenyu, nokubudisa rurimi rwenyu? Ko hamuzi vana vokudarika, zvibereko zvenhema,
4သင်တို့သည် အဘယ်သူကို ကျီစယ်ကြသနည်း။ အဘယ်သူအား နှုတ်ကိုဖွင့်၍ လျှာကို ထုတ်ပြကြသနည်း။ သင်တို့သည် ဖောက်ပြန်သောအမျိုး၊ သစ္စာပျက်သော အမျိုးဖြစ်ကြသည်မဟုတ်လော။
5iyemi, munozvimutsa pakati pemiouki, napasi pomuti mumwe nomumwe mutema, imwi munobaya vana mumipata, pasi pemikaha yamatombo?
5စိမ်းသော သစ်ပင်ရှိသမျှ အောက်မှာ ရုပ်တု ဆင်းတု၌ တပ်မက်သောသူ၊ ချိုင့်ထဲ၊ ကျောက်စောင်း အောက်မှာ သူငယ်ကို သတ်သောသူမဟုတ်လော။
6Pakati pamabwe anotedza omupata ndipo panomugove wako; iwo, iwo ndizvo zvawakagoverwa; ndizvo zvawakadururira chipiriso chinodururwa, zvawakavigira chipo. Ko ini ndichayananiswa naizvozvo here?
6ချိုင့်ထဲမှာ ချောသောကျောက်ခဲတို့တွင် သင်၏ တာရှိ၏။ ထိုသို့သော အရာတို့သည် သင်၏အမွေဖြစ်၏။ ထိုသို့သော အရာရှေ့မှာ သွန်းလောင်းရာ ပူဇော်သက္ကာ နှင့် ဘောဇဉ်ပူဇော်သက္ကာကို ပြုတတ်၏။ ထိုအမှုတို့ကို ငါနှစ်သက်တတ်သလော။
7Wakawadza nhovo dzako pamusoro pegomo rakareba rakakwirira; ndiko kwawakakwira kundobayira zvibayiro.
7မြင့်လှသော တောင်ကြီးပေါ်မှာ သင်၏ခုတင် ကို ထားပြီလျှင်၊ ထိုအရပ်သို့တက်၍ ယဇ်ပူဇော်တတ်၏။
8Wakaisa chirangaridzo chako shure kwemikova nezvivivo, nekuti wakazvifukurira mumwe, asati ari ini, ukakwira; wakakurisa nhovo dzako, ukaita sungano navo; wakada nhovo dzavo kwawakadziwana.
8သင်အောက်မေ့စရာသက်သေကို တံခါးနှင့် တိုင်နောက်မှာ ထားပြီး။ ငါမှတပါး အခြားသူတို့အား အဝတ်ကို ချွတ်၍၊ အိပ်ရာပေါ်သို့ တက်လေပြီ။ မိမိ ခုတင်ကို ကျယ်စေ၍ သူတို့နှင့် ဝန်ခံပြီ။ သူတို့ခုတင်ကို လည်း တပ်မက်၍၊ နေရာအရပ်ကို ရှာလေပြီ။
9Ukaenda kuna mambo namafuta, ukawedzera zvinonhuhwira zvako, ukatuma nhume dzako kure, ukazvininipisa kusvikira paSheori.
9ဆီမွှေးပါလျက်၊ ရှင်ဘုရင့်ထံသို့သွားပြီ။ နံ့သာ မျိုးများကို သုံးပြီ။ တမန်တို့ကို ဝေးသော အရပ်သို့ စေလွှတ်၍၊ မရဏာနိုင်ငံတိုင်အောင် မိမိကိုမိမိ နှိမ့်ချပြီ။
10Wakaneta norwendo rwako rukuru; kunyange zvakadaro hauna kuti, Hazvina maturo; wakawana simba rako richivandudzwa, naizvozvo hauna kupera simba.
10ဝေးစွာခရီးသွား၍ ပင်ပန်းသော်လည်း စိတ် မပျက်။ ကြိုးစား၍ အသက်လွတ်သောကြောင့် အားလျော့ ခြင်းမရှိ။
11Wakatya nokuvhunduka aniko, zvawareva nhema, ukasandirangarira, nokuva nehanya? Ko ini handina kuramba ndinyerere nguva refu, ukasanditya here?
11သင်သည် သစ္စာပျက်သည်တိုင်အောင်၎င်း၊ ငါ့ ကို မေ့လျော့၍ သတိမပြုဘဲ နေသည်တိုင်အောင်၎င်း၊ အဘယ်သူကို ကြောက်ရွံ့သနည်း။ ငါသည် ရှေးကာလမှ စ၍ တိတ်ဆိတ်စွာနေသောကြောင့်၊ သင်သည် ငါ့ကို မကြောက်ဘဲနေသည်မဟုတ်လော။
12Ndichaparidza kururama kwako; kana ari mabasa ako, haangakubatsiri.
12သင်၏ကုသိုလ်နှင့်၊ သင်ပြုသော အမှုတို့ကို ငါဘော်ပြမည်။
13Kana uchidanidzira, avo vawakaunganidza, ngavakurwire; asi mhepo ichavatora, mweya uchavabvisa vose; asi anovimba neni, nyika ichava yake, achagara nhaka yegomo rangu dzvene.
