Shona

Myanmar

Isaiah

8

1Zvino Jehovha akati kwandiri,Tora bwendefa guru, unyore pariri nepeni yavanhu, uti, Chimbidzikai kutapa, zvakapambwa zvokurumbidza.
1တဖန်ထာဝရဘုရားက၊ သင်သည်ကြီးသော ကျောက်သင်ပုန်းကိုယူပြီးလျှင်၊ အသော့လုယက် မြန်မြန် ဖျက်လော့ဟု ဆိုလိုသော၊ မဟေရရှာလလဟာရှဗတ် ဟူသော အက္ခရာစာလုံးကို လူဘာသာအားဖြင့် ရေးထား လော့ဟု ငါ့အား မိန့်တော်မူ၏။
2Ndichatora zvapupu zvakatendeka, zvinoti: Uriya mupristi, naZekariya mwanakomana waJebherekia.
2ထိုအခါ သက်သေခံစေခြင်းအလိုငှါ၊ ယုံလောက် သောသက်သေ၊ ယဇ်ပုရောဟိတ်ဥရိယနှင့် ယေဗရခိ၏ သား ဇာခိရိတို့ကို ငါခေါ်ထား၏။
3Ipapo ndakaenda kumuporofitakadzi, iye akatora pamuviri, akabereka mwanakomana. Zvino Jehovha akati kwandiri Mutumidze zita rokuti, Chimbidzikai kutapa, zvakapambwa zvokurumbidza.
3ထိုနောက်မှငါသည် ပရောဖက်ကတော်ကို ချဉ်း သဖြင့်၊ သူသည် ပဋိသန္ဓေစွဲယူ၍ သားယောက်ျားကို ဘွားမြင်လေ၏။ ထာဝရဘုရားကလည်း၊ ထိုသားကို မဟေရရှာလဟာရှဗတ်ဟူသော အမည်ဖြင့်မှည့်လော့။
4nekuti mwana asati aziva kuti, baba vangu, kana mai vangu, fuma yeDhamasiko nezvakapambwa zveSamaria zvichaiswa pamberi pamambo weAsiria.
4အကြောင်းမူကား။ ထိုသူငယ်သည် အမိအဘ ဟူမခေါ်တတ်မှီ၊ ဒမာသက်မြို့၏ စည်းစိမ်၊ ရှမာရိမြို့၌ လုယက် သောဥစ္စာကို အာရှုရိရှင်ဘုရင်သည် သိမ်းသွား လိမ့်မည်ဟု မိန့်တော်မူ၏။
5Zvino Jehovha akataurazve kwandiri, achiti,
5တဖန်ထာဝရဘုရားက၊ ဤလူမျိုးသည် ဖြည်း ညှင်းစွာစီးသော ရှိလောင်ချောင်းကို ငြင်းပယ်၍၊
6Vanhu ava zvavakaramba mvura yeShiroa, inonyatsa kuyerera, vachifarira Rezini nomwanakomana waRemaria;
6ရေဇိန်နှင့် ရေမလိသားတို့၌ ဝမ်းမြောက်ကြ သောကြောင့်၊
7saka zvino, tarira, Ishe achauyisa pamusoro pavo mvura zhinji yoRwizi, ine simba yakawanda, iye mambo weAsiria nokubwinya kwake kose; ruchabuda kuhova dzarwo dzose, nokudarika nhivi dzarwo dzose;
7ထာဝရဘုရားသည် အလုံးအရင်းပါသော အာရှု ရိရှင်ဘုရင်တည်းဟူသော၊ ခွန်အားဗလကြီး၍များသော မြစ်ရေနှင့်သူတို့ကို လွှမ်းမိုးစေတတ်တော်မူသဖြင့်။ ထိုမြစ် သည် မိမိချောင်များကို လွှမ်း၍၊ မိမိကမ်များကို လျှံလျက်၊
8ruchakukura kusvikira kwaJudha; ruchapa fuma, ndokupfuura, ruchasvika pamutsipa; kutandavara kwamapapiro arwo kuchazadza kufara kwenyika yako yose, iwe Imanueri.
