1Zvino pagore irero, pakuvamba kokubata ushe kwaZedhekia mambo waJudha, pagore rechina, nomwedzi wechishanu, Hanania mwanakomana waAzuri muporofita, waiva weGibhiyoni, akataura neni mumba maJehovha, vapristi navanhu vose varipo, akati,
1ထိုနှစ်တည်းဟူသော ယုဒရှင်ဘုရင် ဇေဒကိ နန်းစံ စတုတ္ထနှစ်၊ ပဥ္စမလတွင်၊ ဂိဗောင်မြို့နေ၊ အာဇု ရသားဟာနနိက၊
2Zvanzi naJehovha wehondo, Mwari waIsiraeri, Ndavhuna joko ramambo weBhabhironi.
2ဣသရေလအမျိုး၏ ဘုရားသခင်၊ ကောင်းကင် ဗိုလ်ခြေအရှင် ထာဝရဘုရား မိန့်တော်မူသည်ကား၊ ဗာဗုလုန်ရှင်ဘုရင်၏ ထမ်းဘိုးကို ငါချိုးမည်။
3Makore maviri asati apera kwazvo, ndichadzoserazve kunzvimbo ino midziyo yose yeimba yaJehovha, yakatorwa naNebhukadhinezari mambo weBhabhironi panzvimbo ino, akaiisa Bhabhironi;
3ဗာဗုလုန် ရှင်ဘုရင် နေဗုခဒ်နေဇာသည် ဤအရပ်မှ ဗာဗုလုန်မြို့သို့ ယူသွားသောဗိမာန်တော် တန်ဆာအလုံးစုံတို့ကို နှစ်နှစ်အတွင်းတွင်၊ ဤအရပ်သို့ ငါဆောင်ခဲ့ဦးမည်။
4ndichadzoserazve kunzvimbo ino Jekonia mwanakomana waJehoiakimu mambo waJudha, pamwechete navatapwa vose vaJudha, vakaenda Bhabhironi ndizvo zvinotaura Jehovha; nekuti ndichavhuna joko ramambo weBhabhironi.
4ဗာဗုလုန်မြို့သို့ သိမ်းသွားသော ယုဒပြည်သား အပေါင်းတို့နှင့်တကွ၊ ယုဒရှင်ဘုရင် ယောယကိမ်သား ယေခေါနိမင်းကိုလည်း၊ ဤအရပ် သို့ငါဆောင်ခဲ့ဦးမည်။ ဗာဗုလုန်ရှင်ဘုရင်၏ ထမ်းဘိုးကို ငါချိုးမည်ဟု ထာဝရ ဘုရားမိန့်တော်မူကြောင်းကို၊ ဗိမာန်တော်၌ ယဇ် ပုရောဟိတ်များ၊ လူများအပေါင်းတို့ ရှေ့မှာ ငါ့အား ပြောဆို၏။
5Ipapo muporofita Jeremiya akati kumuporofita Hanania, vapristi navanhu vose varipo vamire mumba maJehovha,
5ထိုအခါ ပရောဖက် ယေရမိသည် ဗိမာန်တော်၌ ရပ်နေသော ယဇ်ပုရောဟိတ်များနှင့် လူများအပေါင်းတို့ ရှေ့မှာ၊ ပရောဖက်ဟာနနိအား ပြန်ပြောသည်ကား၊
6iye muporofita Jeremiya akati, Ameni, Jehovha ngaaite zvakadaro; Jehovha ngaasimbise mashoko ako awakaporofita, adzoserezve midziyo yeimba yaJehovha, navose vakatapwa, vabve Bhabhironi vauye kunzvimbo ino.
6အာမင်၊ ထာဝရဘုရား ပြုတော်မူပါစေသော။ ဗိမာန်တော်တန်ဆာများနှင့်တကွ၊ ဤအရပ်မှ ဗာဗုလုန် မြို့သို့ သိမ်းသွားသော သူများအပေါင်းတို့ကို၊ ထာဝရ ဘုရားသည် တဖန်ဆောင်ခဲ့၍၊ သင်ဟောပြောသော စကားမှန် ကြောင်းကို ပြတော်မူပါစေသော။
7Asi zvino chinzwa shoko iri randinotaura munzeve dzako, nomunzeve dzavanhu vose.
7သို့ရာတွင်၊ သင်နှင့်တကွ လူအပေါင်းတို့အား ငါယခု ဟောပြောသော စကားကို နားထောင်လော့။
8Vaporofita, vakanditangira ini newe, vakaporofitira nyika zhinji, noushe hukuru, vachireva zvokurwa, nenzara, nehosha yakaipa.
8ငါတို့မဖြစ်မှီ ရှေးကာလ၌ဖြစ်ဘူးသော ပရော ဖက်တို့သည်၊ များပြားသော ပြည်၊ အားကြီးသော တိုင်း နိုင်ငံတို့ကို ရည်မှတ်၍၊ စစ်တိုက်မည်အကြောင်း၊ ဘေး ရောက်မည်အကြောင်း၊ ကာလနာပေါ်မည်အကြောင်း တို့ကို ဟောပြောတတ်ကြ၏။
9Muporofita, unoporofita zvorugare, kana shoko romuporofita uyo rikaitika, muporofita uyo uchazikamwa kuti wakatumwa naJehovha zvirokwazvo.