13ထိုသို့သော အမှုသည် အကျိုးကို မပေးနိုင်။ သင်သည် အော်ဟစ်သောအခါ၊ သင်၏အလုံးအရင်းတို့ သည် ကယ်နှုတ်ကြစေ။ လေသည် သူတို့ကို တိုက်သွားလိမ့် မည်။ လေတမှုတ်နှင့် လွင့်ကြလိမ့်မည်။ ငါ့ကို ကိုးစား သော သူမူကား၊ ပြည်တော်ကို ပိုင်၍၊ ငါ၏သန့်ရှင်းသော တောင်ကို အမွေခံရလိမ့်မည်။
14Zvichanzi, Tutirai, tutirai, gadzirai nzira, bvisa chigumbuso panzira yavanhu vangu.
14ထိုအခါ မြေကို ဖို့ကြ။ မြေကို ဖို့ကြ။ လမ်းကို ပြင်ကြ။ ငါ့လူတို့၏ လမ်းခရီး၌ အဆီးအတားမရှိစေနှင့် ဟု ငါပြောဆိုရ၏။
15nekuti zvanzi nowakakwirira Arikumusoro, anogara mukusingaperi, ane zita rinonzi Dzvene, Ndinogara pakakwirira napanzvimbo tsvene, uye nowane mweya wakapwanyika anozvininipisa, kuti ndiponesezve mweya woanozvininipisa, ndiponesezve moyo wowakapwanyika.
15အကြောင်းမူကား၊ သန့်ရှင်းခြင်းဟု နာမရှိတော် မူထသော၊ အနန္တကာလတည်းဟူသော ဘုံဗိမာန်၌ စံတော်မူထသော၊ အထွဋ်အမြတ်ဖြစ်တော်မူသော ဘုရားမိန့်တော်မူသည်ကား၊ ငါသည် မြင့်မြတ်သန့်ရှင်း သော အရပ်၌နေ၏။ စိတ်နှိမ့်ချသောသူနှင့်၊ နှလုံးကြေကွဲ သော သူတို့၏စိတ်ဝိညာဉ်အသက်ရှင်စေခြင်းငှါ၊ ကြေကွဲ နှိမ့်ချသော စိတ်သဘောရှိသောသူတို့၌လည်း ငါနေ၏။
16nekuti handingarwisi nokusingaperi, uye handingatsamwi nguva dzose; nekuti mweya unofanira kupera simba pamberi pangu, nemweya yandakaita.
16ငါသည် အစဉ်မပြတ်တရားတွေ့မည်မဟုတ်။ အစဉ်မပြတ်အမျက်ထွက်မည်မဟုတ်။ ထိုသို့ဟုတ်လျှင်၊ အသက်သည် ငါ့ရှေ့မှာ ပျောက်၍၊ ငါဖန်ဆင်းသော ဝိညာဉ်သည် ပျက်စီးခြင်းသို့ ရောက်လိမ့်မည်။
17Nokuda kokuipa kokunyengera kwake, ndakatsamwisisa ndikamurova; ndakazvivanza, ndikatsamwisisa; akaenderera mberi nenzira yemoyo wake.
17သူ၏လောဘလွန်ကျူးခြင်း အပြစ်ကြောင့်၊ ငါသည် အမျက်ထွက်၍ ဒဏ်ခတ်လေ၏။ အမျက်ထွက်၍ မျက်နှာကို လွှဲလေ၏။ သူသည်လည်း မိမိအလိုရှိရာ လမ်း သို့ လွှဲသွားလေ၏။
18Ndaona nzira dzake, asi ndichamuporesa, ndichamutungamirirawo, nokudzosa nyaradzo kwaari navanomuchema.
18သူ၏အကျင့်ဓလေ့တို့ကို ငါမြင်ပြီ။ သူ့ကို အနာ ပျောက်စေ၍ လမ်းပြဦးမည်။ သူ့ကို၎င်း၊ သူနှင့်အတူ စိတ်ညှိုးငယ်သော သူတို့ကို၎င်း၊ ချမ်းသာပေးဦးမည်။
19Ndinosika zvibereko zvemiromo; Rugare, rugare kunowari kure nokunowari pedo, ndizvo zvinotaura Jehovha, uye ndichamuporesa.
19ငါသည် နှုတ်ခမ်းအသီးကို ဖန်ဆင်း၏။ ဝေး သောသူ၌၎င်း၊ နီးသောသူ၌၎င်း ငြိမ်သက်ခြင်းဖြစ်စေ၊ ငြိမ်သက်ခြင်းဖြစ်စေ၊ သူ၏အနာကို ငါပျောက်စေမည်ဟု ထာဝရဘုရား မိန့်တော်မူ၏။
20Asi vakaipa vakafanana negungwa rakabvongodzwa; nekuti harigoni kuzorora, asi mvura yaro inobudisa matope namarara.
20မတရားသော သူတို့မူကား၊ မငြိမ်နိုင်ဘဲ လှုပ် ရှား၍၊ ရွှံ့နှင့်အမှိုက်ကို ပက်သောပင်လယ်ရေနှင့် တူကြ ၏။
21Zvanzi naMwari wangu, Vakaipa havana rugare.
21မတရားသော သူတို့၌ ငြိမ်သက်ခြင်းမရှိဟု ငါ၏ဘုရားသခင် မိန့်တော်မူ၏။