8ယုဒပြည်ကို ချင်းနင်းလွှမ်းမိုး ဖြန့်သွား၍၊ လည်ပင်းတိုင်အောင်မှီလိမ့်မည်။ သူ၏ အတောင်တို့ကို လည်း ဖြန့်သဖြင့်၊ ကိုယ်တော်၏မြေတပြင်လုံးကို အုပ်မိုး လိမ့်မည်၊ အိုဧမာနွေလဟု မိန့်တော်မူ၏။
9Itai bope, imwi ndudzi, muputsweputswe; nemwi mose muri kunyika dziri kure, inzwai; zvisungei zviuno, muputswe-putswe, zvisungei zviuno, muputswe-putswe.
9အချင်းလူများတို့၊ သင်းဖွဲ့၍မှိုင်တွေကြလော့။ ဝေး သောပြည်သားအပေါင်းတို့၊ နားထောင်ကြလော့။ ခါးစည်း၍ မှိုင်တွေကြလော့။ ခါးစည်း၍ မှိုင်တွေကြ လော့။
10Ranganai henyu, asi zvichakona; taurai shoko, asi haringamiri; nekuti Mwari anesu.
10တိုင်ပင်ကြလော့။ သင်တို့အကြံသည် ပျက်လိမ့်မည်။ စီရင်ကြ လော့။ စီရင်သည်အတိုင်း မတည်ရ။ အကြောင်းမူကား၊ ဘုရားသခင်သည် ငါတို့ဘက်၌ ရှိတော်မူ၏။
11nekuti Jehovha akataura saizvozvo neni noruoko rune simba, akandirayira kuti ndirege kufamba nenzira yavanhu ava, achiti,
11ဤလူမျိုး၏ ဘာသာဓလေ့အတိုင်း၊ ငါမကျင့်ရ မည်အကြောင်း၊ ထာဝရဘုရားသည် တန်ခိုးပြလျက်၊ ငါ့ကို သွန်သင်၍မိန့်တော်မူသည်ကား၊
12Musati, Irangano, pamusoro pezvose zvinonzi navanhu ava, irangano; uye musatya zvavanotya, kana kuvhunduka.
12သင်းဖွဲ့ခြင်းဟု၊ ဤလူမျိုးဆိုသမျှအတိုင်း၊ သင်တို့ သည် သင်းဖွဲ့ခြင်းဟု မဆိုကြနှင့်။ သူတို့ကြောက်တတ် သောအရာကို မကြောက်ကြနှင့်။ မထိန့်လန့်ကြနှင့်။
13Jehovha wehondo, ndiye wamunofanira kuti mutsvene; mumutye iye, mumuvhunduke iye.
13ကောင်းကင်ဗိုလ်ခြေ အရှင်ထာဝရဘုရားကို ရိုသေခြင်းရှိကြလော့။ ထိုဘုရားကိုသာ ကြောက်ရွံ့ခြင်း၊ ထိန့်လန့်ခြင်းရှိကြလော့။
14Ipapo iye achava nzvimbo tsvene yenyu; asi achava ibwe rokugumbusa nedombo rokupinganidza kudzimba dzose mbiri dzaIsiraeri, ave rugombe nomusungo kuna vanogara Jerusaremu.
14ထိုသို့ပြုလျှင်၊ ထိုဘုရားသည် သင်တို့ခိုလှုံရာ ဖြစ်တော်မူလိမ့်မည်။ သို့ရာတွင် ဣသရေလလူနှစ်မျိုးတို့ ထိမိ၍လဲစရာကျောက်၊ မှားယွင်းစရာကျောက်၊ ယေရု ရှလင်မြို့သားတို့၌ ကျော့ကွင်းနှင့် ထောင်ချောက် ဖြစ်တော်မူလိမ့်မည်။
15Vazhinji vavo vachagumburwa naro, vachawa, nokuputswa, nokuteyiwa, nokubatwa.
15ထိုသူအများတို့သည် ထိမိ၍ တိမ်းလဲကျိုးပဲ့ခြင်း၊ ကျော့မိဘမ်းဆီးခြင်းသို့ ရောက်ကြလိမ့်မည်။
16Sunga chipupuriro, namatidza murayiro nechisimbiso pakati pavadzidzi vangu.