9ငြိမ်ဝပ်မည်အကြောင်းကို ဟောပြောသော ပရောဖက်ရှိလျှင်၊ သူ၏ စကားပြည့်စုံသောအခါ စင်စစ် ထာဝရဘုရား စေလွှတ်တော်မူသော ပရောဖက်ဖြစ် ကြောင်း ထင်ရှားလိမ့်မည်ဟု ပြောဆို၏။
10Ipapo muporofita Hanania wakabvisa joko pamutsipa womuporofita Jeremiya, akarivhuna.
10ထိုအခါ ပရောဖက် ဟာနနိသည် ပရောဖက် ယေရမိလည်ပင်း မှ ထမ်းဘိုးကို ယူ၍ချိုးလျက်၊
11Zvino Hanania akataura pamberi pavanhu vose, achiti, Zvanzi naJehovha, Saizvozvo ndichavhuna joko raNebhukadhinezari mambo weBhabhironi pamitsipa yamarudzi ose makore maviri asati apera kwazvo. Muporofita Jeremiya ndokuenda zvake.
11ထာဝရဘုရား မိန့်တော်မူသည်ကား၊ ထိုသို့ လူအမျိုးမျိုးတို့၏ လည်ပင်းပေါ်မှာ ဗာဗုလုန် ရှင်ဘုရင် နေဗုခဒ်နေဇာ တင်သောထမ်းဘိုး ကိုနှစ်နှစ်အတွင်းတွင် ငါချိုးပယ်မည်ဟု မိန့်တော်မူကြောင်းကို၊ လူအပေါင်း တို့ရှေ့မှာ ပြောဆို၏။ ထိုအခါ ပရောဖက်ယေရမိသည် ထွက်သွားလေ၏။
12Ipapo shoko raJehovha rakauya kuna Jeremiya, muporofita Hanania apedza kuvhuna joko pamutsipa womuporofita Jeremiya, zvichinzi,
12ပရောဖက်ဟာ နနိသည် ပရောဖက် ယေရမိ၏ လည်ပင်းမှ ထမ်းဘိုးကို ချိုးပယ်သောနောက်၊ တဖန် ထာဝရဘုရား၏ နှုတ်ကပတ်တော်သည် ယေရမိသို့ ရောက်လာသည်ကား၊
13Enda undoudza Hanania, uti, Zvanzi naJehovha, wavhuna majoko amatanda, asi waita panzvimbo yazvo majoko esimbi.
13သင်သွား၍ ထာဝရဘုရား၏ အမိန့်တော်ကို ဟာနနိအား ဆင့်ဆိုရမည်မှာ၊ သင်ချိုးသော သစ်သား ထမ်းဘိုးအစား၊ သံထမ်းဘိုးကို လုပ်ရမည်။
14nekuti zvanzi naJehovha wehondo, Mwari waIsiraeri, Ndakaisa joko resimbi pamitsipa yamarudzi awa ose, kuti ashumire Nebhukadhinezari mambo weBhabhironi; achamushumira, uye ndakamupawo mhuka dzebundo.
14ဣသရေလအမျိုး၏ ဘုရားသခင်၊ ကောင်းကင် ဗိုလ်ခြေအရှင် ထာဝရဘုရား မိန့်တော်မူသည်ကား၊ ဤလူမျိုးရှိသမျှတို့သည် ဗာဗုလုန်ရှင်ဘုရင် နေဗုခဒ် နေဇာ၏ အစေကို ခံစေခြင်းငှါ၊ သူတို့လည်ပင်းပေါ်မှာ သံထမ်းဘိုးကို ငါတင်ပြီ။ ထိုသူတို့သည် ထိုမင်း၏ အစေ ကို ခံရကြမည်။ တောတိရစ္ဆာန်များကိုလည်း၊ သူ၌ ငါအပ်ပေးပြီဟု မိန့်တော်မူ၏။
15Ipapo muporofita Jeremiya wakati kumuporofita Hanania, Chinzwa zvino, Hanania, Jehovha haana kukutuma, asi iwe unotendisa vanhu ava nhema.
15ပရောဖက် ယေရမိကလည်း၊ ဟာနနိ၊ နား ထောင်လော့။ ထာဝရဘုရားသည် သင့်ကို စေလွှတ် တော်မမူ။ ဤလူမျိုးသည် မုသာ၌ ခိုလှုံမည်အကြောင်းကို သင်ပြုတတ်၏။
16Naizvozvo zvanzi naJehovha, Tarira, ndichakudzinga pasi pose; uchafa nhaka, nekuti wakataura zvinomukira Jehovha.
16ထိုကြောင့်၊ ထာဝရဘုရား မိန့်တော်မူသည်ကား၊ ဥင်သည်ထာဝရ ဘုရားကို ပုန်ကန်စေခြင်းငှါ သွန်သင်သော ကြောင့်၊ သင့်ကို မြေပြင်မှ ငါပယ်ရှင်းမည်။ ယခုနှစ်တွင် သင်သည် သေရမည်ဟု ပရောဖက်ဟာနနိ အား ပြောဆို၏။
17Naizvozvo muporofita Hanania wakafa negore iro nomwedzi wechinomwe.
17ထိုသို့နှင့်အညီ ပရောဖက်ဟာနနိသည် ထိုနှစ် တွင်၊ သတ္တမလ၌ သေလေ၏။