16ဤသက်သေခံချက်ကို ငါ့တပည့်တို့တွင် ထုပ် ထား၍၊ ပညတ်တရားကို တံဆိပ်ခတ်လော့ဟု မိန့်တော် မူ၏။
17Ndichamirira Jehovha, anovanzira imba yaJakove chiso chake, ndichamutsvaka.
17ယာကုပ်အမျိုးသားတို့တွင် မျက်နှာတော်ကို ကွယ်ထားတော်မူသော ထာဝရဘုရားကို ငါသည် ဆိုင်းငံ့ လျက် မြော်လင့်မည်။
18Tarirai, ini navana vandakapiwa naJehovha, tiri zviratidzo nezvishamiso pakati paIsiraeri zvaJehovha wehondo, agere mugomo reZiyoni.
18ငါမှစ၍ ငါ့အားထာဝရဘုရားပေးတော်မူသော သူငယ်တို့သည် ရှိကြ၏။ ဇိအုန်တောင်ပေါ်မှာ ကျိန်းဝပ် တော်မူသော ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရား ထံတော်က၊ ဣသရေလအမျိုး၌ ပုပ္ပနိမိတ်နှင့် အံ့ဘွယ် သော အရာဖြစ်စေခြင်းငှါ ပေးတော်မူသတည်း။
19Zvino kana vachiti kwamuri, bvunzai masvikiro navavuki, vanorira nokuita zevezeve: Ko vanhu havafaniri kubvunza Mwari wavo here? Ko vanofanira kubvunza vakafa pamusoro pavapenyu here?
19တိုးတိုးပြော၍ မန္တန်သရဇ္ဈာယ်တတ်သော နတ် ဝင်နှင့် စုန်းတို့၌ ဆည်းကပ်ကြလော့ဟု သင်တို့အား ဆိုလျှင်မူကား၊ လူတို့သည် မိမိတို့ဘုရားသခင်၌ မဆည်း ကပ်အပ်သလော။ အသက်ရှင်သော သူ၏အမှုမှာ အသက်သေသောသူ၌ ဆည်းကပ်အပ်သလော။
20Dzokerai kumurayiro nokuzvipupuriro! Kana vasingatauri sezvinoreva shoko iri, havangavi nechiedza chamangwanani.
20တရားတော်ကို၎င်း၊ သက်သေခံတော်မူချက်ကို၎င်း နားထောင်ကြကုန်။ သူတို့ပြောသောစကားသည် နှုတ်ကပတ်တော်နှင့်မညီလျှင်၊ သူတို့၌ အာရုဏ်မတတ် သေး။
21Vachafamba nenyika vakamanikidzwa kwazvo, vane nzara; zvino kana vane nzara, vachava neshungu, vachatuka mambo wavo naMwari wavo, vachitarira kudenga.
21ပင်ပန်းခြင်းနှင့် မွတ်သိပ်ခြင်းကိုခံလျက် လွန် သွားရကြလိမ့်မည်။ မွတ်သိပ်သောအခါလည်း ကိုယ်ကို ကိုယ်နှောင့်ရှက်၍၊ မိမိတို့ ရှင်ဘုရင်နှင့် မိမိတို့ ဘုရားသခင်ကို ကျိတ်ဆဲကြလိမ့်မည်။
22Vachatarirawo pasi, asi tarirai, vachaona njodzi nerima, nokusviba kokumanikidzwa; vachadzingirwa kurima guru.
22အထက်သို့မျှော်သည်ဖြစ်စေ၊ မြေကြီးကို ကြည့်သည်ဖြစ်စေ၊ ဒုက္ခဆင်းရဲနှင့် မှောင်မိုက်အတိရှိပါ ၏။ ထူထပ်သော မှောင်မိုက်နှင့်တွေ့၍၊ အလင်းကွယ် ပျောက်ရာသို့ နှင်ထုတ်ခြင်းကို ခံရကြလိမ့်မည်။